← Chapters

ဆယ်ခြောက်ထပ် ။

Vol. 15 Ch. 210

ဆယ်ခြောက်ထပ် ။

Vol. 15 Ch. 210

----------

လုံထန်၏ သတိထားကြည့်နေသော အကြည့်များ၏ အောက်၌ အနက်ရောင်ပုံရိပ် ခြောက်ခုက လျှင်မြန်စွာဖြင့် ဖွဲ့တည်လာခဲ့သည်။ ၎င်းတို့က လူသားများ၏ သဏ္ဍန်ဖြစ်တည်လာချိန်၌ လုံထန်လည်း စတင်၍ လှုပ်ရှားလိုက်သည်။

လုံထန်က သူ‌ရပ်နေရာမှာ ပျောက်ကွယ်သွားခဲ့သည်။ လုံထန်၏ လှုပ်ရှားမှုကဲ့သို့ ဧရာမ မီးနဂါးကြီး၏ အရိုန်ဟုန်က လည်းအလွန်ပင်လျှင်မြန်လှသည်။

လုံထန်၏ ပုံရိပ်နှင့် ဧရာမမီးနဂါးကြီး၏ ပုံရိပ်က အနက်ရောက် အရိပ်များခြောက်ခုအနက်မှာ ဘေးဆုံးမှ အနက်ရောင်အရိပ်၏ နောက်ကျော၌ တစ်ချိန်ထဲလိုပင်ပြန်လည့်၍ ပေါ်လာခဲ့သည်။ သူတို့နှစ်ခုက ပြန်ထွက်ပေါ်လာချိန်၌ ချက်ချင်းပင် အနက်ရောင်အရိပ်ကို တိုက်ခိုက်လိုက်သည်။

ဤတိုက်ခိုက်မှု နှစ်ခုနှင့် ၊ လုံထန်နှင့် နဂါး၏ ‌ပှုးပေါင်းမှုက အလွန်ပင် တိကျလျှင်မြန် ၊ ပြက်သား၏ ။ ဤတိုက်ခိုက်မှုက လျှင်မြန်စလို့ ၊ အလွန်ပင် ပြင်းထန်သော ကြောက်မက်ဖွယ်ရာခွန့်အားကိုလည်း သယ်ဆောင်ထားသေးသည်။

သာမာန်အဆင့် သားရဲဧကရာဇ်အဆင့် ဆဠမအဆင့်သာဖြစ်မယ်ဆိုရင် ၊ ထို‌ပှုးပေါင်းတိုက်ခိုက်မှု နှစ်ခုကိုယ် ရှောင်တိမ်းနိုင်မည်မဟုတ်ချေ။

လုံထန်လည်း သူနှင့်မီးနဂါး၏ တိုက်ခိုက်မှုက သူအရှေ့က အနက်ရောင် အရိပ်ကို တိုက်ရိုက်ချေမှုန်းနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ ထိုအတွေးများကြောင့် လုံထန်က စိတ်သက်သာရာရဟန်ဖြင့် သူ၏ တိုက်ခိုက်မှုကို ထုတ်လွတ်လိုက်ပြီးသည့် နောက် ကျန်အနက်ရောင်ရိပ်များကို ထပ်မံတိုက်ခိုက်ရန် လှည့်လိုက်သည်။

သို့သော်လည်း ထိုအချိန်၌ သူမထင်မှတ်ထားသော အရာတစ်ခုက ဖြစ်တည်လာခဲ့သည်။ ၎င်းက သူ‌တိုက်ရိုက်ချေမှုန်းနိုင်မည်ဟု ထင်ထားခဲ့သော အနက်ရောင်အရိပ်က လုံထန်နှင့် မီးနဂါး၏ ပြင်းထန်သော တိုက်ခိုက်မှု နှစ်ခု ကျရောက်လာချိန်၌ ထူးဆန်းသော လှုပ်ရှားမှု နည်းစနစ်တစ်ခုကို အသုံးပြုလိုက်၍ဖြစ်သည်။

ထိုအလှုပ်ရှားမှု နည်းစနစ်က အမြန်နှုန်းနည်းစနစ်တစ်ခုဖြစ်ဟန်ရသည်။ လုံထန်နှင့် မီးနဂါး၏ တိုက်ခိုက်မှုက သူထံသို့ ကျရောက်ချိန်၌ ၎င်း၏ အနက်ရောင်ပုံရိပ်က မျက်စိဖြင့်ပင်လိုက်ကြည်၍ မမြင်နိုင်ရ နိုင်လောက်အောင် ဝေဝါးပျောက်ကွယ်သွားသော ကြောင့်ဖြစ်သည်။

၎င်းအနက်ရောင်ရိပ်က လုံထန်တို့အရှေ့ ဆယ်မီတာ အကွာမှ ချက်ချင်းပင် ၊ လုံထန်နှင့်မီးနဂါး၏ မီတာတာရာအကွာသို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

၎င်းက အလွန်လျှင်မြန်လွန်းလှသည်။ အသက်ရှုချိန်တစ်ရှိုက်စာပင် မရှိနိုင်သော အချိန်လေး၌ လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။

ဘာလဲဟ ~~~ ထိုမြင်ကွင်းကြောင့် လုံထန်ပင် ကျက်သေသွားခဲ့သည်။ သူက အလစ်ငိုက်ချောင်းတိုက်သော်လည်း သူရွှေးချယ်မှုက အမှန်ပင် မှားယွင်းသွားခဲ့သည်။

ထိုအနက်ရောင်အရိပ်က သားရဲဧကရာဇ်ဘုံ ဆဠမအဆင့်ရှိသည့်အပြင် အလျှင်မြန်သော လှုပ်ရှားမှု နည်းစနစ်ကိုပင် အသုံးပြုနိုင်သေးသည်။

ဒါဆိုရင် ~~~ အခက်ခဲက နည်းနည်းပို တိုးသွားပြီထင်တယ် ။ လုံထန်က သူ၏ လုပ်ကြံမှု မအောင်မြင်သဖြင့် ခါးသီးဟန်ဖြင့် ရီမောလိုက်ရင်းဖြင့် ရေရွတ်လိုက်သည်။

အလစ်ငိုက်လှုပ်ရှားလို့မရတော့လည်း ~~~ ဘာအရေးလည်း ထိပ်တိုက်တိုက်ကျတာပေါ့ ။ လာစမ်း ။ မင်းတို့ဘယ်လောက် အထိ သန်မာလဲ ဒီဧကရာဇ် သိချင်စမ်းပါဘိ ။

ဝေါင်း ~ ။

ဧရာမမီးနဂါးကြီးကလည်း လုံထန်၏ စကားအဆုံး၌ ကျယ်လှောင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ ၎င်းကလည်း လုံထန်၏ စကားကို ထောက်ခံသကဲ့သို့ သူ၏ ဟိန်းဟောက်သံက ထွက်ပေါ်လာခဲ့သည်။

တစ်ဖက်၌ ။

အနက်ရောင်ပုံရိပ်ခြောက်ခုကလည်း ထိုအချိန်၌ စတင်၍ လှုပ်ရှားလာကြသည် သူတို့က သူတို့၏ စွမ်းအားအချို့ကိုအသုံးပြု၍ စွမ်းအင်ဓားရှည်များသဏ္ဍန်ဖန်တီးလိုက်ကြသည် ။ ၎င်းတို့ ခြောက်ရောက်လုံးက အနက်ရောင် ဓားရှည်များကို ကိုင်ဆောင်၍ လုံထန်ရှိရာသို့ လျှင်မြန်စွာဖြင့် လှုပ်ရှားလာကျသည်။ ၎င်းတို့အနက်မှ ယခင်က လုံထန်၏ ပစ်မှတ်ဖြစ်ခဲ့သော် အနက်ရောင်အရိပ်က ကျန်အရိပ်များထက် ပို၍ အမြန်ဆုံးဖြစ်သည်။

ထိုအရိပ်က လှုပ်ရှားမှုတစ်ခုပြုလုပ်လိုက်ချိန်၌ ပျောက်ကွယ်သွားခဲ့ကာ ၊ သူပြန်ထွက်ပေါ်လာချိန်၌ လုံထန်နှင့် မီးနဂါးတို့၏ အထက်ကောင်းကင်ယံ ဆယ်မီတာ အကွာ၌ ထွက်ပေါ်လာခဲ့သည်။ တချိန်ထဲမှာလည်း သူ၏ လက်ထဲရှိ အနက်ရောင် အရိပ်ဓားရှည်ဖြင့် ခုတ်ပိုင်းချလိုက်သည်။ ၎င်း၏ လှုပ်ရှားမှုများက အလွန်ပင် လျှင်မြန်၏ ။ အသက်ရှုချိန် တစ်ကြိမ်၏ ထက်ဝက်ခန့်ပင်လျှင်ကြာမြင့်မည်မဟုတ်ချေ။ အနက်ရောင် အရိပ်က ၎င်း၏ လှုပ်ရှားမှုပြီးဆုံးချိန်၌ သူ၏ ရပ်နေရာချက်ချင်းပင် ထပ်မံ၍ ပျောက်ကွယ်သွားပြန်သည်။ ထိုနေရာတွင်တော့ ဓား၏ အလင်းဓားသာလျှင်ကျန်ရစ်ခဲ့တော့သည်။

အနက်ရောင်ပုံရိပ်၏ တိုက်ခိုက်မှု‌ ကြောင့် ကောင်းကင်ယံထက်၌ မီတာထောင်ချီရှည်လျားသော အနက်ရောင်ဓားအလင်းတန်းကြီးတစ်ခုက မွေးဖွားလာခဲ့သည်။ ထိုအ‌နက်ရောင် ဓားအလင်းတန်းက ခက်ထန်ကြမ်းတမ်းပြင်းထန်သော ဓား၏ စွမ်းအားများကိုယ် သယ်ဆောင်၍ လုံထန်နှင့် မီးနဂါးရှိရာထံသို့ ခုတ်ပိုင်းလာခဲ့သည်။ တည်ငြိမ်လှသော လေဟာနယ်ပင်လျှင် ဓားအလင်း၏ စွမ်းအားပြင်းထန်မှုအောက်၌ ဖြတ်သန်းရာလမ်းကြောင်းတလျောက်တွင်တော့ အနည်းငယ်တုန်ခါနေကြသည်။ ဤသည့်ကိုကြည့်ခြင်းအားဖြင့် ဤစွမ်းအားမည်မျှ ပြင်းထန်ပုံကိုယ် သိမြင်နိုင်လေ့မည်ဖြစ်သည်။

လုံထန်လည်း ၎င်း၏ ဓားချက်ကိုကြည့်၍ ပို၍ လေးနက်သွားခဲ့သည်။ ဤသည့်က သူတွေးထားသည့်ထက် အနည်းငယ်တော့ကျော်လွန်နေ‌ခဲ့သည်။ သို့သော်လည်း သူကိုယ်သူတော့ ယုံကြည့်မှုတော့ ရှိနေသေးစဲ့ဖြစ်သည်။

လုံထန်က သူစတင်မလှုပ်ရှားခင်၌ ကံကြမ္မာမျက်လုံးကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ထိုအချိန်၌ အနာဂတ်၏ ‌ငါးစက္ကန့်လောက်မှ လှုပ်ရှား။ ဖြစ်ပျက်မှုများအားလုံးက သူ၏ မျက်ဝန်းများအတွင်း၌ ကွက်ကွက် ကွင်းကွင်း ထွက်ပေါ်လာခဲ့သည်။

လုံထန်က အနည်းငယ်ပြုံးလိုက်သည်။ မင်းတို့အဲလို ကစားချင်တာလား ။ လုံထန်က ကျန်ရစ်နေသော အရိပ်ငါးခုကိုယ်ကြည့်၍ အထင်သေးဟန်ဖြင့်ရေရွတ်လိုက်သည်။

သူမြင်တွေခဲ့ရသည့်များ၏ အတွင်း၌ ၎င်းတို့က သူ၏ လှုပ်ရှားကို စောင့်ဆောင်း၍ အခွင့်ကောင်းယူရန်ပြင်ဆင်နေကြခြင်းဖြစ်သည်။ သူသာလျှင် သတိမထားမိပဲ ကျရောက်လာသော ဓားအလင်းကို ချက်ချင်းတုန့်ပြန် ကာကွယ်လိုက်မည်ဆိုပါက နောက်ထက်ရောက်လာမှာက ပြင်းထန်သော တိုက်ခိုက်မှု ငါးခုသာလျှင်ဖြစ်သည်။

ဤသို့သာဖြစ်ခံ့ပါက သူအနေနဲ့ ပထမဆုံးအနက်ရောင်အရိပ်၏ ဓားအလင်းကို ကာကွယ်နိုင်ပါသောငြား ၊ နောက်ရောက်လာမည် တိုက်ခိုက်မှုငါးခုကို ကာကွယ်နိုင်လေ့မည်မဟုတ်ချေ။ ဤသည့်က သူ၏ အဆုံးသတ်သာဖြစ်လေ့မည် ။

ယခုမှုမတူတော့ချေ။ ဤမြင်ကွင်းကို တွေမြင်ပြီးမှ တော့ ဒီလမ်းကြောင်းဆက်လျက်လျှောက်လှမ်းပါဦးတော့မည်လား ။ ထိုကဲ့သို့ သေမယ်မှန်းသိပါလျက်နဲ့ ဆက်လျက် လျှောက်လှမ်းနေပါက ၊ ရှုးနေသော သူသာလျှင်ဖြစ်ပေလေ့မည် ။

လုံထန်က အခုအချိန်၌ သူ၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ထုတ်လွတ်ရန်အတွက် သူ၏ စွမ်းအင်များကို အမြန်စုစည်းလိုက်သည်။

ဤသည့်က ဒြပ်စင်ငါးခု ပေါင်းစည်းခြင်းနဂါးလက်ဝါး ၊ လျို့ဝုက်ကျင့်စဉ်၏ နောက်ဆုံးအဆင့်ဖြစ်သည်။

လုံထန်က သူ၏ ကိုယ်တွင်းမှ စွမ်းအင်များကို လည်ပတ်လိုက်ချိန်၌ သူ၏ စိတ်ဝိညာဉ်ပင်လယ်အထက်ရှိ ၊ ‌မီး ၊ ရေ ၊ မြေ၊ ရွှေ၊ သစ်သားဒြပ်စင် အလင်းလုံးများက အရှုးမှုး တုန်ခါသွားခဲ့ကာ ၎င်းတို့ထံမှ စွမ်းအင်များကို အရှုးမှုးပင် လုံထန်၏ လက်ဝါးထက်၌ စုစည်းသွားခဲ့တော့သည်။

လုံထန်၏ ညာလက်က တောက်ပသော ဒြပ်စင်လင်းတန်းခုက ဖြေးဖြေးခြင်းဖြင့် တောက်ပလာခဲ့တော့သည်။ ထိုအချိန်၌ လုံထန်က ချက်ချင်းပင်လျှင် သူ၏ တိုက်ခိုက်မှုကို ထုတ်လွတ်လိုက်သည်။

လျို့ဝှက်ကျင့်စဉ် * ဒြပ်စင်ငါးခုပေါင်းစည်းခြင်းနဂါးလက်ဝါး * ။

ဒြပ်စင်အလင်းတန်းများ ငါးခုဖြင် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ်ရာ အလင်းတန်းများဖုံးအုပ်ထားသော လက်ဝါးကြီး မီတာထောင်ချီကိုပင်လျှင် အုပ်မိုးသွားခဲ့ကာ ထွက်ပေါ်လာခဲ့သည်။ ထိုတိုက်ခိုက်မှုကို ထုတ်လွတ် ပြီးချိန်၌ လုံထန်၏ မျက်နှာက အနည်းငယ်ဖြူလျော့သွားခဲ့သည်။ ဤတိုက်ခိုက်မှုအတွက် သူ၏ စွမ်းအားများစွာသုံးခဲ့ရကြောင်းထင်ရှားသည်။

ကောင်းကင်ယံထက်၌ အနက်ရောင်ဓားအလင်းတန်းနှင့် ဒြပ်စင်ငါးခု၏ အလင်းများဖြင့် တောက်ပနေသော နဂါးလက်ဝါးကြီးက ထိတွေ့သွားခဲ့သည်။

ဝုန်း ~ ။

၎င်းတို့ နှစ်ခု ထိတွေ့မိချိန်၌ ကျယ်လှောင်သော ပေါက်ကွဲသံကြီးက ‌တိတ်ဆိတ်နေသော လေဟာနယ်ကြီးအတွင်း၌ အလွန်ပင် ကျယ်လှောင်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။ စွမ်းအင်လှိုင်းများကလည်း အရပ်ရပ်သို့ ပျံလွင်လာခဲ့သည်။

ကျယ်လှောင်သော ပေါက်ကွဲသံက အချိန်ခနတာအကြာ၌ ပြန်လည်တိတ်ဆိတ်သွားချိန်၌ ကောင်းကင်ယံ၌ တစ်ခုနှင့် တစ်ခု အားပြိုင်နေသကဲ့သို့ တွန်းကန်နေသော အနက်ရောင် ဓားအလင်းတန်းနှင့် ဧရာမဒြပ်စင်ငါးခုနဂါးလက်ဝါးကြီးတို့ထံမှာ အက်ကွဲလာသံ ခပ်တိုးတိုး အသံက ထွက်ပေါ်လာခဲ့သည်။

ခရှက် ~ ခရှက် ။

တီးညှင်းနေသော အသံများမှတစ်ဆင့် အလွန်ပင်ကျယ်လှောင်လာခဲ့သည်။ သေချာကြည့်လိုက်ပါက အနက်ရောင်ဓားအလင်းတန်း၏ မျက်နှာပြင်ထက်၌ ကြီးမားသော အက်ကြောင်းများက အလွန်ပင်လျှင်မြန်စွာ ဖုံးအုပ်လာသည်ကို သာမန်မြင်လုံးဖြင့် မြင်နိုင်သည်။

ဝုန်း ~ ။

အချိန်အနည်းငယ်ကြာပြီးနောက် အနက်ရောင် ဓာအလင်းက ဒြပ်စင်ငါးခုနဂါးလက်ဝါးကြီးကို နောက်ထပ်မံ၍ မတားစီးနိုင်တော့ချေ။ သူက ဒြပ်စင်ငါးခု နဂါးလက်ဝါးကြီး၏ တိုက်ရိုက် ဖျက်စီးခြင်းကို ခံလိုက်ရသည်။ ၎င်းက အလင်းမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ လေဟာနယ်၏ အတွင်း၌ ပြန့်ကျဲသွားတော့သည်။

ဒြပ်စင်ငါးခုနဂါးလက်ဝါးကလည်းက အနက်ရောင် ဓားအလင်းတန်းကို ဖျက်စီးပြီးနောက် ၎င်းက ရပ်တန်ခြင်းမရှိပဲ ကျန်နေသော အနက်ရောင်ပုံရိပ်ငါးခုထံ တိုက်ရိုက် ကျဆင်းဖုံးအုပ်သွားတော့သည်။

ရုတ်တရက်အပြောင်းလဲများက သူတို့၏ စဉ်းစားထားသည့်ထက် ကျော်လွန်နေသော ကြောင့် လူသားမှမဟုတ်သော အနက်ရောင်အရိပ်များအဖို့ ၊ သားကဲဧကရာဇ်အဆင့် ကျင့်ကြံမှုများနှင့်ပင် သူတို့‌အပေါ်ကျဆင်းလာသော လက်ဝါးကြီးကို ငေးကြည့်နေရုံသာ ကြည့်နိုင်ခဲ့တော့သည်။

ဝုန်း ~ ။

လက်ဝါးကြီးက အနက်ရောင်အရိပ်ငါးခုကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီးနောက် လေဟာနယ်ပင် အနည်းငယ်တုန်ခါသွားခဲ့တော့သည်။

အနက်ရောင်ပုံရိပ်ငါးခုကတော့ ဧရာမ နဂါးလက်ဝါးကြီး၏ တိုက်ခိုက်မှုအောက်၌ တိုက်ရိုက်ပင် ပျောက်သုဉ်းသွားခဲ့ရာ အလင်းမှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကြောင့် လုံထန်က သက်ပြင်းချလိုက်သည်။ နောက်ထပ်တစ်ယောက်ပဲ ကျန်မယ် ။

ရွှတ် ~ ။

တိုးညှင်းသော လေတိုးသံနှင့်အတူတူ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည့်ကို လုံထန်တစ်ယောက် သူ မျက်လုံးထောင့်မှ မြင်လိုက်ရ၍ ချက်ချင်းပင်လျှင် ခုခံရန် ပြင်လိုက်သည်။ သို့သော်လည်း ဓားအလင်းက သူ၏ တုန့်ပြန်မှုထက်ပိုမြန်၏ ။

သူလည့်ကြည်လိုက်ပြီးနောက် ဓားအလင်းက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့်ကို တွေလိုက်ရသည်။ လုံထန် သူ၏ ခန္ဓာကိုယ်က တောင်တင်းသွားခဲ့ကာ သူ၏ အရှေ့သို့ ကြည့်လိုက်သည်။

ထိုအချိန်၌ သူနှင့် မီတာ တစ်ရာအကွာမှ အနက်ရရောင်ပုံရိပ်တစ်ခုက ဖြည်းညှင်းစွာထွက်ပေါ်လာသည့်ကို တွေ့လိုက်ရတော့သည်။

လုံထန်လည်း ၎င်းပုံရိပ်ကိုကြည့်၍ ခါးသီးစွာပြုံးလိုက်သည်။ သူက ကံကြမ္မာမျက်လုံး မဟာကျင့်စဉ်ကို အသုံးပြု၍ အနက်ရောင်ပုံရိပ်ငါးခုကို ရှင်းပစ် နိုင်ခဲ့သော်လည်း နောက်ဆုံးတစ်ခုကို မရှင်းလင်းနိုင်ခဲ့ချေ။

၎င်း၏ လျှင်မြန်မှုက သူ၏ ဘေးရှိ မီးနဂါးပင်လျှင် ဘာမှ လှုပ်ရှားနိုင်ခြင်းမရှိတော့ချေ။

လုံထန်၏ ပုံရိပ်က ဆယ်ခြောက်ထပ်မြှောက်မှ နေ၍ ဖြေးဖြေးရှင်း‌ဖြင့် ပျောက်ကွယ်သွားခဲ့တော့သည်။ သူပြန်ပေါ်လာချိန်၌ တိုက်ခိုက်ရေးမျော်စင်၏ အပြင်သို့ရောက်နေပြီဖြစ်သည်။

ဟူး ~ သားရဲဧကရာဇ်အဆင့်တွေ ထင်ထားသလိုပါပဲ ။ လုံထန်က တိုက်ခိုက်ရေးမျော်စင်ကိုကြည့်လိုက်ရင်းဖြင့် တီးတိုးရေရွတ်လိုက်သည်။

All Chapters