← Chapters

ဘဝက အထီး ကျန်တယ်။

Vol. 139 Ch. 1941

ဘဝက အထီး ကျန်တယ်။

Vol. 139 Ch. 1941

ထိုရာဝင်အိုး ထဲတွင်၊ အနီရောင် အရည် များဖြင့် ပြည့်နှက် နေ၏။ ၎င်းမှ သွေးရနံ့ မရဘဲ၊ ဝိညာဉ် စွမ်းအင် ကိုသာ ခံစား ရသည်။

သလင်းကျောက် အရည်များ အလား ကြည်လင်ပြီး၊ တောက်ပသော အလင်းများ ထုတ်လွှတ် ပေးနေ၏။

“ ဒီနေရာရဲ့ ... နဂါး သူတော်စင် သွေး ရည်ကြည်က၊ ပြင်ပနဲ့ မတူဘူး၊ အနည်းဆုံး နှစ်ပေါင်း ငါးရာကျော် သက်တမ်း ရှိတဲ့ ... ၊ ဘုရင် အဆင့် နတ်ဆိုး သားရဲတွေ ကနေ လာတာ၊ ...

... သူတို့မှာ ရှေးနဂါး မျိုးနွယ်ရဲ့ ... သွေး မျိုးဆက် ပိုင်ဆိုင် ထားတယ်၊ အခု ဒီအိုးထဲက အရည်က သတ္တမ တန်းပဲ၊ သူတော်စင် သွေး ရည်ကြည်ကို အဆင့် (၉)ဆင့် ခွဲထားတယ်၊ ...

... ပဉ္စမတန်း ကနေ စပြီးတော့၊ အဆင့်မြင့် အရည်အသွေး ရရှိမယ်၊ ဒါကြောင့် သတ္တမ တန်း အဆင့် ဆိုတာ ... အဆင့်မြင့် အရည် အသွေး ကြားမှာတောင် ... မနိမ့်ကျ လှပါဘူး။ ”

လင်းယွန်က ပြန် မပြောချေ။ ခြားနားမှုကို သဘာဝ အတိုင်း ခံစား မိ၏။ ယခင် အသုံးပြု ဖူး သော သွေးရည်ကြည် များမှာ၊ တတိယတန်း အဆင့် ၌သာ ရှိသည်။

ဤအဆင့်၏ သန့်ရှင်း စင်ကြယ်မှုကို ငွေနှင့်ဝယ်၍ မရနိုင် သလို ကြယ်ခန်းမ ပင်လျှင် သန့်စင် နိုင်ခြင်း မရှိချေ။

ဤသည်မှာ မြင့်မြတ်မြေ တစ်ခု၏ အခြေခံ အုတ်မြစ် ဖြစ်သည်။

“ အဌမ အဆင့်နဲ့ ... ၊ နဝမ အဆင့်ရော ရှိလား။ ”

“ အဌမ အဆင့်ကို ... နှစ်တစ်ထောင် သက်တမ်း ရှိတဲ့၊ ရေနဂါးတွေ ကနေ သန့်စင် ထားပြီး၊ သူတို့ကို သွေးနှော နဂါး များလို့ ယူဆ ကြတယ်၊ ဒါပေမယ့် ...

... ဘာပဲ ဖြစ်ဖြစ် သူတို့က တခြား နဂါး သွေးပါ ... နတ်ဆိုး သားရဲ တွေထက်၊ မြင့်မားတဲ့ အဆင့်မှာ ရှိတဲ့ ... သားရဲ တစ်ကောင်ပဲ။ ”

ပိုင်ရှောင်က ပြုံးပြီး ခဏ နားသည်။ ပြီးနောက် သူ့ စကားကို ဆက်ပြော လိုက်၏။

“ နဝမတန်း ကိုတော့ နဂါး အစစ် တွေရဲ့ အသွေးနဲ့ သန့်စင် ထားပြီး၊ ကောင်းကင် တာအို ဂိုဏ်းမှာ၊ ဒီအိုး တစ်ဝက် စာပဲ ရှိတယ်။ ”

နဝမတန်း နဂါး သူတော်စင် သွေး ရည်ကြည်အား ပိုင်ဆိုင် ထားသည် ဟူသော အသိကြောင့်၊ လင်းယွန် တုန်လှုပ် သွား၏။

လက်ရှိ နတ်နဂါး ခေတ်တွင်၊ နဂါး အစစ်များ မရှိ တော့ချေ။

“ နဝမတန်း အထက်က၊ နတ်နဂါး သူတော်စင် သွေးရည်ကြည် ကိုတော့ နတ်နဂါး အင်ပါယာသာ ပိုင်ဆိုင်တယ်၊ ...

... ဂျူနီယာ ညီလေး ... ၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကို သန့်စင်ဖို့ ဆိုရင် ... ၊ ဒီကန်ရေ နဲ့တင် လုံလောက် ပါတယ်၊ အကျိုးဆောင် အမှတ်တွေ အကုန်လုံး သုံးစွဲဖို့ မလိုပါဘူး။ ”

ဝမ်ယွဲ့မှ ဝင်ပြော လာသည်။ မဟုတ်သော် အကျိုးဆောင် အမှတ် (၅)သိန်းမှာ၊ အလဟဿ ဖြစ်သွား နိုင်ပေ၏။

“ ရတယ် ... ၊ ဒီနဂါး သူတော်စင် သွေးရည်ကြည် ... ကီလို ဂရမ် နှစ်ထောင်ပဲ ပေးပါ၊ ”

လင်းယွန်မှ ဆုံးဖြတ်ချက် မပြင် တော့ချေ။

“ ကောင်းပြီ ... ၊ ငါ ချက်ချင်း စီစဉ် လိုက်မယ်၊ နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာ ရပ်ကို ယူဦး မလား။ ”

ဒီ-အဆင့် ချန်ပီယံ ဖြစ်လာခြင်း အတွက် ရရှိသော အကျိုးဆောင် အမှတ် (၅) သိန်းသည် သာမန် သူတော်စင် တပည့်များ (၁၀) ကြာ သည့်တိုင်၊ ရရှိ နိုင်သော အရာ မဟုတ်ချေ။

“ ယူမယ် ... ။ ”

သို့သော် တစ်ဖက် လူတွင် ရွေ့လျားမှု ပညာရပ်နှင့် လဲလှယ်ရန်၊ အကျိုးဆောင် အမှတ် များ ကုန်ဆုံး နေပြီ ဖြစ်သဖြင့်၊ ပိုင်ရှောင်မှ ဝမ်ယွဲ့အား ကြည့်လိုက် မိသည်။

သို့တိုင် အခန်း ထဲမှ ထွက်ကာ၊ သူတို့ကို အထူး လျှို့ဝှက် ခန်းမထဲ ခေါ်ဆောင် လာခဲ့၏။ တစ်ခန်းလုံး ကျောက်စိမ်းတုံး များဖြင့် ပြည့်နှက် နေသည်။

အနီရောင် အဆင်းကို ထုတ်လွှတ်သော ကျောက်စိမ်းတုံးမှာ၊ တစ္ဆေဝိညာဉ် ပညာရပ်များ ဖြစ်၏။

အရေ အတွက် အနည်းဆုံး တစ်ထောင်ခန့် ရှိသည်။ ဓားဂိုဏ်း တွင်လည်း တစ်ချိန်က ဤသို့ တန်ခိုးထွား နေမည်မှာ သေချာ၏။

ယင်းသည် မြင့်မြတ်မြေ တစ်ခု၏ အခြေခံ အုတ်မြစ် ပေပင်။

“ နေနတ်ဘုရား ဖမ်းစီးခြင်းကို၊ နက်နဲ နယ်ပယ်၊ ခရမ်းရောင် နန်းတော် နယ်ပယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ်၊ အင်ပါရီယန် နယ်ပယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ လောက နိယာမ နယ်ပယ်နဲ့ ... သူတော်စင် နယ်ပယ် ဆိုပြီး၊ ခွဲထားတယ်။ ”

ပိုင်ရှောင်က စကား ခဏ ရပ်ကာ၊ လင်းယွန်အား လှည့်ကြည့်၏။

“ သူတို့ အတွက် အကျိုးဆောင် အမှတ် (၄) သိန်းလိုမယ်။ ”

“ ဘာလို့ မချေး ရတာလဲ။ ”

ဘေးမှ နားထောင် နေသာ ဝမ်ယွဲ့က လင်းယွန် အစား ဝင်ပြော ပေးသည်။ တစ်ဖက် လူ၏ အကျိုးဆောင် အမှတ်များမှာ၊ ကုန်သွား ဖြစ်ကြောင်း သူတို့ နှစ်ဦး သိထား၏။

“ ငါ ချေးထားလို့ ရပါတယ်။ ”

သူသည် အမည်ခံ သူတော်စင် ဖြစ်ပြီး ရွှေအစောင့် တာဝန်ကို ယူထား၏။ ထို့ကြောင့် သူ့တွင် သဘာဝ အလျောက် အကျိုးဆောင် ရမှတ် အချို့၊ စုဆောင်း ထားနိုင်သည်။

“ ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့မှာ ရှိတယ်။ ”

လင်းယွန်က ပြုံးလျက် တံဆိပ် တစ်ခုကို ထုတ်ပေးလိုက်သည်။ သို့သော် အခြား သူများ၏ တံဆိပ်နှင့် မတူချေ။

သူတော်စင် သွေးများ ရဲရဲ နီပြီး၊ မဟာ သူတော်စင် တစ်ပါး အလား၊ ဖိအားများ ပေး စွမ်း လာတော့၏။

“ သီးသန့် တပည့် ... ။ ”

ဝမ်ယွဲ့နှင့် ပိုင်ရှောင် တို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။ အထူး သဖြင့် ဘေး၌ ရပ်နေသည့် ဝမ်ယွဲ့ ဖြစ်၏။

သူ့အဆင့် အတန်းသည် ယဲ့ချင်းရှန်၏ ခြေဖျားကိုပင် မမီတော့ချေ။ သူသည် သာမာန် သူတော်စင် တပည့် မျှသာ ဖြစ်ပြီး၊ တစ်ဖက် လူ သည် မဟာ သူတော်စင် တပါး၏ အမွေခံ တပည့် ဖြစ်လာ၏။

ကွာဟချက်မှာ ပိုထင်ရှား လာချေပြီ။ အတိုချုပ် အားဖြင့် မူလ နဂါး မဟာ သူတော်စင် ကွယ်လွန်သော အခါတွင်၊ ပိုင်ဆိုင်မှု မှန်သမျှ ယဲ့ချင်းရှန်မှ အကုန် ရမည် ဖြစ်၏။

ယင်းသည် စိတ်ကူး မယဉ် နိုင်သော ပမာဏမျိုး ပေပင်။ ပိုင်ရှောင်မှ စိတ် တည်ငြိမ် လာအောင် အသက် ပြင်းပြင်း ရှူပြီး၊

“ ငါ့နောက် လိုက်ခဲ့ ... မူလ နဂါး မဟာ သူတော်စင်က ... ၊ သူတော်စင် အကြီးအကဲ ဖြစ် မလာ ခင်မှာ၊ အကျိုးဆောင် အမှတ်တွေ အများကြီး ချန်ခဲ့တယ်။ ”

-ဟု ဆိုကာ အတွင်း ခန်းသို့ ခေါ်ဆောင် သွား တော့သည်။

ဝမ်ယွဲ့မှာ ဆက်မလိုက် နိုင်တော့ဘဲ၊ လင်းယွန်၏ နောက်ကျောကို ငေးကာ ရပ်ကျန် ခဲ့သည်။

ဆရာသည် သူတော်စင် ဘုရင် မျှသာ ဖြစ်သဖြင့်၊ သီးသန့် တပည့် ဖြစ်လာခဲ့ သော်မှ၊ သူ့ဩဇာ အာဏာသည် မဟာ သူတော်စင် တပည့် ဖြစ်သော လင်းယွန်အား မမီချေ။

သို့သော် လက်ရှိ အချိန်၌၊ ထိုသူတော်စင် ဘုရင်၏ သီးသန့် တပည့် ဖြစ်ရန်ပင်၊ အခြား သော တပည့် များနှင့် ပြိုင်နေ ရသည်။

“ မူလ နဂါး မဟာ သူတော်စင်က ဘာလို့ ငါ့ကို မမြင်ရ တာလဲ။ ”

ထိုအတွေးက ယဲ့ချင်းရှန်နှင့် သူ့ကြား ကွာဟချက် ကျယ်ပြော လာတော့ မည်ကို သိ သဖြင့်၊ မနာလို စိတ်များ ဝင်ရောက် လာ၏။

အကျိုးဆောင် ခန်းမ၏ အမြင့်ဆုံး အထပ်တွင်၊ ပိုင်ရှောင်က စာအုပ် တစ်အုပ်ကို လှန်ကြည့်ပြီး၊

“ မူလ နဂါး မဟာ သူတော်စင်က၊ အကျိုးဆောင် အမှတ် (၈)သန်း ချန်ထားတယ်၊ ဒါတွေ အားလုံး ... မင်း သုံးခွင့် ရမယ်။ ”

-ဟု ပြောလာ သဖြင့်၊ လင်းယွန် ခမျာ တုန်လှုပ် သွားသည်။

“ အရမ်း များတယ်။ ”

“ သူတော်စင် အကြီးအကဲ ဖြစ်ပြီးရင်၊ အကျိုးဆောင် အမှတ်တွေ မလိုတော့ဘူး၊ အမွေ အဖြစ် သူတို့ ထားကြတယ်၊ ဒါပေမယ့် လည်း မင်းဆရာရဲ့ အကျိုးဆောင် အမှတ် ကတော့ အများဆုံး ပါပဲ။ ”

“ ဒါဆို နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာရပ် အတွက် ဖယ်ပြီး၊ ကျန်တာတွေ အားလုံးကို နဂါး သူတော်စင် သေွးရည်ကြည်နဲ့ လဲပေးပါ။ ”

“ ဒါ ... ။ ”

ဤတစ်ကြိမ်၌ ပိုင်ရှောင်မှာ အမှန်ပင် ထိတ်လန့် သွားသည်။ ပမာဏ အားလုံး အသုံး ပြု လျှင်ပင်၊ ရာဝင်အိုး တစ်ဝက် မျှသာ ရမည် ဖြစ်သည်။ သို့သော် ၎င်းမှာ၊ မယုံနိုင် စရာ ဖြစ် နေဆဲ ပေပင်။

“ အဟွတ် ဟွတ် ... ။ ”

ပိုင်ရှောင်က ချောင်းဟန့်ကာ၊

“ ရွှေကျီးကန်းရဲ့ သွေး ဒါမှ မဟုတ်၊ အမွေးအတောင် တွေနဲ့လည်း ... လဲလှယ်လို့ ရတယ်၊ နေနတ်ဘုရားအား ဖမ်းဆီးခြင်းကို လေ့ကျင့်တဲ့ အခါ၊ ဒါက အလုပ် ဖြစ်တယ်။ ”

“ ဒါဆို ... သူတို့ အတွက် ဖယ်ပြီး ကျန်တာ အကုန် ပေးပါ။ ”

လင်းယွန်က သူ့အကြံ ပြုချက်ကို ခေါင်းညိတ် ပြလိုက်သည်။ များမကြာခင် ကီလို ဂရမ် (၂၀၀၀၀) နီးပါး ရှိသော နဂါး သူတော်စင် သွေးရည်ကြည်၊ ရွှေကျီးကန်း သူတော်စင် သွေး (၆၀) ကီလို ဂရမ်၊ အမွေးအတောင် (၁၈)ခုနှင့်၊ ရွေ့လျားမှု ပညာရပ်အား ယူဆောင်လျက် ထွက်ခွာ လာခဲ့သည်။

ဝမ်ယွဲ့က သူ့အား အကျိုးဆောင် ခန်းမ အပြင်၌ ရပ်စောင့် နေ၏။

“ ငါ ဆုံးဖြတ် ပြီးပြီ၊ ဘဝ-ရည်ရွယ်ချက်က လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ဘူး၊ မင်းငါ့ကို ဒီဓားရေး နာမည်ပဲ ပြောပြပါ၊ သင်ပေး စရာ မလိုဘူး။ ”

“ ကောင်းပြီ ... ။ ”

“ နတ်ဘုရား သင်္ချိုင်း တောအုပ်မှာ ... ၊ အနန္တ တောင်ကြား သင်္ချိုင်းမြေ တစ်ခု ရှိတယ်၊ အဲဒီ တောင်ကြားရဲ့ ကောင်းကင် တခွင်လုံး သွေးတိမ် တွေနဲ့ ဖုံးလွှမ်း နေတယ်၊ ...

... ဒါပေမယ့် သူ့မှာ မယုံနိုင် စရာ ကောင်းအောင်၊ အသက်ဓာတ် ရှိနေတယ်၊ မင်း နားလည် နိုင်ရင် ... ဘဝ- ရည်ရွယ်ချက်ကို ရနိုင်တယ်၊ လူတော်တော် များများက၊ ...

... ဒီအတွက် အသက်စွန့်ပြီး သွားလာ ဆင်ခြင် ခဲ့ကြတယ်၊ ဒါကြောင့် ... ငါ သင်ပေးလို့ မရဘူး၊ မင်း ကိုယ်တိုင် လုပ်မှ ရမယ်။ ”

အနန္တ တောင်ကြား သင်္ချိုင်းမြေ ဟူသော အမည်ကို လင်းယွန်မှ တေးမှတ် ထားလိုက်၏။ ဘဝ-ရည်ရွယ်ချက်အား ရှာရန်၊ အလျင် မလို သေးချေ။

အရိယာ ဓားသုတ္တန်သည် မရဏ အငွေ့အသက် များကို ပေးစွမ်းပြီး၊ နဂါးပြာ အရိုးသည် ဘဝ အငွေ့ အသက်ကို ပေး၏။ ထို့ကြောင့် သူ့ ပန်းတိုင်မှာ ဘဝ-မရဏ ရည်ရွယ်ချက် ဖြစ်သည်။

“ မင်းရဲ့ ... အဲဒီ ဓားကို ဘယ်လို ခေါ်လဲ။ ”

ဝမ်ယွဲ့က မေးလာ၏။

“ ဒီဓားကို ... ငါ ဖန်တီး ခဲ့တာ၊ အရင် ကတော့ ကနဦး ဓားလို့ အမည် ပေးထားတယ်၊ ဒါကြောင့် အလင်း မူလလို့ ခေါ်လည်း၊ မမှား ပါဘူး။ ”

“ မင်း ဖန်တီးထား တာလား၊ ယဲ့ချင်းရှန် ငါ့ကို မင်းက လူမိုက်များ ထင်နေလား၊ ငါ့ဆရာ တောင်မှ ဒီလို ဓားရေးမျိုး ဖန်တီး နိုင်မှာ၊ ...

... မဟုတ်ဘူး၊ ဒါကို မူလ နဂါး မဟာ သူတော်စင် ပေးခဲ့တာ မဟုတ်လား၊ မင်းက သူ့ရဲ့ သီးသန့် တပည့်ပဲ။ ”

ဤဓားရေးမှာ ရှေးကျပြီး အစွမ်းထက် ရောင်ဝါ ပေးစွမ်း၏။ သည့်အပြင် မပြည့်စုံမှန်း မြင်သာ စေသည်။

ဝမ်-မိသားစု၌ ဤသို့ မပြည့် စုံသော ရှေးဟောင်း ဓားပညာရပ် အပိုင်း အစ များစွာ ရှိသည်။ ၎င်းကို မြင်ထားဖူး သဖြင့်၊ ယဲ့ချင်းရှန် လိမ်ညာ နေမှန်း ချက်ချင်း သိ၏။

“ ငါ အမှန် အတိုင်း ပြောနေ တာကို၊ ဘယ်သူမှ မယုံကြ ပါလား၊ တကယ်ပဲ ငါ့ ဘဝက အထီးကျန် လိုက်တာ၊ ကောင်းပြီ မင်း သင်ယူ ချင်ရင်၊ ငါ့ဆီ အချိန်မရွေး လာနိုင် ပါတယ်။ ”

လင်းယွန်က ဝမ်ယွဲ့နှင့် ဆက်လက် ငြင်းခုန်ရန်၊ ဆန္ဒ မရှိ သဖြင့်၊ ထွက်ခွာ သွား တော့သည်။ သူ့အိမ်သို့ ရောက်သော အခါ၊ ခရမ်းငယ် ပြန်မရောက် သေးချေ။

ထို့ကြောင့် ဖီးနစ် သစ်ပင်ကို ကြည့်လျက်၊ သူမအား လောင်းခွင့် ပေးခြင်းဖြင့်၊ ပျော်ရွှင် စေ မည်ဟု တွေးနေ မိ၏။

ပြုံးလျက် ဘဝ-သုံးပါးဘုံသို့ ဝင်ရောက် မိသည်။ အရင်း အမြစ် များမှာ၊ အချိန် အတော် ကြာအောင် လုံလောက် ချေပြီ။ ပူပင် နေစရာ မလို တော့ချေ။

သူ့လက်ထဲရှိ သစ်သီးကို ကြည့်ကာ၊

“ (၆)လ လောက်တော့ ... ရဦးမယ် ထင်တယ်။ ”

-ဟု ရေရွတ်လျက်၊ ပြုံးမိသည်။

ဤသို့ မြန်မြန် ဆန်ဆန် ကြီးထွား လာရ သည်မှာ၊ ဘဝ-သုံးပါး သစ်သီး ကြောင့် ဖြစ်၏။ ယခု တွင်လည်း မရဏ-သတ္တမ အဆင့်သို့ တက်ရောက်ရန် ကြံရွယ် ထားသည်။

သူ့တွင် နိဗ္ဗာန် ဆေးလုံးပေါင်း သုံးသိန်း၊ ရွှေကျီးကန်း သူတော်စင် သွေးနှင့် စစ်မှန်သော နဂါး သူတော်စင် သွေးရည်ကြည်များ ရှိ၏။

ရွှေကျီးကန်း သူတော်စင် သွေးနှင့် နဂါး သူတော်စင် သွေးရည်ကြည် တို့သည် ကျင့်ကြံမှု အပေါ်၊ တိုးမြှင့် ပေးနိုင်ခြင်း မရှိ သော်လည်း၊ ရှားပါး ရတနာများ ဖြစ်သဖြင့်၊ တစ်စုံ တစ်ရာ အကျိုးထူး နိုင်ပေမည်။

***

All Chapters