← Chapters

အကျိုးဆောင် ခန်းမ။

Vol. 139 Ch. 1940

အကျိုးဆောင် ခန်းမ။

Vol. 139 Ch. 1940

ဝမ်ယွဲ့ အသိ ဝင်လာ ချိန်၌ တစ်ဖက် လူမှာ၊ အဝေး ရောက်နေပြီ ဖြစ်၏။ ထို့ကြောင့် အမြန် ပြေးလိုက် သွားပြီး၊

“ တကယ်ပဲ အလင်း မူလလို့ ခေါ်တာ သေချာလား။ ”

“ မသေချာ သေးဘူး။ ”

“ ဒါဆို ဘာလို့ ... အလင်း မူလလို့ ပြောရ တာလဲ၊ ယဲ့ချင်းရှန် ငါ့ကို သင်ပေးဖို့ မတောင်းဆို ပါဘူး၊ ငါက နာမည်ကို သိချင်ရုံ ပါပဲ။ ”

ဝမ်ယွဲ့မှ မကျေမနပ် ဆိုသည်။

“ ပြောပါ ... ငါ နာမည်ပဲ သိချင်တာ။ ”

လင်းယွန်က သူ့အား လျစ်လျူရှုကာ အကျိုးဆောင် ခန်းမ ဟူသည့် နဖူးစည်း စာကို မော့လျက် ဖတ်ကြည့် တော့၏။

“ အဲဒါကို ငါ မပြောနိုင် သေးဘူး ... ၊ ဒါပေမယ့်​ မင်း ... စိတ်ဝင်စား ရင်တော့ ... ငါ သင်ပေး နိုင်ပါတယ်။ ”

​“ မင်း ... တကယ် ပြောနေ တာလား၊ ဒါက အနည်းဆုံးတော့ ... နတ်နဂါး အဆင့် နည်းစနစ် တစ်ခုပဲ၊ ဒီနည်းစနစ်ကို ...

... မင်းဆရာ မူလ နဂါး ဆီက ရခဲ့တာ လို့ ငါထင်တယ်၊ ဒါနဲ့ ပတ်သက်ပြီး မင်းမှာ အခုလို ဆုံးဖြတ်ချက် ချခွင့် ရှိတယ်လား။ ”

ကိုယ်ခံ ပညာ များကို လူတိုင်းက လျှို့ဝှက်ထား ကြပြီး၊ အချို့မှာ လက်ဆင့်ကမ်း သင်ကြား မပေး ရန်ပင် ကျမ်းကျိန် ရ၏။

သူ့ အမြင်တွင် ဤမျှ ထက်ရှသော ကနဦးဓားသည် မဟာ သူတော်စင် သို့မဟုတ် ယဲ့-မိသားစုမှ လာသည်ဟု မြင်သည်။

မည်သည့် အရပ်မှ လာသည် ဖြစ်စေ၊ အခြားသူ များထံ၊ လက်ဆင့်ကမ်း သင်ကြား နိုင်သော အရာမျိုး မဟုတ်ချေ။

“ အခု လောလောဆယ် အဲဒါကို ဂရုစိုက် နေစရာ မလို ပါဘူး၊ မင်းရဲ့ ဘဝ- ရည်ရွယ်ချက် အကြောင်း ပြောပြဖို့ ... ဆန္ဒ ရှိတယ် ဆိုရင် ... ၊ ငါ့ရဲ့ လျှို့ဝှက်ချက် ကိုလည်း၊ မျှဝေ ပေးနိုင် ပါတယ်။ ”

ကနဦး ဓား ဟူသည် သူ၏ အတွေ့ အကြုံများ အားလုံးကို ပေါင်းစပ် ဖန်တီးခဲ့သော ဓား ဖြစ်သည်။

ထို့ကြောင့် ဝမ်ယွဲ့အား သင်ကြား ပေးလျှင်ပင်၊ နားလည်ရန် မလွယ်ချေ။ ၎င်းမှ ကံကောင်းပြီး နားလည် ခဲ့သော်၊ ဝမ်းသာ စရာ ဖြစ်သည်။

အဘယ်ကြောင့် ဆိုသော် ဝမ်ယွဲ့သည် အရည်အချင်း ရှိသူ ဖြစ်သဖြင့်၊ ကျွမ်းကျင်သော် ဤဓားနှင့် ပတ်သက်သည့် အမြင် များကို ဖလှယ် နိုင် ပေမည်။

အရေးကြီး သည်မှာ ကျောက်ယန် ကဲ့သို့၊ ဝမ်ယွဲ့ သည်လည်း ဓားအပေါ် ရူးသွပ်သူ တစ်ဦး ဖြစ်သည်။

“ မင်း သေချာလား။ ”

ဝမ်ယွဲ့မှ ပြန်မေး မိသည်။ ဘဝ ရည်ရွယ်ချက်အား မျှဝေ ပေးလျှင်ပင် တစ်ဖက် လူမှ နားလည်မည် မဟုတ်ကြောင်း သူ ပြောနိုင်သည်။

ဘဝ ဟူသည် လူ တစ်ယောက် အတွက်၊ လွယ်လွယ် နားလည်နိုင်သော အရာမျိုး မဟုတ် ချေ။ ယင်းသည် ဓားတာအိုနှင့် လုံးဝ ခြားနား ချေ၏။

“ ကောင်းပြီ ... အချိန်ယူ စဉ်းစားပါ။ ”

လင်းယွန်က ပြုံးလျက် အကျိုးဆောင် ခန်းမထံ လှမ်းဝင်သွား တော့သည်။ ခန်းမ အတွင်း မှိန်ဖျော့သော သူတော်စင် ရောင်ဝါ များဖြင့် ပြည့်နှက် နေ၏။

စင်မြင့် များစွာကို နေရာ အနှံ့ ထားရှိ ထားသည်။ စင်ပေါ်၌ အဖိုးတန် ရတနာ များကို အမျိုးအစား အလိုက် ခွဲခြား သိမ်းဆည်း ထားချေ၏။

၎င်းတို့မှာ သူတော်စင် ဆေးလုံးများ၊ လျှို့ဝှက် ရတနာများ၊ လက်နက်များ၊ နတ်ဆိုး သားရဲ အစိတ် အပိုင်းများ၊ ကျောက်စိမ်းတုံး များနှင့် ရှားပါး သတ္တုများ ပေပင်။

ပစ္စည်း တစ်ခုစီ အောက်တွင်၊ လဲလှယ်ရန် အတွက်၊ လိုအပ်သော အကျိုးဆောင် အမှတ် များကို ဖော်ပြ ထားသည်။

“ ဂုဏ်သရေရှိ လူကြီးမင်း ... ၊ မင်းရဲ့ အကျိုးဆောင် အမှတ်တွေကို သုံးဖို့ ဒီလာတာ မဟုတ်လား။ ”

သင်းထောက် တစ်ဦးက လျှောက်လှမ်း လာလျက်မှ မေး၏။ ၎င်း၏ လက်ကောက် ဝတ် နေရာ၌ ရွှေချည်ကြိုး များဖြင့်၊ အလှဆင် ထား သည်ကို မြင်လိုက် ရသည်။

ဤပုဂ္ဂိုလ်သည် သူတော်စင် တပည့် တစ်ဦး ဖြစ်ကာ၊ အသက် တစ်ရာ ကျော်ပြီးနောက်၊ ရွှေ-အစောင့် တစ်ယောက် ဖြစ်လာခြင်း ဖြစ်သည်။

အသက် တစ်ရာ မကျော်ခင်၊ အမည်ခံ သူတော်စင် နယ်ပယ်သို့ ရောက်ရှိမှ သာလျှင် ထိုအဆင့်မီ ချေ၏။

၎င်းတို့သည် ကောင်းကင် တာအို ဂိုဏ်း၏ အလယ် အလတ် အင်အား ဖြစ်ပြီး၊ ဂိုဏ်း တစ်ခု လုံးကို စောင့်ရှောက်ရန် တာဝန် ရှိသည်။

ဂိုဏ်း၏ စည်းမျဉ်း များကို လိုက်နာရန်၊ သစ္စာဖောက် များကို ဖမ်းဆီးရန်၊ မိစ္ဆာ ကျင့်ကြံ သူများကို အမဲလိုက် ရန်နှင့်၊ နယ်မြေ လုံခြုံရေး အပေါ်၊ စောင့်ကြပ်ရန် ဖြစ်၏။

“ လူကြီးမင်း ... ၊ ငါက အကျိုးဆောင် ခန်းမရဲ့၊ ရွှေ-အဆင့် သင်းထောက် ... ပိုင်ရှောင် ပါ။ ”

သင်းထောက် လူရွယ်မှာ၊ မီးခိုးရောင် ဝတ်ဆင် ထားပြီး၊ လင်းယွန်နှင့် ဝမ်ယွဲ့အား ပြုံးကာ မိတ်ဆက် လာ၏။

သို့သော် သူ့အာရုံသည် လင်းယွန် ထံ၌ ဖြစ်သည်။ ယဲ့ချင်းရှန် အမည်ကို သူ သိထားပြီး၊ ဖြစ်၏။

“ ရွှေသင်းထောက် ပိုင်၊ မင်းက ယဉ်ကျေး လွန်းပါတယ်၊ အရာ အချို့ အတွက် လဲလှယ်ဖို့ ဒီကို လာတာပါ၊ အခုလို ...

... ရွှေ-သင်းထောက် တစ်ယောက်က၊ ကိုယ်တိုင် ကိုယ်ကျ ကြိုဆိုတဲ့ ... အတွက်လည်း အားနာရ ပါတယ်။ ”

ဝမ်ယွဲ့က ယဉ်ကျေးစွာ ပြောကြား လာသည်။

“ မင်းတို့ကို ကြိုဆိုဖို့ ထိုက်တန် ပါတယ်၊ ငါတို့ တစ်ဂိုဏ်း လုံးက ဂျူနီယာ ယဲ့ချင်းရှန်ရဲ့၊ ဓားအကြောင်း ပြောနေ ကြတာ။ ”

အမှန်ပင် ခန်းမ အတွင်းရှိ လူငယ် များက လင်းယွန်အား ကြည့်နေ ကြသည်။ ဝမ်ယွဲ့က သက်ပြင်းချ၏။

“ နေ နတ်ဘုရားအား ဖမ်းဆီးခြင်း ပညာရပ်နဲ့ ... နဂါး သူတော်စင် သွေးရည်ကြည် လိုချင် ပါတယ်။ ”

လင်းယွန်မှ ပြုံးကာ ပြောသည်။ ရွှေသင်းထောက် ပိုင်ရှောင်မှ အံ့အားသင့် သွား၏။

နဂါး သူတော်စင် သွေး ရည်ကြည် လိုအပ် သည်မှာ မထူးဆန်း သော်လည်း၊ နေနတ်ဘုရား ဖမ်းဆီးခြင်း အတွက်မူ၊ အဘယ့်ကြောင့် လိုချင် သည်အား၊ သိချင်စိတ် ဖြစ်လာသည်။

ဤရွေ့လျားမှု နည်းစနစ်သည် ရှုပ်ထွေး ပွေလီလှပြီး၊ ၎င်းကို လေ့ကျင့်ရန် အရင်း အမြစ် များစွာ လိုအပ်ကာ၊ နာကျင် ရ၏။

“ ငါနဲ့ လိုက်ခဲ့ ... ။ ”

ပိုင်ရှောင်က လင်းယွန်အား ခေါ်ဆောင် သွားသဖြင့်၊ ဝမ်ယွဲ့မှာ တုံ့ဆိုင်း နေခဲ့ ပြီးနောက်၊ ချက်ချင်း ပြေးလိုက် သွားတော့သည်။

စစ်ဆေးရေး ဂိတ် များစွာကို ကျော်ဖြတ် ပြီးသောအခါ၊ သီးသန့်ခန်း တစ်ခန်းထံ ရောက်ရှိ လာသည်။

အခန်း အတွင်း လူဖန်တီး ထားသော ရေကန်ကြီး တစ်ကန်ရှိကာ၊ ရေကန် ကြမ်းပြင်၌ ရာဝင်အိုးများ ရှိချေ၏။

“ ဟမ့် ... ။ ”

လင်းယွန်က အံ့သြ သွားသည်။

“ ဘာလဲ ... ဒီအသွင် အပြင်ကို ရင်းနှီး နေလို့လား။ ”

ပိုင်ရှောင်မှ မေး၏။

“ ဟုတ်တယ် ... ၊ ကြယ်ခန်းမမှာ ဒီလို ပုံစံမျိုးနဲ့၊ ဒီလို ရာဝင်အိုးတွေ သိမ်းထားတာ တွေ့ဖူးတယ်။ ”

လင်းယွန်မှ ခေါင်းညိတ် လိုက်၏။

“ ဟုတ်တယ် ... ၊ ငါတို့ သူတို့ဆီ ကနေ ဝယ်ခဲ့တာ၊ နဂါးသွေး ပိုင်ဆိုင်တဲ့ နတ်ဆိုး သားရဲ အလောင်းတွေ ကိုလည်း၊ သူတို့ ဆီကပဲ ဝယ် တယ်၊ ...

... သူတို့က ငါတို့ရဲ့ အကာ အကွယ်ကို လိုအပ် တာကြောင့်၊ ဈေးသက်သက် သာသာနဲ့ ရောင်းပေး ကြတယ်။ ”

ဘေးမှ ရပ်နားထောင် နေသော ဝမ်ယွဲ့မှာ ပထမ ဦးဆုံး အကြိမ် ကြားသိ ရခြင်း ဖြစ်သဖြင့်၊ အံ့သြ သွားသည်။

“ ဘယ်လောက် လိုလဲ။ ”

ပိုင်ရှောင်မှ မေး၏။ လင်းယွန်က ရေကန်ထဲ စိုက်ကြည့်ကာ၊

“ တစ်အိုးနဲ့ အရင် စလိုက် ရအောင်။ ”

-ဟု ပြန်ဖြေ ပေးလိုက်သည်။

“ ဂျူနီယာ ညီလေး၊ မင်း နောက်နေ တာလား၊ ရာဝင်အိုး တစ်အိုးက ကီလို ဂရမ် (၆) သောင်းနဲ့ ညီမျှပြီး၊ သူ့ကို သန့်စင်ဖို့၊ နှစ်တစ်ရာ လိုအပ် လိမ့်မယ်၊ ...

... စုစုပေါင်း ရာဝင်အိုး (၁၀)လုံး ရှိပြီး၊ ဒီရေကန်ရဲ့ ဝိညာဉ်ရေး အစီရင်နဲ့ ... ချိတ်ဆက် ထားတယ်၊ ရေကန်ထဲ ဝင်ရုံနဲ့ ... အာနိသင် သက်ရောက်မှု (၇၀%) ရနိုင်တယ်။ ”

ပိုင်ရှောင်က လူ တစ်ယောက်ကို ရေခပ်ခိုင်းကာ၊ လင်းယွန်ထံ ကမ်းပေး လိုက် တော့၏။

လင်ယွန်က တစ်ငုံသောက် လိုက်သော အခါတွင်၊ သွေးသား စွမ်းအင်များ ချက်ချင်း ရုံး ကြွလာ သည်ကို ခံစား လိုက်ရသည်။

အမှန်ပင် ခန္ဓာကိုယ် သန့်စင်လို သူ တစ်ယောက် အတွက်၊ ဤရေနှင့် လုံလောက် ချေပြီ။

“ အများစု ကတော့ ... ဒီကန်ရေက စျေးပိုသက်သာတဲ့ အတွက် လှဲလှယ် အသုံးပြု ကြတယ်။ ”

ပိုင်ရှောင်မှ ပြုံးကာ ရှင်းပြ၏။

“ အကျိုးဆောင် အမှတ် (၅)သိန်းနဲ့၊ သူတော်စင် သွေးရည်ကြည် ဘယ်လောက် ရမလဲ။ ”

လင်းယွန်က မေးသည်။

“ ကီလိုဂရမ် နှစ်ထောင် လောက်တော့ ရမယ်။ ”

ဤသည်မှာ လင်းယွန် မျှော်လင့် ထားသည်ထက်၊ များစွာ လျော့နည်း နေချေ၏။

“ အရမ်း နည်းလွန်းတယ်။ ”

ခရမ်းငယ် အဆို အရ၊ ဖီးနစ် သစ်ပင် ကြီးထွားရန်၊ အနည်းဆုံး ကီလိုဂရမ် (၆၀၀၀၀) လိုချေပြီ။

ပိုင်ရှောင်က ရှင်းပြ မနေ တော့ဘဲ၊ ဦးခေါင်းကို ဘယ်-ညာ လှည့််ကာ အချက်ပြ လိုက်သည်။

ရေကန် ကြမ်းပြင်ရှိ၊ ဝိညာဉ်ရေး အစီရင် အသက်ဝင် လာပြီး၊ အိုးကြီး တစ်လုံး ထွက်ပေါ် လာ၏။ ၎င်းမှ ကြောက်မက်ဖွယ် နဂါး အငွေ့ အသက်များ ပျံ့နှံ့ လာတော့သည်။

***

All Chapters