Chapters

(တိုးတက်လာခြင်း)

Vol. 5 Ch. 49

(တိုးတက်လာခြင်း)

Vol. 5 Ch. 49

တစ်လခန့်ကြာပြီးနောက် မနက်(၇)နာရီအချိန် ဖူဂျီအိမ်တော်ဝင်းအတွင်းရှိ လေ့ကျင့်ရေးခန်း အတွင်းတွင် ဖြစ်သည်။ လပ်တစ်ယောက်

(၅)ပေရှည်သော ဓားမောက်တစ်လက်ကိုကိုင်၍ လေ့ကျင့်နေလေသည်။ သူလေ့ကျင့်နေသော ဓားမောက်သိုင်းမှာ (၃)ကွက်သာ ရှိလေ၏။

ဟုတ်ပေ၏ ခုတ်မယ်၊ ကာမယ်၊ ထိုးမယ် ထို(၃)ကွက်သာ ရှိလေ၏။ ကမ္ဘာဖျက်ပိုင်းခြင်း ခုတ်ချက်၊ နတ်ဘုရားတံတိုင်းကာကွက်နှင့် သမားလက်ရှောင်ထိုးသွင်းခြင်း။ ထိုးသွင်းခြင်းခံလိုက်ရသည်နှင့် မည်သည့် သမားတော်မှ မကယ်နိုင်တော့ပဲ သေချာပေါက်သေဆုံးသွားမည် ဖြစ်လေ၏။

ထိုသိုင်းကွက်မှာ အဆင့်မြင့်နည်းစနစ်ဖြစ်ပြီး ‌ S4 ဖြစ်တဲ့အထိ သူအသုံးပြုနိုင်ပေသည်။ ထိုဓါးကွက်ကို အဖွဲ့ချုပ်ကနေ UM ၂သန်းဖြင့် သူဝယ်ထားခြင်း ဖြစ်လေသည်။

လက်ရှိအချိန်တွင် သူသည် ဒစ်ဂျစ်တယ်တိုက်ပွဲများ မဝင်ဖြစ်တာ အတော်ကြာလေပြီ ဖြစ်သည်။ သူ့ပရိတ်သတ်များလည်း လျော့ကျလာလေပြီး ဒါတောင် တစ်ချို့ကလေးငယ်များနှင့် ကျင့်ကြံသူများက နက်ဝေါ့ထဲတွင် သူ၏ ဗီဒီယိုဖိုင်များကို ဒေါင်းကြည့်နေကြဆဲပင်။

လပ် ဓါးမောက်ဖြင့် ခုတ်သည်။ ထိုးသည် ကာသည်

ဝှစ် ဝှစ် ဝုန်း ဝုန်း

စွမ်းအင်ရိုက်ခတ်မှုကြောင့် ဘေးနားရှိ

တောင်အတုများ တုန်ခါနေပြီး ပန်းများလည်း ကြွေလွင့်သွားကုန်သည်။

ခုတ်ထစ်နေသော သတ္တုချောင်းတွင်လည်း နက်ရှိုင်းသော ဓါးရာကြီး ကျန်ရစ်နေခဲ့၏။

ထိုသတ္တုချောင်းမှ အလွန်မာကျောသော သံနက်ရိုင်းဖြင့် ပြုလုပ်ထားသော ‌ S4 အဆင့်ရှိသူများပင် ထိုသတ္တုကို မချိုးဖျက်နိုင်ပေ။

လပ်၏ ဓါးမောက်မှာ ‌ S4 အဆင့်ဖြစ်လေ၏။ အရှည်(၅)ပေ ပြက် (၅)လက်မရှိကာ လက်ရိုးတွင် ရှုးပျံပုံကို ပုံဖော်မိုလောင်းထားလေသည်။

လပ်ရဲ့ ကျင့်ကြံခြင်းကတော့ နဂိုအတိုင်း ‌S2 အလယ်အထိတ်အထိပ် အဆင့်သာရှိသေး၏။ သို့သော် သူ၏ ချီစွမ်းအင်များ အနယ်ထိုင်ကာလာပြီး အစိုင်အခဲအဖြစ် စတင်ပြောင်းလဲစပြုလာလေပြီ။ ဓါးမောက်ကို ပစ်ချလိုက်ပြီး အေးခဲဒေါသလက်သီးကို စတင် သူလေ့ကျင့်လိုက်၏။

ရုတ်တရက် ပတ်ဝန်းကျင်တွင် အေးစက်သွားပြီး လေထုထဲတွင် ရေအေးငွေ့များ လှိုင်းထသွားလေ သည်။ ဒေါသလက်သီး၏ စွမ်းအားမှာ ပေ(၂၀)ကျော် လက်သီးပုံရိပ်ကြီး ဖြစ်တည်လာပြီး အပေါ်မှ အောက်သို့ ထိုးဆင်းတိုက်ခိုက်ခြင်း ဖြစ်လေသည်။

ဖုန်း ဒိုင်း ဝှစ် ဝှစ် ဂလုန်း

လက်သီးကွက်ကြောင့် ကျင့်ကြံခြင်း သစ်သားရုပ်များမှ အေးခဲပြီး အပိုင်းပိုင်းပြတ်ကုန်သည်။ လပ် အော်လိုက်ည်။ “ဟေး ငါ့လက်သီးက အဆင့်တစ်ခုတက်သွားပြီပဲ ဟား ဟား”

“ ပြီးပြည့်စုံအဆင့်ပဲ” ဟုတ်ပေ၏။ မည်သည့်အဆင့်တူမဆို သူ့ကို အနိုင်မယူနိုင်တော့ပေ။

တစ်လအတွင်း လပ်များစွာတိုးတက်ခဲ့လေပြီ။ ဓါးမောက်သိုင်းကွက်များ တိုးတက်လာခဲ့သည်။ လက်သီးသိုင်းအဆင့် (၁)ခုတက်သွားခဲ့ပြီး ကျင့်ကြံခြင်းလည်း ပိုမိုကျစ်လစ် လာခဲ့လေပြီ။

မစ်ရှင်ထမ်းဆောင်ရန် မကြာခင် သူထွက်ခွာရတော့မည်။ နိုရာက လွန်ခဲ့တဲ့ (၃)ရက်ကတည်းက သူ့အဖေနှင့် ခရီးထွက်ရာသို့ လိုက်သွားခဲ့သည်။ လေ့ကျင့်ရေးပြီးသည့်နောက် ရေချိုးသန့်စင်ပြီး သူ့အခန်း ဘက်သို့ ပြန်လာခဲ့သည်။

[ တွီ တွီး ] [ မက်ဆေ့ရောက်နေပါတယ် ဖွင့်မလား]

သူ့ရဲ့နာရီအတွင်းသို့ မက်ဆေ့ဝင်ရောက်လာခဲ့ပေပြီး “ဖွင့်ဖတ်မယ်” တွီ

[ မစ္စတာလပ် မင်္ဂလာမနက်ခင်းပါ မနက်ဖြန် တာဝန်ထမ်းဆောင်ရန် လူလူးဂြိုလ်ကို သွားရပါမယ်]

[ လူလူးဂြိုလ်တွင် ၅နှစ်တစ်ကြိမ် သွေးခဲပန်းပွင့်မှာဖြစ်ပါတယ်။ သွေးခဲပန်းပွင့်ကို ရအောင်ရှာဖွေပြီး ဌာနချုပ်ကို ပို့ဆောင်ပါ]

[ မှတ်ချက် - ထိုသွေးခဲပန်းသည် မကောင်းဆိုးဝါးများ ကြိုက်နှစ်သက်သောပန်းဖြစ်ပြီး ကောင်းမှု ကုသိုလ်များသော သူများသာ ရှာဖွေတွေ့တတ်ပါတယ် ]

[ တာဝန်သတ်မှတ်ချိန်ကာလ ၁နှစ် ဖြစ်ပါတယ် ]

လပ်က ဝမ်းသာစွာပြောလိုက်သည်။ “လူလူးဂြိုလ်က အဝေးကြီးပါလား သွားရင်တောင် (၃)လ ကြာမယ်။ “အေးကွာ သွားရင်း ကျင့်ကြံသွားမယ်ကွာ”

------------------