(နတ်ဆိုး၏ ဒုက္ခ)
Vol. 5 Ch. 46
တွိတွီ
အချက်ပေးသံမြည်လာသောကြောင့် လပ်တစ်ယောက် ကျမ်းစာပေလေ့လာခြင်းကို ရပ်တန့် လိုက်သည်။
“အမ် ညနေ ၅နာရီတောင် ထိုးပြီးပါပေါ့”
“ရေချိုးပြီး နိုရာဆီသွားတွေ့ရမယ်” လပ် ရေရွတ်လိုက်သည်။
ရာသီဥတုသာယာနေသည်။ လပ်တစ်ယောက် အနောက်တိုင်းဝတ်စုံအနက်ရောင်ဖြင့် သပ်ရပ် ချောမောစွာ လမ်းလျှောက်လာသည်။
နိုရာတို့အဆောင် အိမ်တော်ဘက်ကို လမ်းလျှောက်ရာတွင် နာရီဝက်ခန့်လျှောက်ရလေ၏။
အိမ်တော်နှင့် မိုင် ၂၀၀ ခန့်ကွာဝေးသော တောင်ထိပ်တစ်ခုတွင် အရပ် (၁၀)ပေရှည်သော တကိုယ်လုံး အစိမ်းရောင်လွှမ်းခြုံထားတဲ့ သတ္တဝါတစ်ကောင်က ရပ်နေလေ၏။ သူ၏ မျက်နှာမှာ မှင်စာ ကဲ့သို့ ရွံရှာဖွယ်ကောင်းပြီး ပါးနှစ်ဖက်တွင်လည်း အစွယ်နှစ်ခုက ကောက်၍အောက်သို့ စိုက်နေလေသည်။ ထိုသူမှာ နတ်ဆိုးမျိုးနွယ်တစ်ယောက်ပင် ဖြစ်လေတော့သည်။
ထိုနတ်ဆိုးမှာ တောင်ထိပ်ပေါ်မှ ကြည့်ရင်း အနံ့တစ်ခုရသွားကာ
လပ်ရှိရာ အိမ်တော်ဘက်ကို စိုက်ကြည့်လေသည်။ ထို့နောက် သဘောကျစွာ ရေရွတ်လိုက်သည်။
“ဟီး ဟီး စိတ်စွမ်းအားအတော်ကောင်းတဲ့ ကောင်လေး”
“အသွေးအသားကလည်းကောင်း၊ အနံ့လည်းကောင်းတယ်”
“စားလိုက်ရရင် ငါနှစ် ၁၀၀ လောက်သက်တမ်းတိုးနိုင်တယ် ဟား ဟား ’’
ရုတ်တရက် ရယ်မောရင်း သူရဲ့အစိမ်းရောင်လက်ကြီးကို မြှောက်၍ လပ်ရှိရာသို့
ဆွဲကုတ်လိုက်လေသည်?
လပ်တစ်ယောက် လမ်းလျှောက်နေရင်း နိုရာ၏ အိမ်တော်ဘက်ကို တဖြည်းဖြည်းနီးလာစဉ် ကောင်းကင်မှာ ကြည်လင်နေရာမှ ရုတ်တရက် မှောင်သွားပြီး မိုးသားများကွဲထွက်သွားကာ မွှေးထူထူ အစိမ်းရောင်လက်ကြီးတစ်ဖက် ထွက်လာလေ၏။
ထိုလက်ကြီးမှာ လပ်ကို ဆွဲကုတ်တော့မည်အချိန်တွင် “အုံန်”ဟူသော အသံကြီးပေါ်လာပြီး လက်သည်းပုံသဏ္ဌာန်ပျက်ရွင်းသွားကာ မိုးတိမ်ကြားထဲ ပျောက်ကွယ်သွားလေသည်။
“အမ် ဒီကောင်လေးမှာ စောင့်ရှောက်သူရှိနေတာပဲ”
“ဟီး ဟီး”
“စိတ်ဝင်စားဖို့တော့ ကောင်းလာပြီ”
ဟု နတ်ဆိုးက အော်ဟစ်လိုက်လေသည်။
နိုရာတို့ ဂြိုလ်နှင့် ဝေးကွာသော အခြားဂြိုလ်တစ်ခုတွင် ဆံပင်မှုတ်ဆိတ်များ ဖြူဖွေးနေသော အဖိုးကြီးတစ်ဦးသည် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ကာ စမ်းချောင်းဘေးနားတွင် ထိုင်နေလေသည်။ ဘေးတွင်လည်း အရက်အိုးတစ်လုံးကို ငါးစာခြင်းဘေးတွင် ထောင်ထားလေ၏။
ထိုအဖိုးအိုမှာ ဂြိုလ်(၁၀)လုံးကို စောင့်ရှောက်သူ ဖြစ်လေသည်။ စောင့်ရှောက်သူအဆင့်မှာ S4 အဆင့် အထက် (အဆင်ဖြစ်ပြီး လွန်စွာစွမ်းအားကြီးသူ ဖြစ်လေ၏။ ဂြိုလ်များတွင် ဖြစ်ပေါ်လာသော ဥက္ကာခဲများ အန္တရာယ်နှင့် တခြားကျူးကျော်မှုများကို စောင့်ကြည့် စောင့်ရှောက်ကြသူ ဆရာသခင်များ ဖြစ်လေသည်။
နီးကပ်သော ဂြိုလ်များကို တချက်လှုပ်ရုံဖြင့် မြေလျှိုးမိုးပျံ ရောက်ရှိသွားလာနိုင်လေ၏။
“အမ် S4 အဆင့် နတ်ဆိုးကောင်က
ဘယ်က ရောက်လာတာလဲ”
“ဒီအဖွဲ့ချုပ်က ကောင်လေးကို အကြိုက်တွေ့နေကြပါလား”
“အံမယ် ငါ့ ဂါထာရွတ်တာကိုတောင် ထွက်မပြေးသေးဘူးပဲ”
ဆံဖြူအဖိုးအိုမှာ တစ်ချက်ပြုံးလိုက်ပြီး စမ်းချောင်းအတွင်း မျှားနေသော ငါးမျှားချိတ်ကို ပြန်ဆွဲ ယူကာ လေထဲဝေ့ယမ်းလိုက်လေသည်။
ဝှစ် ဝှစ်
အစိမ်းရောင်နတ်ဆိုးမှာ ထွက်ပြေးရန်ပြင်နေစဉ် သူ့တစ်ကိုယ်လုံး ထူးဆန်းစွာ လှုပ်မရတော့ပေ။
“အား အီး ဘာ ဘာ ဖြစ်တာလဲဟ ’’
ရုတ်တရက် လေဟာနယ်တစ်ခု ပေါ်လာပြီး
ငါးမျှားချိတ်တစ်ခု ထွက်လာလေသည်။
ထိုငါးမျှားချိတ်ကြီးမှ နတ်ဆိုး၏ လည်ပင်းကို ဝှစ်ခနဲ ဖောက်၍ ချိတ်သွားပြီး
အစိမ်းရောင်နတ်ဆိုးမှာ
တန်းလန်း တန်းလန်းဖြင့် ပါသွားကာ
လေထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားလေတော့သည်။
----------------