သီးသန့် တပည့်။
Vol. 139 Ch. 1938
မူလ နဂါး မဟာ သူတော်စင်က၊ သူ့မုတ်ဆိတ် မွေးကို ဘယ်ဘက်ဖြင့် ပွတ်ပြီး၊ လင်းယွန်ထံ ညာလက်နှင့် တံဆိပ်အား၊ ပေးအပ်လိုက်သည်။
တစ်ဖက်တွင် လင်းယွန်မှာ ရွေးချယ်စရာ မရှိသောကြောင့် တံဆိပ်ကို ကြည့်ပြီး၊ ခါးသီးစွာ ပြုံးလိုက် တော့၏။
သူ ထွက်သွား နိုင်ပြီး၊ မူလ နဂါး မဟာ သူတော်စင်မှ မည်သည့် အရာမျှ လုပ်ဆောင် မည် မဟုတ်မှန်း သိသော်လည်း၊ ကောင်းကင် တာအို ဂိုဏ်းကို မထား လိုချေ။
ကောင်းကင် တာအို ဂိုဏ်းထက် သာလွန် ကောင်းမွန်သော ပတ်ဝန်းကျင်မျိုး ရှာတွေ့ နိုင် မည် မဟုတ်ဟု ယုံကြည်သည်။
အရေးကြီး သည်မှာ သူ့အတွက် နစ်နာမှု မရှိသောကြောင့် ဖြစ်သည်။ အသက် ပြင်းပြင်း ရှူလျက်၊
“ မဟာ သူတော်စင် ... ၊ ကတိကို တည်မှာလား။ ”
“ ငါ ... ဒီအကြောင်း ... သတ်ဖြတ်ခြင်း မဟာ သူတော်စင် ကိုတောင်၊ ပြောပြမှာ မဟုတ် ဘူး၊ ငါ့ကို သူ့လို ဆိတ်အို ကြီးများ ထင်နေလား၊ ငါ ဘယ်သူ့ကိုမှ မလှည့်ဖြား ဖူးဘူး၊ ”
ဤသည်မှာ အမှန် ဖြစ်၏။ ထိုစကား ကြားပြီး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် နှင့် မူလ နဂါး မဟာ သူတော်စင်ကြား၊ ဇာတ်လမ်း ရှိနေ သည်လောဟု၊ သံသယ ဝင်လာ ခဲ့သည်။
သို့သော် တွေးရန် အချိန် မရှိဘဲ၊ တံဆိပ်ကို ယူလိုက်သည်။ ဤမြင်ကွင်း ကြောင့် မူလ နဂါး သူတော်စင်မှ ပြုံး၏။
သူ့အမြင်၌ သက်တံဓား သူတော်စင်သည် အဘယ့် ကြောင့်၊ သူ့ တပည့်အား ကောင်းကင် တာအို ဂိုဏ်းသို့၊ ပို့ဆောင် ခဲ့သည်ကို နားလည် လာသည်။ ၎င်းသည် ထက်မြက် ချေ၏။
“ ယဲ့ချင်းရှန် ... ၊ မင်းရဲ့ သူတော်စင် ခန္ဓာကိုယ် နှစ်ခုကို ပြစမ်း။ ”
လင်းယွန်မှ ခေါင်းညိတ် ပြပြီး၊ အရောင် နှစ်မျိုး ပါရှိသော နဂါးရူရ် များကို၊ ထုတ်ဖော် ပြ သ လိုက်သည်။
ခရမ်း-ရွှေရောင်နှင့် ကျောက်စိမ်းပြာ ရူရ်ပေါင်း တစ်သိန်း အထိ ရောက်ရှိ လာချိန်၌၊ နဂါး နှစ်ကောင်မှ သူ့အား ရစ်ခွေ လာ၏။
၎င်းတို့သည် မိုးပြာ နဂါးနှင့် နဂါးပြာ ဖြစ်ပြီး၊ (၁၀)ပေခန့် ရှည်လျား ချေသည်။ မိုးပြာ နဂါးမှာ ဓားဖြင့် အနားသပ် ထားကာ၊ မျက်ဝန်း များ၌ မိုးကြိုး မုန်တိုင်းများ ဖြစ်တည် နေ၏။
နဂါးပြာ တွင်မူ၊ အသက်ဓါတ် ဖြစ်သော သွေးသား စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။ မူလ နဂါး မဟာ သူတော်စင်မှ တစ်စုံ တစ်ရာကို ချက်ခြင်း သတိပြု မိပြီး၊ အတွေးထဲ နစ်မျော သွားတော့သည်။
မိုးပြာ နဂါးသည် ဓား ရည်ရွယ်ချက်နှင့် ပေါင်းစပ် နေပြီး၊ နဂါးပြာသည် နဂါးပြာ အရိုး ဖြင့် တစ်သားတည်း ဖြစ်နေ၏။
ယင်းက သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ခုကို ပေါင်းစပ်ကာ၊ မိုးပြာ နဂါး နတ်ခန္ဓာကို ဖွဲ့စည်း လိုကြောင်း၊ မြင်သာ သည်။
သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် နှစ်ပါးသည် တန်ခိုးကြီး သော်မှ၊ သူတော်စင် အဆင့် ၌သာ ရှိသေး သောကြောင့်၊ နတ် ခန္ဓာအား မယှဉ် နိုင်ချေ။
နတ်ခန္ဓာသည် ရှားပါး လှလေရာ၊ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် (၂)ခုကို ပိုင်ဆိုင်ခြင်း သည်ပင်၊ အစွမ်း ထက်ပြီး ပြိုင်ဘက်ကင်း ပေ၏။
သို့သော် ရွှေခေတ် ရောက်သော အခါ ကြီးကျယ် ခမ်းနားသော ပါရမီရှင်များ ပေါ်လာ မည် ဖြစ်သဖြင့်၊ သူတော်စင် ခန္ဓာ နှစ်ပါးက၊ အားနည်း လာနိုင်မည်။
“ အခုရော ဘယ်လို နေလဲ ... ။ ”
လင်းယွန်က အဓိပတိ နဂါး တံဆိပ်ကို ဖန်တီး လိုက်၏။ ရူရ်များ အချင်းချင်း ပေါင်းစပ် ကုန်သည်။
နတ်ခန္ဓာမှ ထွက်လာသော ရောင်ဝါက ရုန့်ရင်း ကြမ်းတမ်းစွာ ထွက်လာ၏။ လင်းယွန်မှ အရပ် နှစ်မီတာ အထိ ကြီးထွား လာပြီး၊ နိဗ္ဗာန် အထွတ် အထိပ် ဖိအားမျိုး ပေးစွမ်း လာသည်။
ဤလူငယ်သည် ပါရမီရှင် တစ်ပါး ဖြစ်၏။ ထိုအတွေးက မူလ နဂါး မဟာ သူတော်စင်အား အံ့အားသင့် စေခဲ့သည်။ သတိထား ကြည့်မိလေ၊ ပို၍ လက်မလွှတ် နိုင်လေ ဖြစ်လာ၏။
သက်တံဓား သူတော်စင်သည်၊ မျိုးစေ့ ကောင်းကောင်းကို ရယူထား နိုင်ခဲ့ သော်လည်း၊ ပျိုးထောင်ခွင့် မရှိ တော့ချေ။ သူ့လက်ထဲ ရောက်ရှိ လာသည်။
ထိုအတွေးက မူလ နဂါး မဟာ သူတော်စင်ကို ပြုံးရွှင် လာစေသည်။ သူကောင်း သား၏ ပျိုးပင်သည်၊ သူ့လက်၌ ပွင့်ရ ပေတော့မည်။
သို့သော် ချက်ချင်း ဣန္ဒြေ ဆည်လိုက်ပြီး၊ အထင်အမြင် သေးသော အသွင်ဖြင့်၊
“ ဒါဆို လုံလောက်ပြီ ... ၊ ကိုယ့်ကိုကိုယ် အရှက် မခွဲနဲ့၊ ဒါက အမွေးတိုင် လောင်ကျွမ်းချိန် တဝက်စာ လောက်ပဲ ... ခံနိုင် လိမ့်မယ်။ ”
“ ကျွန်တော် (၁၅) မိနစ်လောက် အထိ ... ထိန်းထားနိုင် ပါတယ်၊ ရွှေနဂါး၊ ငွေနဂါးနှင့် နဂါး ပြာ တံဆိပ်တွေ ကိုလည်း ဖန်တီး နိုင်သေး ပါတယ်။ ”
“ မိုးပြာ နဂါး သူတော်စင် ပညာရပ်နဲ့၊ နဂါးပြာ ကောင်းကင် ဖျက်ဆီးခြင်း ပညာရပ် တွေကို ချရေးပါ၊ သူတို့ကို ပေါင်းစပ်ဖို့ ... ၊ ငါ နည်းလမ်း ရှာပေးမယ်။ ”
မူလ နဂါး မဟာ သူတော်စင်က ပြော၏။ ထို့နောက် ဒေါသ ထွက်ပြီး၊ အထင် သေးသော အကြည့်ဖြင့်၊
“ မင်း ... နတ်ခန္ဓာက ကြာရှည် မခံဘူး၊ မျက်နှာပြင်ကို ထိရုံလေးဘဲ ရှိသေးတယ်၊ အဲဒီ လူလိမ်က မင်းကို ... မသင်ပေး နိုင်ဖူး မဟုတ်လား။ ”
-ဟု မေးမြန်း လိုက်သည်။
ဤသည်မှာ ရည်ရွယ်ချက် ရှိရှိ၊ လက်စားချေ နေမှန်း သိလိုက် သဖြင့်၊ လင်းယွန် တစ်ယောက် ပါးစပ် ပိတ်လျက်၊ ချရေး လိုက်မိ တော့သည်။
မူလ နဂါး မဟာ သူတော်စင်က ဘေးတွင် ရပ်ကာ၊ နည်းစနစ် နှစ်ခုကို ကြည့်လျက်၊ ခေါင်း ညိတ် နေ၏။ ရေးပြီး သည်နှင့် မူလ နဂါး သူတော်စင်မှ၊ ပြုံးကာ၊
“ လက်ရေး လှတယ် ... ။ ”
-ဟု ချီးကျူး တော့သည်။
“ ဆရာ ... သင်ပေး ထားတာ။ ”
“ ဒါပေမယ့် သူ့မှာ ... သူရဲကောင်း ဆန်တဲ့ နှလုံးသားမျိုး မရှိတာ သနား စရာ ပါပဲ ... ၊ မင်း အခု ထွက်သွားလို့ ရပြီ။ ”
မူလ နဂါး မဟာ သူတော်စင်က လေးနက်သော အသွင်ဖြင့်၊ လင်းယွန် ပေးသည့် စာရွက်ကို ချက်ချင်း ဆွဲယူ ဖတ်ချေ၏။
“ အိုး ... ၊ နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ်ရဲ့ ... သူတော်စင် နယ်ပယ် အပိုင်းကို အကျိုးဆောင် ခန်းမမှာ ... ယူလို့ ရတယ်၊ မင်းက ဒီ-အဆင့်ရဲ့ ချန်ပီယံ ဆိုတော့ ...
... အတော်လေး အကျိုး ကျေးဇူးတွေ ... ရမှာပါ၊ ကောင်းကင် စက်ဝန်း ကျောင်းတော်ကို တော့၊ မဝင် နဲ့ဦး ... ၊ နိဗ္ဗာန် အဆင့် ရောက်မှ ... မင်းကို ငါကိုယ်တိုင် လိုက်ပို့ ပေးမယ်။ ”
“ ကျေးဇူး တင်ပါတယ် ဆရာ ... ။ ”
လင်းယွန်က ပြုံးလျက် အရိုအသေ ပေးမိသည်။
“ ဒါနဲ့ ဆရာ ... ၊ ဆရာ့မှာ စစ်မှန်သော နဂါး သွေးရည်ကြည် ရှိလား။ ”
မူလ နဂါး မဟာ သူတော်စင်သည်၊ ခန္ဓာကိုယ် သန့်စင် ထားသူ ဖြစ်သဖြင့်၊ ရှိရ မည်ဟု ယုံကြည်၏။
“ မင်းကို ... ငါ ပေးခဲ့တဲ့ တံဆိပ်ကို ကြည့်လိုက်။ ”
လင်းယွန်က တံဆိပ်ကို ပြန်ကြည့် လိုက်သောအခါ၊ ရွှေရောင် သွေးများ တဖျပ်ဖျပ် လက်နေ သည်ကို တွေ့လိုက် ရသည်။
ထိုသွေးတွင် သူတော်စင် ရောင်ဝါနှင့် ရက်စက် ကြမ်းကြုတ်မှုတို့ ပါရှိ နေ၏။ ၎င်းမှာ မူလ နဂါး မဟာ သူတော်စင် သွေး ဖြစ်သည်။
လင်းယွန်က ထိတ်လန့် နေစဉ်၊
“ မင်းက အခု ... ငါ့ရဲ့ သီးသန့် တပည့် ဖြစ်နေပြီ၊ ငါပိုင်တဲ့ အရာ အားလုံးကို သဘာဝ အတိုင်း၊ မင်း ... ဆက်ခံ နိုင်တယ်၊ ဒီနှစ်တွေ ...
... တစ်လျှောက်လုံး ... ငါ ရထားတဲ့ အကျိုးဆောင် အမှတ်နဲ့ ... ၊ ရတနာ တွေကို အဲဒီ တံဆိပ် ပြပြီး၊ ထုတ်ယူ နိုင်တယ်။ ”
-ဟု မူလ နဂါး မဟာ သူတော်စင်မှ ခေါင်းဖော်ခြင်း မရှိဘဲ ပြန်လည် ဖြေကြားသည်။
လင်းယွန် တစ်ယောက် အကြာကြီး တိတ်ဆိတ် သွား၏။ ထို့နောက် လက်သီး ဆုပ် ကာ အရိုအသေ ပေးလျက်၊ ထွက်ခွာ လာခဲ့ မိသည်။
မရဏ မိုးကြိုး တောင်ထိပ်သို့၊ ပြန်ရောက် သည့်အခါ၊ အိပ် မရသဖြင့်၊ တောင်ထိပ် သခင်ထံ သွားမိသည်။
တောင်ထိပ် သခင်က ပြုံးပြီး၊
“ ပြန် ရောက်ပြီလား။ ”
-ဟု မေးသည်။
“ ဟုတ်ကဲ့ ... ပြန်ရောက် ပါပြီ။ ”
“ ဒီမှာ ... ချန်ပီယံ အတွက် ဆုလာဘ်တွေ ... ။ ”
တောင်ထိပ် သခင်က ကျောက်စိမ်း ပုလင်း ငါးလုံးကို ထုတ်ယူ၏။
“ ဒါတွေက နိဗ္ဗာန် ဆေးလုံး တွေပဲ၊ ငါးသိန်း တိတိ ရှိတယ်။ ”
လင်းယွန်က ပုလင်း များကို လက်ခံ ယူသည်။ ဖွင့်လိုက်သော အခါ ခရမ်းရောင် အခိုး အငွေ့များ ချက်ချင်း ပျံ့လွင့် လာ၏။
“ ဒါက ပါရမီရှင် တစ်ယောက် ရတဲ့ အခွင့်အရေးပဲ၊ ခရမ်းရောင် နိဗ္ဗာန် ဆေးလုံးတွေ ဆိုတာ အမြင့်ဆုံး အဆင့်ပါ၊ မြန်မြန် ပြန် ပိတ်လိုက်။ ”
“ ကျေးဇူး တင်ပါတယ်။ ”
“ မင်းက ထိုက်တန် ပါတယ်၊ ငါ့ကို ကျေးဇူးတင် နေစရာ မလိုဘူး၊ ဒီမှာ အမည်ခံ သူတော်စင် ဆေးလုံး၊ ဒီဆေးလုံး အတွက်၊ ထျန်း-အဆင့်မှာ ... ၊ မျိုးဆက်ဟောင်း သူတော်စင် တပည့်တွေ ... ၊ တိုက်ပွဲ ဝင်နေ ကြတာ။ ”
တောင်ထိပ် သခင်မှ သေတ္တာ တစ်လုံး ထုတ်ပေး၏။
“ အမည်ခံ သူတော်စင် ဆေးလုံးလား ... ၊ ဒါကို သန့်စင် ပြီးတာနဲ့၊ ချက်ချင်း ... အမည်ခံ သူတော်စင် ဖြစ်လာ နိုင်တယ်လို့ ... ဆိုလို တာလား။ ”
လင်းယွန်က စိတ်ဝင်တစား မေးသည်။ တောင်ထိပ် သခင်မှ ခေါင်းခါလျက်၊
“ အမည်ခံ သူတော်စင် ဖြစ်ဖို့ ဆိုတာ မလွယ်ဘူး၊ ဒီဆေးလုံးကို အသုံး မပြု နိုင်ရင် တောင်၊ အခြား ရတနာ တွေနဲ့၊ ...
... လဲလှယ် နိုင်တယ် ... ၊ မဟုတ်လည်း အမည်ခံ သူတော်စင် ဖြစ်လာတဲ့ အထိ၊ သိမ်း ထား နိုင်တယ်။ ”
-ဟု ရှင်းပြ လာ၏။
၎င်းအား နဂါးလေး အတွက် ပေးအပ်ရန် စိတ်ကူး လိုက်သည်။ ထိုကြောင်မိုက်မှာ နိဗ္ဗာန် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်၏။
“ အကျိုးဆောင် အမှတ် ... ငါးရာနဲ့၊ ကောင်းကင် စက်ဝန်း ကျောင်းတော်ကို ဝင်ခွင့်၊ တစ်ကြိမ် ထပ်ရမယ်။ ”
“ ဟုတ်ကဲ့ ... လောလော ဆယ်တော့ ဘုံကျောင်းထဲ ဝင်ဖို့ စိတ်ကူး မရှိသေး ပါဘူး၊ အချိန် ကျရင် မဟာ သူတော်စင်က လိုက်ပို့ ပေးပါ လိမ့်မယ်။ ”
“ ကောင်းပြီ ... ၊ မင်း ဆရာက အဲဒီကို လိုက်ပို့ပေးမယ် ဆိုရင်၊ နောက်ထပ် အဆင့် ထပ် တက်နိုင် မှာပါ၊ ယဲ့ချင်းရှန် ... အခု မင်းမှာ ဆရာကောင်း တစ်ယောက် ရှိပြီ၊ သူ့ကို ကောင်းကောင်း တန်ဖိုး ထားပါ။ ”
တောင်ထိပ် သခင် စကားကို လင်းယွန်မှ ခေါင်းညိတ်ပြ လိုက်သည်။
“ ကောင်းပြီ ... ၊ မင်း အခု ထွက်သွားလို့ ရပြီ။”
မရဏ မိုးကြိုး တောင်ထိပ် သခင်က ပြုံးကာ ပြောလာ တော့၏။
“ တောင်ထိပ် သခင် ... တကယ်တော့ ... ကျွန်တော် အတွက် နိဗ္ဗာန် ဆေးလုံးတွေ အများ ကြီး မလိုပါဘူး၊ မရဏ တောင်ထိပ်က တပည့် တွေ အတွက်၊ နှစ်ပုလင်း လောက်ပေး သုံးလို့ ရပါတယ်။ ”
“ ဘာလို့လဲ ... ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ မေးလေသည်။
“ ကျွန်တော်က ... ၊ မရဏ မိုးကြိုး တောင်ထိပ်ရဲ့ တပည့် ကြီးပဲ၊ အရင် တုန်းက လုပ်ခဲ့တဲ့ အရာတွေ အတွက် လျော်ကြေး ပေးချင် လာလို့ပါ။ ”
ယဲ့ချင်းရှန် ဆိုသူသည် အခြား သူများနှင့် ရင်ဆိုင်ရ ချိန်၌၊ သူရဲဘော ကြောင်သူ ဖြစ်ခဲ့ကာ၊ တောင်ထိပ်မှ တပည့်များ အပေါ်မူ၊ အနိုင်ကျင့် သည်။
အမှန်တွင် မရဏ တောင်ထိပ်မှ တပည့် များသည် ကောင်းမွန်သော စရိုက် လက္ခဏာ များ ရှိသဖြင့်၊ ယဲ့ချင်းရှန် ကိုယ်စား တစ်ခုခု ပြန်လုပ် ပေးချင် လာခြင်း ဖြစ်သည်။
“ မလိုအပ် ပါဘူး ... ၊ နိဗ္ဗာန် အဆင့် ရောက်ဖို့၊ အရင်းအမြစ် ဘယ်လောက် သုံးရမလဲ မင်း သိလို့လား၊ သွား ... ယူသွား၊။ ”
တောင်ထိပ် သခင်မှ လေးနက်သော အမူအရာဖြင့် ပြောကြား လာသည်။ လင်းယွန်မှ ပြုံးပြီး၊ မဟာ သူတော်စင် တံဆိပ်အား၊ ထုတ်ယူ ပြသ လိုက်၏။
“ ကျွန်တော် ဒီနေ့ပဲ ... မူလ နဂါး မဟာ သူတော်စင်ရဲ့ သီးသန့် တပည့် ဖြစ်သွားပြီ။ ”
“ ခွမ်း ... ။ ”
တံဆိပ်ကို မြင်သော အခါတွင်၊ တောင်ထိပ် သခင်၏ မျက်နှာ ပြောင်းသွားကာ၊ ရေနွေးကြမ်း ခွက် ပြုတ်ကျ သွားတော့၏။
ဤသည်မှာ မည်သည့် အရာကို ကိုယ်စား ပြုကြောင်း သိ၏။ မူလ နဂါး မဟာ သူတော်စင် ကွယ်လွန်သော်၊ အရာ အားလုံး ယဲ့ချင်းရှန်မှ အမွေ ဆက်ခံမည် ဖြစ်သည်။
သူတော်စင် တစ်ပါးတွင်၊ တပည့် များစွာ ရှိသော်လည်း၊ ၎င်းတို့ တစ်သက် တာ၌ သီးသန့် တပည့် တစ်ဦးသာ ထားနိုင်၏။
ထို့ကြောင့် သူတို့သည်၊ မည်သူ့ကို ရွေးချယ် ရမည်အား၊ သဘာဝ ကျကျ ဂရုတစိုက် လေ့လာ ကြသည်။
လက်ရှိ ယဲ့ချင်းရှန် ရာထူးသည် သူ့ ထက်၊ မြင့်မားပြီ ဖြစ်၏။ မဟာ သူတော်စင် တစ်ပါး၏ သီးသန့် တပည့်သည်၊ သူတော်စင် အကြီးအကဲ ရာထူး တဝက်နှင့် ညီမျှ ပေသည်။
“ ယဲ့ချင်းရှန် ... ၊ မင်းက ဘယ်သူ့ကို ဘယ်လို အညှာကိုင် ရမလဲ ဆိုတာ ... တကယ် သိတဲ့ ကောင်ပဲ။ ”
***