Chapters

ဝိုင်နှင့် ချစ်ရသူ

Vol. 5 Ch. 47

ဝိုင်နှင့် ချစ်ရသူ

Vol. 5 Ch. 47

လပ်တစ်ယောက် ဘေးအန္တရာယ်နှင့် ကပ်သီလေးလွတ်သွားသည်ကို မသိလိုက်ပဲ သီချင်းလေး ညည်းပြီး နိုရာအိမ်တော်ဝင်းထဲကို ဝင်သွားလေသည်။

အဆောင်ကြီး(၂)ဆောင်ကို ဖြတ်သန်းပြီးနောက် ချယ်ရီပန်းများ ဖူးပွင့်နေသော ပန်းဥယျာဉ်တစ်ခုကို လပ်ရောက်သွားလေသည်။ ထိုပန်းဥယျာဉ်ထဲတွင် နီညိုရောင် သစ်သားဖြင့် ပြုလုပ်ထားသော ထိုင်ခုံနှင့် စားပွဲတင်ခုံကြီးတစ်လုံး ရှိလေ၏။ ထိုထိုင်ခုံတွင် နိုရာထိုင်နေပြီး သူ့ရှေ့တွင်တော့ အသက်(၅၀)ခန့်ရှိ မျက်နှာ ပြုံးချိုနေသော လူကြီးတစ်ဦး ထိုင်နေလေသည်။

ထိုလူကြီးမှာ နိုရာ၏ဖခင် တကာရှိယမာဇူ ဖြစ်လေဟန်ရှိ၏။ နိုရာနှင့် ရုပ်ရည်ခြင်းအတော် ဆင်တူလေ၏။

ဟိုင်း “ကောင်းသောညနေခင်းပါ” လပ် နှုတ်ဆက်လိုက်လေသည်။

“အေး အေး မင်းက လပ်ဖြစ်မယ်ထင်တယ်”

“ငါက ယမာဇူ ပါ နိုရာအဖေပေါ့ ’’

ယမာဇူက လပ်၏တစ်ကိုယ်လုံးကို စူးစမ်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး

“မောင်ရင်က လူပုံစံကတော့ မဆိုးဘူးပဲ”

“ရှန်းရှဝတ္ထုတွေထဲက ဇာတ်လိုက်မင်းသားပုံစံပေါက်တယ်။ ဟား ဟား”ဟု ပြောလေသည်။

“ကျေးဇူးပါ အန်ကယ်”

“ကျနော် မေ့မျောနေတုန်း စောင့်ရှောက်ပေးထားလို့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”

လပ်လှိုက်လှိုက်လှဲလှဲ ကျေးဇူးစကားပြောလိုက်လေသည်။

“အေး အေး မင်းသိတဲ့အတိုင်း ငါတို့မိသားစုမှာက အပြိုင်အဆိုင် အတိုက်အခံတွေလည်း တအားပေါသကွဲ့”

“အမြဲသတိထားနေရတာပေါ့ကွာ”

“ဟုတ်ကဲ့ အန်ကယ်”

အေး အေး အေးဆေး နိုရာနဲ့ ပြောကြအုံး

အန်ကယ် သွားစရာရှိလို့ သွားနှင့်ပြီ ဟုဆိုကာ ထွက်သွားလေသည်။

နိုရာ၏ မျက်နှာတွင် အနီရောင်သန်းသွားပြီး လပ်ကို ထိုင်ရန် အချက်ပြလိုက်လေ၏။

“နိုရာရေ မင်းကျေးဇူးကတော့ ဆပ်မကုန်ပါပဲကွာ” လပ်က စကားစလိုက်သည်။

“အင်း ရပါတယ် နိုရာဆီလာလည်ရင်း ဖြစ်သွားရတာကို နိုရာ အခုထိစိတ်ထဲမကောင်းဘူး နိုရာ၏ စကားသံမှ နူးညံ့သိမ်မွေ့လှ လေ၏။

တိုက်ပွဲများအကြောင်း အနည်းငယ်ပြောဆိုပြီးသည့်အခါမှာတော့ နိုရာတစ်ယောက် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် လပ်ကို ပြောလိုက်လေသည်။

“အခုဖြစ်တဲ့ကိစ္စတွေမှာ ကျမရဲ့ အဖေတူ အမေကွဲကို ကျမ သံသယရှိနေတယ်”

လပ်လည်း စိတ်ဝင်တစကား နားထောင်လေ၏။

“သူ့က အသက်(၁၂)နှစ်မှ အိမ်ကထွက်သွားပြီး (၁၈)နှစ်မှာ ပြန်ရောက်လာခဲ့တာပဲ၊ သူ့နာမည်က ချီတို နောက်ပြီး မကောင်းမှုမျိုးစုံကို ကွယ်ရာတစ်မျိုး ပေါ်တင်တစ်မျိုး လုပ်တတ်တဲ့သူပဲ။

သူ့နောက်မှာရှိတဲ့သူတွေက အမှောင်လောကသားတွေများတယ်

“အခုထိတော့ တိကျတဲ့သက်သေရှာမတွေ့သေးဘူး” “သူကအဖေနဲ့ အဖိုးတို့ရဲ့ စည်းစိမ်နဲ့ အာဏာကို ရယူချင်နေတာ အသိသာကြီးပဲ”

နိုရာက နှုတ်ခမ်းမဲ့ရွဲကာ ပြောဆိုလေ၏။

“ကိုယ်လည်း အဖွဲ့ချုပ်က ထောက်လှမ်းရေးအဖွဲ့ကို အသိပေးပြီး စောင့်ကြည့်ခိုင်းထားလိုက်မယ်"

“နိုရာ သိပ်စိတ်မပူပါနဲ့”

လပ်က နိုရာကို နှစ်သိမ့်ပြောကြားလိုက်သည်။

နိုရာက သိုလှောင် လက်ကောက်အတွင်းမှ နှစ်(၁၀၀၀)ဝိုင်တစ်ဘူး ထုတ်ယူလိုက်လေသည်။

“၀ှစ် ၊ ချလပ် ’’

ဝိုင်ပုလင်းကို ရှေ့ရှိ ခုံပေါ်တွင် တင်လိုက်လေ။ ပြီးနောက် သိမ်းဆည်းထားသော စားစရာများကို လပ်က ထုတ်ယူလိုက်လေ၏။

“အမြည်းတော့ ကိုယ်ကျွေးပါရစေ”

နိုရာက လပ်ကို မျက်စောင်းထိုးလိုက်သည်။

လပ်က စားပွဲပေါ်သို့ တောင်ဆိတ်သားနှင့် ရှူးရှဲလက်ဖက်ကို တင်လိုက်ပြီး

“ကိုယ်မြန်မာက ဝယ်လာတဲ့ တောင်ဆိတ်သားကင်နဲ့ လက်ဖက်ကို မြည်းကြည့်ပါအုံး

ဟား ဟား လုံးဝကြိုက်သွားမယ်”

လပ်နှင့် နိုရာတို့နှစ်ဦး ပျော်ရွှင်စွာ သောက်ရင်းစကားပြောနေကြလေတော့သည်။

လပ်မှာ နိုရာနှင့်စကားပြောရင်းကနေ

စိတ်ထဲက တွေးနေလေ၏။

(အတွေးများကို ထောင့်ကွင်းဖြင့် ဖော်ပြသွားပါမည်)

[ နိုရာရယ် မင်းကို ကိုယ်ချစ်တဲ့အကြောင်း

ဖွင့်ပြောချင်ပေမဲ့ မင်းနဲ့ကိုယ်က အဆင့်အတန်းချင်း ကွာခြားလွန်းပါတယ်ကွာ ]

[ စည်းစိမ်တွေ အာဏာတွေမရှိတဲ့ ကိုယ့်ဘဝထဲကို မင်းကို ဆွဲမသွင်းရက်ပါဘူး ]

အလားတူ နိုရာကလည်း လပ်ကို ကြည့်ရင်း

[ လပ် ရှင် ဘာဖြစ်နေတာလဲ ဘာဖြစ်လို့ ဖွင့်မပြောတာလဲ ]

[ ရှင်ဘာတွေကြောက်နေတာလည်း ကျမ ငြင်းမှာ ကြောက်နေတာလား ]

[ ကျမက ရှင်ပြောတာနဲ့ ခေါင်းငြိတ်လိုက်မှာ သိလား] ဟု တွေးနေခဲ့၏။

တကယ် သူတို့နှစ်ယောက် ပြောဖြစ်တဲ့ စကားများကတော့ ကျင့်ကြံခြင်းဆိုင်ရာ သဘောတရား တွေသာ ဖြစ်နေခဲ့ပါတော့တယ်။

------------------