(ကျင့်ကြံခြင်းအဆင့်နှင့် ပညာရပ်များ)
Vol. 5 Ch. 48
ည(၁၀)နာရီကျော်မှာတော့ လပ်တစ်ယောက် သူ့အိပ်ဆောင်ရှိရာကို ပြန်ရောက်လာခဲ့ပါတော့ တယ်။
နိုရာနဲ့ သူရဲ့ဆက်ဆံရေးက သူငယ်ချင်းမကျ ရည်းစားမကျအခြေအနေကို ရောက်နေပါပြီ။ ဒါပေမဲ့ သူ့ရှေ့ဆက်မတိုး ဖြစ်ခဲ့ပါဘူး။ သူအားလုံး လုံခြုံရေးအဖွဲ့ဝင် အရာရှိတစ်ယောက်သာဖြစ်ပြီး တာဝန် ကျရာနေရာကို သွားရမှာဖြစ်လို့ နိုရာနဲ့ အတူနေဖို့ရာ မဖြစ်နိုင်ပါဘူး။
နောက်ပြီး အရေးကြီးတာက သူဟာ သူ့ဆရာရှိရာ တစ်ခြားစကြဝဠာကို နောက်ဆုံးမှာ ရောက်အောင်သွားရမှာ ဖြစ်ပါတယ်။
နိုရာကို အပူတွေနဲ့ မထားခဲ့ချင်ပါဘူး
သူဆက်လျှောက်ရမဲ့ခရီးဟာ ပိုကြမ်းတမ်းလာမယ်ဆိုတာ သူသိထားပါတယ်။
ဒါကြောင့် နောင်ကောင်းဖို့အတွက် အခုမျက်ရည်ဝဲရတဲ့အဖြစ် ခံလိုက်တာပါ။
လပ်တစ်ယောက် မူးမူးနဲ့ သီချင်းဆိုနေပါတယ်။
(ငွေသော်တာလမင်းကြီးလည်း ရောင်ဝါမထွန်းလင်း )
(မင်းမရှိတဲ့ ကိုယ့်ဘ၀မှာ - - - _
[စတာနော် ဟီး ဟီး]
ဒီလိုနဲ့ ညဟာ ကုန်ဆုံးသွားခဲ့ပါပြီ။
မနက်(၈)နာရီမှာတော့ လပ်တစ်ယောက် နိုးလာခဲ့ပါပြီ။ ခန္ဓာကိုယ်ကလည်း ပိုမိုစွမ်းအားတွေ ပြည့်လာပါတယ်။ လပ်တစ်ယောက် စဉ်းစားကြည့်မိတော့ သူဟာ တကယ်ပဲ ဇာတ်လိုက်တစ်ယောက်လား သူဒုက္ခရောက်ရင် ကယ်မဲ့သူတော့ အမြဲရှိတယ်မလား။
လောလောဆယ် သူရဲ့ရည်မှန်းချက်ကတော့ (၁)နှစ်အတွင် S3 အဆင့်ကို ရောက်ဖို့ပါပဲ ဒါဟာ မဖြစ်နိုင်တာမဟုတ်ပေမဲ့ မလွယ်ကူပါဘူး။
စွမ်းအင်ပြစ်ခဲဆေးများစွာ သုံးရင်တောင် (၁)နှစ်ခွဲလောက်ကြာမှသာ S2 အလယ်အဆင့်ကနေ S3 အဆင့်ကို ရောက်နိုင်မှာပါ။
အခုလက်ရှိအခြေအနေရသူအတွက်
စွမ်းအင်ပြစ်ခဲဆေးများစွာ ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ နောက် ၁လနေရင် အဖွဲ့ချုပ် တာဝန်ကို လုပ်ရအုံးမှာ ဖြစ်ပါတယ်။
ဘာတာဝန် ဘယ်ကိုသွားရမယ်ဆိုတာက နီးကပ်လွန်းမှ သိရတာမျိုးပါ။
“ဟူး”
လပ် သက်ပြင်းချလိုက်တယ်။
“လောလောဆယ် ဓါးမောက်ကို ပိုကျွမ်းကျင်အောင် လေ့ကျင့်ရမယ်”
“အေးခဲ ဒေါသလက်သီး”ကိုလည်း အဆင့်တတ်အောင် ကျင့်ရမယ်”
“ချီးစွမ်းအင်တွေကို အရည်ကနေ အစိုင်အခဲဖြစ်အောင် ကျင့်ရမယ် မလွယ်ဘူးဟ”
“ချီစွမ်းအင် အမြုတေအလုံးဖြစ်တည်လာမှ ငါ S3 အဆင့်ကို ရောက်မှာပဲ”
လပ်တစ်ယောက်ပဲ တီးတိုးရေရွတ်နေလေတော့၏။
ကျင့်ကြံခြင်း အဆင့်များမှာ ဤကမ္ဘာတွင် တစ်မျိုးဂြိုလ်အမျိုးမျိုးတွင်လည်း နာမည်အမျိုး ပေးထားကြလေ၏
လက်ရှိ လပ်တို့သိထားသော ကျင့်ကြံခြင်းနည်းလမ်းများနှင့် ရှေ့ခေတ်လူကြီးများ ချမှတ်ထားသော လမ်းစဉ် များမှာ S1, S2, S3, S4 ဝိညာဏ်ကြီးစိုးသူနှင့် ဂြိုလ်စောင့်ရှောက်သူ, စောင့်ရှောက်သူ ဆရာသခင်အဆင့် များထိပဲ သိထားကြလေ၏။
ထိုထက်ပိုသော အဆင့်များကို မည်သူမျှကြားဖူးခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် S4 အဆင့်ကို ကျော်လွန်သွားသူများမှာ လက်ရှိဂြိုလ်များတွင် မနေတော့ပဲ စိတ်ဝိဉာဏ်သွေးကြောများရှိသည့် နယ်မြေ ဒေသ ဂြိုလ်များကို ထွက်ခွာသွားကြတော့ကြောင့် ဖြစ်လေ၏။
ဂြိုလ်စောင့်ရှောက်သူ ဖြစ်သွားမှသာလျှင် မိမိအလိုရှိရာ ပြန်လာကြသူများလည်း ရှိလေသည်။ S4 အဆင့်တွင် ပညာရပ်ပေါင်းများစွာ ကွဲသွားကြလေသည်။ တချို့က မန္တန်ဂါထာလိုင်း၊ အင်းလိုင်း ထွက်ရပ်လိုင်း၊ မဟာယန ဗုဒ္ဓနည်းစနစ်၊ နတ်ဆိုနည်းစနစ် လက်နက်ဖြင့် ထွက်ရပ်သိဒ္ဓိရှင်များ၊ သိုင်းဝိဇ္ဇာ မှော်လိုကျင့်ကြံသူများ၊ စုန်းကဝေအတတ် ဝိဇ္ဇာများ စသည်ဖြင့် ပညာရပ်လိုင်းခွဲအမျိုးမျိုး ရှိလေတော့သည်။
-----------------