လုပ်ကြံခြင်း
Vol. 5 Ch. 41
ညသည် မှောင်မိုက်၍ နေချ၏။ မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးများက ကောင်းကင်မှာ ပျော်မြူးနေ ကြသည်။
မြို့ပြင်ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဝါးဖြင့်ဆောက်လုပ်ထားသော တစ်ထပ်အိမ်ငယ်တစ်လုံး ရှိနေလေ၏။ ထိုအိမ်ထဲတွင် သက်လတ်ပိုင်း လူရွယ်တစ်ဦး သစ်သားထိုင်ခုံတစ်လုံးတွင် ခြေချိတ်ထိုင်နေ သည်။ ရှေ့ရှိ စားပွဲပေါ်တွင်လည်း အရက်တစ်အိုး နှင့် ဝက်သားအခေါက်ကင်တစ်ပွဲ ချထားလေ၏။
ရုတ်တရက်
တီတီ
ဘေးနားတွင်ချထားသော ဆက်သွယ်ရေးကိရိယာမှ အသံမြည်လာသည်။ ထိုလူရွယ်မှာ စက်ကို ကောက်ကိုင်လိုက်ပြီး အမြန်ပြောလိုက်သည်။
“မြေခွေးအိပ်ချင်နေတယ် 23 ပါ”
တစ်ဖက်မှ ဩဇာညောင်းသောအသံထွက်လာသည်။
“ဒီညပေါင်းပင်တွေ နုတ်ပစ်မယ် 96 ပါ”
“အသံကောင်းတယ် ရပြီ”
အသက်(၃၀)ခန့် မျက်နှာလေးထောင့်ဖြင့် လူရွယ်မှာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှေ့မှ အရက်ခွက်ကို ကုန်အောင် မော့လိုက်လေ၏။
ဖူဂျီအိမ်ယာဝင်းအတွင်း
ခမ်းနားသပ်ရပ်စွာ ပြင်ဆင်ထားတဲ့အခန်းတစ်ခုအတွင်း အသက်(၁၈)နှစ်ခန့် လူငယ်တစ်ဦး ကုတင် ပေါ်တွင် ပက်လက်လန်၍ အိပ်ပျော်နေသည်။
အခန်းတစ်ခုလုံး တန်ဖိုးကြီးဆေးနံ့များ မွှေးကြိုင်နေလေ၏။
ကုတင်၏ဘေးတွင် ဂျပန်ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော နိုရာနှင့်အသက်(၅၀)အရွယ် လူကြီးတစ်ဦး မတ်တပ်ရပ်နေလေ၏။
နိုရာ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီ ခဏခဏလူရွယ်အား ခိုးကြည့်နေလေသည်။ ထို့နောက် ဘေးနားရှိ လူကြီးအား စကားပြောလိုက်သည်။
“ဦးလေး 3 သူအဆင်ပြေပါတယ်နော်”
“လောလောဆယ် သူ့ဒဏ်ရာက ပြင်းထန်တော့ ၂ရက် ၃ရက် လှုပ်လို့မရသေးဘူး”
“ဒါပေသည့် မကြာခင် ပြန်ကောင်းလာမှာပါ အတွင်းစွမ်းအင်ကို မထိသွားတာပဲ ကံကောင်းလှပြီ” အိပ်ရာပေါ်တွင်လှဲနေသော လူငယ်မှ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး (Luck)လပ်ပင် ဖြစ်ပါသည်။ လပ်တစ်ယောက် တာကာမူ၏ ဓါးချက်ထိမိပြီးနောက် အတွင်းဒဏ်ရာရရှိသွားကာ နိုရာ၏ အိမ်တော် အတွင်းတွင် ဆေးကုသမှုခံယူနေရခြင်း ဖြစ်ပါသည်။
နိုရာ၏ဦးလေး၃မှာ ခွဲစိပ်ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး လပ်ကိုကုသပေးခဲ့တာကြောင့်လပ်တစ်ယောက် ကံကောင်းသည်ဟု ဆိုရာပေမည်။
“သူ ၂ရက်လောက်နေရင် ပြန်ထလာနိုင်မလား၊ စောင့်ကြည့်တာပေါ့ သမီးရယ် အခု ဦးလေးလည်း ပြန်လိုက်အုံးမယ်”
“ဟုတ်ကဲ့ ဦးလေး ကျေးဇူးတင်ပါတယ် ဦးလေးရယ်” နိုရာက လပ်၏ လက်တစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်ရင်း ငါနင့်ကို ပြောစရာတွေ အများကြီးရှိတယ်” ဟု ရေရွတ်လိုက်လေသည်?
၅မိနစ်ခန့်ကြာပြီးနောက်
လပ်၏ အခန်းတွင်းမှ နိုရာထွက်ခွာသွားလေသည်။
မည်သူမှမသိလိုက်သည့် အချိန်တွင် လပ်၏ ရင်ညွန့်အနီးတွင် အလင်းရောင်တစ်ချက် လင်းလက် သွားပြီး လက်၏ တစ်ကိုယ်လုံးကို အလင်းတန်းများက ဖုံးအုပ်သွားကာ အသက်ရှူ ၃ရှိုက်ခန့်အကြာတွင် ပြန်လည်ပျောက်ကွယ်သွားလေသည်။
လပ်ဆေးကုသရာအခန်းသည် အိမ်တော်ဝင်းအတွင်းတည်ရှိပြီး ရှေ့တွင်လည်း လူလုပ်ရေကန်ငယ် တစ်ခု ညမွှေးပန်းရုံငယ်တစ်ချို့လည်း ရှိနေလ၏။
ထိုရှေ့တွင်တော့ ခက်ထန်မာကျောသော မျက်နှာများဖြင့် လူ(၈)ဦးအသင့်ရပ်နေလေသည်။ ထိုလူ (၈)ဦးမှ နောက်ကျောတွင် ဓါးတစ်ချောင်းစီလွယ်ထားပြီး ခါးတွင်လည်း ခေတ်မှီလေဆာသေနတ်များကို ချိတ်ဆွဲထားလေသည်။ လပ်ကိုစောင့်ရှောက်ရန် တာဝန်ကျနေသော နိုရာ၏ သက်တော်စောင့်အဖွဲ့ပင် ဖြစ်လေသည်။
အဆောင်ဘေးပတ်လည်တွင်လည်း လေဆာအစီအရင်ကြီးတစ်ခု လှည့်မတ်နေလေသည်။
မသမာသူများ စွမ်းအင်ဖွင့်တံခါးပေါက်မှ ဝင်ထွက်ခြင်းမလုပ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်လေသည်။ S4, S3 အဆင့် သူရဲကောင်းများနှင့် ကျွမ်းကျင်သူများသည် စွမ်းအင်တံခါးပေါက်ကိရိယာကို အသုံးပြုပြီး မိုင်(၁၀၀)အတွင်း အဝင်အထွက်ပြုလုပ်နိုင်ကြသည်။
ထိုစွမ်းအင်တံခါးပေါက်ကို အစွမ်းထည့်သွင်းကာ တည်နေရာကို ခုန်ကျော်နိုင်ကြလေသည်။
---------------