Chapters

(အလားကားရသောသိုင်းကျမ်း)

Vol. 5 Ch. 45

(အလားကားရသောသိုင်းကျမ်း)

Vol. 5 Ch. 45

၅ရက်ခန့်ကြာသော် -

ဖူဂျီအိမ်ယာဝင်းအတွင်း

သန့်ရှင်းသပ်ရပ်တဲ့ အခန်းတစ်ခုအတွင်း

လူငယ်တစ်ယောက် လဲလျောင်းနေသေည်။

နွေးထွေးသော နေရောင်ခြည်က ပြူတင်းပေါက်မှတဆင့်

လူငယ်၏မျက်နှာပေါ်ကျဆင်းလာသည်။

“ အား ကျွတ် ကျွတ်”

ရုတ်တရက် လူငယ်မှာ လူးလွန့်လာပြီး ညီးတွားလိုက်သည်။

ထို့နောက် မျက်လုံးအစုံ ဖျတ်ခနဲ ပွင့်လာသည်။

အဆိုပါလူငယ်မှာ လပ်ပင် ဖြစ်သည်။

ခမ်းနားလှပသော မျက်နှာကျက်ကို လပ်မြင်လိုက်ရသည်။ အတွေးတွေကို ပြန်စီလိုက်သော လပ်ပြန်မှတ်မိသွားသည်။

“အင်း”

“ငါ့ ဒဏ်ရာတဖြည်းဖြည်း ပြင်းလာပြီး သတိမေ့သွားပုံရတယ်”

“ဘယ်နှစ်ရက် ရှိသွားပြီလဲ မသိဘူး”

လပ်၏ ကိုယ်မှာ ဒဏ်ရာများ 95% ခန့် ပျောက်ကင်းသွားပြီး စွမ်းအင်များကလည်း တိုးတက် လာခဲ့ပုံရ၏။ လက်ဝှေ့ယမ်းပြီး စမ်းသပ်ကြည့်လိုက်တော့

S2 အဆင့်ရဲ့ အလယ်ဆင့်အထွတ်အထိပ်ကို ရောက်နေခဲ့သည်ကို အံ့ဩစွာ တွေ့ရသည်။

လပ်ကြည့်လိုက်တော့ သူ့ရဲ့ smart နာရီကို ဘေးရှိ စားပွဲပေါ်မှာ တင်ထားသည်ကို တွေ့လိုက် ရသည်။ ပြီးတော့ သိုလှောင်လက်ပတ်လည်းရှိလို့နေ၏။

ကလပ် တွစ် တွင်

လပ်နာရီကို လှမ်းယူလိုက်ပြီး AI စနစ်

အသေးလေးကို ပြန်ထုတ်ရန် ခလုပ်နှိပ်လိုက်သည်။

[ တီတီ ဝှစ် ]

3D ပုံရိပ်စနစ်တစ်ခုဖြစ်သော အသေးလေးမှာ အိပ်ချင်မူးတူးပုံစံဖြင့် ပေါ်လာလေသည်။

ရပ်ပါစတိုင်ဖြင့် အော်ဟစ်လိုက်လေ၏။

“ဟာ ဆရာ မင်္ဂလာပါ”

“ကျနော်ကို အပြင်မထွက်ခိုင်းတာကြာပြီ

စိုးရိမ်လို့ သေတော့မယ်”

လပ်က ရယ်ကာ ပြောလိုက်၏?

“မင်း ငါ သတိလစ်နေတုန်း ဘာတွေဖြစ်သေးလဲ သိလား”

“တွင်” ဆရာရေ ဖြစ်သွားတာတွေက အကြီးကြီးတွေပဲ

“ဆရာသတိလစ်နေတုန်း နိုရာနဲ့ ဆရာကို လုပ်ကြံတဲ့သူတွေ ရောက်လာသေးတယ်”

“ဟေ အဲလိုတောင် ဖြစ်သွားတာလား”

“ဟုတ်တယ် ဆရာ”

“ဒါပေမဲ့ အဲကောင်တွေ အကုန်ရှောသွားပြီ”

“ဂြိုလ်စောင့်ရှောက်သူနဲ့ အစောင့်တွေ တော်လို့ပေါ့”

အသေးလေးမှ ရင်တမမ ဟန်ချီကာ ဖြစ်ပျက်သည်များကို လပ်အား ပြောပြနေလေ၏။

“အေး အေး ငါသိပြီ”

“မင်း အဖွဲ့ချုပ်ရုံးကို သတင်းပို့လိုက်အုန်း”

ငါ တစ်လလောက်ကြာရင် ပြန်လာမယ်လို့

“ဟုတ်ဆရာ” အခုပဲ လုပ်လိုက်မယ်”

“တွီတွင်”

“ဆရာ ဆရာ့ကို မက်ဆေ့ပို့ထားတဲ့သူတွေ အများကြီးပဲ ပရိတ်သတ်တွေကာ Mr. လင်းကော

လုံခြုံရေးအဖွဲ့ချုပ် ရုံးကပါ

မက်ဆေ့ပို့ထားတယ်

“ဟုတ်ပြီ ရုံးချုပ်က မက်ဆေ့ကိုဖွင့်လိုက်”

“Yes, Sir”

ဂွီ [ မင်္ဂလာပါ ဗိုလ်မှူးမစ္စတာလပ်

သင်ရက် ၆၀အနားယူပြီးရင် တာဝန်တစ်ခု ထမ်းဆေင်ရမှာ ဖြစ်ပါတယ်

သင့်အတွက် S3 အဆင့်ရောက်ရင် ကျင့်ကြံရမဲ့ နည်းစနစ်နှင့် သိုင်းပညာတစ်ခုကို Scan တွင် မျက်စိနှင့် လက်ဗွေနှိပ်ပြီး ဖွင့်ကြည့်လို့ရပါတယ်]

လပ်လည်း ဘေးနားရှိ လူခေါ် ဘဲလ်ကို နှိပ်လိုက်ရာ (၁)မိနစ်အကြာတွင်

အစေခံမလေးတစ်ဦး ဝင်လာလေသည်။

“ဟာ ဆရာ-နေကောင်းသွားပြီ”

“အေး ဟေ့ မင်းတို့ မမလေးနိုရာကို သွားပြောလိုက်အုန်း ငါညနေကျရင် တွေ့မယ်လို့

အခုတော့ လုပ်စရာရှိသေးလို့ မလာနဲ့အုံးလိုံ”

“ဟုတ် ဆရာ အခုပဲသတင်းပို့လိုက်ပါ့မယ်နော်” အစေခံမလေးထွက်သွားပြီးနောက် လပ်က စမတ်နာရီရဲ့ စကန်ဖတ်မှုကို လုပ်ဆောင်လိုက်သည်။

“တွင် အောင်မြင်ပါတယ်” စနစ်၏အသံမြည်သွားပါသည်။

ဗွီဒီယိုဖိုင်နှစ်ခုနှင့် စာအုပ်ဖိုင်တစ်ခု ပေါ်လာသည်။ 3D Display ပြောင်းလိုက်သောကြောင့် ဘေးနားတွင် စာအုပ်လာထောင်ပြသကဲ့သို့ ဖြစ်နေသည်။

ခဏမျှဖတ်ရှုပြီးနောက် လပ်အော်ဟစ်လိုက်သည်။

“အိုး” “ဒီလိုကိုး S3 အဆင့်ဆိုတာ ဒီလိုလား”

“အရည်စွမ်းအားတွေကို အမြူတေပုံစံအခဲဖြစ်အောင် လုပ်ရမှာလား”

‌ “S3 အဆင့်ကျင့်စဉ်ကိုတောင် အလကားပေးတာပဲ လုံခြုံရေးအဖွဲ့ချုပ်က တော်တော်ရက်ရောတာပဲ” လပ်တစ်ယောက် စိတ်ဝင်စားစွာ လေ့လာကျက်မှတ်နေတော့လေသည်။

--------------------