← Chapters

လူငယ်တွေ မာနကြီး သင့်တယ်။

Vol. 139 Ch. 1933

လူငယ်တွေ မာနကြီး သင့်တယ်။

Vol. 139 Ch. 1933

ခွန်ပန် ပေါ်လာသော အခါ၊ ယဲ့ချင်းရှန် ရောင်ဝါက တစ်ဟုန်ထိုး မြင့်တက် လာတော့ သည်။

ဝမ်ယွဲ့၏ နက္ခတ်မှ လာသော မီးနဂါး ရောင်ဝါမှာ၊ ပြန်ဆုတ် သွား၏။ ၎င်းက ခွန်ပန် အား ကြောက်ရွံ့ပုံ ရသည်။

မီးနဂါး ကြီးသည် ပေ သုံးဆယ်ကျော် ရှိသော်လည်း၊ ခွန်ပန်နှင့် ယှဉ်သော် တီကောင် မျှသာ ဖြစ်နေ၏။

ခွန်ပန်၏ အရွယ် အစားမှာ၊ ပေ (၁၀၀) အထိရှည်ပြီး၊ ကောင်းကင် တခွင် ရောင်ဝါများ ပြည့်နှက် နေသည်။

ထို့နောက် အတောင်ပံများ ဖြန့်လျက်၊ အော်သံ ပြုလိုက်ရာ၊ အာကာ​ပြင် တစ်ခုလုံး တုန်ခါ သွား တော့၏။

“ တကယ် ခွန်ပန်ပဲ … ။ ”

“ ရေထဲက ‘ပန်’နဲ့ ... ၊ ပျံသန်း နေတဲ့ ‘ခွန်’။ ”

သူတော်စင် အကြီးအကဲ တစ်ဦးက၊ အနီးကပ် ကြည့်ရှုရန်၊ မတ်တပ် ထရပ် လိုက် လေသည်။

ငရဲ သူတော်စင် ဘုရင်က အနည်းငယ် စိတ်ရှုပ် သွားပြီး၊

“ ဒါ ... ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ ... ၊ အရင်က ယဲ့ချင်းရှန်ရဲ့ နက္ခတ်က ခွန်ပန် မဟုတ် ပါဘူး။ ”

“ သူတော်စင် မူလကို သန့်စင်​ပြီး၊ အမွေ ရခဲ့တာ ဖြစ်မှာပေါ့။ ”

ကျောက်စိမ်းဓား သူတော်စင်မှ မျက်ခုံး ပင့်ကာ ပြောလိုက်သည်။ အခြား သူတော်စင် အကြီးအကဲများ ကလည်း၊ သူမ စကားကို လိုက်ပါ ခေါင်းညိတ် မိ၏။

ငရဲ သူတော်စင် ဘုရင်က ဤအရာကို လက်ခံရန် ဆန္ဒ မရှိဘဲ သူတော်စင် ရောင်ဝါအား မျက်ဝန်းထဲ လောင်းထည့် လိုက်သည်။

သူသည် သူတော်စင် ဘုရင် ဖြစ်၏။ သူ့မျက်လုံး များကို လှည့်စား နိုင်သည့် အရာ များစွာ မရှိချေ။

အစွမ်း ထက်သော နည်းလမ်းမျိုး အသုံး ပြုထား လျှင်ပင်၊ ဂျူနီယာ တစ်ဦး ဖြစ်သဖြင့် ချို့ယွင်းချက် ရှိရ ပေမည်။

သို့သော် မည်သည့် အမှား အယွင်း တစ်စုံ တစ်ရာ ကိုမျှ မမြင်နိုင် သဖြင့်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်မိသည်။

“ မင်း ... ဘာလုပ် တာလဲ။ ”

ရုတ်တရက် အေးစက် လွန်းသော အသံ ထွက်ပေါ် လာသဖြင့်၊ ငရဲ သူတော်စင် ဘုရင်၏ ကျောရိုးများ စိမ့်တက်လာ တော့၏။

ယင်းသည် ဒရာကိုဖီ တစ်ကောင်မှ စိုက်ကြည့်နေ သကဲ့သို့၊ သူ့အား ချွေးများ သီးလာ စေသည်။

ဤဖြစ်စဉ်ကို မရေ မတွက် နိုင်သော သူတော်စင် ရူရ်များဖြင့်၊ ဖန်တီး ထားပြီးနောက်၊ မျက်ဝန်း များ၌ နတ်ရူရ်များ ပါရှိ နေ၏။

“ ကျွန် ... ကျွန်​တော်မှာ မကောင်းတဲ့ စိတ်မရှိ ပါဘူး။ ”

“ ငါ့ အမြင် မှာတော့ ... ၊ မင်းက မကောင်းတဲ့ အကြံအစည် တွေနဲ့ ပြည့်နှက် နေတဲ့ လူပဲ၊ သူတော်စင် ဘုရင် တစ်ပါးက ငါ့ တပည့်ကို ချောင်းကြည့်ဝံ့ သလား၊ ဟမ့် ... သူသာ စင်ပေါ်မှာ တစ်ခုခု ဖြစ်သွားရင် မင်းတာဝန်ယူ နိုင်လား။ ”

မူလ နဂါး မဟာ သူတော်စင်က၊ သတ်ဖြတ်လိုသော အကြည့်ဖြင့်၊ စိုက်ကြည့်ကာ မေးလာ လေသည်။

သူတော်စင် မျက်လုံးကို သုံးထား မိ သောကြောင့် ငရဲ သူတော်စင် ဘုရင်မှာ ခေါင်းငုံ့ သွား၏။

ခွန်ပန် ဟူသည် မြင်ရခဲ သဖြင့်၊ စိတ်ဝင်စားမှုက သဘာဝ အတိုင်း၊ သူ့အား ဆွဲဆောင် နိုင်ခဲ့သည်။

နောက်ဆုံးတွင် ၎င်းသည် မြောက် ပင်လယ်၏ ဒဏ္ဍာရီလာ နတ်သားရဲ တစ်ကောင် ဖြစ်ပြီး၊ ကမ္ဘာဦး အစ တည်းက တည်ရှိခဲ့သော ဖျက်ဆီးခြင်း သားရဲ ဖြစ်၏။

ကျောက်စိမ်းဓား သူတော်စင်က ရပ်ကြည့် မနေနိုင် တော့ချေ။

“ တုယွဲ့က ဒီကိစ္စ အတွက် အပြစ် ရှိတယ်၊ ဒါပေမယ့် ယဲ့ချင်းရှန်ရဲ့ နက္ခတ်က ... အံ့သြစရာ ပါပဲ၊ ငါတောင် သူ့ကို ကြည့်ချင် လာတယ်၊ အဲဒီ အတွက် တောင်းပန် ပါတယ်။ ”

“ နောက်ထပ် မရှိ စေနဲ့ ... ။ ”

မူလ နဂါး မဟာ သူတော်စင်က၊ သူတော်စင် ရောင်ဝါကို ​ပြန်သိမ်းလျက် ခပ်ပြတ်ပြတ် ပြော လိုက်သည်။

“ ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ။ ”

ငရဲ သူတော်စင် ဘုရင်မှ အလျင်အမြန် ခေါင်းညိတ် လိုက်၏။ ပြီး အသက် ပြင်း​ပြင်း ရှူ လျက်၊ ကျောက်စိမ်းဓား သူတော်စင်ကို ကျေးဇူးတင်စွာ ကြည့်လိုက် မိသည်။

တစ်ချိန်က ကျန်းယွီ စကားကို နားထောင်ပြီး၊ မူလ နဂါး မဟာ သူတော်စင်ထံ မေးခွန်း မထုတ်မိ သည်မှာ ကံကောင်း ခဲ့ကြောင်း၊ သူ့ကိုယ်သူ သိလိုက်သည်။

သူ ဟူသည် ဤသူတော်စင် ကြီးထက် များစွာ ငယ်လှပြီး၊ ၎င်းအကြောင်း အိပ်ယာဝင် ပုံပြင် တစ်ပုဒ် အလား ကြားသိ ရကာ၊ ကြီး​ပြင်း လာရသူ ဖြစ်သည်။

တစ်ချိန်က နတ်နဂါး အင်ပါယာနှင့် ကောင်းကင် တာအို ဂိုဏ်းတို့ ထိပ်တိုက် တွေ့ဆုံ ပွဲ၌၊ နဂါး မိသားစု၏ သူတော်စင် များစွာကို သတ်ဖြတ် ခဲ့၏။

သည့်အပြင် နတ်ဘုရား သင်္ချိုင်း၌ သွေး လမင်းဂိုဏ်း နှင့်လည်း ထိပ်တိုက် ရင်ဆိုင်ပြီး၊ နတ်ဆိုး များစွာကို သတ်ဖြတ် ပစ်သည်။

အစောပိုင်း သူ မြင်ခဲ့ ရသော ဖြစ်စဉ်မှာ၊ ၎င်း၏ သူတော်စင် နက္ခတ် သွေးဒုက္ခ ဖြစ်ပေ မည်။

“ ယဲ့ချင်းရှန် နိုင်လိမ့်မယ် ... ။ ”

ကျောက်စိမ်းဓား သူ​တော်စင်မှ ရုတ်တရက် ပြောလာ၏။ ထို့ကြောင့် သူတော်စင် အကြီး အကဲ များ အာရုံမှာ တိုက်ပွဲထံ ပြန်ရောက် ကုန်သည်။

တိုက်ခိုက်မှု တိုင်းကို ယဲ့ချင်းရှန်က တည်ငြိမ်စွာ ပယ်ဖျက် နေခဲ့သည်။ ဝမ်ယွဲ့ မျက်ဝန်း ထဲ၌ ဘဝ ရည်ရွယ်ချက်များ ပြည့်လာပြီး၊

“ နတ်နဂါး ပျံဝဲခြင်း ... ။ ”

-ဟု ကြုံးဝါး လိုက်သည်။

ရွှေရောင် အလင်းများ ကောင်ကင်ပေါ် ပျံတက် သွာစဉ် သူ့ဓားကို ထိုးသွင်း လိုက်၏။ ဓားအလင်းက တစ်ခု နတ်နဂါး အဖြစ် ထင်ရှား လာသည်။

နတ်နဂါးမှ ဟောက်သံ ပြုပြီး၊ နက္ခတ်၏ စွမ်းအားကို ငှားယူကာ၊ ဝမ်ယွဲ့ ရောင်ဝါအား သိပ်သည်း စေ၏။

“ ခရစ် ...။ ”

သို့သော် ရလာဒ်မှာ ကြေကွဲ စရာ ပေပင်။ ခွန်ပန်က စစ်မှန်သော နတ်နဂါးကြီးကို ဖမ်းကုပ် ဖြဲကာ နှစ်ခြမ်း ခွဲပစ် လိုက်သည်။

ဝမ်ယွဲ့ ပါးစပ်မှ သွေးများ အန်ထွက် လာတော့၏။ ရောင်ဝါများ ကျဆင်းလျက် ဓား မီး​တောက် မှိန်ဖျော့ သွားသည်။

စုပ်ဝဲ တစ်ခုမှ သူ့အား လင်းယွန် ဆီသို့ သယ်ဆောင် နေသောကြောင့်၊ ရပ်တန့်ရန် ကြိုး စား လိုက်၏။

“ ဝှစ် ... ။ ”

“ ထန် ... ။ ”

“ ချလွမ် ... ။ ”

ဓားကို လက်နှစ်ဖက်နှင့် စုံကိုင်​ကာ လင်းယွန်ထံ ခုတ်လွှဲချ လိုက်မိသည်။ ဓားချင်း တိုက်မိ ပြီးနောက်၊ မြေပြင်ပေါ် ဓား လွတ်ကျ သွား၏။

သို့တိုင် ရှုံးနိမ့် မှုကို ဝန်ခံ လိုစိတ် မရှိ သေးချေ။ လက်ဖဝါး များကို မြှောက်လိုက်ပြီး၊ ဘဝ ရည်ရွယ်ချက်အား မီးတောက် အဖြစ် တောက်လောင် လာလိုက်သည်။

သူ့ရောင်ဝါက လျင်မြန်စွာ ပြန်တက် သွားပြီး၊ ဒဏ်ရာများ မြင်သာသော အဟုန်ဖြင့် ကောင်းမွန် လာတော့သည်။ နှစ်ခြမ်းခွဲ ခံထားရ​သော နတ်နဂါး နက္ခတ် သည်ပင်၊ ပြန်လည် ကောင်းမွန် လာ၏။

ဘဝ-ရည်ရွယ် ချက်၏ စစ်မှန်သော စွမ်းအားမှာ၊ လူတိုင်း၏ ဦးရေပြားကို ထုံကျင် သွားစေသည်။ မယုံနိုင်ဖွယ်​ ဖြစ်၏။

“ တိမ်မီးတောက် လက်ဝါး ... ။ ”

ဓားကို ဆုံးရှုံးသွား သဖြင့် လက်ဖဝါး နည်းပညာအား အကောင် အထည် ဖော်လိုက်​ခြင်း ဖြစ်သည်။

“ ဝှစ် ... ။ ”

“ ဖျပ် ... ဖျပ် ဖျပ် ... ။ ”

မီးတောက်များ ကောင်းကင်ကို ဖုံးလွှမ်း သွားပြီး၊ လက်ဖဝါး ချက်များ တဝုန်းဝုန်း ပစ်ချ လိုက်၏။ လင်းယွန် ခမျာ ဆုတ်ခွာ ပေးလိုက် ရသည်။

ဝမ်ယွဲ့ တစ်ယောက် ရူးသွပ်သွား ချေပြီ။ ရက်စက် ကြမ်းကြုတ်ခြင်း ဟူသော ဝေါဟာရ ကို၊ အပြည့်အဝ ပြသ နေ၏။

ယင်းကြောင့် လင်းယွန်မှ ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိ တော့ဘဲ၊ ဖြည်းဖြည်းချင်း ဆုတ်ခွာ နေခဲ့သည်။

စင်​မြင့် ကြမ်းပြင်၌ ငရဲ သစ်ခွ ပန်းများ တဖန် ပြန်၍ ပွင့်လာပြီး၊ လင်းယွန်အား စင်မြင့် ထောင့်သို့၊ တွန်းပို့ ​နိုင်လိုက်၏။

သို့သော် ဝမ်ယွဲ့မှ ရုတ်တရက် ရပ်လိုက် သည်။ ပြိုင်ဘက်အား လက်ဖဝါး တစ်ချက်ဖြင့် စင်မြင့်ပေါ်မှ၊ ဖယ်ရှား နိုင်တော့ မည်ကို သိသော်လည်း၊ သံသယ ဝင်လာ ခဲ့၏။

“ မင်းက ဉာဏ်ကောင်း တယ်လို့ ... ငါ ပြောဖူးတယ်၊ ဒါပေမယ့် ... ဉာဏ်ကောင်းတဲ့ လူတွေက ... အဲဒီ ဉာဏ်ရည် ကြောင့်ပဲ၊ ပျက်စီး ကုန်ကြတယ်၊ လွန်ခဲ့တဲ့ ...

... သုံးရက် ကသာ ... ၊ မင်းမှာ ... ဒီလို သတ္တိမျိုး ရှိခဲ့ရင် ... ၊ အနိုင်ရ ကောင်းရ နိုင်မယ်၊ အခုတော့ မင်း ရှုံးပြီ။ ”

လွန်ခဲ့သည့် သုံးရက်က သူ့တွင် ကြယ်ဓား မရှိ သေးချေ။ ကျန်ဝှက်ဖဲ များကို အသုံး မပြုနိုင် သောကြောင့်၊ ဝမ်ယွဲ့သာ စွန့်စား ခဲ့ပါက၊ အနိုင် မရသော်-မရှုံးဟု ပြောနိုင်၏။

ဝမ်ယွဲ့က နှုတ်ခမ်းများ တုန်ရီလျက် နောက်ဆုံး လက်ဖဝါး တစ်ချက်ကို၊ ရိုက်ချ ‘လို’ ခဲ့သည်။

သို့သော် အကြောင်း တစ်စုံ တစ်ရာကြောင့် မလုပ် ရဲချေ။ သူ့ဗီဇ အရ၊ ဆက် မလုပ် တော့ရန် ပြင်းပြင်း ထန်ထန် သတိ ပေးနေ ခဲ့၏။ ရုတ်တရက် သက်ပြင်းချ လိုက်ကာ၊

“ ငါ အရှုံး ပေးတယ်။ ”

-ဟု ဝန်ခံ တော့သည်။

ကောင်းကင်မှ ဆင်းသက် လိုက်ရာ၊ ရုတ်တရက် မျက်နှာ ဖြူဖျော့ လာပြီး ပါးစပ်မှ သွေးများစွာ ထွက်ကျ လာ၏။

ဓားကို လက်လှိုင်းဖြင့် ပြန်ခေါ်လျက်၊

“ ကျေးဇူး တင်ပါတယ် ... ။ ” -ဟု ဆိုကာ လှည့်ထွက် လာတော့သည်။

လင်းယွန် ကျန်ရှိ နေသော ပြိုင်ဘက် များထံ လှည့်ကြည့်ကာ၊

“ မင်းတို့ အတူတူ လာခဲ့ကြ ... ၊ တစ်ယောက်ပြီး တစ်ယောက် လာ​နေရင် ... အရမ်း ပျင်းစရာ ကောင်းလိမ့်မယ်။ ”

-ဟု ဆိုလျက် ကောင်းကင် အမိုးဓားအား ထုတ်လွှတ် လိုက်တော့သည်။ ကောင်းကင်​ကြီး ကွဲအက်ကာ ရုတ်တရက် နိမ့်ဆင်း လာခဲ့၏။

ဤသည်မှာ ကြယ်ဓားနှင့် ယှဉ်နိုင်သော ကောင်းကင် အမိုးဓား ဖြစ်နေ သဖြင့်၊ လူတိုင်း မျက်နှာ ပျက်ယွင်း ကုန်သည်။

“ ဟား ဟား ဟား ... ၊ ငါတို့လို လူငယ် တွေက မာနကြီး သင့်တယ်၊ ငါက ကောင်းကင် ကိုတောင် ခွဲဖို့ ဆန္ဒ ရှိတဲ့ ... ယဲ့ချင်းရှန်ပဲ၊ ဘယ်သူ ငါ့ကို တိုက်ရဲလဲ။ ”

စိတ်လွတ် ကိုယ်လွတ် ကြုံးဝါး ပြီးနောက် ဓားရောင်ဝါအား ဖွင့်လိုက်သည်။ ထိန်းချုပ်ထား ရသည်များ များနေပြီ ဖြစ်သဖြင့်၊ နှလုံးသား တစ်ခုလုံး လေးလံ နေချေပြီ။

“ ..... ။ ”

ဓား ရောင်ဝါက လှိုင်းလုံးကြီး အလား၊ ကျန်သည့် ရှစ်ယောက်ထံ၊ ဝုန်းခနဲ ရိုက်ခတ် သွား​လေသည်။

“ ဝေါ့ ... ။ ”

ပြိုင်ဘက် လေးဦး လွင့်စဉ် သွားကာ၊ သွေးများ အန်ထွက် ကုန်၏။ ချက်ချင်း ထရပ် ပြီး၊ လင်းယွန်ထံ ပြန်ကြည့် မိသည်။

သို့သော် ဖိအားက ၎င်းတို့ကို ဒူးတစ်ဖက် ထောက်စေ သဖြင့်၊ အံကြိတ်လျက် ခေါင်းများ ငုံ့ သွားတော့သည်။

***

All Chapters