တရားခံ ... ။
Vol. 139 Ch. 1934
လေးယောက်သား သွေးများ အန်လျက်၊ ထမရပ်နိုင် တော့ချေ။ ယဲ့ချင်းရှန်နှင့် တိုက်ရန် သူတို့၌ အဆင့် မမီဟု အဓိပ္ပါယ် ရသည်။
ကျန်ရစ် ခဲ့သူ လေးဦးမှာ ဝမ်မူယန်၊ ယဲ့ဖေးဖန်၊ ကျန်းယွီနှင့် လင်းတုံပိုင်တို့ ဖြစ်၏။ ၎င်းတို့က ဝင်လာသော ဓားလှိုင်းကို နိဗ္ဗာန် အငွေ့ အသက်ဖြင့် ကာကွယ် ထားသည်။
သို့တိုင် တုန်လှုပ် ချောက်ချားမှုမှာ၊ သူတို့ စိတ်ထဲ လှိုင်းထ နေ၏။ စင်ပေါ်မှ ဆင်းလာသွား သော ဝမ်ယွဲ့ သည်ပင်၊ ပါးစပ် အဟောင်းသား ဖြစ်လာသည်။
ယဲ့ချင်းရှန်သည် အစောပိုင်း သူနှင့် တိုက်ပွဲတွင်၊ ခွန်အားကို အပြည့်အ၀ အသုံး မချ ခဲ့ကြောင်း၊ ထင်ရှား နေ၏။
အမှန်တွင် ဤလူသည် ရိုင်းစိုင်း လွန်းပြီး လူတိုင်းအား ဒေါသ ထွက်အောင် လုပ်နိုင်စွမ်း ချေပြီ။
ပြိုင်ဘက် ရှစ်ယောက်အား တပြိုင်နက် တည်း စိန်ခေါ် ခြင်းမျိုး၊ အဆင့် ပြိုင်ပွဲ သမိုင်း တလျှောက် မရှိချေ။
သို့သော် သူ့ဓားကို ထုတ်ကြွား လိုက်၍ သာလျှင်၊ မကောင်းမြင် စိတ်များ ပျောက်ကွယ် ကုန်ကာ၊ ဤသို့ စိန်ခေါ်ရန် အရည် အချင်း ပြည့်မီမှန်း မြင်လာ ကြခြင်း ဖြစ်သည်။
“ ဒါက ယဲ့ချင်းရှန် ပဲလား။ ”
“ သူ့ရဲ့ ကောင်းကင် အမိုးဓားက ပြီးပြည့်စုံတဲ့ ကျွမ်းကျင်မှုပဲ၊ အဲဒါကို ဖုံးကွယ် ထားဖို့ ... ၊ သူ့မှာ ဆန္ဒ မရှိ တော့ဘူး။ ”
“ ဒီ-အဆင့် ပြိုင်ပွဲထဲ ဝင်ပြိုင်ဖို့ ... သတ္တိ ရှိနေတာ အံ့သြစရာ မရှိတော့ ပါဘူး၊ သူ့ ဓားက သူ့ကို ယုံကြည်မှု ပေးနေ တာပဲ။ ”
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။ မရဏ မိုးကြိုး တောင်ထိပ်၏ တပည့်များက သွေးများ ပွက်ပွက် ဆူလာ၏။
သူတော်စင် အကြီးအကဲ များမှာ၊ မယုံကြည် နိုင်စွာ ကြည့်နေ မိသည်။ လင်းယွန် စကားသည် သူတို့အား ရည်ရွယ် ခဲ့သည်လော။
“ လူငယ်တွေ မာနကြီး သင့်တယ်၊ ငါက ကောင်းကင်ကိုတောင် ခွဲဖွင့်ဖို့ အသင့် ရှိတယ်၊ ဒါက မောက်မာ လိုက်တာ၊ သူတော်စင် တစ်ပါး တောင် ဒီလို ပြောဝံ့မှာ မဟုတ်ဘူး။ ”
“ အနာဂတ်မှာ သူ ဘယ်လောက်တောင် မော်ကြွားဦး မလဲ သိချင် လိုက်တာ။ ”
သူတော်စင် အကြီးအကဲ များ၏ စကားကို ကြားပြီးနောက်၊ မူလ နဂါး မဟာ သူတော်စင်က မုတ်ဆိတ်မွေးများ ပွတ်သပ်ကာ ပြုံးသည်။
“ ငါ ပြောခဲ့တယ် မဟုတ်လား ... ဒီ-အဆင့် ချန်ပီယံ ဆုက ... ယဲ့ချင်းရှန်ရဲ့ လက် တစ်ကမ်း မှာ ပါလို့။ ”
အထက်ပါ စကားကြောင့်၊ လင်းယွန်အား လှောင်ပြောင်ရန် ပြင်နေသည့်၊ ငရဲ သူတော်စင် ဘုရင်မှာ ပါးစပ် ပိတ်သွားသည်။
မူလ နဂါး မဟာ သူတော်စင်၏ ဆင်နဂါး အကြည့်ကို ပြန်လည် သတိရ သွားပြီး ချက်ချင်း ထိန်လန့် လာ၏။
ကျောက်စိမ်းဓား သူတော်စင်က သာလျှင်။
“ သူက ဒေါသ အရမ်း ကြီးတယ်၊ ရှုံးရင် ဆိုးဆိုး ရွားရွား ခံစားရ လိမ့်မယ်။ ”
-ဟု မှတ်ချက် ဝင်ပေး လာသည်။
သို့မှသာ ငရဲ သူတော်စင် ဘုရင်က ဝမ်းသာ သွားပြီး၊
“ သိုင်းဒေါ်လေး ပြောတာ မှန်ပါတယ်။ ”
-ဟု ဝင်ပြောခွင့် ရလိုက်၏။
“ ဒါဆို ငါတို့ ကြည့်မယ်။ ”
မူလ နဂါး မဟာ သူတော်စင်က အော်ဟစ်လိုက်သည်။ သူ သည်လည်း အပြည့် အဝ ယုံကြည်မှု မရှိချေ။ သို့သော် သူ့တပည့် ဘက်မှ ရပ်တည် ရပေမည်။
အဘယ့်ကြောင့် ဆိုသော်၊ တစ်ချိန်က သူ ဟူသည်လည်း၊ မိုက်မဲပြီး ဤသို့သော ကိုယ်ရည် ကိုယ်သွေးမျိုး ရှိခဲ့ ဖူး၏။ သူ့ တပည့်သည် သူ့နောက် ထပ်ချပ် လိုက်ပေသည်။
“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ မင်းက ကောင်းကင်ကို ဖျက်ဆီးချင် နေတာ လား။ ”
ကျန်းယွီနှင့် ယဲ့ဖေးဖန်က အကြည့်ချင်း ဖလှယ်ကာ၊ လင်းယွန်နှင့် ဆယ်ပေ အကွာထိ လှမ်းတက် လိုက်သည်။
နိဗ္ဗာန်-စတုတ္ထ အဆင့် ရောင်ဝါ များကို လွှတ်တင်လျက် နက္ခတ်များ ခေါ်ထား ချေ၏။ ကျန်းယွွီ နက္ခတ်မှှာ ရွှေမီးတောက်များ ဖြစ်ပြီး၊ ယဲ့ဖေးဖန်သည် သူတော်စင် ဓား (၉)လက် ဖြစ်၏။
၎င်းတို့ နက္ခတ်များ ပေါ်လာ ချိန်၌ လင်းယွန်၏ ဓား ရည်ရွယ်ချက်မှာ၊ ပြန်ဆုတ် သွားသည်။
လင်းတုံပိုင်က ထိုမြင်ကွင်းကို စိတ် လှုပ်ရှားစွာ ကြည့်နေ လေသည်။ လင်းယွန် ဒုက္ခ ရောက်တော့ မည်ဟု ယူဆထား သောကြောင့်၊ ပြုံးလိုက် မိ၏။
“ ယဲ့ချင်းရှန် ... မင်းရဲ့ ဓား ရည်ရွယ်ချက်ကို တကယ်ပဲ ပြိုင်ဘက်ကင်း နေပြီ ထင်လား၊ ဟား ဟား ဟား ... ။ ”
ကျန်းယွီက ရယ်မော လိုက်ပြီး၊ သူ၏ ယန် သူတော်စင် ခန္ဓာ ကိုယ်အား အသက် သွင်းလိုက် သဖြင့်၊ ရွှေရောင် မီးလျှံများ တောက်လောင် လာလေသည်။
“ သူ့ကို သင်ခန်းစာ ပေး ကြ ရအောင်၊ မဟုတ်ရင် ငါတို့ကို အမှိုက်လို့ ... ၊ သူ ထင်နေ လိမ့်မယ်။ ”
နှစ်ဦးသား ကြောက်မက်ဖွယ် ရောင်ဝါကို ထုတ်ဖော်ကာ၊ ပြိုင်တူ လှမ်းတက် လိုက်ကြလေ သည်။
ယဲ့ဖေးဖန်၏ လျှပ်စီး ရည်ရွယ်ချက်သည်၊ ပဉ္စမတန်း အထွတ်အထိပ် ဖြစ်၏။ ဓား ရည်ရွယ် ချက်နှင့် ပေါင်းစပ် လိုက် ပြီးနောက်၊ မိုးကြိုးများ တဝုန်းဝုန် မြည်ဟည်း လာတော့သည်။
ယင်းက ကောင်းကင် အမိုးဓားကို ရင်ဆိုင်နိုင်သည် ဟူသော၊ ခံစားချက်မျိုး ပေးစွမ်း ချေ၏။
သူတို့၏ ရောင်ဝါအား ပေါင်းစပ်ပစ် လိုက်ခြင်းဖြင့်၊ လင်းယွန်၏ ကောင်းကင် အမိုး ဓားကို၊ ကောင်းစွာ ပိတ်ဆို့ နိုင်ခဲ့သည်။
ထိုအချိန်တွင် ကျန်းယွီတို့ နှစ်ဦး၏ ရောင်ဝါသည် လင်းယွန် ရောင်ဝါအား ပိတ်ဆို့ နိုင်မှန်း သိလိုက် သဖြင့်၊ လင်းတုံပိုင်မှ အတူ ပူးပေါင်း လာ တော့သည်။
“ ဟား ဟား ဟား ... ၊ ယဲ့ချင်းရှန် မင်းက တကယ့် အရူးပဲ။ ”
-ဟု ဆိုကာ နက္ခတ်ကို ဆင့်ခေါ်လျက် သူ့သိုင်း ရည်ရွယ်ချက်အား ကျန်နှစ်ယောက်နှင့် ပေါင်းစပ် လိုက်၏။
“ ခရစ် ... ။ ”
သုံးယောက်သား ပေါင်းမိ သွားပြီးနောက်၊ လင်းယွန်၏ ဓားရောင်ဝါ၌ အက်ကြောင်းများ ဖြစ်ပေါ် လာသည်။
“ ဝမ်မူယန်တောင် မလှုပ်ရ သေးဘူး၊ ယဲ့ချင်းရှန် အခြေ အနေက ဆိုးရွား နေပြီ ... ။ ”
ငရဲ သူတော်စင် ဘုရင်မှ၊ သုံးသပ် လိုက် ချိန်တွင်၊ မူလ နဂါး မဟာ သူတော်စင်က လှည့် ကြည့်လာ သဖြင့်၊ ပါးစပ် ပိတ်လိုက် ရ၏။
သို့တိုင် ယဲ့ချင်းရှန် တစ်ယောက် ဆိုးရွားသော အခြေ အနေတွင် ရှိနေကြောင်း မည်သူ မဆို ပြောနိုင်၏။
“ ယဲ့ချင်းရှန် ... မင်းမှာ ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ အချိန် ရှိသေးတယ်၊ မဟုတ်ရင် ... ငါ့ကို ပေးခဲ့တဲ့ အရှက် တရားတွေ အတွက် ... ၊ ဆယ်ဆ မင်း ... ပြန်ပေး ရမယ်။ ”
ယဲ့ဖေးဖန်မှ အံကြိတ်လျက် ကြိမ်းဝါး လိုက်၏။ တစ်ဖက် လူသည် မဟာ သူတော်စင် တစ်ပါး၏ တိုက်ရိုက် တပည့် ဖြစ်နေ သဖြင့်၊ လွှတ်ထား ရသည့် အပေါ် နာကျင် ချေပြီ။
သို့သော် လင်းယွန်က သူ့အား လျစ်လျူရှုပြီး၊ ပြုံးလျက် ဝမ်မူယန်ထံ လှည့်ကြည့်ကာ၊
“ ကောင်းကင်ဘုံ ယင်-နန်းတော်က သန့်ရှင်းသော သမီးတော် ဝမ်မူယန်၊ မင်းလည်း တစ်ခါတည်း လာလို့ ရတယ်။ ”
-ဟု ဖိတ်ခေါ် လိုက်သည်။
ဝမ်မူယန်က ပြုံးကာ၊
“ ဂျူနီယာ မောင်လေး ... ၊ နင်က အရမ်း ဟာသတွေ ပြောတတ်တယ်၊ နင့်ကို ရင်ဆိုင်ဖို့ ဒီအမှိုက်တွေ မလို ပါဘူး။ ”
-ဟု တုန့်ပြန် လာ၏။
သူမ စကားကြောင့် ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။ ဆန့်ကျင်ဘက် အနေဖြင့်၊ ကျန်းယွီ၊ ယဲ့ဖေးဖန်နှင့် လင်းတုံပိုင်မှာ မျက်နှာများ ဖြူဖျော့ သွားခဲ့၏။
“ ဒီကောင့်ကို အလွတ် မပေးနဲ့။ ”
ဝမ်မူယန်ကို သုံးယောက်သား ပြန် မပြော ဝံ့ကြ သဖြင့်၊ လင်းယွန် အပေါ်သာ၊ ဒေါသများ ပုံချ လိုက်မိ တော့သည်။
***