Chapters

သေရေးရှင်ရေး (၂)

Vol. 5 Ch. 43

သေရေးရှင်ရေး (၂)

Vol. 5 Ch. 43

ဝှစ်ဝှစ် ဝှန်းဝှန်း

နိုရာ၏ အိပ်ဆောင်နေရာအနီးတွင် အမည်းရောင်ဝတ်စားထားသော လုပ်ကြံသူ(၁၀)ဦး ရောက်ရှိလာ သည်။ အဆောက်အဦး၏ အစီအရင်အတွင်းသို့ တြိဂံပုံစံကြေးပြားများ ပစ်သွင်းလိုက်ကြသည်။

“ဝှစ် ဝှစ် ဝှီး ဝုန်းဒိုင်းအုန်း”

အစီအရင်မှ ရုတ်တရက်ပေါက်ကွဲသွားပြီး စက်ကွင်းအစီရင်နေရာမှာ အလင်းများပျောက်ကွယ် သွားလေသည်။

အမည်းဝတ်လူများက တပြိုင်ထဲလှုပ်ရှားကြလေပြီ။

ခေါင်းဆောင်ဖြစ်သူမှာ ဂတုံးနှင့် လူတစ်ဦးဖြစ်ပြီး ဗလတောင့်တောင့် ဂင်တိုတိုပုံစံရှိလေသည်။

ထိုသူမှ နိုရာ၏ အိပ်ဆောင်ဘက်ကို

အမြန်ခုန်တက်လိုက်ပြီး အော်ဟစ်လိုက်လေသည်။

“အားလုံးကို သတ်မြန်မြန်လုပ်ကြစမ်း”

အစီအရင်ပေါက်ကွဲသည့် အသံမှာ ကျယ်လောင်လှသောကြောင့် အိမ်ရာဝင်းအတွင်းရှိ အစောင့်များ နှင့် မိသားစုများ တော်တော်များများအိပ်ရာမှ နိုးသွားကြလေပြီ။

“အား ဘာဖြစ်တာတုန်း”

“မီးလောင်နေပြီ” “မဟုတ်ဘူး”

“တိုက်ခိုက်ခံရပြီ” “တိုက်ခိုက်ခံရပြီဟေ့”

တစ်ယောက်မှ အော်ဟစ်လိုက်လေသည်။

“မမလေးနိုရာ အဆောင်ဘက်မှာ ဖြစ်နေတာ မမလေးကို လုပ်ကြံသူဟေ့

“အမြန်သွားကြ”

အစေခံမလေးများနှင့် အစောင့်များမှ ယောက်ယှက်ခတ် ပြေးလွှားသွားကြလေ၏။ ကျယ်လောင် ပြင်းထန်သော ပေါက်ကွဲသံကြောင့် နိုရာတစ်ယောက် အိပ်ရာမှနိုးလာခဲ့သည်။

“ဟင် ဘာဖြစ်တာလဲ”

နိုရာက ဘေးရှိ မှန်တင်ခုံပေါ်တွင် တင်ထားသော ဝါးတုတ်ကို ကောက်ကိုင်လိုက်လေသည်။ ထို့နောက် သတိအနေအထားဖြင့် အခန်းအတွင်းမှ ထွက်လာခဲ့လေ၏

အခန်းပြင်သို့ ရောက်လျှင်ခြင်း အရိပ်တစ်ခုက နိုရာဆီသို့ ဝှစ်ခနဲပြေးဝင်လာလေသည်။ “S2 အဆင့် ရိုက်ချက် ခွေးမိုက်ဇာတ်သိမ်းရိုက်ချက်" နိုရာက အော်ဟစ်၍ သုံးချက်ဆင့်ရိုက်လိုက်သည်။

အရိပ်ကို တိတိကျကျထိသွားပြီး လူတစ်ယောက်ပြုတ်ကျလာသည်။

“ဒုတ် ဒုတ်” “အား”

ထိုလူမှာ ဦးခေါင်းပွင့်သွားပြီး လဲကျသွားလေ၏။ နိုရာမှာ မျက်မှောင်ကျုံလိုက်သည်။ အမျိုးသမီး သက်တော်စောင့်နှစ်ယောက် နိုရာရှေ့သို့ ရောက်လာသည်။

“မမလေး အဆင်ပြေလား”

“ကျမတို့ နောက်ကျသွားတယ်”

တစ်ယောက်မှ ပြောလိုက်သည်။

ရုတ်တရက် ညီစို့စို့အနံတစ်ခု သူတို့ရလိုက်ကြ၏။

ကော်ရစ်တာ၏ မီးမှိန်မှိန်နေရာတွင် ကတုံးနှင့် လူတစ်ဦးမတ်တပ်ရပ်နေလေသည်။

သူ၏ ကိုယ်ပတ်လည်တွင် အမည်းရောင်ဆိုးညစ်သော ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေပြီး

နိုရာတို့ သုံးယောကကို စပ်ဖြဲဖြဲ ကြည့်နေလေ၏

“နိုရာက အော်ဟစ်လိုက်သည်

“S3 အဆင့် သတိထားကြဟေ့”

နိုရာ၏ အော်ဟစ်သံမဆုံးခင်မှာပဲ

ကြမ်းတမ်းခက်ထန်သော မည်းနက်သည့် လက်ဝါးအရိပ်ကြီးပေါ်လာကာ

နိုရာအပေါ် ကျဆင်းလာလေသည်။

သက်တော်စောင့် မိန်းမနှစ်ဦးမှာ ဖြတ်ခနဲဝင်၍ ရှေ့မှာကာလိုက်သည်။

ထို့နောက် သူတို့၏ ဓါားများကို ကြက်ခြေခတ် ခုတ်ချလိုက်လေ၏။

“ဝှစ် ဝှစ် ဝုန်း”

သို့သော် ‌ S3 အဆင့်စွမ်းအား လက်ဝါးကြီးမှာ အင်အားကြီးလှပြီး ဓါးချက်များ ချက်ချင်းပျက်စီး သွားကာ နိုရာရှေ့မှ နှစ်ယောက်စလုံး ပေ(၃၀)ခန့်လွှင့်ထွက်သွားပြီး မျက်စိ၊ နား၊ နှာခေါင်း ၊ ပါးစပ်တို့မှ သွေးများ ပန်းထွက်လာကာ ခွေခနဲ လဲကျသွားကြလေသည်။

ဖုတ် ဖုတ် အား အား

နိုရာလည်း နောက်ကို အမြန်ဆုတ်ကာ ထွက်ပြေးရန် ပြင်လိုက်လေသည်။

“ဝှစ် ဝှစ် ’’

သို့သော် နောက်ကျသွားလေပြီတကား

အမည်းရောင်သန်းနေသော ဂတုံးလက်ဝါးကြီးက နိုရာခေါင်းပေါ်ကျလာလေချေပြီ။

ထိုအချိန်တွင် လေထုက တင်းကြပ်သလို ဖြစ်သွားပြီး အရာအားလုံးဟာ ရပ်ဆိုင်းသွားသလို ဖြစ်လာခဲ့သည်။

ပြင်းထန်သော အလင်းအဝိုင်းကြီးတစ်ခုက နိုရာကို ကာကွယ်လိုက်ပြီး ဂင်တိုတို ဂတုံးကို တောင်ကြီးသဖွယ် ဖိအားဖြင့် ဖိထားသလို ခံစားရပြီး

လှုပ်၍မရတော့ချေ။ ဂတုံးအော်ဟစ်လိုက်သည်။

“အား အား ဘယ်သူလဲဟ”

“ဒါ ဒါ S3 အဆင့်မဟုတ်ဘူး”

ရုတ်တရက် မိုင်ဝက်အတွင်းမှ အသံတစ်ခု မိုးချိန်းသလို ထွက်ပေါ်လာသည်။

“ရာရာစစ ငါ့ဂြိုဟ်ပေါ်မှာ လူသတ်ဖို့ ကြိုးစားရဲတယ်လား”

“မေနိုးလေးတွေ”

အသံနက်ကြီးပေါ်လာပြီး မကြာခင်မှာပဲ

ပေ(၁၀၀)ခန့်ရှိမည့် ရွှေရောင်သန်းနေသော လက်ဝါးကြီးတစ်ခု ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာလေသည်။

ထိုလက်ဖဝါးကြီးမှာ

ဂတုံးနှင့် အပေါင်းအပါများပေါ် မျက်တောင်တစ်ခတ်အတွင်း ကျဆင်းသွားပြီး ဂတုံးနှင့် လုပ်ကြံ သတ်ဖြတ်သူများမှာ အသားပြားဖြစ်သွားပြီး

မြေကြီးအတွင်း (၂)ပေခန့် နစ်ဝင်သွားလေသည်။

နိုရာ၏ ထိတ်လန့်တုန်လှုပ်နေမှုများ ပျောက်ကွယ်သွားပြီး လေးစားချစ်ခင်မှုများ မျက်နှာတွင် ပေါ်လာလေသည်။

နိုရာအော်ဟစ်လိုက်လေသည်။ “ဒါ စောင့်ရှောက်သူ လင်းပဲ”

-----------------------