← Chapters

အန္တရာယ် ... ကျနေပြီ ။

Vol. 139 Ch. 1942

အန္တရာယ် ... ကျနေပြီ ။

Vol. 139 Ch. 1942

ဘဝ-သုံးပါး နယ်ပယ် အတွင်း လင်းယွန် တစ်ယောက် နေနတ်ဘုရား ဖမ်းဆီးခြင်း ပညာ ရပ်ကို ထုတ်ကာ၊ နားလည်ရန် ကြိုးစား နေခဲ့သည်။

ကျန်အချိန် များကို လေးပိုင်း ခွဲပြီး၊ ရွှေကျီးကန်း သူတော်စင် သွေးအား သန့်စင် ပစ်၏။

အရိယာ ဓားသုတ္တန်နှင့် နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်း အတွက်လည်း၊ နိဗ္ဗာန် ဆေးလုံး တို့ကို သုံးကာ၊ ခြောက်နာရီကြာ လေ့ကျင့် သည်။

ကျန်အချိန် များ၌ ပိုးစုန်းကြူး နတ်ဓား၏ နောက်ဆုံး ပုံစံ (၃)မျိုးအား လေ့ကျင့် တော့၏။ မျက်စိ တစ်မှိတ် အတွင်း သုံးလ ကုန်လွန် သွားသည်။

ပိုးစုန်းကြူး နတ်ဓား၏ ဒသမနှင့် ဧက ဒသမ ပုံစံ များကို ကျွမ်းကျင် လာခဲ့၏။ နိဗ္ဗာန် အထွတ် အထိပ် ကျွမ်းကျင် သူများ သည်ပင်၊ ဓားပုံစံ (၇))မျိုးမှ (၈)မျိုး ခန့်သာ ကျွမ်းကျင် ချေ၏။

ထို့ကြောင့် နိဗ္ဗာန် အဆင့့် မရောက်မီ၊ ဓားပုံစံ (၁၁)မျိုးအား ကျွမ်းကျင် လာခြင်းသည် အံ့ဩဖွယ် ကောင်း​ချေပြီ။

နောက်ထပ် နှစ်လ ကုန်သွားသော အခါ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ နဂါး မူလမှာ၊ ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ လာ၏။

“ ငါ့ရဲ့ တိုးတက်မှုက ... ၊ ထင်ထား တာထက် ပိုမြန် နေတယ်၊ ငါးလ အတွင်း မရဏ -ဆဌမ အဆင့်၊ အထွတ်အထိပ် ရောက်လာပြီ။ ”

အသက် ပြင်းပြင်း ရှူလျက် ကျေနပ် သွားသည်။ ကျန်ရက်များ အတွင်း အောင်မြင်မှု တစ်ခု ထပ်မံ ရယူရန်၊ (၆၀%) ယုံကြည်မှု ရှိသည်။

“ ဆက် လုပ် ရအောင် ... ။ ”

(၆၀%)သည် လောင်းကြေး ထပ်ရန် ထိုက်တန် နေပြီ ဖြစ်သည်။ မရဏ နယ်ပယ်၌ (၇)ဆင့် ရှိပြီး၊ သတ္တမ အဆင့်သည် အန္တရာယ် အများဆုံး ဖြစ်၏။

မျက်လုံးများ မှိတ်လျက်၊ နဂါး ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို ဖြန့်ကျက် လိုက်သည်။ ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်များ ပေါ်ထွန်း လာတော့၏။

ပတ်ဝန်းကျင်မှ နိဗ္ဗာန် ရောင်ဝါ များက ခန္ဓာကိုယ် စိမ့်ဝင် လာသည်။ ထိုသက်ရောက် မှု ကို အတွင်း အင်္ဂါ များမှ တစ်ဆင့် ခံစား နိုင်၏။

“ ဝေါ့ ... ။ ”

အကြိမ် နှစ်ရာကျော် လှည့်ပတ် လိုက် ပြီးနောက်၊ မျက်လုံးများ ပြန်ဖွင့်ကာ သွေးများ ထွေးထုတ် လိုက်သည်။

ပေကျံ နေသော သွေးစ များကို လက်ခုံဖြင့် သုတ်လျက်၊

“ နည်းနည်း ... နှေးမှ ရမယ်။ ”

-ဟု သုံးသပ် မိ၏။

သက်ပြင်း ချကာ၊ နဂါးပြာ အရိုးအား အသက် သွင်းပြီး၊ ဒဏ်ရာ များကို ကုသ ပစ် လိုက်သည်။

နေ့ဝက် ကုန်လွန်သော အခါ၊ သတ္တမ သွေးလွှတ်ကြော အတွင်း၊ မရဏ ရောင်ဝါ အချို့ကို ပေးပို့ လာနိုင်၏။

တစ်ဖက်တွင် သွေးများ ဖုံးလွှမ်း လာပြီး၊ အတွင်း အင်္ဂါများ တဆက်ဆက် တုန်ယင် နေခဲ့ သည်။

ဂရု မစိုက်သော် ကျင့်ကြံမှု ပြန်ကျ သွားနိုင်မည်။ အံကြိတ်လျက် ခံနိုင်ရည် ရှိရန် သာ၊ ဆုတောင်း လိုက်မိသည်။

ခုနစ်ရက် အကြာတွင် မရဏ ရောင်ဝါ များက၊ အပ်စိုက်မှတ် များကို ဖြတ်ကာ စီးဆင်း လာ တော့၏။

နာကျင်မှုကြောင့် ထုံကျင် နေချေပြီ။ သို့တိုင်ပင် အံကြိတ်လျက် မျက်လုံးမှ သွေးများ စီးထွက် လာသည် အထိ တောင့်ခံ ထားမိ၏။

အကြိမ် ပေါင်းများစွာ အရှုံး ပေးချင် သော်လည်း၊ ဆရာ သခင် သက်တမ်း ကုန်ဆုံး သွားပြီ ဟူသော အတွေးက သူ့အား ပြန်လည် မောင်းနှင်အား ပေးသည်။

( လင်းယွန် ... မင်းရဲ့ ဆရာ ဒုက္ခကို ဖြတ်သန်း နေတယ်၊ ထျန်ရွှမ်ဇီ ကလည်း မသေ သေးဘူး၊ ဒါကို မမေ့ ပါနဲ့၊ မင်းဆရာက မင်း အသက်ကို ကယ်ထား ရတယ်။ )

နာကျင်မှုက ထိုသတိ ပေးသံကို၊ နှိမ်နှင်း နိုင်ခြင်း မရှိ တော့ခေျ။ သတ္တမ မြောက် မရဏ လမ်းကြောင်းကို၊ ခရမ်းရောင် နန်းတော်နှင့် ချိတ်လာ နိုင်၏။

ထို့ကြောင့် ဒဏ်ရာ များမှာ မြင်သာသော အဟုန်ဖြင့် ပြန်ကောင်း လာတော့သည်။ နဂါး မူလ သည်လည်း နိဗ္ဗာန် ရောင်ဝါ အဖြစ် ပြောင်းလဲ လာတော့၏။

“ ငါ အောင်မြင်ပြီ။ ”

ကျန်ရှိနေသော အချိန် များကို၊ ရွှေကျီးကန်း အမွေးနှင့် ရွေ့လျားမှု ပညာရပ်အား လေ့ကျင့်ခဲ့ သည်။

ဘဝ-သုံးပါး ဘုံ၌ (၆)လ ကုန်လွန် သွားပြီ ဖြစ်၏။ သို့သော် ပြင်ပ ကမ္ဘာ၌ ရက်အနည်းငယ် မျှသာ ကြာ​ပေသည်။

ဆက်လက် ကျင့်ကြံရန် မသင့်ချေ။ ကောင်းကင် တာအို ဂိုဏ်းမှ လူ များစွာက သူ့အပေါ်၊ အာရုံ စိုက်နေ သဖြင့်၊ သံသယ ဝင်လာ နိုင်သည်။

ထိုအချိန်တွင် ခရမ်းငယ်မှာ၊ ငရဲ သစ်ခွခြံ အတွင်း ခုနစ်ရက် ကြာ ပုန်းအောင်းပြီး၊ ညတိုင်း နေရာ အနှံ့ လျှောက်သွား နေတတ်၏။

သူတော်စင် တပည့် များက သူမအား မမြင်နိုင် လေရာ၊ ဖြတ်လျှောက် သွား​ကြသည်။ ဆိုလို သည်မှာ ပတ်ဝန်းကျင်နှင့် တစ်သား တည်း ဖြစ်စေသော အစီရင်အာ အသုံးပြု ထားသည်။

သူမ သတိ ထားနေ သရွေ့၊ အမည်ခံ သူတော်စင် တစ်ပါးပင်၊ ရှာဖွေ တွေ့ရှိ နိုင်မည် မဟုတ်ချေ။

( ကောင်းကင် ရေကန်ကို သွားရမယ်။ )

ငရဲ သစ်ခွ ခြံဝင်း၏ အနောက်တောင် ဘက်သို့ မျှော်ကြည့် လိုက်သည်။ ရုတ်တရက် လင်းယွန်၏ သတိပေး စကားကို ကြားယောင် လာသော်လည်း၊

( အဲဒီ လူယုတ်မာကို ... အားကိုးလို့ မရ ပါဘူး၊ ကိုယ့်ကိုယ် ကိုပဲ အားကိုး ရမယ်။ )

-ဟု ရေရွတ်ကာ ပျံသန်း လိုက်တော့သည်။

၎င်းသည် တားမြစ် နယ်မြေ ဖြစ်သော ကြောင့် မည်သူမျှ မရှိချေ။ တောင် ခြေရင်း၌ ပန်းများ ​ဝေ​ဝေ ဆာဆာ ပွင့်နေ ခဲ့၏။

( ရနံ့က တကယ် ​မွှေးတယ် ... ။ )

ကောင်းကင် ရေကန်သည် တောင်ခါးပန်း နေရာတွင် တည်ရှိပြီး၊ တောင်တက် လမ်းအား သင်းထောက် နှစ်ယောက်မှ စောင့်ကြပ် ထား ပေ၏။

ထိုစဉ် သူမ နဖူးရှိ ခရမ်းနှင့် ရွှေရောင် ရူရ်နှစ်လုံးက အနည်းငယ် တောက်ပ လာသည်။

( တုံ့ပြန်မှု ရှိတယ် ... ။ )

နဂါးလေးအား အချက် ပြကာ၊ သင်းထောက် နှစ်ပါး၏ အလစ်တွင်၊ တောင်ပေါ် တက်ရောက် လာ ခဲ့သည်။

နဂါးလေးက အနက်ရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ၊ ပတ်ဝန်းကျင် အမှောင် နှင့် လုံးဝ ပေါင်းစပ် သွား၏။

များမကြာခင် ကောင်းကင် ရေကန်အား တွေ့လိုက် ရသည်။ ဝိညာဉ် စွမ်းအင် များက ၊ မြူ အသွင် ရေကန်ကို ဖုံးလွှမ်း နေသည်။

ရေကန် အလယ်တွင် ထိုင်နေသည့် ပုံ သဏ္ဍာန် တစ်ခုကို၊ ထိုမြူများ ကြားမှ ဖျတ်ခနဲ မြင်လိုက် ရ၏။

( တစ်ယောက် ယောက် ရှိ​နေ တာလား။ )

ခရမ်းငယ်က ခေတ္တ ရပ်ပြီး နဂါးလေးကို ​ကောက်​ပေွ့ကာ၊ ကျောက်ဆောင် တစ်ခုနောက် ဝင်ပုန်း လိုက်သည်။

သည့်နောက် မြူခိုး အတွင်း ချောင်းကြည့် လျက်၊

( ဘယ်သူများ လဲလို့ ... ၊ ဟိုလူယုတ်မာရဲ့ အိမ်ဖော်ပဲ။ )

-ဟု ပြုံးကာ ရေရွတ် တော့သည်။

နေ-လ နတ်ရူရ်သည် ရေကန် အောက်ခြေတွင် ရှိနိုင်ကြောင်း မှန်းဆ မိသည်။ ထို့ကြောင့် ပိုင်ရှုရင် ထွက်ခွာသည့် အချိန် အထိ၊ စောင့်ဆိုင်းရန် ဆုံးဖြတ် လိုက်၏။

( မဆိုးဘူး ... ။ )

မြူထဲ ​ရေစိမ် နေသော ပိုင်ရှုရင်၏ ကောက်ကြောင်းကို ကြည့်ကာ၊ ခေါင်းညိတ် အသိ အမှတ် ပြုလိုက်သည်။

“ ဝှစ် ... ။ ”

ရုတ်တရက် ၀တ်ရုံ တစ်ခု ပျံတက် သွားပြီး ကိုယ်လုံးတီး အသွင်​ဖြင့် ပိုင်ရှုရင် တစ်ယောက် ရေကန် ထဲမှ တက်လာ၏။

( အိုး ... ဖြူဖွေး နေတာပဲ။ )

ဝတ်ရုံက ဗလာကျင်း နေသော သူမ ခန္ဓာ ကိုယ်ပေါ် ကျရောက် သွားသည်။ ဝတ်ရုံအား ပတ်ချည် ပြီးနောက်၊ ခရမ်းငယ် ဦးတည်ရာ အရပ်ထံ လှည့်ကြည့် လာသည်။

သို့သော် ကျောက်တုံးမှ လွဲ​ပြီး အခြား မရှိချေ။

( အမည်ခံ သူတော်စင် တောင်မှ ... ၊ ငါ့ကို မမြင် နိုင်တာ၊ နင်က ... တွေ့နိုင် မယ်များ ထင် နေလား။ )

ခရမ်းငယ်က ပြုံးလိုက်ပြီး မကြောက် မရွံ့ တည့်တည့် ပြန်စိုက် ကြည့်လိုက်၏။ တစ်ဖက် တွင် ပိုင်ရှုရင်က သူမ ခေါင်းမှ ရေစက် များကို သုတ်လျက် လျှောက်လှမ်း လာသည်။

နီးကပ် လာသဖြင့်၊ ခရမ်းငယ် တစ်ယောက် မလှုပ်ဝံ့ တော့ချေ။ သူ သုံးထားသော အစီရင်မှာ လှုပ်ရှား မိပါက၊ အသွင် ပြန်ပေါ် လာမည် ဖြစ်သည်။

နီးကပ် လာသော ပိုင်ရှုရင်ကို ကြည့်ကာ၊ ကြောက်ရွံ့ လာသဖြင့်၊ ဣန္ဒြေ ဆည်ပြီး အသက် အောင့်ထား လိုက်သည်။

ပိုင်ရှုရင်က ဖြတ်ကျော် သွား မှသာ သက်တောင့် သက်သာ ဖြစ်လာ၏။ သည့်စဉ် ပိုင်ရှုရင်မှ ရုတ်တရက် လှည့်ပြီး၊ လက်ဖဝါး တစ်ချက်ကို တွန်းထုတ် လာသည်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လက်ဖဝါးက ခရမ်းငယ် ရင်ဘတ်ပေါ် ကျရောက် လာသဖြင့် လွင့်စဉ်ကာ ပါးစပ်မှ သွေးများ ထွက်ကျ လာတော့သည်။

လှုပ်ရှားသွား သောကြောင့်၊ ခရမ်းငယ် အသွင်က၊ လေထု အလယ် ထွက်ပေါ် လာခဲ့၏။ ငွေလမင်း မျက်နှာဖုံး တပ်ထား လေရာ၊ သူမ ဆံပင်များက ခါးအထိ ရှည်လျား နေသည်။

“ မင်း ... ဘယ်သူလဲ၊ ငရဲ သစ်ခွ ခြံဝင်းကို ဘာအတွက် ခိုးဝင် လာတာလဲ။ ”

ပိုင်ရှုရင်က အေးစက်စွာ မေးခွန်း ထုတ်၏။

“ ဟား ဟား ဟား ... ၊ ဒီဧကရီက ... အန္တရာယ် အမျိုးမျိုးကို ဖြတ်သန်း သွားလာခဲ့ ပြီးပြီ၊ မင်းရဲ့ ငရဲ သစ်ခွ ခြံဝင်းက၊ ဘာမှ မဟုတ် ပါဘူး။ ”

ခရမ်းငယ်၏ ပြန်ဖြေသံက လေထဲ ပဲ့တင်ထပ် လာ၏။

“ ဧကရီ ... ။ ”

ထိုနာမ်စား ကြောင့် ပိုင်ရှုရင် ခမျာ ရှုပ်ထွေး သွားသည်။

“ ဟုတ်တယ် ... ၊ ငါ့ကို ကောင်းကင် မတိုင်ခင် မွေးတယ်၊ ငါ့ အသက် ဆယ့်ရှစ်နှစ်၊ နှစ် တစ်နှစ်ကို ခေတ်တစ်​ခေတ် ကြာတယ်၊ ”

“ မင်း နာမည်က ... ။ ”

“ ငါက ,,, ကောင်းကင် တရား စီရင်ရေး ဧကရီ ... ၊ ကောင်မလေး ငါ နင့်ကို အခွင့် အရေး တစ်ခု ပေးမယ်၊ အခု ထွက်သွားပါ၊ ခေါင်းမာ နေရင်တော့ ဒုက္ခ ရောက်လိမ့်မယ်။ ”

“ ဘယ်လို​တောင် ရူးမိုက် လိုက်လဲ ... ။ ”

ပိုင်ရှုရင်က ဒေါသ ထွက်လာပြီး၊ ခန္ဓာမှ ရွှေနှင့် ငွေရောင်များ ဖြာလျက် ကောင်းကင်ပေါ် ပျံတက် သွားသည်။

တစ်ချိန်တည်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပျံ့နှံ့ လာပြီး၊ သူမ မျက်ဝန်း များက ရွှေ-ငွေ ဖြစ်လာ၏။

“ ညောင် ... ။ ”

ထိုစဉ် ကြောင်နက် တစ်ကောင်က သူမအား အလစ်ဝင် တိုက်တော့သည်။

“ ကြောင် တစ်ကောင်နဲ့ ... ကောင်မလေး။ ”

ပိုင်ရှုရင်မှ ရုတ်တရက် သတိ ရလာပြီး။

“ ဒါဆို ကျန်းယွီကို လိမ်ခဲ့တာ မဟုတ် ဖူးပေါ့။ တရားခံက မင်းကိုး။ ”

-ဟု ပြောကြား လိုက်သည်။

နဂါးလေးက ထပ်မံ တိုက်ခိုက်ခြင်း မရှိ တော့ဘဲ၊ ခရမ်းငယ်အား ထွက်ပြေးရန် အချက် ပြ လိုက်သည်။

တစ်ဖက်တွင် ပိုင်ရှုရင် ခန္ဓာကိုယ် ထဲရှိ ချိတ်ပိတ် ထားသော သူတော်စင် ရောင်ဝါက ခံစား မိသော ခရမ်းငယ် မှလည်း၊ ထိတ်လန့် သွားပြီး လှည့်ပြေး တော့သည်။

ကောင်မလေးနှင့် ကြောင်နက် အပြင်​ ယောက်ျား တစ်ယောက် ဖြစ်ကြောင်း၊ ကျန်းယွီ ပြောခဲ့သည် များကို ပြန်သတိ ရကာ၊ ပိုင်ရှုရင်မှ ပတ်ဝန်းကျင်အား စစ်ဆေး လိုက်၏။

ခရမ်းငယ် တို့နောက် လိုက်ရန် အလျင် လိုခြင်း မရှိချေ။ သူမ နာမည် သုံးကာ၊ မည်သူ ထောင်ချောက်ဆင် ဝံ့သည်ကို သိချင် လာ၏။

ထို့ကြောင့် မျက်ခြေပြတ် မခံဘဲ၊ ခပ်ခွာခွာ လိုက်ပါလာ ခဲ့သည်။ ကောင်မ​လေးနှင့် ကြောင် နက်က၊ ငရဲ သစ်ခွ ခြံဝင်းနှင့် ရင်းနှီး နေပုံ သည်။

၎င်းတို့ သွားရာ လမ်း၌ သတိပေး အစီအရင် များရှိ သော်လည်း၊ ရေှာင်ကွင်း သွားနေကြောင်း အံသြဖွယ် တွေ့ရှိ လိုက်ရသည်။

သို့သော် သူတို့ ဦးတည်ရာ အရပ်သည် မရဏ မိုးကြိုး တောင်ထိပ်ထံ ဖြစ်နေမှန်း သတိ ထားမိ ချိန်၌၊ မျက်နှာ ပြောင်းလဲ သွား၏။

ထိုအရပ်၌ အရှက်မဲ့သော ယဲ့ချင်းရှန် ဆိုသူ ရှိသည်။ ဝမ်မူယန်နှင့် ပေါင်းကာ၊ သူမအား အရူး တစ်ယောက် ကဲ့သို့၊ လှည့်စား ခဲ့သည်။

မရဏ မိုးကြိုး တောင်ခြေသို့ ရောက် သည်နှင့် ကျူးကျော် သူများကို ဟန့်တားရန် ဆုံး​ဖြတ် လိုက်သည်။

ထိုအချိန်တွင် ဘဝ သုံးပါးဘုံ အတွင်း၌၊ လင်းယွန် နောက်ကျောမှ (၁၀)ပေ ရှည်သော ရွှေတောင်ပံ တစ်စုံ ပေါက်လာ၏။

“ ခရမ်းငယ် ... ။ ”

သို့သော် ရုတ်တရက် မျက်လုံးဖွင့်ကာ ရေရွတ် လိုက်သည်။ ထိုကလေးမ အန္တရာယ် ကျရောက် နေပြီ ဖြစ်၏။

ပန်းသင်္ချိုင်းကို ဖမ်းကိုင်ကာ၊ ဘဝ-သုံးပါးဘုံမှ ချက်ချင်း ထွက်ခွာ လိုက်မိ တော့ သည်။

***

All Chapters