← Chapters

မင်း ဘယ်သူလဲ ... ။

Vol. 139 Ch. 1936

မင်း ဘယ်သူလဲ ... ။

Vol. 139 Ch. 1936

အမည်ခံ သူတော်စင် ချီယွင်က ယဲ့ချင်းရှန်၏ ကြီးစိုး နေသော အမူ အရာကို ကြည့်ကာ စကား လုံးများ ပျောက်ဆုံး သွားလေသည်။

ဝမ်ယွဲ့အား ရှုံးနိမ့်မှုကို ကြစေကာ ပြိုင်ဘက် လေးယောက် ဒူးထောက် သွားစေရန် ကောင်းကင် အမိုးဓား ထုတ်လွှတ် ခဲ့၏။

ကျန်သုံးယောက်အား ဓားတစ်လက် တည်းဖြင့်၊ အနိုင် ယူကာ ယင် နန်းတော်၏ သန့်ရှင်းသော သမီးတော်ကို၊ လက်လျော့ သွားစေသည်။

“ ထွက်သွား ... ၊ မင်း အခုလို ဆက်လုပ် နေဦးမယ် ဆိုရင် သူတို့ သုံးယောက် သေသွား လိမ့်မယ်။ ”

ချီယွင် စကားဆုံး သည်နှင့် ငရဲ သူတော်စင် ဘုရင်က အပျက်အစီး ပုံပေါ် ဆင်းသက် လိုက် လေသည်။

စိတ်လှုပ်ရှား စွာဖြင့် လက်ဝှေ့ ယမ်းကာ၊ အပျက်အစီး များကို ဖယ်ရှား တော့၏။ နစ်မြှုပ် နေသော ကျန်းယွီတို့ သုံးယောက် ထွက်ပေါ် လာသည်။

“ အဟွတ် အဟွတ် ... ။ ”

သုံးယောက်သား ချောင်း တဟွတ်ဟွတ် ဆိုးလာ သောကြောင့် အသက်ရှင် သေးကြောင်း သေချာ သွား၏။

ကျန်းယွီ တစ်ယောက် နံရိုးများ ကျိုးလျက် နှလုံးမှ လွဲပြီး၊ အတွင်း အင်္ဂါများ အားလုံး ဒဏ် ရာ အပြင်းအထန် ရရှိ ထားသည်။ ကြောက်မက် ဖွယ် အခြေ အနေ ဖြစ်၏။

နဂါး သေွးလွှတ်ကြော ကိုးကြော သည်လည်း၊ ရောထွေး ပျက်စီး နေရာ၊ ငရဲ သူတော်စင် ဘုရင် တစ်ယောက် အသက်ရှူ ကြပ်သွား မိသည်။

အလွန် ရက်စက် လွန်းချေ၏။ ထိုကြောင့် ဒေါသဖြင့် ဟိန်းဟောက်ရန် လင်းယွန်ထံ မော့ ကြည့်လိုက် မိသည်။

တစ်ဖက် လူသည် ကျန်းယွီ အသက်ကို ချမ်းသာ ပေးခဲ့မှန်း သိသာနေ သော်လည်း၊ ရက်စက် သည်မှာ ငြင်းမရချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ငရဲ သူတော်စင် ဘုရင်မှ၊ ဆင်ခြင်တုံ တရား ဆုံးရှုံး သွားပြီး၊ တစ်စုံတစ်ရာ လုပ်ဆောင် လာ မည်ကို စိုးရိမ် သဖြင့်၊ လင်ယွန်က ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွား၏။

“ ဟား ဟား ဟား ... ။ ”

ရုတ်တရက် ရယ်မောသံ တစ်သံက ငရဲ သူတော်စင် ဘုရင်အား သတိဝင် လာစေသည်။ စကား မပြောဝံ့ တော့ဘဲ၊ ပါးစပ် ပိတ်ကာ ရပ်နေ မိတော့၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ပုံသဏ္ဍာန် တစ်ခု ပျံဝဲ ဆင်းသက် လာသည်။ ဤသည်မှာ သဘာဝ အတိုင်း မူလ နဂါး မဟာ သူတော်စင် ဖြစ်၏။

“ တုယွဲ့ ... ၊ ငါ ပြောတာကို မင်း မှတ်မိ သေးလား။ ”

ငရဲ သူတော်စင် ဘုရင်မှာ ခေါင်းမော့ လာခြင်း မရှိတော့ဘဲ ခေါင်းညိတ်ပြ လာသည်။

“ ဟုတ်ကဲ့ မှတ်မိပါတယ် ... ၊ မူလ နဂါး မဟာ သူတော်စင်ရဲ့ တပည့်က ချန်ပီယံ ဖြစ်ဖို့ အရည်အချင်း ရှိပါတယ်။ ”

“ ဟား ဟား ဟား ... ၊ မင်း သိထားတာ ကောင်းတယ် ။ ”

မူလ နဂါး မဟာ သူတော်စင်က၊ ငရဲ သူတော်စင် ဘုရင်အား မျက်နှာသာ မပေးဘဲ သတိပေး စကား ဆိုကာ၊ လင်းယွန်၏ ပုခုံးကို ဆုပ်ကိုင် လိုက်သည်။

“ ငါနဲ့ လိုက်ခဲ့ ... ။ ”

ထို့နောက် ဆရာ တပည့် နှစ်ယောက်က၊ ချက်ချင်း ကောင်းကင်ပေါ် ပျံတက် သွားတော့ သည်။

ယဲ့ချင်းရှန်သည် မဟာ သူတော်စင်၏ တပည့် တစ်ဦး ဖြစ်သောကြောင့်၊ သူတော်စင် ဘုရင်၏ တပည့်ကို သတ်လျှင်ပင်၊ ဒုက္ခ ရောက်မည် မဟုတ်ပေ။

ဤသည်မှာ နောက်ခံကြား ခြားနားချက် ပေပင်။

“ မူလ နဂါး မဟာ သူတော်စင်က တပည့် ကောင်း တစ်ဦး ရသွား တာပဲ၊ ယဲ့ချင်းရှန်ကို သူ တော်တော် တန်ဖိုး ထားတယ်။ ”

“ အဲဒါကို ခဏ ထားဦး၊ ယဲ့ချင်းရှန်ရဲ့ နောက်ဆုံး ဓားက အာကာသ တာအိုနဲ့ ထိတွေ့ နေပြီလို မထင်မိ ဖူးလား။ ”

“ ဟုတ်တယ်၊ သူ့ရဲ့ အရည်အချင်း အရ ဆိုရင်၊ အနာဂတ်မှာ ... အာကာသ တာအိုကို ဖမ်းဆုပ် နိုင်လိမ့်မယ်။ ”

သူတော်စင် အကြီးအကဲ များမှ သုံးသပ် ဆွေးနွေး လာကြသည်။ သူ့ တပည့် လုယူ ခံရ မည်ကို စိုးရိမ်ကာ၊ ကလေး တစ်ယောက် ကဲ့သို့ ထွက်ပြေး သွားသော မဟာ သူတော်စင်ကြောင့် ကေျာက်စိမ်းဓား သူတော်စင်မှ ခေါင်းယမ်း လိုက်မိသည်။

သို့သော် တစ်ဖက်တွင် ယဲ့ချင်းရှန် အကျင့် စရိုက်များ အပေါ်၊ ရင်းနှီးနေ သည်ဟု ခံစား လာ မိ၏။ ယဲ့ကူဟန် ပြန်လာ ပါက၊ အလည် အပတ် သွားရ တော့မည် ထင်သည်။

လင်းယွန်၏ နောက်ဆုံးဓား အတွက် ဂိုဏ်းအတွင်း၊ ကာလ ရှည်ကြာ စကား ဝိုင်းဖွဲ့ ကြပေ တော့မည်။

ထိုအချိန်တွင် မူလ နဂါး မဟာ သူတော်စင်က လင်းယွန်အား သူ့အိမ်သို့ ခေါ်ဆောင် လာသည်။

အိမ်ရောက် သည်နှင့် ကြင်နာခြင်း မရှိဘဲ၊ မြေပြင်ပေါ် ကိုင်ပေါက်သည့် အလား၊ ပစ်ချ ပစ် တော့သည်။

“ ဝှစ် ... ။ ”

လင်းယွန်က လေထဲ တစ်ပတ် လှည့်ပြီး၊ တည်ငြိမ်အောင် ထိန်းလျက်၊ ညင်သာစွာ ဆင်း သက် လိုက်သည်။

“ မဆိုးဘူး ... ၊ ဒါ ... နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ရဲ့ နဂါး သေွးလွှတ်ကြော ပုံစံ မဟုတ်လား၊ ဒီအထိ ရောက်အောင် သုံးနိုင် သေးတာ ...

... အထင် ကြီးစရာ ကောင်းပါတယ်၊ ဒါပေမယ့် ... နိဗ္ဗာန် အဆင့် ရောက်ရင်တော့ ၊ အသုံ မဝင် တော့ဘူး။ ”

မူလ နဂါး မဟာ သူတော်စင်က ဖျာပေါ် ထိုင်ချကာ သုံးသပ် စကား ပြော လိုက်သည်။

“ ဆရာ ... ။ ”

လင်းယွန်က ဦးညွှတ် အလေး ပြု၏။

“ ယဲ့ချင်းရှန် ... မင်းဓားက လက်ရှိ ဘယ်အဆင့် မှာလဲ။ ”

သူ့ဓားကို မဟာ သူတော်စင် တစ်ပါးပင် မမြင်နိုင် သဖြင့် လင်းယွန်မှာ စိတ်ရှုပ် သွား၏။ သို့သော် ၎င်းသည် ဓားသူတော်စင် နှလုံးသား ကြောင့် ဖြစ်ရ မည်ဟု၊ သတိ ဝင်လာသည်။

“ ကြယ်ဓားပါ ... ။ ”

မူလ နဂါး မဟာ သူတော်စင်မှ ပြုံးပြီး အံ့သြ သွား၏။

“ မင်း တကယ်ပဲ ကြယ်ဓား ရခဲ့ တာကိုး။ ”

ယင်းသည် မည်သည့် အရာကို ဆိုလို ချင်မှန်း မသိ သဖြင့်၊ လင်းယွန်မှ ပြန်မဖြေ ဝံ့ပေ။

“ အဲဒီ လူကို တွေ့ခဲ့လား။ ”

မူလ နဂါး မဟာ သူတော်စင်က သက်ပြင်းချကာ မေးသည်။

“ ဟုတ်ကဲ့ ... ။ ”

ကောင်းကင် သန့်စင်ခြင်း တောင်ပေါ်မှ အဖြူဝတ် လူ အကြောင်း၊ ရည်ညွှန်း နေခြင်း ဖြစ်သည်။

“ သူ ... မင်းကို ဘာပြော လိုက်လဲ။ ”

“ ကျွန်တော်က သူ့ရဲ့ မြေးတပည့် လို့ပဲ ပြောပါတယ်၊ ဆရာ ... သူက ဘယ်သူလဲ၊ သူက တတိယ ဓားကိုင်သူလား။ ”

“ မဟုတ်ဘူး ။ ”

မူလ နဂါး မဟာ သူတော်စင်က ခေါင်းယမ်း၏။

“ သူက ကောင်းကင် တာအို ဂိုဏ်းရဲ့ သခင်ပဲ၊ ဘဝင် မြင့်လွန်းတော့ ... ယုချင်းဖန်ကို ရှုံးနိမ့် ခဲ့ပြီး၊ ပြန်ရောက် လာတဲ့ အခါ၊ သေ သွားတယ်။ ”

လင်းယွန်က အံ့အားသင့် သွားပြီး၊

“ ဆရာ ... ၊ ကောင်းကင် တာအို ဂိုဏ်းမှာ ... ၊ ဂိုဏ်းချုပ် ရှိနေ တာလား။ ”

-ဟု ထပ်မေး မိ၏။

ကောင်းကင် တာအို ဟူသော အမည် ကြောင့်၊ ဂိုဏ်းတွင် ဂိုဏ်းချုပ် မရှိဟု၊ ချန်ဖန် ထံမှ ကြားသိ ထားသည်။

“ ဟုတ်တယ် ... ၊ ဘယ်သူက ဂိုဏ်းချုပ် မဖြစ် ချင်ပဲ နေမလဲ၊ ဂိုဏ်းရဲ့ နာမည်က အရမ်း လေးနက်ပြီး၊ ဒီကံကြမ္မာကို ဘယ်သူမှ ခံနိုင်ရည် မရှိကြဘူး၊ ကံဆိုးရင် ... မင်း တစ်နှစ် အတွင်း သေရ လိမ့်မယ်၊ ဒါကြောင့် အတိတ် တုန်းက ဘယ်သူမှ ဂိုဏ်းချုပ် မလုပ်ဝံ့ ကြဘူး၊ ...

... တစ်နေ့တော့ တစ်စုံ တစ်ယောက်က၊ ဂိုဏ်းချုပ် ရာထူး ရယူပြီး၊ ကောင်းကင် တာအို ဂိုဏ်းရဲ့ ဘုန်းတန်ခိုးကို မြှင့်တင် ပေးခဲ့တယ်၊ သူ့လို လူမျိုး အရမ်း ရှားတယ်၊ သူက ဒီကမ္ဘာ ကြီးမှာ အသန်မာဆုံး လူပဲ၊ ...

... သူ့လက်မှာ ကောင်းကင် တာအို ဂိုဏ်းရဲ့ အာဏာကို ခွန်လွန်ဘုံ တစ်လျှောက် ဖြန့်ကျက် ထား နိုင်တယ်၊ ဒါပေမယ့် သူကို့ အချိန် မှားပြီး မွေးဖွား ခဲ့တာ စိတ်မကောင်း စရာ ပါပဲ၊ ...

... တောင်ပိုင်း ဧကရာဇ် ဦးဆောင်တဲ့ ဧကရာဇ် ကိုးပါး ပေါ်လာတဲ့ အခါ၊ ယုချင်းဖန်က သူ့ကို ဖယ်ရှား ပစ်ခဲ့တယ်။ ”

“ ယုချင်းဖန်က ဘာလို့ သူ့ကို သတ်ခဲ့ တာလဲ။ ”

လင်းယွန်က စိတ်ဝင် တစား မေးသည်။

“ ဘာလို့ လဲဆိုရင် ... ငါတို့ ဂိုဏ်းချုပ်က ဓားဧကရာဇ် ဖြစ်လို့ပဲ၊ ဒါကြောင့် ယုချင်းဖန်က ဓားဂိုဏ်းရဲ့ တောင်ထိပ် နှစ်ခုကို ဖြတ်ပြီး၊ စိန်ခေါ် စာပို့ ခဲ့တယ်၊ ...

... ဂိုဏ်းရဲ့ အကြီးအကဲ တွေက ... စိန်ခေါ်စာကို လက်မခံဖို့ ဖျောင်းဖျကြ ပေမယ့်၊ ဂိုဏ်းချုပ်က မာန ထောင်လွှား ခဲ့တယ်၊ ယုချင်းဖန်ကို ခေါင်းထဲ မထည့်ဘူး။ ”

“ ဘာဆက် ဖြစ်သွားလဲ။ ”

“ ဘာများ ဖြစ်ရဦး မှာလဲ ... ၊ ဓား ဧကရာဇ်ဘွဲ့ ပေးလိုက် ရတာပေါ့၊ ဒါတောင် ဂိုဏ်းပြန် ရောက်တဲ့ အခါ၊ ဧကရာဇ် ဓားသာ ရှိရင်၊ ယုချင်းဖန်နဲ့ တိုက်ချင် သေးတယ်လို့ ပြောပြီး သေဆုံး သွားတယ်။ ”

မူလ နဂါး မဟာ သူတော်စင် စကားကို ကြားချိန်၌၊ လင်းယွန် သွေးများ ပွက်ပွက်ဆူ လာ တော့သည်။

လွန်ခဲ့သော နှစ်သုံးထောင် ခန်း၌၊ ခမ်းနားသော ခေတ် ဖြစ်ရ ပေမည်။ ဧကရာဇ် ကိုးပါး ထွန်းကားပြီး၊ အမှောင်ခေတ်ကို အဆုံးသတ် ခဲ့၏။

ဆိုလို သည်မှာ ဧကရာဇ် ကိုးပါးသည် အမှောင်ခေတ်ကို အဆုံး သတ်နိုင် ရုံမျှ မကဘဲ၊ ကောင်းကင် တာအို ဂိုဏ်းချုပ် ကဲ့သို့၊ ကျွမ်းကျင်သူ များစွာ ကိုလည်း အနိုင်ယူ ခဲ့သည်။

“ အဲဒီ နောက်မှာတော့ ... နတ်နဂါး အင်ပါယာက ငါတို့ရဲ ဂိုဏ်းခွဲ တွေကို ဖျက်ဆီး သိမ်းပိုက် လာတာ ကြောင့်၊ ဂိုဏ်းက တရွေ့ရွေ့ ဆုတ်ယုတ် သွားခဲ့တယ်၊ ဒါပေမယ့် ...

... ငါတို့မှာ ဓားကိုင်သူ နှစ်ယောက် ရှိနေခဲ့တာ ကံကောင်းတယ် ... ၊ မဟုတ်ရင် ဓားဂိုဏ်း လိုပဲ မြင့်မြတ်မြေ အဖြစ် ကနေ ဆင်းပေး လိုက်ရ လိမ့်မယ်။ ”

“ ဘာလို့လဲ ... ။ ”

လင်းယွန်မှ မေးသည်။

“ ဓားဂိုဏ်းကို ယုချင်းဖန် ဘာလုပ် ခဲ့လဲ ထပ်ပြော စေချင် လို့လား။ ”

မူလ နဂါး မဟာ သူတော်စင်၏ တုန့်ပြန် မေးခွန်းကြောင့် လင်းယွန်မှ ငြိမ်သက် သွား၏။ ကောင်းကင် တာအို ဂိုဏ်းတွင် နက်ရှိုင်းသော အခြေခံ အုတ်မြစ် ရှိကြောင်း အဖြစ်အပျက် များက သက်သေ ပြချေပြီ။

“ ယုချင်းယန်ကို ဓားကိုင်သူ နှစ်ဦးက ကောင်းကင် တာအို ပလ္လင်မှာ ချိတ်ပိတ်ထား ခဲ့ကြတယ်၊ ဒါပေမယ့် တောင်ပိုင်း ဧကရာဇ်က တစ်ယောက်တည်း လာပြီး၊ ယုချင်းဖန်ကို ကယ်သွားတယ်၊ ဓားကိုင်သူ နှစ်ယောက် တောင်မှ မတားနိုင် ခဲ့ဘူး၊ ...

... ဓား ဧကရာဇ်က ... ဂိုဏ်းချုပ်ကို အနိုင်ယူပြီး၊ တောင်ပိုင်း ဧကရာဇ်က ငါတို့ရဲ့ ကျောရိုး အပေါ်၊ နင်းဖြတ် သွားတယ်၊ အဲဒီ အချိန်က စလို့၊ ကောင်းကင် တာအို ဂိုဏ်းက အရှေ့ဘက် ပျက်စီး မြေကြီး ကနေ အပြင် မထွက်ဝံ့ တော့ဘူး။ ”

မူလ နဂါး မဟာ သူတော်စင်မှ အဝေးသို့ ငေးသည်။ သူ့မျက်ဝန်းထဲ ကောင်းကင် တာအို ဂိုဏ်း ကြီးစိုး ခဲ့စဉ် အချိန် များကို တမ်းတ နေပုံရသည်။

“ အခုတော့ ... မျက်စိ တစ်မှိတ် အတွင်း နှစ်ပေါင်း သုံးထောင်တောင် ကုန်လွန် သွားပြီပဲ။ ”

မူလ နဂါး မဟာ သူတော်စင်က သက်ပြင်းချလျက်၊

“ ဒါပေမယ့် ကံကောင်းတယ်၊ ဧကရာဇ် ကိုးပါးက လက်တွဲ ဖြုတ်ခဲ့ ကြတယ်၊ မဟုတ်ရင် နတ်နဂါး အင်ပါယာရဲ့ နယ်မြေဟာ ဒီထက် ပိုကျယ် သွားနိုင်တယ်၊ ဒါကလည်း ...

... တောင်ပိုင်း ဧကရာဇ် ကွယ်လွန် သွားတာနဲ့ ဆိုင်တယ်၊ နတ်မိစ္ဆာ ဧကရာဇ်က ကိုယ်ပိုင် အင်အားစုကို တည်ထောင်ပြီး၊ ယုချင်းဖန်လည်း ထွက်ခွာ သွားတယ်။ ”

“ ဆရာ ဘာလို့ ... ဒီအကြောင်းတွေ ပြောပြ နေတာလဲ။ ”

လင်းယွန်မှ သတိ ရပြီး မေးလိုက်၏။

“ ဘာရယ် မဟုတ် ပါဘူး၊ ဂိုဏ်းချုပ် ဟောင်းကို တွေ့ခဲ့တယ် ကြားတော့ အတိတ်ကို သတိ လွမ်းလာ လို့ပါ၊ သူက အမှောင်ခေတ် မှာတောင် ကျော်ကြား ခဲ့တယ်၊ ...

... ဒီကမ္ဘာမှာ ဓားဧကရာဇ် ဘွဲ့ကို တစ်ဦး တည်းကသာ ပိုင်ဆိုင်ခွင့် ရှိတာ စိတ် မကောင်း စရာ ပါပဲ။ ”

ဓားဧကရာဇ် ဘွဲ့ဟူသည် လူ တစ်ဦး တည်းမှသာ ပိုင်ဆိုင် နိုင်သော ဘွဲ့ထူး အဖြစ် လင်းယွန်မှ နားလည် လာသည်။

“ ယုချင်းဖန်က သူ ဓားဧကရာဇ် ဖြစ်ကြောင်း၊ ခွန်လွန်မှာ ကြေငြာဖို့ သူ့ဓားကို အသုံးပြု ခဲ့တယ်၊ ဒါကြောင့် မင်းလည်း ‘ဓား ဧကရာဇ်’ ဘွဲ့ကို လိုချင်ရင်၊ သူ့ကို ချမ်းသာ ပေးနေစရာ မလိုဘူး။ ”

မူလ နဂါး မဟာ သူတော်စင်အား လင်းယွန်မှ ပြန်ကြည့် မိသည်။ ဂိုဏ်းချုပ်သည် မောက်မာသူ တစ်ဦး မဟုတ်ကြောင်း ၎င်း၏ စကား များက ပြသ နေသည်။

ထိုစဉ်က ‘ဓားဧကရာဇ်’ ဘွဲ့ကို၊ ဆက်ထိန်းထားရန် မဖြစ်နိုင် တော့မှန်း၊ ဂိုဏ်းချုပ်မှ သိပြီး ဖြစ်သည်။

စိန်ခေါ်မှုကို လက်မခံ ပါက၊ လူတိုင်းမှ ငကြောက် အဖြစ် ရှုမြင်ကာ၊ ဓား ဧကရာဇ်ဘွဲ့ ဆုံးရှုံး ဦးမည် ဖြစ်၏။

ထို့ကြောင့် ဂိုဏ်းချုပ်မှ သူ သေမည်ကို သိသော်မှ၊ တိုက်ပွဲ ဝင်ရန် ရွေးချယ် ခဲ့သည်။ ဤ သည်မှာ ဓားသမား၏ မာန ဖြစ်၏။ မောက်မာ ခြင်း အဖြစ်၊ အမည် တပ်၍ မရချေ။

သေဆုံးသွား သည့်တိုင်၊ ဧကရာဇ်ဓား တောင့်တ နေသေးသည်။ တိုက်ပွဲဝင် စိတ်မှာ အဆုံး ထိတိုင် ရှိနေကြောင်း၊ ၎င်း၏ စကား များမှ ပြသ နေ၏။

ထို့ကြောင့် သူတော်စင် တပည့် တိုင်းမှာ သာမာန် ဖြစ်သည်ဟု ဆိုခဲ့ သည်မှာ အံ့သြစရာ မဟုတ် တော့ချေ။ သူ့လို လူ အတွက် လူတိုင်း သည် အမှိုက် များသာ ဖြစ်ပေမည်။

“ မင်းကို ဓား ဧကရာဇ် ဖြစ်အောင် ပျိုးထောင်ပေးဖို့ ... ငါ ဆုံးဖြတ် လိုက်ပြီ။ ”

မူလ နဂါး မဟာ သူတော်စင်က၊ လင်းယွန်ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောသည်။

ထို စကားကို ကြားပြီးနောက် လင်းယွန်က ပြုံးကာ၊

“ ယုချင်းဖန်ကို ... ဓားတစ်ချက် တည်းနဲ့ သတ်ရ မှာလား။ ”

“ ဘာလို့ မဖြစ်နိုင် ရမှာလဲ၊ ဂိုဏ်းချုပ်က ဧကရာဇ်ဓားကို တောင်းတခဲ့တာ .. မင်း မကြား ဖူးလား၊ မင်းသာ ဧကရာဇ် ဓားကို ပြန်ခေါ် လာနိုင်ရင်၊ ဘယ်သူက ဘယ်သူ့ကို သတ်နိုင် မလဲ ဆိုတာ မသေချာ တော့ပါဘူး။ ”

မူလ နဂါး မဟာ သူတော်စင်မှ ရွှင်မြူးစွာ ပြောကြား လာတော့၏။ ဓား တစ်လက် အပေါ် အားကိုးကာ၊ လောင်းကြေး ထပ်နေသော မူလ နဂါး မဟာ သူတော်စင်ကြောင့်၊ လင်းယွန်မှ မျက်လုံးပြူး သွားတော့သည်။

သို့သော် ချက်ချင်းပင် စိတ်ထဲမှ ပြုံး လိုက်သည်။ ယုချင်းဖန်အား သူ မည်သို့သော အကြောင်း ပြချက်ဖြင့်၊ သတ်ရ မည်နည်း။

“ ဒါပေမယ့် ... ပြဿနာ တစ်ခု ကျန်သေးတယ် ... ၊ အဲဒါက မင်းက ဘယ်သူလဲ ဆိုတာ ကိုတော့ ပြောမှ ရမယ်။ ”

***

All Chapters