Chapters

(အမှောင်လုပ်ကြံသူအဖွဲ့)

Vol. 5 Ch. 44

(အမှောင်လုပ်ကြံသူအဖွဲ့)

Vol. 5 Ch. 44

လုပ်ကြံသူများထဲမှ အားလုံးနီးပါး သေဆုံးသွားပြီး အမှောင်ထဲတွင် ပုန်းနေသော လူနှစ်ဦးမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြ လေသည်။

တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ကြပြီး “နောက်ဆုံးပလန်ကို လုပ်ကြစို့”ဟု ပြောလိုက်ကြလေသည်။

ထိုသူနှစ်ဦးမှာ လူခွဲ၍ နီးစပ်ရာအိမ်တော်များဆီသို့ အမြန်ပြေးသွားကြပြီး ကိုယ်ပေါ်ရှိ ကိရိယာ များကို နှိပ်လိုက်ကြသည်။

“တွီ တွီ” “အုန်း ဝုန်း”

ကြီးမားသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့လေပြီ။ အိမ်တော်ဝင်းအတွင်း အသေခံဗုံးပေါက်ကွဲမှုများ ရုတ်တရက် ဖြစ်သွားပြီး

အားလုံး ပြေးသူပြေး အော်သူအော်ဖြင့်

ငိုရို နေကြလေသည်။

အဟီးဟီး အမေရေ ကယ်ပါအုန်း

“အား သမီးလေး သမီးလေး”

“အား ငါ့ ခြေထောက် မရှိတော့ဘူး”

(၁၅)မိနစ်ခန့်ကြာပြီးနောက်

ဝန်ထမ်းများနှင့် အကြီးအကဲများ ရောက်လာကြလေပြီး အခြေအနေများကို

ကိုင်တွယ်ကြလေသည်။

ဦးလေး(၃)လည်း မုန်ကုတ်နေသော မျက်နှာဖြင့် ရောက်လာပြီး အော်ဟစ်လိုက်သည်။

“ဒဏ်ရာရတဲ့သူတွေ ဒီဘက်ကိုခေါ်ခဲ့ ကျန်တဲ့သူတွေက

မီးတွေငြိမ်းကြစမ်း”

မကြာမှီအခြေအနေများ တည်ငြိမ်သွားလေ၏။

အရေးပေါ်အစည်းအဝေးကို အိမ်တော်အကြီးအကဲများ စတင်ခေါ်ယူ ဆွေးနွေးနေကြလေပြီ၊

“အဖြစ်အပျက်ကတော့ အဲလိုဘာပဲ

သူတို့ရည်ရွယ်ချက်က နိုရာနဲ့ လပ်တို့ကို ရှင်းပစ်ဖို့ အဓိကလို့ ယူဆပါတယ်

ကျန်တဲ့ ဖောက်ခွဲမှုကတော့ ကျွန်တော်တို့မိသားစု အင်အားနည်းသွားအောင် ထိတ်လန့်အောင် လုပ်တာဖြစ်ပါတယ်”

ဆံပင်အဖြူနှင့် အကြီးအကဲက ပြောလိုက်ပါတယ်။

ဦးလေး(၂)က စကားစသည်။

ဘယ်သူတွေလဲ သိရပြီလား

“ဟုတ်ကဲ့ လုပ်တဲ့လူတွေက အသံမဲ့မြှား”နဲ့

အမှောင်လုပ်ကြံသူအဖွဲ့ကပါ။ သွေးမိစ္ဆာလည်း ပါတယ်။ “သူတို့အားလုံး ကြေးစားတွေပါ။”

“မာစတာလပ် ဘက်သွားတဲ့အဖွဲ့ကိုတော့ ကန်တာက ရှင်းနိုင်ခဲ့တယ် သူလည်းတော်တော် ထိသွားတယ်”

“ကျန်တဲ့အဖွဲ့ကိုတော့ ဂြိုလ်ရဲ့စောင့်ရှောက်သူက အဝေးကလှမ်းရှင်းလိုက်တယ်”

အားလုံး မြင်လိုက်ရတယ်မှလား

“ဟုတ်ကဲ့” “ဟုတ်ကဲ့”

စွမ်းအင်တံခါးပေါက်လည်း ပြန်ပိတ်သွားပြီလား

“ဟုတ်ကဲ့”

အစီအရင်တွေကို သေချာပြန်စီမံတပ်ဆင်လိုက် အကြီးအကဲချုပ်က အမိန့်ပေးလိုက်သည်။

အားလုံး စီစဉ်ပြီးပါပြီ

ထိုအချိန်တွင် အကြီးအကဲ(၈)ဟု ခေါ်သော နားရွက်ချွန်ချွန် မေးချွန်ချွန်နှင့် လူတစ်ဦးမှာ အသံအကျယ်ဆုံးဖြစ်ပြီး လုပ်ကြံသူများကို ဖမ်းမမိဟုဆိုကာ ဒေါသထွက်

အော်ဟစ်နေလေသည်။

မိသားစုအကြီးအကဲချုပ်က ပြောလိုက်သည်။

ကဲကဲ အစည်းအဝေးပြီးပြီ သွားကြတော့

“ဟုတ်ကဲ့” ပြိုင်တူပြောရင်း

အခန်းအတွင်းမှ ထွက်လာကြသည်။

အကြီးအကဲ(၈)မှာ ဒေါနှင့်မောနှင့်

သူ့အိမ်ရာဘက်ကို ပြန်လာခဲ့လေ၏

ထို့နောက် လေးနက်သောအမူအရာဖြင့်

အိပ်ခန်းအတွင်းသို့ ဝင်ရောက်လိုက်ပြီး စားပွဲမှ

အံဆွဲကို ဖွင့်လိုက်သည်။

ထို့နောက် ဆက်သွယ်ရေးကိရိယာဖြင့်

မက်ဆေ့ပို့လိုက်လေသည်။

မစ်ရှင်းဖေးလ် (Mission Fail) (မစ်ရှင်ကျဆုံး)

လုပ်ငန်းရပ်ဆိုင်းထားရန် (STOP JOB)

ဟု ဖြစ်လေတော့သည်။

ထိုကဲ့သို့ အိမ်ရာဝင်းအတွင်း လုပ်ကြံသတ်ဖြတ်မှုများ ပေါက်ကွဲမှုများဖြင့် အလုပ်ရှုပ်နေကြချိန်တွင် လပ်တစ်ယောက်ကတော့ မေ့မျော့နေဆဲ ဖြစ်လေသည်။

----------------------