← Chapters

သေရေးရှင်ရေး (၁)

Vol. 5 Ch. 42

သေရေးရှင်ရေး (၁)

Vol. 5 Ch. 42

ညအခါ အလင်းရောင်မရှိ မဲမဲမှောင်နေလေပြီ-

ဖူဂျီအိမ်တော်ဝင်းအတွင်းရှိ မှောင်မိုက်နေသော ခြံထောင့်နေရာသို့ အမည်းရောင်ဝတ်စုံဝတ် ထားသော လူနှစ်ဦးတိတ်တဆိတ် ရောက်ရှိလာလေ၏။

“ဝှစ် ဝှစ်”

“ရပြီ ရပြီ’’ စွပ် ၀ှစ်

ကျန်တစ်ဦးမှ ကိုယ်တွင်းစွမ်းအင်များကို အသုံးပြုရန် ကိရိယာကို ဖွင့်လိုက်သည်။

လျှပ်စစ်လက်သကဲ့သို့ အလင်းရောင်တစ်ချက်ထွက်သွားပြီးနောက်

“တွင် တွင်”

လေထဲတွင် ( ၆)ပေပတ်လည် အလင်းတံခါးတစ်ခု ပေါ်လာလေတော့၏။

(၅)စက္ကန့်အကြာတွင် ထိုတံခါးပေါက်အတွင်းမှ အမည်းရောင်သိုင်းဝတ်စုံဖြင့် နင်ဂျာ(၂၀)ဦးခန့် ခုန်ထွက်လာလေချေပြီ။

ထိုဝတ်စုံမည်းနှင့် လူ(၂၀)ဦးမှ လပ်၏အဆောင်သို့ (၁၀)ဦး၊ နိုရာ၏အိမ်ဆောင်ဘက်သို့ (၁၀)ဦး လူခွဲ၍ လေကဲ့သို့အလျင်ဖြင့် အရိပ်များသဖွယ် ပြေးသွားကြလေသည်။

လပ်၏ နားနေဆောင်အရှေ့တွင် ဖြစ်သည်။

လပ်အတွက်

စောင့်ကြပ်နေသော လူ(၁၀)ဦးတွင် ခေါင်းဆောင်ဖြစ်ပုံရသူတစ်ဦးမှာ မျက်နှာတွင် ဓါးဒဏ်ရာကြီး ရှိပြီး မျက်ခုံးများနှင့် နှုတ်ခမ်းများက တိကျပြတ်သားပုံရလေ၏။

ထိုလူကြီး၏ နှာခေါင်းမှာ ရုတ်တရက်တရှုံရှုံဖြစ်သွားပြီး အော်ဟစ်လိုက်လေသည်။

“တစ်ယောက်ယောက် စွမ်းအင်တံခါးပေါက်ကို ဖွင့်လိုက်ပြီဟေ့ အားလုံးသတိထားကြ”

ပြောပြောဆိုဆိုဖြင့် သူ၏အနောက်မှ (၅)ပေခန့်ရှိသော ဓါးပြားကြီးကို ဆွဲထုတ်လိုက်လေသည်။

အမာရွတ်ဓါးဒဏ်ရာဖြင့် လူကြီးမှာတကယ်တော့ S3 အဆင့်သူရဲကောင်းတစ်ဦးဖြစ်ပြီး ဖူဂျီစံအိမ်တွင် နှစ်ပေါင်းများစွာ ကြီးကြပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သော အကြီးအကဲ ကန်တာ ဖြစ်လေ၏။

စွမ်းအင်ဝင်ပေါက်ဖွင့်ပိုင်သူမှာ အနည်းဆုံး ‌ S3 အဆင့်ဖြစ်ရမည်ဟု အားလုံးသိရှိထားသည့်အတွက် ‌Level တူသူ (သို့) သူထက်မြင့်သူကို ရင်ဆိုင်ရမည်မှန်း သူခန့်မှန်းမိလေပြီ။

ဝှစ် ဝှစ် စွပ် စွပ်

ရုတ်တရက်လေထဲတွင် ဓါးပျံ(၆)ချောင်းနှင့် စင်္ကြာလက်နက်ပုန်း (၄)ချောင်းမှာ ပျံဝဲလာပြီး အစောင့်(၈)ဦးထံ ဝှစ်ခနဲ ဝင်သွားလေး၏။

နိုရာ၏ အစောင့်(၈)ဦးမှာလည်း လက်ရွေးစင်များဖြစ်ပြီး ဓါးများကို ဝှေ့ယမ်းကာကွယ်လိုက်ကြ လေသည်။ တိန် တိန် ချလွမ် ချလွမ်

“အား” တစ်ဦးမှာ ပခုံးတွင်ရှပ်ထိမှန်ပြီး လဲကျသွားလေသည်။

ကန်တာ အော်ဟစ်လိုက်သည်။

“အဆိပ်ပါတယ် သတိထားကြဟေ့”

အော်ဟစ်ရင်းကနေ သူ့ဓါးပြားကြီးကို စွမ်းအင်သုံးက သုံးချက်ဝှေ့ယမ်းလိုက်လျှင် ပေ(၂၀)ခန့်ရှိ အနီရောင်ဓါးအလင်းကြီး ပေါ်ပေါက်လာပြီး အရိပ်များသဖွယ် လုပ်ကြံသူများဆီ ပြေးဝင်သွားလေသည်။

ဖုန်း ချလွမ် ဝှစ်, အား အား အား

လုပ်ကြံသူ(၃)ဦးမှာ ဦးခေါင်းများ

တစ်ဖက်ဆီလွင့်ထွက် ပြတ်ကျသွားလေပြီ။

မှောင်ထဲသို့ ကန်တာ စိုက်ကြည့်လိုက်ပြီး

“၅ယောက်ကျန်သေးတယ်”ဟု ပြောလိုက်လေ၏။

ရုတ်တရက် ရွှေရောင်မြှားတစ်စင်း

ကန်တာ၏ ရင်ဘတ်ရှေ့သို့ ဝှစ်ခနဲ ဝင်ရောက်လာလေသည်။ “ဝှစ် ဘန်း အား”

ကန်တာမှာ အမြန်ရှောင်လိုက်သော်လည်း လက်မောင်းရင်းတွင် ရှပ်ထိသွားပြီး လက်မောင်းတွင် (၆)လက်မခန့်အပေါက်ကြီး ဖြစ်သွားလေသည်။

ယား ဝှစ်

“ဒယိမ်း ဒယိုင်ဖြင့် ကန်တာပေ(၂၀)ခန့်

နောက်ကိုဆုတ်လိုက်လေ၏

ကန်တာမူလရပ်နေသောနေရာတွင်

မျက်နှာလေးထောင့်ဖြင့် အသက်(၃၀)အရွယ် လူတစ်ဦးဖျတ်ခနဲ ပေါ်လာလေသည်။ ထို့နောက် အခုလိုပြောလိုက်သည်။ “မင်းမဆိုးဘူး ငါမြှားကိုရှောင်နိုင်ပြီး မသေတဲ့ နောက်တစ်ယောက်ပေါ့”

“ဟား ဟား”

ကန်တာ၏ မျက်လုံးများပြူးကျယ်သွားပြီး

“မင်း မင်း က အသံမဲ့မြှားမလား”

“မင်းပျောက်ကွယ်သွားပြီး သေသွားပြီလို့

ပြောနေကြတာမလား”

“ ငါမသေပါဘူး အချိန်ကောင်းစောင့်နေတာပါကွ ဟား ဟား ’’

ကန်တာက လက်တစ်ဖက်ဖြင့် ဒဏ်ရာအပေါက်ကို စွမ်းအားဖြင့် ပိတ်ဆို့လိုက်ပြီး

“မင်းဘာမင်း ဘာကောင်ကြီးဖြစ်ဖြစ် အဆုံးထိ သွားကြတာပေါ့”

ယား ဘီလူးမင်း ဒေါသခုတ်ချက်

ကန်တာ၏ ခေါင်းပေါ်တွင် ပေ(၂၀)ခန့် ဘီလူးတစ်ကောင်ပေါ်လာပြီး ဓါးပြားကြီးကို ကိုင်ထားကာ မီးစွမ်းအင်ဓါးကြီးကို ကိုင်ထားကာ မီးစွမ်းအင်ဓါးကြီးဖြင့် တောင်ကြီးသဖွယ်ဖိ၍ ခုတ်ချလိုက်လေသည်။

မျက်နှာလေးထာင့်လူမှာ မျက်နှာဖျတ်ခနဲ ပျက်သွားကာ နောက်ကိုဆုတ်၍ ရွှေမြှားသုံးစင်းကို ဒုန်းကြည်သဖွယ်တပြိုင်ထဲ ပစ်လွှတ်လိုက်လေသည်။

“ဝှစ် ဝှစ် ’’ရွှီး ရွှီး ရွှီး

ဝုန်း အား အား ဖုန်း

ကန်တာ၏ အကာကွယ်ကို စွမ်းအင်မြှားများ ဖောက်ဝင်ကာ ပခုံးနှင့်ပေါင်တို့တွင် စိုက်ဝင်သွား လေသည်။ ထို့အတူ မျက်နှာလေးထောင့်ဖြင့် အသံမဲ့မြှားလည်း ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားကာ သွေးများက မြစ်သဖွယ်ဖြစ်သွားလေသည်။

ကန်တာမှာ အသက်ကိုမနည်းရှူရင်း ဘေးအိတ်ထဲရှိ ဆေးလုံးတချို့ကို ပဲလှော်လိုဝါးစားလိုက် လေသည်။ ထို့နောက် ရေကန်လေးဘေးရှိ အုတ်ခုံကို မှီထိုင်ချလိုက်လေတော့သည်။

--------------------------

All Chapters