အလင်း မူလ။
Vol. 139 Ch. 1939
“ သီးသန့် တပည့်၊ ဒါက သူတော်စင် အကြီးအကဲ ရာထူး တစ်ဝက်နဲ့ ညီမျှတယ်၊ မင်း မူလ နဂါး မဟာ သူတော်စင်ကို ကျေးဇူး တင်ရမယ်။ ”
တောင်ထိပ် သခင်မှ လေးနက်စွာ ပြောသည်။
“ မူလ နဂါး မဟာ သူတော်စင်က ... ဖော်ရွေပုံ မပြပေမယ့်၊ သူ့မှာ နူးညံ့တဲ့ နှလုံးသား ရှိတယ်၊ လွန်ခဲ့တဲ့ နှစ် ရာပေါင်း များစွာ တုန်းက၊ သူ့တပည့် တွေရဲ့ အလောင်း တွေကို ဖက်ပြီး၊ ...
... ငိုကြွေးတာ ငါ မြင်ဖူးတယ်၊ မဟာ သူတော်စင် တစ်ပါးက ... ငိုကြွေး လိမ့်မယ်လို့ ငါထင်တောင် မထင် ခဲ့ဘူး၊ မင်း ... မြင်ယောင် ကြည့်စမ်း။ ”
“ ဒါကြောင့် တပည့် အသစ် ... ထပ်ပြီး၊ လက်မခံတော့ တာလား၊ သူတို့က ဘာဖြစ် သွား တာမို့လဲ။ ”
“ အဲဒီ တုန်းက ... ငါ ငယ်သေးတယ် ။ ”
မရဏ မိုးကြိုး တောင်ထိပ် သခင်မှ အဝေးကို ငေးကာ၊ ပြန်ပြောင်း ပြောပြ လာ၏။
“ တကယ်တော့ ... ၊ သူတော်စင် တပည့် တွေ အားလုံး နတ်ဘုရား သင်္ချိုင်း တောအုပ်မှာ (၆)လကြာ တာဝန် ထမ်းဆောင် ရတယ်၊ ဒါကြောင့် မင်းလည်း အသင့် ပြင်ထားပါ။ ”
“ နတ်ဘုရား သင်္ချိုင်း တောအုပ်လား။ ”
ထိုအမည်ကို အကြိမ်ပေါင်း များစွာ လင်းယွန်မှ ကြားသိ ထားချေ၏။ ၎င်းအရပ်၌ နတ်ဘုရား များစွာ သေဆုံး ခဲ့ရသည် ဟူသော ဒဏ္ဍာရီများ ရှိသည်။
ကြောက်စရာ ကောင်းသော တည်ရှိမှု အများအပြားကို လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀၀) က၊ ထိုနေရာ၌ ချိတ်ပိတ် ထားခဲ့သည်။
အမှောင် ပြန်ဝင် လာခြင်းကို စောင့်ဆိုင်း နေကြ သည်ဟု မှတ်တမ်း များမှ ဆိုထားသည်။ ခရမ်းငယ် သွားခဲ့သော အနန္တ နတ်မိစ္ဆာ တောင်ထိပ်နှင့် ဆင်တူ၏။
“ ဟုတ်တယ် ... ၊ ဒါပေမယ့် စိတ်မပူ ပါနဲ့၊ မင်းက အဲဒီ နေရာမှာ တာဝန်ကျ ရင်တောင်၊ တားမြစ် နယ်မြေထဲ မသွားရင်၊ ...
... ဘာမှ မဖြစ်ပါဘူး၊ အများစု ကတော့ ... နတ်ဆိုး သားရဲ တွေကို ရှင်းပစ် ရမဲ့ တာဝန် ပါပဲ၊ အန္တရာယ် ရှိတဲ့ အရာ တွေမှာ၊ မင်းတို့ကို ပါဝင် ခိုင်းမယ် မထင်ဘူး။ ”
ဤသည်မှာ မြင့်မြတ်မြေမှ တပည့် တိုင်း၏ တာဝန် ဖြစ်ချေပြီ။ ကောင်းကင် တာအို ဂိုဏ်း၏ အရင်းမြစ် များကို သုံးစွဲ ရယူ ပြီးနောက်၊ ဂိုဏ်း အတွက် တာဝန် ထမ်းဆောင် ရမည်မှာ၊ သဘာဝ ပေပင်။
အချိန် အနည်းငယ်ခန့် စကား စမြည်များ ပြောဆိုကာ၊ တောင်ထိပ် သခင်အား နှုတ်ဆက် လျက်၊ ပြန်လာ ခဲ့သည်။
ခြံထဲတွင် ခရမ်းငယ်မှ လမင်းကို ငေးမော နေသဖြင့်၊ လင်းယွန်က သူမ ခေါင်းထံ လက်နှင့် အုပ်ကိုင် လိုက်မိ၏။
“ ဧကရီ၊ ဘာ ပြဿနာ ရှိလို့လဲ။ ”
ဤရက်ပိုင်း အတွင်း၊ နေ-လ နတ်ရူရ် အတွက်၊ ငရဲ သစ်ခွ ခြံဝင်းသို့ သူမ သွားလာ နေသည်ကို၊ လင်းယွန် သိ၏။
“ ဘာမှ မဟုတ် ပါဘူး၊ လမင်းကို ကြည့်နေတာ။ ”
အလွန် စိတ်ဓာတ် ကျနေ ဟန်ဖြင့် ပြန် ဖြေသည်။ ထို့ကြောင့် ဒီ-အဆင့် ချန်ပီယံ ဖြစ်ခဲ့ ကြောင်း သူမအား ပြောပြ လိုက်သည်။
“ အခု ... ငါ့မှာ အကျိုးဆောင် အမှတ် (၅)သိန်း ရှိတယ်၊ စစ်မှန်သော နဂါး သူတော်စင် သွေးရည် ကြည်နဲ့ လဲပေးမယ်။ ”
“ တကယ်လား ... ။ ”
ခရမ်းငယ် မျက်ဝန်းများ ချက်ချင်း လင်းလက်သွား သော်လည်း၊ မကြာမီ ပြန်လည် ငြိမ်သက် ငေးမော သွားပြန်၏။
“ ငါ အဆင် ပြေပါတယ်၊ နင့် အတွက်ပဲ အရင်းမြစ် တွေနဲ့ လဲလှယ် လိုက်ပါ၊ ငါ အလျင် မလို သေး ပါဘူး။ ”
သူမအား မည်သို့ နှစ်သိမ့် ရမည်ကို မသိ သောကြောင့်၊ ခေါင်းငိုက်စိုက် ချကာ၊ အခန်းထဲ လျှောက်လှမ်း လာမိသည်။
တိုက်ပွဲများ အပြီးတွင် နားလည်မှု အချို့ ရရှိခဲ့ သဖြင့်၊ ၎င်းတို့အား ချေဖျက်ရန် လိုအပ် ချေပြီ။
ယဲ့ဖေးဖန်၊ ကျန်းယွီနှင့် လင်းတုံပိုင်မှာ ဝမ်မူယန် ပြောသော အမှိုက်များ အမှန်ပင် ဖြစ် ၏။
၎င်းတို့နှင့် ယှဉ်က၊ ဘဝ-ရည်ရွယ်ချက် ပိုင်ဆိုင်သော ဝမ်ယွဲ့ သာလျှင်၊ သူ့အား အမြင် သစ်များ ပေးချေပြီ။ ဆက်လက် တိုက်ခိုက် ပါက၊ ဝှက်ဖဲများ ထုတ်ဖော် ရနိုင်၏။
ဘဝ-ရည်ရွယ်ချက် သည်၊ လွယ်ကူသော အရာ မဟုတ်ချေ။ နဂါးပြာ အရိုး၏ အာနိသင် ကြောင့်သာ၊ သူ့၌ နားလည်ရန် မျှော်လင့်ချက် အနည်းငယ် ရှိခြင်း ဖြစ်၏။
ကောင်းကင် သန့်စင်ခြင်း တောင်တွင် တွေ့ဆုံခဲ့သော ချန်ကျန့် ဆိုသူအား ရုတ်တရက် သတိ ရလာ မိသည်။
၎င်းတွင် မရဏ-ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်ခြေ မြင့်မား၏။ ထိုသူဖြင့် တိုက်ခွင့် မရ သည်မှာ၊ နှမျော စရာ ပေပင်။
မျက်လုံးများ မှိတ်ချ လိုက်သည်။ ဓားပင်လယ် အတွင်းမှ ရွှေလူသားက နေ့ခင်းက တိုက်ပွဲ များတွင်၊ အသုံးပြုသည့် နည်းပညာ အားလုံးကို ပြန်လည် ကစား နေ၏။
တစ်ချိန်တည်း မှာပင်၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းနှင့် အရိယာ ဓားသုတ္တန် တို့အား လှည့်ပတ် လိုက်၏။
နိဗ္ဗာန် ဆေးလုံး များကြောင့် မူလ စွမ်းအင်မှာ၊ ခန္ဓာကိုယ် တစ်လျှောက် လှည့်ပတ် လျက်၊ မရဏ-ပဉ္စမ အဆင့်သို့ ရောက်ရှိ လာသည်။
နှစ်နာရီကြာ ပြီးနောက် မျက်လုံးများ ပြန်ဖွင့်ကာ၊ အသက်ရှူ သွင်းမိ၏။ ဤသည်မှာ မြင့်မြတ်မြေ များ၏ အကျိုးကျေးဇူး ပေပင်။
မရဏ-ပဉ္စမမြောက် အဆင့်သို့ ရောက်ရှိ လာရုံ သာမက၊ ဓား ရည်ရွယ်ချက် သည်လည်း၊ ကြယ်ဓား အဆင့် ရောက်လာ၏။
ပိုးစုန်းကြူး နတ်ဓားကို ဒသမ ပုံစံသို့ ရောက်ရှိ ထားခဲ့ပြီး၊ အလုံးဆုံ ကျွမ်းကျင်ရန် သုံးကွက်သာ လိုပေ တော့သည်။
“ ဟမ့် ... ။ ”
ထို့နောက် ခဏ ရပ်နားကာ၊ အိမ်ပြင် ထွက်လိုက်သည်။ ခြံထဲတွင် လဲလျောင်းလျက်၊ လမင်းကို မော့ကြည့် နေသော ခရမ်းငယ်နှင့် နဂါးလေးမှာ ရှိနေဆဲ ပေပင်။
ထို့ကြောင့် လင်းယွန်က ပလွေအား ထုတ်ကာ၊ ဖီးနစ် နှလုံးသားကို တီးမှုတ် လိုက် မိ၏။
ရုတ်တရက် လရောင်များ သူမထံ ဖြာကျ လာသဖြင့်၊ ခရမ်းငယ်မှ လှည့်ကြည့် လေသည်။ ခေါင်းမိုး ပေါ်၌ လင်းယွန်က ပလွေမှုတ် နေ၏။
ဖီးနစ် နှလုံးသား သီချင်း ပြီးနောက်၊ နောက်ထပ် သီချင်းများ ဆက်၍ တီးမှုတ်သည်။ ရုတ်တရက် သံစဉ်မှာ အမြင့်သို့ ရောက်ရှိ သွား၏။
“ သူတော်စင် ဘုရင် ... ။ ”
ခရမ်းငယ်မှ အံ့သြ သွားသည်။ သူမ သင်ပေးသော သီချင်းများ အားလုံး ကုန်ချိန်၌၊ ကောင်းကင် ရနံ့ သင်းသင်းမှ သီချင်း များထံ လင်းယွန်က ဆက်သွား၏။
မီးလွင်ပြင် ထဲက ဖီးနစ်၊ ကောင်းကင် ပိုးစာပင်နှင့်၊ ကိုးပါး ကောင်းကင် ချပ်ဝတ် အပါ အဝင်၊ သင်ယူခဲ့ သမျှသော တေးသွားများ အကုန် ဖြစ်၏။
သူ့ သီချင်းသည် ခရမ်းငယ် အပေါ်၊ ငွေရောင်အလင်း ကြိုးမျှဉ်များ အဖြစ် ကျဆင်း လာသည်။
“ ဝှစ် ... ။ ”
ခရမ်းငယ်မှ ထိုအလင်း ချပ်၀တ်ကို ငုံ့ကြည့်ကာ ပြုံးလျက်၊ လင်းယွန်ထံ ပျံသန်း သွားတော့ သည်။
“ နင်က ... ငါ သင်ပေး ခဲ့တဲ့ သီချင်းတွေ အားလုံးကို မှတ်မိ တာလား၊ အလုပ် ကြိုးစားတဲ့ လူယုတ်မာပဲ။ ”
“ ကောင်မလေး ... ၊ နေ-လ နတ်ရူရ်က ကောင်းကင် တာအို ဂိုဏ်းမှာ ရှိနေတယ် ဆိုတာ သေချာ နေပြီမို့၊ ငါတို့ ရှာတွေ့ မှာပါ။ ”
“ ငါ အဆင်ပြေ ပါတယ်၊ စိတ်ထဲမှာ နည်းနည်း ဗလာဖြစ်နေ သလို ခံစား လာရ လို့ပါ။ ”
“ ဗြိ ... ။ ”
သူမ စကားပြော နေစဉ်၊ အလင်း ကြိုးမျှဉ် များကို ဆုတ်ဖြဲ ပစ်လိုက်ရာ၊ ဂီတ မှတ်စုများ အဖြစ်၊ လွင့်ပျံ သွား၏။
“ ကိုးပါး ကောင်းကင် ချပ်ဝတ်က မကောင်း လို့လား။ ”
လင်းယွန်မှ မေးသည်။
“ မဟုတ်ဘူး ... ကောင်းပါတယ်၊ ဒါပေမယ့် ... ငါ့မှာ အင်္ကျီ ရှိတယ်။ ”
ခရမ်းငယ်က စောင်တစ်ထည်ကို ထုတ်ယူ လိုက်၏။
“ ဒါက ... စောင်တစ်ထည်ပဲ။ ”
“ ဟမ့် ... ၊ ငါက အင်္ကျီလို့ ပြောရင် ... ဒါက အင်္ကျီပဲ။ ”
ဤသည်မှာ သူမ အအေး မိ မည်ကို စိုးရိမ်ကာ၊ သူ ခြုံပေး ခဲ့သော စောင် ဖြစ်သည်။ အအေးမိ နေသည့် ရေခဲ ဖီးနစ်ကို မြင်ဖူးလား ဟုပင်၊ ထိုစဉ်က လှောင်ပြောင် ခဲ့ဖူး၏။
မည်သို့ပင် ဆိုစေ ကာမူ၊ သူမ ပျော်နေက အဆင် ပြေသည်။ စောင်ခြုံလျက် ခရမ်းငယ်မှ သူ့ထံ လှည့်ပြီး၊ ပြုံးပြ လေသည်။
မိုးလင်းသော အခါ ခရမ်းငယ်နှင့် နဂါးလေးသည် စိတ်အား ထက်သန် စွာဖြင့်၊ ငရဲ သစ်ခွ ခြံဝင်းထံ ထပ်မံ သွားရောက် ပြန်၏။
လင်းယွန် မှာမူ၊ နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို၊ ရယူရန် ထွက်ခွာ လာခဲ့သည်။ သူအား မြင်သည်နှင့် လူတိုင်းမှ အာရုံစိုက် လာတော့၏။
ကျန်းယွီ၊ ယဲ့ဖေးဖန်နှင့် လင်းတုံပိုင် တို့ကို အနိုင်ယူ လိုက်သော ဓားသည်၊ ဂိုဏ်း၌ သူ့အား ဩဇာ ကြီးမား လာစေသည်။
သို့သော် ထိုဓား၏ အမည်ကို မည်သူမျှ မသိချေ။ ၎င်းတို့ အမြင် အရ အလင်း မူလ- ဟု အမည်ပေး ကြသည်။
ယင်းကို ကြားပြီးနောက်၊ လင်းယွန်မှ ပြုံးမိသည်။ ဤလူများသည် သူ့ဓား အမည်အား အနီးစပ်ဆုံး ခန့်မှန်း နိုင်ချေ၏။
ထို့ကြောင့် ထိုဓားကို ကနဦး ဓား၏ ပထမ ပုံစံ၊ အလင်း မူလ အဖြစ် ခေါ်ဆို သင့့်သည်လော ဟု၊ တွေးမိ လာစေသည်။
“ ယဲ့ချင်းရှန် လာပြီ။ ”
လင်းယွန် ပေါ်လာသော အခါတွင်၊ လမ်း တစ်လျှောက်လုံး ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။ ခန်းမသို့ အရင်းအမြစ်များ လဲလှယ်ရန် သွားနေ သော တပည့် တိုင်းက လှည့်ကြည့် လာ၏။
“ ယဲ့ချင်းရှန် ... မင်း အရင်းမြစ် တွေ လဲလှယ်ဖို့ သွားနေတာ မဟုတ်လား ... ၊ ငါတို့ ဘာလို့ အတူတူ၊ မသွား ရတာလဲ။ ”
ရုတ်တရက် ပြုံးရွှင်သော အမူအရာဖြင့်၊ လူတစ်ယောက် ပေါ်လာ၏။ ဤသည်မှာ ဝမ်ယွဲ့ ဖြစ်ချေပြီ။
“ ကောင်းပြီ ... ။ ”
လင်းယွန်မှ ခေါင်းညိတ် လိုက်၏။
“ ဒါနဲ့ ... မင်း သုံးခဲ့တဲ့ ... ဓား နာမည်ကို ပြောပြ ပေးနိုင် မလား၊ ဘယ်သူ့ကိုမှ ပြန်မပြော ဖူးလို့ ... ငါ ကတိ ပေးတယ်။ ”
“ အလင်း မူလ ... ။ ”
လင်းယွန် အဖြေကြောင့်၊ ဝမ်ယွဲ့မှာ ရပ်တန့်သွားသည်။ ယင်းကို အမှန်ပင် အလင်း မူလဟု ခေါ်သည်လော။
ထိုဓားသည် လူတိုင်း ပြောနေ ကြသည့် အမည်နှင့် တစ်ထပ်တည်း ကျနေ သဖြင့်၊ ဒွိဟ ဖြစ်လာ မိတော့သည်။
***