အကြင်နာ တရား မရှိတဲ့ လူ။
Vol. 139 Ch. 1943
မရဏ မိုးကြိုး တောင်ထိပ်နှင့် ဆယ်မိုင် အကွာ၌ ပိုင်ရှုရင်မှ နဝမမြောက် နိဗ္ဗာန် ရောင်ဝါ အား ထုတ်ဖော် လိုက်၏။
ခရမ်းငယ် ခမျာ ဖိအားကို မခံနိုင် တော့ဘဲ၊ ပြေးနေလျက်မှ မျက်နှာ ဖြူဖျော့ပြီး သွေးများ ပါးစပ်မှ စီးကျ လာသည်။
( ဒီအိမ်ဖော်မက ဘာလို့ ကြောက်စရာ ကောင်းနေ ရတာလဲ ... ။ )
ပိုင်ရှုရင်အား သူမ လျှော့တွက် မိခဲ့မှန်း နားလည် လိုက်၏။ အစောပိုင်း လက်ဖဝါးချက် ဖြင့်ပင်၊ အခြား လူသာ ဆိုက သေစေ နိုင်သည်။
တိုက်ပွဲ အတွေ့ အကြုံ များစွာ ရှိပြီး၊ ပြိုင်ဘက်၏ အသက်ကို တစ်ချက် တည်းဖြင့် သတ်ရန် ရည်ရွယ်ကြောင်း မြင်နိုင်၏။ ရုပ်နှင့် မလိုက်၊ ရက်စက် ကြမ်းကြုတ် လှချေပြီ။
လျင်မြန်စွာ လိုက်မီလာ သဖြင့် လှည့်ကြည့်ကာ၊ တံဆိပ် တစ်ခု အမြန် ဖန်တီး လိုက် မိသည်။
“ ဖီးနစ် ကျက်သရေ ... ။ ”
မီးတောက်ထဲ ရုန်းထ လာသော ဖီးနစ် တစ်ကောင်အသွင် ပန်းချီကား တစ်ချပ် ပေါ်လာ သည်။
“ သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင်လား။ ”
ပိုင်ရှုရင်က တအံ့ တသြဖြင့် ခြေလှမ်း များကို ရပ်လိုက် မိသည်။
“ ဟမ့် ... ငါက မွေးရာပါ မြင့်မြတ်တဲ့ ဝိညာဉ်ရေးရာ ဆရာ သခင်ပဲ ... ၊ မင်းသာ လိမ္မာ ပါးနပ်ရင် ဒူးထောက်ပြီး၊ ဆရာ အဖြစ် အရို အသေ ပေးသင့်တယ်။ ”
သို့သော် ပိုင်ရှုရင်က ဂရု မစိုက်ဘဲ၊ လျှောက်လှမ်း တိုးကပ်လာ သဖြင့်၊ စိတ်ထဲမှ ကျိန်ဆဲပြီး ဖီးနစ်ကို လွှတ်ပေး လိုက်ရ၏။
“ မင်း နောင်တရဖို့ ... အရမ်း နောက်ကျ သွားပြီ ... ။ ”
“ ကျီး ... ။ ”
ဖီးနစ်က အော်မြည်လျက် ပန်ချီကား ထဲမှ နေ၍၊ ပိုင်ရှုရင်ထံ ပြေးဝင်၏။ သို့သော် အနားမ ရောက်ခင်၊ ပိုင်ရှုရင် ခန္ဓာကိုယ်မှ ချည်မျှဉ်များ ပျံထွက် လာတော့သည်။
ဖီးနစ် ခမျာ တစ်စစီ ကြွေကျလျက် သူတော်စင် ရူရ် အဖြစ်သို့ ပြောင်းလဲ သွားတော့ ၏။ အရာ အားလုံး မြန်ဆန်လွန်း ခေျပြီ။
အမည်ခံ သူတော်စင် တစ်ပါး ကိုပင်၊ ဒဏ်ရာရ စေသည့် သူတော်စင် ပန်းချီကားမှာ၊ အလွယ် တကူ ပျက်စီး သွားခဲ့သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ။ ”
တစ်ဖက် လူသည် ဝိညာဉ် ရေးရာ ရူရ်များ အပေါ် ကျွမ်းကျင် နေသောကြောင့် ခရမ်းငယ် တစ်ယောက် ထိတ်လန့် လာ၏။
“ မင်းရဲ့ နောက်ခံက ဘယ်သူလဲ ... ။ ”
ဆံနွယ်များ လေနှင့် အတူ လွင့်ဝဲလျက် ပိုင်ရှုရင်က ကောင်းကင်တွင် ရပ်ကာ မေးလိုက် သည်။
“ ဟမ့် ... ကောင်းကင်ဘုံ ပိုးစာလက်ကို ကောင်းကောင်း ကျွမ်းကျင်နေတာပဲ၊ ဒါပေမယ့် မင်းမှာ အားနည်းချက် သုံးခု ရှိနေတယ်၊ ကောင်းကင်ဘုံ ပိုးစာလက်ရဲ့ ၊ ...
... အနှစ် သာရက အလျင် မဟုတ်ဘူး၊ အဆက် မပြတ် စီးဆင်း လာတဲ့ ... ရေတွေလို အဟုန်ကို အဓိက ထားရတယ်။ ”
သူတော်စင် ပုံကြမ်း ဖျက်ဆီး ခံရ သော်မှ၊ ခရမ်းငယ်က မောက်မာ စွာဖြင့်၊ တစ်ဖက် လူကို သင်ကြား ပေးနေ ခဲ့သည်။
“ ကောင်းကင်ဘုံ ပိုးစာလက် ... အကြောင်းကို၊ မင်း တကယ် သိလို့လား၊ မင်းက ဘယ်သူလဲ။ ”
ပထမဆုံး အကြိမ် အဖြစ် ပိုင်ရှုရင် ခမျာ တုန်လှုပ် လာသည်။
“ ဒါက ဘာများ ဆန်းလို့လဲ၊ အတိတ် တုန်းက ... ငါကိုယ်တိုင် ဒါကို ဖန်တီးပေး ခဲ့တာ၊ သူ့မှာ လက်ဟန် (၁၀၈)ပါး ရှိတယ်၊ ..
... ကောင်းကင် ကံကြမ္မာ တံခါးရဲ့ ... ကံကြမ္မာ အသွင် ပြောင်းခြင်း လက်တစ်ထောင် နဲ့၊ အနန္တ ပန်းတောင်ကြားက ကောင်းကင် နတ်သမီး လက်ဟန်ပဲ ... ၊ ယှဉ်လို့ ရတယ်။ ”
ခရမ်းငယ်က ကြီးကြီး ကျယ်ကျယ် ပြန်ဖြေ၏။ ပိုင်ရှုရင် ခမျာ ထိတ်လန့် လာပြီး ခရမ်းငယ်အား မြန်မြန် ဖမ်းဆီး စစ်မေးရန် ကြံရွယ် လိုက်သည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
ထို့ကြောင့် ခြေတစ်လှမ်း တိုးကာ၊ (၁၀) ကြိမ်တိတိ ဖလှယ် လိုက်ကြ၏။ အဆုံးတွင် ခရမ်းငယ် ခမျာ လက်ဖဝါးချက် ထိမှန်ကာ လွင့်ပျံ သွားခဲ့သည်။
ပိုင်ရှုရင်က ဆက် မတိုက်ခိုက်ဘဲ၊
“ မင်းရဲ့ မျက်နှာဖုံးကို ဖယ်ပြီး၊ မေးခွန်း တချို့ ဖြေဖို့ပဲ လိုတယ် ... ၊ အခု မင်းကို ထိမှန် ခဲ့တဲ့ လက်ဖဝါးက၊ နဂါး လက်ဝါးပဲ၊ ချက်ချင်း ပြန်ကောင်း လာဖို့ မလွယ်ဘူး။ ”
“ နဂါးလေး ... ။ ”
ခရမ်းငယ်က အော်ခေါ် လိုက်၏။ ရုတ်တရက် အနက်ရောင် အလင်းတန်း တစ်ခု တိုက်ပွဲ အတွင်း ပြေးဝင် လာသည်။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ ဗြိ ... ။ ”
ပိုင်ရှုရင် ခမျာ၊ ကြောင်နက်နှင့်၊ အနည်း ငယ်ခန့် ဖလှယ် လိုက်ရ၏။ ကြောင်လက်သည်း များက၊ လက်သီး တစ်လှည့်၊ လက်သည်း တစ်လှည့် ပြောင်းလဲ နေချေပြီ။
ဤသည်မှာ ရှားပါးသော ပညာရပ် တစ်ခု ဖြစ်ပြီး၊ လက်သီးနှင့် လက်သည်း ပြောင်းလဲချိန် တိုင်းတွင်၊ နဂါး ဟောက်သံများ ထွက်ပေါ် လာသည်။
ထို့နောက် လှုပ်ရှားမှု ဆယ်ကြိမ်ခန့်၊ ထပ်မံ ရင်ဆိုင်လိုက် ကြ၏။ ကြောင်နက်၏ လက်ဖဝါး သည် နဂါး လက်သည်း အလား ထင်ရှား လာသည်။
၎င်းက လေဟာနယ်ကို ကန့်သတ် ထားသဖြင့်၊ ပိုင်ရှုရင်မှ အလှုပ်ရှုပ် သွားသည်။ ထိုအချိန်တွင် ကြောင်နက်နှင့် ကောင်မလေးမှာ အဝေးသို့ ရောက်နေ ချေပြီ။
ပိုင်ရှုရင်က စိတ်ပူခြင်း မရှိချေ။ တံဆိပ် တစ်ခု ဖွဲ့စည်းကာ၊
“ နဂါး တုပ်နှောင်ခြင်း သံကြိုး ... ။ ”
-ဟု အော်ဟစ် လိုက်သည်။
သူမ ပတ်ပတ် လည်တွင် အလင်း တန်းများက ချည်မျှင်များ အလား သိုင်းယှက် လာပြီး၊ ရှေးဟောင်း တံခါး တစ်ချပ် ပွင့်လာ တော့၏။
“ ချွမ် ... ချွမ် ... ချွမ် ... ။ ”
တံခါး အတွင်းမှ သံကြိုး များစွာက၊ ကောင်းမလေးနှင့် ကြောင်နက် နောက်သို့ ပြေး လိုက်သွား လေသည်။
ထိုအချိန်တွင် ဓားတုန်ခါသံများ မြည်ဟည်းလျက် ကောင်းကင်မှ ဓားတစ်စင်း သက်ဆင်း လာပြီး၊ သံကြိုး အားလုံးကို ဖြတ်တောက် ပစ်လိုက် တော့၏။
“ ဘယ်သူလဲ ... ။ ”
ပိုင်ရှုရင် မျက်နှာ ပြောင်းလဲ သွား၏။ ဤဓားအား အဝေးမှ တစ်စုံ တစ်ဦးမှ ချယ်လှယ် နေခြင်း ဖြစ်သည်။ ယင်းက သူမ၏ လျှို့ဝှက် နည်းပညာကို ဖျက်ဆီး နိုင်သော ကြောင့်၊ ပါရမီရှင် ဖြစ်နိုင်၏။
“ ဝှစ် ... ။ ”
သို့သော် မေးခွန်းကို ပြန်မဖြေဘဲ၊ ဓားက အစွမ်း ထက်သော ရည်ရွယ်ချက်ကို ထုတ်ဖော် ကာ၊ ဆက်၍ တိုးဝင် လာသည်။
“ ဝုန်း ... ။ ”
တစ်လူ၏ ဓားသည် ကြောက်မက်ဖွယ် အဆင့်၌ ဖြစ်ပြီး၊ ထိပ်တိုက် တွေ့ဆုံမှု အပြီး၌၊ လှိုင်းများ ပျံကျဲလျက်၊ ပတ်ဝန်းကျင်အား အပျက် အစီးများ ဖြစ်လာ စေသည်။
ပိုင်ရှုရင် ခမျာ နောက်သို့ ဆယ်လှမ်း ဆုတ်ခွာ ပြီးသည့်တိုင်၊ သူမ ဓားကို ဆွဲထုတ် လျက်၊ ဘုန်း ဝိညာဉ်တော် များအား အသက် သွင်းကာ၊ ဝင်လာမည့် ဓားချက် များကို သတိထား စောင့်ကြည့် နေခဲ့ ရသည်။
“ ပြန် လာ ခဲ့ ... ။ ”
သို့သော် လင်းယွန်က တောင်ပေါ်မှ ပြေးဆင်း နေလျက်မှ၊ ပန်းသင်္ချိုင်းအား ပြန်ခေါ် လိုက် လေသည်။
“ ခွပ် ... ခွပ် ... ခွပ် ... ။ ”
ထိုအချိန်တွင် မြင်းခွာသံများ ထွက်ပေါ် လာပြီး၊ ခရမ်းငယ်ကို တင်ဆောင်လျက် နဂါး လေး ပြေးတက် လာ၏။
“ လူယုတ်မာ ... နင် မလာရင် ငါ သေလိမ့်မယ် ... ။ ”
ငွေလမင်း မျက်နှာဖုံးအား ဖယ်ကာ၊ ခရမ်းငယ်မှ အပြစ် တင်၏။ သူမ ဒဏ်ရာသည် ပြင်းထန် လှသောကြောင့်၊ အကြောင်းရင်းအား မေး မနေ တော့ဘဲ၊
“ ဓားသေတ္တာထဲ ဝင် ... ။ ”
-ဟု အမိန့် ပေးလိုက် ရသည်။
ထွက်ခွာရန် နောက်ကျ နေပြီ ဖြစ်ရာ၊ ဓားသေတ္တာကို ဘေးတွင် ချလျက်၊ တရားထိုင်ဟန် ထိုင်ချ လိုက်ရ၏။
“ ဝှစ် ... ။ ”
များမကြာခင် ပိုင်ရှုရင်က ကောင်းကင်မှ ဆင်းလာပြီး တရား ထိုင်နေသော လင်းယွန်ကို မြင်ချိန်၌ အံ့အားသင့် သွားလေသည်။
“ အစ်မ ပိုင် ... ။ ”
လင်းယွန်က နှုတ်ဆက် လိုက်၏။
“ နင် ... ဒီမှာ ဘာလုပ် နေတာလဲ။ ”
ပိုင်ရှုရင်မှ မေးသည်။
“ ဒီမေးခွန်းကို ကျွန်တော် မေးရမှာ ... မဟုတ် ဖူးလား၊ စီနီယာ အစ်မ ပိုင်က ... ဒီကို ဘယ်လိုလုပ် ရောက်လာ တာလဲ။ ”
ပိုရှုရင်မှ ပြန်မဖြေဘဲ၊ အကြည့် များက ဓားသေတ္တာပေါ် ကျသွားသည်။ ၎င်းကို ဖွင့်ခိုင်း ရမည် လောဟု တွေးဆ နေမိစဉ်။
“ ဒါက ... ငါ့ဓား သေတ္တာပါ၊ အစ်မ ပိုင် စိတ်ဝင်စား လို့လား။ ”
လင်းယွန်မှ ဓားသေတ္တာကို ဖွင့်ပြ လိုက်သည်။ သူမ မျှော်လင့် ထားသည့် အရာ မဟုတ် သောကြောင့်၊ ပိုင်ရှုရင်မှ စိတ်ပျက် သွား၏။
တစ်ဖန် ဤလူသည် သူမ၏ နဂါး ပိတ်လှောင်ခြင်း သံကြိုး များကို ဖြတ်တောက် နိုင်မည်ဟု မယုံချေ။ ယင်းသို့ လုပ်နိုင် ပါက ၎င်းခွန်အားသည် သူမနှင့် တူညီ ပေမည်။
“ အစ်မပိုင် ရောက်လာပြီး မှတော့ ... ၊ ငါ့မရဏ မိုးကြိုး တောင်ထိပ်ကို ဘာလို့ အလည် အပတ် မလာ ရတာလဲ၊ ငါတို့ နားလည်မှု လွဲနေ တာကို ... ၊ ရှင်းပြချင် ပါတယ်။ ”
လင်းယွန်းက ဓားသေတ္တာကို ပိတ်ပြီး ပြောသည်။
“ နားလည်မှု လွဲတာ မရှိဘူး။ ”
ပိုင်ရှုရင်မှ ငြင်းဆန်၏။ မူလက ယဲ့ချင်းရှန်နှင့် မဆုံသော်၊ တောင်ပေါ် အထိ တက်ရောက်ရန် ဆန္ဒ ရှိသည်။
“ ကြည်လင်သော ရေပြင်မှာ၊ ပုံရိပ်တွေ အရိပ်ထင် နေတယ်၊ ဆည်းဆာ နေဝင် ချိန်ဆို မွှေးရနံ့တွေ လွင့်ပါး လာကြပြီ၊ စီနီယာ အစ်မ ပိုင် ... အစ်မပိုင်ရဲ့ နာမည်က၊ ...
... ဇီးပန်းပွင့်များ ကဗျာနဲ့ .. ဆက်နွယ် နေသလိုပဲ၊ မင်း ဓားကို သုံးတဲ့ အခါ၊ အဲဒီ ကဗျာ နဲ့ ... ပိုတူတယ်။ ”
လှည့်ထွက် လာစဉ်၊ ယဲ့ချင်းရှန်၏ ကဗျာ ရွတ်သံ လိုက်ပါ လာသဖြင့်၊ ပိုင်ရှုရင်မှ ချက်ချင်း လည်ပြန် လှည့်ကြည့်ကာ၊
“ အဲဒါ ... ငါ့နာမည်ရဲ့ ... အဓိပ္ပာယ်ပဲ။ ”
-ဟု ဝန်ခံ လိုက်တော့သည်။
( ဇီးပန်းပွင့်များ ကဗျာ ဟူသည်၊ တရုတ် ပြည်၌ ပြန်လာ မည်ဟု ကတိ ပေးထားသော ချစ်သူကို စောင့်နေသည့် မိန်းကလေး တစ်ဦး အကြောင်း ဖြစ်သည်။ )
ပိုင်ရှုရင် လှည့်ကြည့် လာသဖြင့် လင်းယွန် တစ်ယောက် ထိတ်လန့် သွား၏။ ပါးစပ်ထဲ ရှိရာ ရွတ်ဆို လိုက်ခြင်းသည်၊ သူမ နာမည် နောက်မှ အဓိပ္ပါယ် ဖြစ်နေ မည်ဟု၊ မထင် မိခဲ့ချေ။
“ ဒါဆို ... ဘာမှ မပြောဖူးပဲ ထားလိုက် ရအောင်။ ”
ပိုင်ရှုရင် မျက်မှောင်ကြုတ် သွား၏။ ယဲ့ချင်းရှန် ဟူသည် သူမနှင့် စကားစ ရှာကာ ပြောလိုသူ တစ်ယောက် ဖြစ်သည်။
ယခု ကဲ့သို့ အလွယ်တကူ စကားစကို ဖြတ်ပစ် တတ်သူမျိုး မဟုတ်ချေ။ အနည်းငယ် ထူးဆန်း နေချေ၏။
“ အစ်မပိုင် ... ၊ မင်း မသွား သေး ဖူးလား။ ”
လက်ရှိ အချိန်၌ လင်းယွန်မှ ခရမ်းငယ် ဒဏ်ရာကို စစ်ဆေးရန် အလျင်လို နေပြီ ဖြစ် သဖြင့်၊ ထုတ်မေး လိုက်ရသည်။
“ ငါက ဒီမှာ နေချင် တယ်လို့၊ ထင်နေ တာလား၊ ယဲ့ချင်းရှန် ... နင့်ရဲ့ တောင်ထိပ်ကို ... ၊ ငါ့ တစ်သက် ဘယ်တော့မှ မလာဘူး။ ”
ပိုင်ရှုရင်က ဒေါသ ထွက်လာပြီး၊ အေးစက်သော အသွင်နှင့်၊ လှည့်ထွက် သွား တော့သည်။
နားလည်မှု လွဲမှား ခြင်းမှာ၊ ပို၍ နက်ရှိုင်း လာချေပြီ။ ထို့ကြောင့် လင်းယွန်မှ သက်ပြင်းချ လိုက်မိ၏။
သို့သော် ခရမ်းငယ် ဒဏ်ရာအား စစ်ဆေး ကြည့်ရန် အလျင်လို နေပြီ ဖြစ်ရာ၊ ထို့ထက် ပို၍ တွေး မနေနိုင် တော့ချေ။
လျှို့ဝှက် နယ်မြေ ထဲတွင်၊ ခရမ်းငယ်မှာ မျက်လုံး မှိတ်လျက်၊ ဖီးနစ် သစ်ပင် အောက်၌၊ ထိုင်နေ ခဲ့၏။ လင်းယွန် အငွေ့ အသက်ကို ခံစား မိသော အခါ၊ မျက်လုံးများ ဖွင့်ကာ၊
“ လူယုတ်မာ ... ၊ နင်က အကြင်နာ တရား ခေါင်းပါးတဲ့ သူပဲ။ ”
-ဟု အပြစ်တင် လိုက်တော့သည်။
***