← Chapters

အလင်း၏ ဘိုးဘေး ... ။

Vol. 139 Ch. 1935

အလင်း၏ ဘိုးဘေး ... ။

Vol. 139 Ch. 1935

မျက်စိ တစ်မှိတ် အတွင်း လင်းယွန် ရှေ့၌ လက်သီး တစ်လုံး ပေါ်လာသည်။ နက်ရှိုင်းသော အမုန်း တရားကြောင့်၊ ကျန်းယွီက အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာ ရပ်အား အသုံးပြု မိ၏။

ဤသည်မှာ ကြက်သွေးရောင် ကောင်းကင် လက်သီး ဖြစ်ချေပြီ။ လက်သီး ရောင်ဝါကြောင့် နေမင်းကြီး ထွက် လာသည့် အလား၊ ကောင်းကင် တခွင် နီရဲ လာ၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်က ကောင်းကင်သို့ ပျံတက်ပြီး၊ ဝင်လာသော တိုက်ခိုက်မှု တိုင်းကို ရှောင်ရှား လိုက်သည်။

“ ဝုန်း ... ။ ”

ထို့ကြောင့် လက်သီးမှာ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားတော့၏။ ပေ ရာဂဏန်းမျှ ရှည် သော အက်ကြောင်းကြီး ထင်ဟပ် လာသည်။

အမည်ခံ သူတော်စင် များက အနားတွင် ရှိနေ သောကြောင့်၊ ရိုက်ခတ် လာသည့် လှိုင်းကို ပိတ်ဆို့ ပေးခဲ့သည်။ သို့တိုင် လူများစွာကို ထိမှန် ဆုတ်ခွာ သွားစေ ခဲ့၏။

“ နည်းနည်းတော့ ... ကြောက်စရာ ကောင်းတယ်၊ ဒီလက်သီးရဲ့ အစွမ်းက ... ဝမ်ယွဲ့ ဓားထက် ပိုပြင်း သလိုပဲ။ ”

လူတိုင်း ကြောက်ရွံ့ ကုန်တော့၏။ ထိုအချိန်တွင် လင်းတုံပိုင်၏ ကြာပွတ် ပျံထွက် လာလေသည်။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

လင်းယွန်၏ ပြေးလမ်းကို၊ ရိုက်ချက် (၁၀)ချက် တိတိဖြင့်၊ ဟန့်တား ပစ်လိုက်ရာ၊ လေထု အတွင်း အက်ကြောင်းများ ဖြစ်ပေါ် လာတော့၏။

ရိုက်ချက် တစ်ချက် ထိမှန် ပါက၊ နိဗ္ဗာန်-ဒုတိယ အဆင့် ကျင့်ကြံ သူပင်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိနိုင် ပေမည်။

လင်းယွန်က ပြုံးရုံသာ ပြုံးလျက်၊ နေ နတ်ဘုရားအား ဖမ်းဆီး ခြင်းကို ထုတ်ဖော် ပြီး၊ ကြာပွတ် ရိုက်ချက် များအား ရှောင်မိ၏။

“ သေစမ်း ... ။ ”

အဝတ် ကိုပင် မထိ သောကြောင့်၊ လင်းတုံပိုင် တစ်ယောက် သူ့ကိုယ်သူ ကျိန်ဆဲ ပစ်လိုက် လေသည်။

“ ကောင်းကင် အသွင် ကူးပြောင်းခြင်း တစ်ရာ။ ”

ယဲ့ဖေးဖန်မှ သူ့ဓားကို လွှဲလိုက်ပြီး၊ ထောင်ပေါင်း များစွာသော လျှပ်စီးဓား ရိပ်များ ဖန်တီး တော့၏။

လျှပ်စီးဓား ဆိုသည့် အတိုင်း၊ အချိန်မီ မတုံ့ပြန်နိုင် လောက်အောင် မြန်ဆန် လွန်းချေ ပြီ။

“ မင်း ... ၊ ရှောင်တိမ်း နိုင်မယ်လို့ ... ငါ မယုံဘူး။ ”

ယဲ့ဖေးဖန်မှ အေးစက်စွာ ပြောသည်။ လင်းယွန်က မှန်းဆ ထားပြီး ဖြစ်သဖြင့်၊ ခွန်ပန် ပေါ် လှမ်းတက် သွား၏။

“ ဖရူး ... ။ ”

ခွန်ပန်က အတောင်များ ဖြန့်လျက် ကောင်းကင်ပေါ် သယ်ဆောင်ကာ၊ လျှပ်စီးဓား များကို ရှောင်တိမ်း လေသည်။

မျက်လုံး တစ်မှိတ် အတွင်း နောက်ထပ် လှုပ်ရှားမှု ဆယ်ကြိမ် တိတိ ဖလှယ် လိုက်ကြ သည်။

သုံးယောက်သား အစွမ်းကုန် ကြိုးစားခဲ့ သော်လည်း၊ လင်းယွန်၏ အဝတ်စ ကိုပင် မထိ နိုင် ဖြစ်နေသည်။

အစပိုင်းတွင် ဣန္ဒြေ စောင့်ထိန်း နိုင်ခဲ့ သော်လည်း၊ တဖြည်းဖြည်းဖြင့် သည်းခံ နိုင်စွမ်း မဲ့လာပြီး၊ ဆဲဆို တော့၏။

သုံးယောက် လုံးသည် နိဗ္ဗာန်-စတုတ္ထ အဆင့်တွင် ရှိနေပြီး၊ ပုရွက်ဆိတ် တစ်ကောင်ကို မရိုက်နိုင် သည်မှာ၊ ယုံနိုင် စရာ မရှိချေ။

သူတို့က တစ်ဖက် လူအား အရှက်ခွဲရန် ကြံရွယ်ထား သော်လည်း၊ ယဲ့ချင်းရှန် နောက်မှ ခွေးများ ကဲ့သို့၊ လိုက်နေ ရသည်။

“ ယဲ့ချင်းရှန် ... ၊ မင်း ဘယ်အချိန်ထိ ထွက်ပြေး နေဦး မှာလဲ။ ”

ကျန်းယွီမှာ လုံးဝ ဒေါသ ထွက်လာ၏။ ရုတ်ချည်း လင်းယွန် အနား ရွေ့လျား သွားကာ၊ ရိုက်ချ ပစ်လိုက်သည်။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်မှ လက်အား ဘေးသို့ ဆန့်ပြီး၊ နောက်ပြန် ဆုတ်သွား၏။ ထိုအချိန်၌ လင်းတုံပိုင်၏ ကြာပွတ်က မြွေပွေး ကဲ့သို့ ဆုတ်ခွာ လမ်းထံ ဝင်လာ ပြန်သည်။

“ သူတော်စင် ဓားများ ရွာချခြင်း။ ”

ယဲ့ဖေးဖန်၏ နက္ခတ်မှ ဓား (၆)လက် ဆင်းသက် လာ၏။ ကြယ်ရောင်များ ရေတံခွန် အလား လင်းယွန် အပေါ် ပြိုကျ ကုန်သည်။

ဤပေါင်းစပ် တိုက်ခိုက်မှု များသည်၊ ကောင်းကင် အရောင်ကို ပြောင်းလဲ စေခဲ့ပြီး၊ လင်းယွန်အား လုံးဝ အခွင့်အရေး မပေးချေ။

“ ငါတို့ ... ရှောင်လို့ မရ တော့ဘူး၊ ပန်းသင်္ချိုင်း ... ။ ”

ဤမြင်ကွင်းကြောင့် မရဏ မိုးကြိုး တောင်ထိပ်၏ တပည့် များက စိုးရိမ် သွား တော့သည်။ လင်းယွန်က ပြုံးလျက် ပန်းသင်္ချိုင်းကို ခေါ်သည်။

သူ့လက် ထဲရှိ ပန်းသင်္ချိုင်း ဓားက၊ တဆတ်ဆတ် တုန်လာ ချိန်၌၊ လင်းယွန်မှ ပြုံး လိုက်ပြီး၊

“ မင်း တစ်ယောက်ပဲ ... ၊ ငါ့ကို နားလည်တယ်။ ”

-ဟု ဆို တော့သည်။

ပြိုင်ဘက် သုံးယောက်မှာ သူနှင့် ပေသုံးဆယ် အကွာသို့ ရောက်လာ ပြီ ဖြစ်၏။ ထို့ကြောင့် ဓားကို ဆွဲထုတ် ပစ်လိုက်သည်။

ဓားအိမ် ထဲမှ တစ်လက်မ ထွက်လာ ရုံနှင့်၊ ဤဓားကို မထိန်းနိုင်မှန်း၊ ကျန်းယွီတို့ သိလိုက် ကြသည်။

အလင်းများ ဖြာလျက်၊ မျက်စိ ရှေ့ရှိ အာကာပြင် တွန့်ခေါက် ပုံပျက် သွားကာ မမြင် ရတော့ချေ။

ထိတ်လန့် စွာဖြင့် ကိုယ်ရှိန် သပ်ကာ၊ နောက်ဆုတ်ရန် ကြိုးစား လိုက် သော်လည်း၊ လင်ယွန်၏ ဓားရောင်ဝါမှ မလွတ်မြောက် နိုင်မှန်း နားလည် လိုက်သည်။

ယင်းအစား လေစုပ်ဝဲ တစ်ခုဖြင့်၊ လင်းယွန်ထံ စွဲငင် သယ်ဆောင်ခြင်း ခံလာရ တော့သည်။

“ ချလွမ် ... ။ ”

ပန်းသင်္ချိုင်း လွတ်လွတ် ကျွတ်ကျွတ် ထွက်လာ သော အခါတွင်၊ ကမ္ဘာ ပေါ်ရှိ အလင်း များ၏ ဘိုးဘေး အလား၊ သန့်ရှင်း လွန်းသည့် ဓားရောင်ဝါ လွင့်ထွက် လာ၏။

“ ဘရူး ... ။ ”

ဤဓား ရောင်ခြည်သည် လူတိုင်း၏ ဓားများကို တုန်ခါစေလျက်၊ တိုက်ခိုက်မှု များထံ အလွယ် တကူ ဖျက်ဆီး ပစ် တော့သည်။

ကျန်းယွီ၊ ယဲ့ဖေးဖန်နှင့် လင်းတုံပိုင်မှာ သစ်ရွက် ခြောက်များ အလား၊ ကောင်းကင်မှ ကြွေကျ သွားကုန်၏။

သုံးယောက်သား ကြောက်ရွံ့ စွာဖြင့်၊ ပြန်မော့ ကြည့်လိုက် ချိန်တွင်၊ လင်းယွန်က ကောင်းကင်မှ ဆင်းသက် လာ၏။

သည့်စဉ် ရင်ဘတ် နေရာမှ အောင့်မြက် သွားပြီး၊ ပါးစပ်မှ သွေးများ လျှံလျက်၊ ကြမ်းပြင် ပေါ် ညွှတ်ကျ သွားကုန်သည်။

ရင်ဘတ် ပေါ်၌ ရှည်လျားသော ပြတ်ရှရာ တစ်ခု ရှိနေပြီး၊ နံရိုးများ ပြတ်တောက် ကုန်၏။ နှလုံးသားမှ လွဲ၍ အရာအားလုံး ပျက်စီး သွား ချေပြီ။

ခရမ်းရောင် နန်းတော်နှင့်၊ နဂါး သွေးလွှတ်ကြော များပင်၊ ချွင်းချက် မရှိနိုင်။ ဤမျှဖြင့် ပြီးသွား ခဲ့သည်မှာ ကံကောင်း ချေပြီ။ မဟုတ်သော် သုံးယောက်လုံး အလောင်းကောင် ဖြစ်နေမည် ဖြစ်၏။

လင်းယွန်က ကြမ်းပြင်ပေါ် ခြေချပြီး သည်နှင့်၊ သူတို့ သုံးယောက်ကို လျစ်လျူရှုလျက် ဝမ်မူယန်ထံ လှည့်ကြည့် လေသည်။

“ ကောင်းကင်ဘုံ ယင်-နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်၊ အခု ... မင်း လာလို့ ရပြီ မဟုတ်လား။ ”

“ ချင်းရှန် ... ငါတို့ ကြားမှာ ... ဘယ်သူ ပထမ ဆိုတာ၊ ဒီလို ပြတ်ပြတ် သားသား လုပ်ဖို့ မလို ပါဘူး၊ ချန်ပီယံ ရာထူးကို၊ ငါ့ ပေးလိုက် ပါလား။ ”

ဝမ်မူယန်က တုန်လှုပ် နေသော်လည်း၊ ပြုံးလျက် တုန့်ပြန် လာသည်။ သို့သော် သူမ၏ ညှို့အား စက်ကွင်းကို လျစ်လျူရှု ပြီး၊

“ မင်း ... မတိုက်ရင်၊ ရှုံးနိမ့်ကြောင်း ဝန်ခံပါ။ ”

-ဟု လင်းယွန်မှ ပြောလိုက်သည်။

ထိုစကားကြောင့်၊ ဝမ်မူယန် မျက်နှာ ပြောင်းသွားကာ၊ နှုတ်ခမ်း လှုပ်ရုံ ကျိန်ဆဲလျက် ချက်ချင်း လှည့်ထွက် သွားတော့သည်။

“ ဘဝက တကယ့်ကို ... ၊ အထီးကျန် ဆန်လိုက်တာ။ ”

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

လင်းယွန်က ပျင်းရိသွား ဟုန်ဖြင့်၊ သူ့ဓားအား ကြမ်းပြင်ပေါ် ထိုးစိုက်ချ လိုက် သည်။ သို့သော် ဓားဖျားက ကြမ်းပြင်ကို ထိသည်နှင့်၊ ပြိုကျ သွားတော့၏။

အပျက်အစီး များက၊ ကျန်းယွီတို့ သုံးဦး အပေါ် ဖုံးလွှမ်း သွားသည်။ တမင် ရည်ရွယ်ခြင်း မဟုတ် သော်လည်း၊ အများ အမြင်၌ ယဲ့ချင်းရှန် ဟူသည်၊ သဘော ထား သေးသိမ်သော ဓားသမား ဖြစ်နေ ချေ၏။

၎င်းနှင့် မရှုပ်မိ စေရန် လူတိုင်း အသိဝင် ကုန်သည်။ မဟုတ်သော် ကျန်းယွီတို့ ကဲ့သို့၊ ရှုံး သော်မှ၊ မြေမြုပ် အရှက် ခွဲခြင်း ခံရ နိုင်၏။

လင်းယွန်က ရှက်ရွံ့ အားနာ စွာဖြင့် ချီယွင်ထံ လှည့်ကြည့်ကာ၊

“ အကြီးအကဲ ... ဒီအတွက်၊ ငါ လျော်ကြေး ပေးစရာ မလိုဖူး မဟုတ်လား။ ”

-ဟု မေးမြန်း လိုက်တော့သည်။

ဤသည်မှာ လင်းယွန် အတွက်၊ အမှန် တကယ် ရိုးရှင်းသော မေးခွန်း ဖြစ် သော်လည်း၊ ချီယွင် အမြင် ၌မူ၊ ဆန့်ကျင်ဘက် ဖြစ်နေ ချေ၏။

***

All Chapters