Chapters

လူလူးဂြိုလ်သို့

Vol. 5 Ch. 50

လူလူးဂြိုလ်သို့

Vol. 5 Ch. 50

နောက်တနေ့ နေ့လည်ပိုင်းတွင် လပ်တစ်ယောက် သူရဲ့ ယာဉ်ပျံရပ်နားရာသို့ ပြန်ရောက်ရှိ လာခဲ့ ပါတော့တယ်။ ယာဉ်ပျံကို နိုရာတို့၏ သန့်ရှင်းစက်ရုပ်များက သန့်ရှင်းထားသဖြင့် တောက်ပြောင်လှပနေ လေ၏။

[ တွီ တွီ ] System ကို အသက်သွင်းလိုက်ပြီး

အသေးလေးကို ခေါ်ထုတ်လိုက်လေသည်။

“တွီ တွီ ဆရာသမားရေ

အခုအသစ်ထွက်တဲ့ သီချင်းတော်တော်ကောင်းတယ် ကျနော် အဲတာ နားထောင်နေတာ သူများတွေ ပြောတာတော့ K-Pop ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှိခဲ့တာတဲ့ အခုသီချင်းဆိုတဲ့ ကောင်လေးက သူ့ယောက်ကျားကို လွမ်းလို့စပ်ထားတဲ့ သီးချင်းလို့ပြောတာပဲ

“အမ် ဒီကောင်က ဂေးလ်ပေါ့”

“ မဟုတ်ဘူး ဆရာ ဘာလာလာသူကရတယ်”

“ဟီးဟီး” လပ်က အမြန်ပြောလိုက်တယ်

“ကဲကဲ အဲဒါ နောက်ထားပြီး ယာဉ်ပျံကို စစ်ဆေးအုံး ခရီးဝေးသွားရမှာဟ”

“Yes Boss ”

အသေးလေးက လပ်ကို အသိပေးလိုက်သည်။

“ဆရာ ဒီတာဝန်ကို အောင်မြင်ရင်”

“သွေးပြစ်ခဲဆေးထက်ပိုကောင်းတဲ့”

“ရွှေအမြုတေဆေး ဆုလာဘ်အဖြစ် ရမယ်လို့”

“ဌာနချုပ်က သတင်းထုတ်ထားတယ်”

“ပန်းပွင့်ယူလာပေးသူကို အဲဒီဆေးပေးမှာ”

ထိုသတင်းကြားပြီးနောက် လပ်၏ မျက်လုံးများ တောက်ပလာလေသည်။ [ အမ် အဲဒီဆေးရရင် ငါ S3 အဆင့်ကို အမြန်ရောက်နိုင်မှာပဲ] ဟု စိတ်ထဲတွေးလေ၏။

“အိုကေ အသေးလေး လူလူးဂြိုလ်ကို မောင်းဟေ့”

“ဟုတ်ဆရာ ကျနော်တို့ အစားအသောက်တွေ လေဆာလက်နက်နဲ့ ဒုံးကာတွေ”

“ပြန်စစ်လိုက် အုံးမယ် ပြီးရင် သွားလို့ရပြီ”

“အိုကေ”

တစ်နာရီခန့်ကြာပြီးနောက် “ဝှီး ဝှစ် ဝရော”

ခေတ်မှီအာကာသယာဉ်ပျံတစ်စင်း အိမ်ယာဝင်းအတွင်းမှ ကောင်းကင်ထဲသို့ ပျံတက်သွား လေတော့သည်။

မကြာခင်ပဲ ချီတို၏ အစေခံတစ်ဦးမှ မယောင်မလည်ဖြင့် ယခုလို သတင်းပို့လိုက်လေ၏

[ ချီးထုပ်တော့ တောတိုးပြီ ]

အလင်းနှစ်တစ်သန်းကျော်ကို ဖြတ်ကျော်ပြီးနောက် ယာဉ်ပျံတစ်စီး ဉက္ကာပျံများ၊ စုဝေးနေသော နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုယာဉ်မှာ Luck (လပ်)တို့၏ ယာဉ်ပျံဖြစ်လေ၏။

“တွီ” အသေးလေး၏ စကားသံထွက်လာသည်။ ဆရာ ဒီနေရာက သံလိုက်စက်ကွင်းက တော်တော် ဆွဲအားကောင်းတယ်။

“အေး ဟုတ်တယ်ဟ”

“သာမာန် ယာဉ်တွေဆို ပျံသန်းဖို့ မလွယ်နိုင်ဘူးပဲ"

လပ်တစ်ယောက် အာကာသယာဉ်အပြင်ဘက်ကို ကြည့်ရှုလိုက်လေတော့၏။

အနီးအနားရှိ ဂြိုလ်များနှင့် နှင်းဆီရောင်တောက်ပနေသော ဂလက်စီကြီးမှာ ရင်သပ်ရှုမောဖွယ် ကောင်းအောင် လှပလို့နေပေသည်။

“ဆရာ” ရှေ့ မိုင်(၅၀)အကွာမှာ ယာဉ်ပျံအစီး (၅၀)တွေ့တယ်”

“စုံစမ်းကြည့်စမ်း"

“ ဟုတ် ဆရာ အဲဒီအဖွဲ့က အာကာသဓါးပြဖွဲ့ဖြစ်ဖို့ 90% သေချောပါတယ်ဆရာ”

“သူတို့ ယာဉ်ပျံမှာ ပုဆိန်တံဆိပ်ကို ကင်မရာထဲမှာ မြင်နေရတယ်”

Luck (လပ်)က ပြောလိုက်သည်။

“ဒီကောင်တွေက ဒီမှာဘာလို့ စုနေတာလည်း”

“ပျက်စီးနေတဲ့ ဂြိုလ်သေတွေပေါ်မှ သူတို့စခန်းဆောက်လေ့ရှိတယ် ဆရာ”

“ငါတို့သွားရမဲ့ခရီးက အဝေးကြီးကျန်သေးတယ် ပြဿနာမဖြစ်ဖို့ အရေးကြီးတယ်”

“ကျနော်တို့ ယာဉ်ပျံက အပြင်ကကြည့်ရင်သာ သာမာန်ပါပဲဆရာ”

“စနစ်ကို သေချာထိန်းကြောင်းပြီး သူတို့နဲ့မတွေ့အောင် ပတ်သွားကြမယ် အသေးလေး”

“လိုအပ်ရင်သုံးရအောင် ဒုံးကျည်စနစ်ကို အသင့်လုပ်ထားလိုက်”

“ဟုတ်ကဲ့”

၁၅မိနစ်ခန့်ကြာပြီးနောက် ဓါးပြများ၏ အာကာသကုန်တင်သင်္ဘောအနီးသို့ လပ်တို့ ယာဉ်ပျံ ဖြတ်သန်းသွားစဉ် ထိုသင်္ဘော၏ အခန်းအတွင်းသို့ လပ် ရုတ်တရက် ကြည့်လိုက်မိလေ၏။

သင်္ဘော၏ ကုန်တင်နေရာများတွင်ညစ်ပတ်စုတ်ပြတ်နေသော အမျိုးသမီးနှင့် ကလေးငယ်များကို ကြိုးဖြင့် လက်များကို ချည်နှောင်ထားသည်ကို လပ်မြင်တွေ့လိုက်ရသည်။ ထူးခြားသည်က အသက်(၇)နှစ် (၈)နှစ်ခန့် အရွယ်ကလေးမလေးတစ်ဦးက ယာဉ်ပျံမှန်နံရံကို လက်ဖြင့်ထောက်ထားပြီး ကြောင်တောင် တောင် မျက်လုံးများဖြင့် အဝေးသို့ကြည့်နေပေသည်။

လပ် ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒါ ရေခဲဂြိုလ်က ကလေးမလေးပဲ”

“အသေးလေး အခြေအနေကြည့်ပြီးရင် နောက်ပြန်လှည့်ကြမယ်”

စာစဉ် (၅) ပြီး၏