ချစ်စရာ ကောင်းသော အပြုံး။
Vol. 139 Ch. 1937
မူလ နဂါး မဟာ သူတော်စင် မေးခွန်း ကြောင့်၊ လင်းယွန်မှ တည်တည် ငြိမ်ငြိမ် မနေ နိုင် တော့ချေ။
သူတော်စင် အဆင့် တန်ခိုးရှင် များသာ အတင်းအကြပ် လုပ်ဆောင်က၊ လိပ်နက် အသွင် ပြောင်းနည်းမှာ၊ ပြေလျော့ သွားနိုင်မည်။
မူလ နဂါး သူတော်စင်သည် သူ့အား ဓားဧကရာဇ် ဖြစ်အောင် လေ့ကျင့် ပေးလို သည်လော။ မဖြစ် နိုင်ချေ။
သက်တံဓား သူတော်စင် ဟူသည် ဧကရာဇ်သာ ဖြစ်သော်၊ ဧကရာဇ် ကိုးပါးနှင့် ယှဉ်နိုင်သော ဓားဧကရာဇ် ဖြစ်လာ နိုင်၏။
ဧကရာဇ် ကိုးပါးသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်သဖြင့်၊ ထိုအဆင့် သည်ပင်၊ မယုံ နိုင်ဖွယ် ဖြစ်သည်။
ဆိုလို သည်မှာ သက်တံဓား သူတော်စင် သည် ဓားသမား ဖြစ်ပြီး၊ မူလ နဂါး သူတော်စင် သည်၊ ဓားသမား မဟုတ်ချေ။
ထို့ကြောင့် ဓားဧကရာဇ် ဖြစ်အောင် သင်ကြား နိုင်မည့် သူသည်၊ မူလ နဂါး မဟာ သူတော်စင် မဖြစ် နိုင်ဟု အဓိပ္ပါယ် ရ၏။
ဤသည်မှာ သူ မည်သူ ဖြစ်သည်ကို၊ သိချင်သော ကြောင့်သာ လှည့်ဖျား ပြောဆိုခြင်း ဖြစ်နိုင် ပေမည်။
အဆိုပါ အတွေးကြောင့် ချက်ချင်း တည်ငြိမ် လာပြီး၊
“ ဆရာ ... ၊ ဘာတွေ ပြောနေ တာလဲ၊ ကျွန်တော်က မရဏ မိုးကြိုး တောင်ထိပ်ရဲ့ ယဲ့ချင်းရှန်ပါ။ ”
-ဟု ငြင်းဆန် လိုက်သည်။
လင်းယွန်၏ ရိုးသားသော အပြုံးကို မြင်ချိန်၌၊ မူလ နဂါး မဟာ သူတော်စင်မှ သူ မှားယွင်း ခဲ့သည် လောဟု သံသယ ပြန်ဝင် လာမိသည်။
“ ယဲ့ချင်းရှန် ... ၊ မင်း တစ်ခုခု မှားနေပြီ ဆိုတာကို ငါ သတိ ထားမိ ပါတယ်၊ ဒါပေမယ့် အသူရာ ဓားသူတော်စင်က မင်းကို ပြန်ခေါ် လာတဲ့ အတွက်၊ ဒီသံသယကို ငါ မေ့ပစ် လိုက်တယ်၊ ...
... မင်း ဘယ်သူ ဖြစ်ဖြစ် ... အရေး မကြီးဘူးလို့ တွေးပြီး၊ မင်းကို ... ဓားသူတော်စင် တစ်ယောက် ဖြစ်အောင်၊ ငါသိ သမျှကို သင်ပေး ဖို့ ဆုံးဖြတ် လိုက်တယ်၊ ဒါပေမယ့် ...
... မင်း ဘယ်သူလဲ ဆိုတာ ကိုတော့၊ အခု ငါသိနေဖို့ လိုလာပြီ၊ မဟုတ်လို့ ရုတ်တရက် မင်း ထွက်သွားတဲ့ အခါ၊ ငါ ဘယ်ကို သွားရှာ ရမှာလဲ။ ”
သူ စကား ပြောနေစဉ် ယဲ့ချင်းရှန်အား တစ်ချိန်လုံး အကဲခတ် နေ၏။ သို့တိုင် တစ်ဖက် လူ၏ အမူ အရာမှာ၊ လုံးဝ ပြောင်းလဲခြင်း မရှိ သဖြင့်၊ စိတ်ပျက် သွားသည်။
“ လွန်ခဲ့တဲ့ တစ်နှစ် အတွင်း၊ ကျွန်တော် ပြောင်းလဲ လာတာကို ဆရာတောင် မယုံကြည် ဖူး ဆိုရင်၊ ကျွန်တော်တို့ ကြားက ကံကြမ္မာက ဆုံးခန်းတိုင် သွားပါပြီ၊ ပြောစရာ မရှိ ပါဘူး။ ”
လင်းယွန်က နာကျင်သော အမူအရာနှင့် ပြောပြီး၊ မဟာ သူတော်စင် တပည့် ဟူသည့် တံဆိပ်ကို ပြန်ပေး လိုက်သည်။
“ နှုတ်ဆက် ပါတယ်။ ”
မူလ နဂါး မဟာ သူတော်စင်အား၊ ကျော်ခိုင်းလိုက် ချိန်၌ အနည်းငယ် သက်မော ချလိုက် မိသည်။
အမှန် အတိုင်း ဝန်ခံ ရသော်၊ မူလ နဂါး မဟာ သူတော်စင်သည် ဆရာကောင်း တစ်ဦး ဖြစ်ပြီး၊ သူ့အား ပညာကုန် သင်ပေးရန် ဆုံးဖြတ်နေ ခဲ့၏။
သို့သော် သူ ဟူသည် ယဲ့ချင်းရှန် မဟုတ် လေရာ၊ အပြစ် ရှိသည်ဟု ခံစား ရပြီး၊ လက်မခံ ဝံ့တော့ချေ။
“ ပြန် လာ ခဲ့ ... ။ ”
မူလ နဂါး သူတော်စင်က မျက်နှာကို လက်ဖဝါး နှစ်ဖက်နှင့် အုပ်ကိုင် ထားလျက်မှ နောင်တရစွာ ဟန့်တား လာသည်။
ယဲ့ချင်းရှန်သည် လွန်ခဲ့သော တစ်နှစ်က အသက် ဆုံးရှုံး လုနီးပါး အကြီး အကျယ် ခံစား ခဲ့ရ၏။
လက်ရှိ အချိန်၌ သူ လုံးဝ ပြောင်းလဲ သွားသော်လည်း၊ လူတိုင်းက ထိုအရာကို အသိ အမှတ် ပြုခြင်း မရှိ ကြချေ။
ဆရာ ဖြစ်သော သူ ကိုယ်တိုင် ကပင် သံသယ ဝင်နေသည့် အတွက်၊ မည်မျှ ခံစား သွားရ မည်ကို၊ နားလည် ပေးနိုင်သည်။
သို့သော် ကျောက်စိမ်းဓား သူတော်စင် မှလည်း၊ သူ့ကဲ့သို့ သံသယ ဝငခဲ့သည်ကို ပြန်၍ သတိ ရလာ၏။
“ စိတ်မကောင်း ပါဘူး၊ မင်းမှာ အကြောင်းပြချက် တစ်ခုတော့ ရှိမယ်လို့ ငါ ယုံတယ်၊ ဒါကြောင့် မင်း ... ထွက် မသွားခင် ငါ့စကားကို နားထောင် ပေးပါ။ ”
လင်းယွန်က သတိ အနေ အထားဖြင့်၊ မူလ နဂါး မဟာ သူတော်စင်ထံ လှည့်ကြည့် လိုက်မိ သည်။ မူလ နဂါး မဟာ သူတော်စင်က သက်ပြင်း ချပြီး၊
“ တကယ်တော့ ... ကျောက်စိမ်းဓား သူတော်စင်က မင်းကို အာရုံစိုက် နေတာမို့၊ သူ လုယူ သွားမှာကို ... ငါ စိုးရိမ် မိတယ်၊ ဒါကြောင့် ဓားဧကရာဇ် ဖြစ်အောင် ပျိုးထောင် ပေးမယ် ပြောပြီး၊ မင်းကို နှစ်သိမ့် ခဲ့တာပါ၊ ...
... ဒါမှသာ စိတ်အေး လက်အေးနဲ့ ငါ သင်ကြားခွင့် ရမှာ မဟုတ်လား၊ မင်း အပေါ် သံသယ ဖြစ်မိတဲ့ အတွက် တောင်းပန် ပါတယ်၊ မင်း ဘယ်လို ... ခံစား ရမယ် ဆိုတာ ငါ နားလည်တယ်။ ”
မဟာ သူတော်စင်၏ နောင်တများ ပြည့်နေသော မျက်နှာကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် တုန်လှုပ် သွားသည်။
သူတော်စင် ဘုရင်မှ ချောင်းကြည့်ရန် ကြိုးစားသော အခါ၊ အခြား သူတော်စင်များ ထိုသို့ လိုက်ပါ မကြည့် ဝံ့အောင်၊ သင်ခန်းစာ သင်ပေးလို ခဲ့သည်။
အထက်ပါ အချင်းအရာ များကိုသာ၊ လင်းယွန်မှ သိရှိခွင့် ရပါက ဆိုဖွယ် ရှိတော့မည် မဟုတ်ချေ။ ယခု သော်မှ သူ့ နှလုံးသား ပျော့ပျောင်း လာပြီး၊
“ ဆရာ၊ ကျွန်တော် စောစောက ... အရမ်း စိတ်မြန်သွား ပါတယ်။ ”
-ဟု ချက်ချင်း တောင်းပန် လိုက်သည်။
“ မဟုတ်ဘူး ... ၊ မင်း စိတ်မမြန် ပါဘူး။ ”
မူလ နဂါး မဟာ သူတော်စင်မှ ခေါင်းယမ်း လိုက်သည်။
“ ငါလည်း ... မင်းရဲ့ နေရာမှာ ဆိုရင်၊ ကြေကွဲ မိမှာ အမှန် ပါပဲ။ ”
လင်းယွန် တစ်ယောက် ငြိမ်သက် သွား တော့၏။ ထိုစဉ်က သူ ဟန်ဆောင် ခဲ့ကြောင်း၊ မူလ နဂါး မဟာ သူတော်စင် သိပုံ မရချေ။
“ ယဲ့ချင်းရှန် ... ၊ အခု ငါတို့ ရိုးသားကြ ရအောင်၊ မင်းကို ငါ့ရဲ့ သီးသန့် တပည့် အဖြစ် ခေါ် ချင်တယ်၊ ဆိုလို တာက ... ငါ သိသမျှ မင်းကို အကုန် သင်ပေးမယ်။ ”
မူလ နဂါး မဟာ သူတော်စင်က ပြုံးကာ ပြောသည်။ ဤတစ်ကြိမ်၌ အချင်းချင်း ပို၍ ရင်းနှီး လာသည်ဟု၊ သူ ခံစား မိ၏။
“ ငါ မင်းကို အမှန်အတိုင်း ပြောစရာ ရှိတယ်၊ ငါ့မှာ သက်တမ်း သိပ်မကျန် တော့ဘူး၊ အနှစ် တစ်ရာ အတွင်း ဧကရာဇ် နယ်ပယ် မရောက်ရင် ငါ သေမယ်။ ”
နှစ်တစ်ရာ ဟူသည်၊ မနည်း သော်လည်း၊ သူတော်စင် တစ်ပါး အတွက်၊ မည်သို့မျှ အရေး မပါချေ။
“ ဒါက ... အံ့သြ စရာ မရှိ ပါဘူး၊ ငါက ကိုယ်လုံး ကိုယ်ပေါက်နဲ့ ... သူတော်စင် လမ်းကို ရွေးခဲ့တာ၊ ငါ့ရဲ့ ခန္ဓာကိုယ် အပေါ် အားကိုးပြီး တိုက်ပွဲ ဝင်ရတဲ့ ပုံစံကြောင့်၊ ငယ်ငယ်က ဒဏ်ရာတွေ အများကြီး ရခဲ့တယ်၊ ...
... ဒါကြောင့် သေခြင်း တရား ဆိုတာ ... ၊ ငါ့အတွက် မထူးဆန်း ပါဘူး၊ မသေခင် မင်းကို အကုန် သင် မပေးနိုင် တော့လို့ ... ၊ စိတ် မကောင်း တာပဲ ရှိတယ်၊ ...
... ပြီးတော့ ရွှေခေတ်ကို မမီ တော့လို့ ဝမ်းနည်း မိတယ်၊ ဒါပေမယ့် ငါ့ တပည့် ဖြစ်တဲ့ မင်းသာ တောက်ပ နေလျှင်၊ ဝမ်းသာ မိမှာပါ။ ”
“ ဆရာ ... ။ ”
လင်းယွန်က ရှိုက်သံဖြင့် ခေါ်လိုက်၏။ မူလ နဂါး သူတော်စင်က လင်းယွန် ပြန်ပေး ခဲ့သော တံဆိပ်အား ကမ်းပေးကာ၊
“ ယဲ့ချင်းရှန် ... မင်းက ငါ့ရဲ့ သီးသန့် တပည့်ပဲ။ ”
-ဟု ကြေငြာ လိုက်သည်။
လင်းယွန်က ငြိမ်သက်စွာ တံဆိပ်ကို တုန်တုန် ယင်ယင်ဖြင့် ကြည့်နေ မိ၏။ လိမ်ညာ မိသဖြင့် မခံယူ ဝံ့ချေ။
“ မင်း ... ငါ့ကို စိတ်ဆိုး နေတာလား။ ”
“ ဆရာ ကျွန်တော်က ဘယ်လိုလုပ် ... စိတ်ဆိုး နိုင်မှာလဲ၊ ဒါပေမယ့် ကျွန်တော်က ... ။ ”
“ ဘာလဲ ... မင်းက ငါ့ရဲ့ အမွေကို မလိုချင် လို့လား။ ”
“ မဟုတ် ပါဘူး ... ၊ လိုချင် ပါတယ်၊ ဒါပေမယ့် ... ဒါက ကျွန်တော်နဲ့ မထိုက်တန် လို့ပါ၊ တပည့်က ယဲ့ချင်းရှန် မဟုတ်ဘူး။ ”
လင်းယွန်က အဖိုးကြီးအား ခိုးကြည့် လိုက်သည်။ သူ့အား စိတ်ပျက် သွားမည်ဟု ယုံကြည်၏။
“ ဒါဆို စောစောက ... ။ ”
“ ဟုတ်ကဲ့ ... အဲဒါက ဟန်ဆောင် လိုက်တာပါ။ ”
လင်းယွန်က ခေါင်းငုံ့ကာ ဝန်ခံ လိုက်တော့သည်။ ပြန်မော့ မကြည့်ရဲ တော့ချေ။
“ ဒါဆို ... မင်းက ဘယ်သူလဲ။ ”
ခေါင်းငုံ့ နေလျက်မှ၊ မူလ နဂါး မဟာ သူတော်စင်၏ လက်များ တုန်ယင်နေ သည်ကို၊ မြင်လိုက် ရသည်။
ထို့ကြောင့် မလိမ်ညာချင် တော့ဘဲ၊ ခေါင်းပြန် မော့လျက် နောက်သို့ ခြေသုံးလှမ်း ဆုတ်ကာ၊ လိပ်နက် အသွင် ပြောင်းနည်းကို ရုတ်သိမ်း လိုက်မိ၏။
“ ခရစ် ... ။ ”
အရိုးများ အက်ကွဲကာ၊ ခြားနားသော မျက်နှာ တစ်ခု ပေါ်လာသည်။ ယဲ့ချင်းရှန် ကဲ့သို့ ချောမောခြင်း မရှိ သော်လည်း၊ ဤမျက်နှာက အဓိပ္ပါယ် ရှိသည်ဟု ခံစား ရ၏။
ဆိုလို သည်မှာ လင်းယွန်၏ လက်ရှိ အပြုအမူ များနှင့် ယဲ့ချင်းရှန် ဟူသော ပုံရိပ် သည်၊ အပ်စပ်ခြင်း မရှိချေ။ တစ်စုံ တစ်ရာ လွှဲမှား နေသည်ဟု ခံစား ရ၏။
ဤမျက်နှာ အသစ်နှင့်၊ လက်ရှိ စိတ်နေ စိတ်ထား သည်သာ အလိုက် ဖက်ဆုံး ဖြစ်သည် ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
ဓားသမား ယဲ့ချင်းရှန် ဟူသည်ထက်၊ ဤရုပ်ရည် သည်သာ ဓားတစ်လက်နှင့် ပို၍ တူ၏။
“ ဒီတပည့်က ... ၊ အဆင့်နိမ့် ပယင်း ကမ္ဘာကနေ၊ နဝမမြောက် ကောင်းကင် လမ်းကို ဖြတ်ပြီး၊ ခွန်လွန်ကို ရောက်လာ ခဲ့တဲ့ သူပါ၊ နာမည်က လင်းယွန် ... ။ ”
သက်ပြင်းမှုတ် ထုတ်လျက် လင်းယွန်မှ ဝန်ခံလိုက် တော့သည်။ သို့မှသာ သက်တောင့် သက်သာ ရှိလာ ခဲ့၏။
“ လင်း ယွန် ... ။ ”
မူလ နဂါး မဟာ သူတော်စင်မှ မျက်လုံး ပြူးသွားသည်။
“ နဝမမြောက် ကောင်းကင်လမ်း ကနေ ခွန်လွန်ကို လာတာလား၊ ဒါဆို .. မင်း ... မင်းက ချန်ပီယံလား။ ”
“ ဟုတ်ကဲ့ ... ကျွန်တော်ပါ ... ။ ”
“ အင်ပါရီယန်၊ ပင်မ နတ်ဘုရားနဲ့ နဂါး သွေးလွှတ်ကြော နယ်ပယ် ပထမ ... ၊ လက်ရှိ နယ်ပယ် သုံးပါး ချန်ပီယံ။ ”
“ ဟုတ်ပါတယ် ... ကျွန်တော် ပါပဲ။ ”
“ သူတော်စင် ဘုရင်နဲ့၊ ငရဲ နတ်ဘုရား မိသားစု ဘိုးဘေးကို ... သတ်ခဲ့တဲ့ ကောင်းကင် ချပ်ဝတ် ပိုင်ရှင် လင်းယွန်။ ”
“ ဟုတ် ပါတယ် ... ။ ”
“ ဘာလဲဟ ... ဟား ဟား ဟား ... ။ ”
မူလ နဂါး မဟာ သူတော်စင်မှ ဒေါသဖြင့် ရယ်မော လိုက်တော့သည်။ ထို့နောက် သူ့ကိုယ် သူ လှောင်ပြောင် လိုသော အပြုံးဖြင့်၊
“ ငါက ... သက်တံဓား သူတော်စင် တပည့်ကို၊ အမွေခံ တပည့် အဖြစ် ... ခေါ်နေ မိ ပါလား၊ ဟား ... ဟား ... ဟား ... ။ ”
-ဟု အော်ဟစ် ရယ်မော လေသည်။
ရယ်သံ ဆုံးသည်နှင့် မူလ နဂါး မဟာ သူတော်စင်မှ လင်းယွန်အား လေးနက်စွာ ပြန် ကြည့် လာ၏။
တစ်ဖက်တွင် ဆက်လက် လိမ်ညာပြီး၊ တစ်ဖက် လူ၏ တံဆိပ်ကို ခံယူကာ၊ လင်းယွန်မှ အကျိုး အမြတ်များ သိမ်းယူ နိုင်သည်။
သို့သော် မူလ နဂါး သူတော်စင်သည် ရိုးသားနေ သဖြင့်၊ သူက လိမ်ညာ လိုခြင်း မရှိ တော့ချေ။ ဤသည်မှာ လင်းယွန်၏ ဗီဇ ဖြစ်သည်။ အကျိုးဆက် မည်မျှ ဆိုးရွား စေကာမူ၊ ခံယူမည် ဖြစ်၏။
“ မင်းက တကယ်ပဲ ... သက်တံဓား သူတော်စင်ရဲ့ တပည့်ကိုး ... ၊ အဲဒီ ကောင်က အတိတ်မှာ ငါ့အပေါ် လှည့်စား ခဲ့တယ် ... ၊ အခု မင်းလည်း၊ ငါ့ကို လှည့်စားတယ်။ ”
“ ..... ။ ”
မူလ နဂါး မဟာ သူတော်စင်၏ အံကြိတ် ရေရွတ် သံကြောင့်၊ ၎င်းတို့ သူတော်စင် နှစ်ပါး ကြား ဇာတ်လမ်း ရှိရ မည်ကို၊ လင်းယွန် နားလည် လာ၏။
“ မင်းရဲ့ ဆရာက ဘယ်လို လူလဲ ... မင်းသိလား၊ သူက လူလိမ် သူတော်စင် တစ်ပါး ပဲ၊ စက်ဆုပ် ရွံရှာဖွယ် ကောင်းတဲ့ လူ ...
... ဟမ့်၊ ကျောက်စိမ်းဓား သူတော်စင်နဲ့ သတ်ဖြတ်ခြင်း သူတော်စင်က၊ ငါ့ကို ကျော်ပြီး၊ သူ့လို လူကိုပဲ မြင်နေ ကြတယ်။ ”
ဤသည်မှာ မလို မုန်းတီးခြင်း မည်သည်။ မဟာ သူတော်စင် တစ်ပါးမှ ထိုမျှ ကလေးဆန် နေလိမ့် မည်ဟု မထင် ထားသဖြင့်၊ လင်းယွန်မှ ပါးစပ် အဟောင်းသား ဖြစ်လာသည်။
“ ငါလည်း ... အရင်က ဓားသမားပဲ၊ ဒါပေမယ့် မင်းရဲ့ အရှက် မရှိတဲ့ လူလိမ် ဆရာ သခင်က၊ ငါ့ကို ဆင်နဂါး (ဒရာကိုဖီ) ခန္ဓာ ကိုယ်ကို သင်ပေးပြီး၊ ငါတို့ အတူတူ ...
... တိုက်ပွဲ ဝင်တဲ့ အချိန်တိုင်း ... ၊ ငါ့ကို သူ့ရှေ့ ကနေ လူသားဒိုင်းလို သုံးပြီး၊ နောက် ကနေ တိုက်ပွဲ ဝင်တယ်။ ”
“ အဲဒါ ကျွန်တော်နဲ့ ... ဘာဆိုင် လို့လဲ ... ။ ”
လင်းယွန်မှ သတိ ကြီးစွာဖြင့် စောဒက တတ်လိုက် မိသည်။
“ မင်း ... တာဝန်မဲ့ ရဲ့လား။ ”
“ ကျွန်တော် ... မဝံ့ ပါဘူး။ ”
“ ကောင်းပြီ ... ၊ ငါမင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်၊ ငါ့ရဲ့ သီးသန့် တပည့် ယဲ့ချင်းရှန် အဖြစ် ဆက်နေ မလား၊ လင်းယွန်လို့ ဝန်ခံပြီး၊ မရဏ မိုးကြိုး တောင်ထိပ်ကို ပြန်မလား။ ”
“ ဒါက ... ။ ”
လင်းယွန်က ရုတ်တရက် တုံ့ဆိုင်း သွား၏။
“ ဘာလဲ ... အဲဒီ လူယုတ်မာကောင် ကပဲ၊ မင်းရဲ့ ဆရာ ဖြစ်ဖို့ ... အရည် အချင်း ပြည့်တယ် ထင်နေလား၊ သူက ဓားပညာပဲ သင်ပေး နိုင် တာပါ၊ ငါက မင်းကို ...
... ရုပ်ခန္ဓာ သန်မာ လာအောင်၊ သင်ကြား ပေးနိုင်တယ်၊ မင်းက နဂါး မိသားစုရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို လေ့ကျင့် ထားတာ၊ ...
... ငါ သိတယ် ... ၊ လက်ရှိ ... မင်းရဲ့ သူတော်စင် ခန္ဓာကိုယ် နှစ်ခုကို ပေါင်းစပ်လို့ မရ သေးဖူး မဟုတ်လား။ ”
လင်းယွန်က ပြန်မဖြေ နိုင်ဘဲ၊ မူလ နဂါး သူတော်စင်အား ကြည့်မိ၏။ သူ့ရှေ့မှ အဖိုးအို သည်၊ အမှန်ပင် မဟာ သူတော်စင် တစ်ပါး ဖြစ်သည် လောဟု၊ သံသယ ဝင်လာ မိ၏။
အဘယ့်ကြောင့် ဆိုသော်၊ မဟာ သူတော်စင် တစ်ပါး ဟူသည် အခြားသော မဟာ သူတော်စင် တစ်ပါး၏ တပည့်အား၊ သီးသန့် တပည့် အဖြစ် အတင်းအကြပ် ခေါ်ယူ ကြမည် မဟုတ်ချေ။
၎င်း၏ ကလဲ့စား ချေလို စိတ်သည်၊ မည်မျှ ညစ်ကျယ်ကျယ် နိုင်ကာ၊ ကလေးဆန် နေမှန်း၊ သူ ကိုယ်တိုင်ပင် သတိထား မိပုံ မရကြောင်း ပြောနိုင်သည်။
သို့သော် လင်းယွန် အမြင်တွင်၊ ကောက်ကျစ်စွာ ပြုံးနေသော ဤအဖိုးအို၏ အပြုံးမှာ၊ အလွန် ချစ်စရာ ကောင်း နေခဲ့ တော့၏။
***