← Chapters

ဖီးနစ် သစ်ပင် ... ။

Vol. 139 Ch. 1944

ဖီးနစ် သစ်ပင် ... ။

Vol. 139 Ch. 1944

လင်းယွန်က အချိန်ဖြုန်း လိုခြင်း မရှိ တော့ဘဲ၊ လျှို့ဝှက် နယ်မြေ အတွင်း ဝင်ကာ၊ ခရမ်းငယ် လက်ကောက် ဝတ်ကို ဖမ်းဆွဲ လိုက်သည်။

ဒဏ်ရာများ ပြင်းထန် လှချေ၏။ ခရမ်းငယ် ခန္ဓာအား မိုးပြာ နဂါး ဘုရင် အရိုးဖြင့်၊ ပြန်လည် တည်ဆောက် ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ ခန္ဓာ ကိုယ်သည်၊ မူလ နတ်ဖီးနစ် ခန္ဓာ ကိုယ်ထက်၊ ပို၍ အားနည်း ချေ၏။

“ မင်း ... ကောင်းကင် ရေကန်ကို သွားခဲ့ တာလား။ ”

“ ဟုတ်တယ် ... ။ ”

လင်းယွန်က သူမ နောက်ကျောတွင် လက်ဖဝါး တင်လိုက်ပြီး၊ နဂါးပြာ အရိုးအား အသက် သွင်း၏။

ရေခဲနှင့် မီး ရည်ရွယ်ချက်က သူမ၏ ကိုယ်တွင်း အင်္ဂါ များတွင် တွယ်ကပ် နေသည်။ သတိ မမူပါက ဆန့်ကျင်ဘက် ဒြပ်စင် နှစ်ခုမှာ၊ ပေါက်ကွဲ သွားနိုင်သည်။

ယင်းက သူတော်စင် တစ်ဦးပင် အသက် ဆုံးရှုံးနိုင် ပေ၏။ နဂါးပြာ အရိုးဖြင့်၊ ၎င်းအား မဖယ်ရှား နိုင်ချေ။ ထို့ကြောင့် ကြယ်ဓားကို အသုံး ပြုရန် ကြံရွယ် လိုက်၏။

အသိ စိတ်ကို သုံးပိုင်း ခွဲကာ၊ တစ်ပြိုင်နက် လုပ်ဆောင် ပေးနေ မိသည်။ အချိန် အနည်းငယ် ကြာ ပြီးနောက်၊ နဖူးမှ ချွေးစေးများ ထွက် လာ တော့၏။

“ ဝေါ့ ... ။ ”

တစ်နာရီ အကြာတွင်၊ ခရမ်းငယ်မှ မျက်နှာ ဖြူဖျော့လျက်၊ သွေးများ ထွေးထုတ် လာသည်။ မတ်တပ် ထရပ်ပြီး၊

“ ငါ ကောင်းသွားပြီ။ ”

-ဟု ပြောလာ၏။

“ ဖြန်း ... ။ ”

လင်းယွန်က ဖြည်းညှင်းစွာ ထရပ်ပြီး၊ သူမခါးကို လှမ်းဖမ်းကာ၊ တင်ပါးအား ပိတ်ရိုက် တော့သည်။

“ ငါ ... ငါ ... ။ ”

“ ဖြန်း ... ။ ”

ခရမ်းငယ်မှ အစွမ်းကုန် ရုန်းထွက် လိုက်သော်လည်း၊ လင်းယွန်မှ လွှတ်မပေးဘဲ၊ ဆက်လက် ရိုက်နှက် နေ၏။

“ ဖြန်း ... ။ ”

“ တောင်းပန်ပါတယ် ... ၊ ငါ့ အမှားကို နားလည် ပါပြီ၊ ငါ့ကို ခွင့်လွှတ်ပါ ... ။ ”

သို့မှသာ လင်းယွန်က လွှတ်ပေး လိုက် တော့သည်။ နာကျင်မှုကြောင့် ခရမ်းငယ်မှာ၊ မထိုင်ဝံ့ သေးချေ။

“ ငါ ... ငါ မှားပါတယ်။ ”

အဆုံးတွင် လင်းယွန် တစ်ယောက် နှလုံးသား ပျော့ပျောင်း လာပြီး၊ ခရမ်းငယ်ကို လှည့်ကြည့်သည်။

ဓားသေတ္တာ ထဲတွင် အနှစ် တစ်ထောင် အကျဉ်းချ ခံခဲ့ရ သော်မှ၊ သူမ စိတ်ဝိညာဉ်သည် သန်စွမ်း ချေ၏။ သို့သော် ရုပ်ခန္ဓာ မပါချေ။

ပြန်လည် နိုးထ လာချိန်၌၊ မိုးပြာ နဂါး ဘုရင်၏ အရိုးဖြင့် သူမအား ဖန်တီး ထားသော ကြောင့်၊ သူ့သမီး တစ်ပိုင်း အဖြစ် သတ်မှတ် နိုင်သည်။ သူမအား ကာကွယ်ရန် တုံ့ဆိုင်း နေမည် မဟုတ်ချေ။

“ ဘယ်သူ လုပ်တာလဲ ... ။ ”

အေးစက်သော လေသံဖြင့်၊ မေးလိုက်၏။ သူမကို သင်ခန်းစာ ပေးပြီးနောက် လက်စားချေ ရမည့် အချိန် ကျချေပြီ။

“ ပိုင် ရှု ရင် ... ။ ”

“ ငွေလမင်း မျက်နှာဖုံးပေး ... အခု ငါ လိုက်ရင် မီဦးမယ်။ ”

“ မလုပ်နဲ့ ... ဒါ ... သူ့ အပြစ် မဟုတ်ဘူး၊ ငါသတိ လက်လွတ် ဖြစ်သွားတာ၊ ဒါကြောင့် သတ်စရာ မလိုဘူး။ ”

“ သူ့ကို သတ်မယ်လို့ ... ဘယ်သူ ပြောတာလဲ၊ သင်ခန်းစာ တစ်ခုလောက် သင်ပေး ရမယ်၊ မင်းကို ဒဏ်ရာရ စေတဲ့ အတွက်၊ ခွင့်လွှတ်လို့ မရဘူး။ ”

“ ထားလိုက်ပါ၊ ဒါ ... ငါ့အမှားပဲ။ ”

ခရမ်းငယ်က ဖြစ်ပျက် သမျှကို ပြန်လည် ရှင်းပြ တော့သည်။

“ ဒါဆို ... သူ့မှာ အပြစ် မရှိဘူး။ ”

ယဲ့ချင်းရှန် အဖြစ် အပျက်များ ပြီးနောက်၊ သူမကို ချောင်းကြည့်ဝံ့ သူများ အပေါ်၊ ပိုင်ရှုရင် မှ သင်ခန်းစာ ပေးချင် သည်မှာ၊ သဘာဝ ပေပင်။

သူမသည် အသက်ပေါင်း များစွာကို၊ သတ်ပစ် ခဲ့ကြောင်း ပြောစဉ်က၊ ပေါ့ပေါ့ ပါးပါး ပင် နားထောင် ခဲ့သည်။ ယခု ဒဏ်ရာကို မြင် ပြီးနောက် ယင်းအား အလေးအနက် ထားရ ပေတော့မည်။

သူမနှင့် ယှဉ်သော် ခရမ်းငယ်မှာ ချစ်စရာ ကောင်းနေသည်။ ဒဏ်ရာ ရသည့််တိုင် မာနကြီး သော အသွင်ဖြင့်၊ ပိုင်ရှုရင်အား လမ်းညွှန် ပေးခဲ့သည်။

“ ပိုင်ရှုရင်က ... တကယ် မိုက်မဲ တာပဲ၊ ကောင်းကင် ပိုးဖလံ လက်ကို ... လေ့ကျင့် ထား တဲ့ အတွက်၊ မင်းက ... သူ့ရဲ့ ဘိုးဘေး မဟုတ်လား၊ ဒါကို ရိုက်ဝံ့တယ်။ ”

“ ငါ အချိန်မီ ... မရှောင်နိုင် လို့ပါ။ ”

ခရမ်းငယ်မှ ရှက်ရွံ့စွာ ပြောသည်။

“ ငါ ... သူ့ကို နင့်ရဲ့ အိမ်အကူ ဖြစ်အောင် လုပ်ချင်တယ်၊ ဒါကြောင့် ငါ့ကိုယ်ငါ ထိန်းထား လိုက်တာ၊ မဟုတ်ရင် ... သူ့ကို သတ်ပစ် ပြီး သားပဲ၊ ဒါကို နင့်က ငါ့အပေါ် လှောင်ပြောင် ချင်နေ သေးတယ် ... လူယုတ်မာ။ ”

“ ကောင်းပြီ ... ကောင်းပြီ၊ ဒါတွေ အားလုံး ငါ့အမှား ပါပဲ၊ မငို နဲ့တော့။ ”

ခရမ်းငယ် ငိုတော့မည် ဖြစ်သဖြင့်၊ လင်းယွန်က ချော့မြူ လိုက်သည်။

“ ဟမ့် ... ဟုတ်တယ်၊ ဒါ ... နင့် အပြစ်ပဲ၊ ငါ့ဖင်ကို အရမ်း ရိုက်တယ်၊ အခု ငါထိုင်လို့ .. မရ တော့ဘူး၊ ငါက ကောင်းကင် တရား စီရင်ရေး ဧကရီပဲ၊ ငါ့ဖင်ကို ဘယ်လိုများ ရိုက်ရဲလဲ။ ”

မျက်ရည်များ စီးကျလျက် လင်းယွန်အား လက်သီးဖြင့် ထိုးတော့၏။ တစ်ဖက်တွင် နူးညံ့ သိမ်မွေ့သော အမူ အရာဖြင့်၊

“ ကောင်းကင် တရား စီရင်ရေး ... ဧကရီဆိုတဲ့ ဘွဲ့ထူးက၊ ငါ့ကို လိမ်နေ တာပဲ ဖြစ် စေဖို့ ... မျှော်လင့် ပါတယ်၊ တကယ်ဆို မင်းက ဧကရီ တစ်ပါးထက်၊ ကလေး တစ်ယောက်နဲ့ ပိုတူ နေတယ်။ ”

“ ဟမ့် ... ၊ ငါက ဘာလို့ ... ကလေး ဖြစ်ရမှာလဲ၊ ငါက နတ်ဖီးနစ် မိသားစုရဲ့ ... ပါရမီ ရှင်ပဲ။ ”

လင်းယွန်က ဆက် မပြော တော့ဘဲ၊ သိုလှောင် လက်ကောက် အတွင်းမှ ရာဝင်အိုး တစ်လုံးကို ထုတ်ယူ လိုက်သည်။

စစ်မှန်သော နဂါး သူတော်စင် သွေးရည်ကြည် (၂)သောင်း ကီလို ဂရမ် ဖြစ်၏။ ခရမ်းငယ် တစ်ယောက် မျက်လုံးများ လင်းလက် လာသည်။

“ ဒါက တော်တော် အဆင့် မြင့်တယ်၊ လင်းယွန် ... နင် ဘယ်လိုများ ဒီလောက် အများ ကြီး ရခဲ့ တာလဲ။ ”

လင်းယွန်မှ ပြန်မဖြေချေ။ နောက်ဆုံးတွင် ဤပမာဏ ရရှိရန် အကျိုးဆောင် အမှတ် (၈) သန်း နီးပါး အသုံးပြု ခဲ့ရသည်။

ခရမ်းငယ်က ချက်ချင်း ပျံသန်း လာပြီး၊ လင်းယွန် ပါးပြင်အား နမ်းရှိုက် လိုက်၏။

“ ဒါ ဘယ်လောက်လဲ ... ။ ”

“ ကီလို နှစ်သောင်း နီးပါးပဲ။ ”

“ အရမ်း မိုက်တယ်။ ”

ခရမ်းငယ် တစ်ယောက် ပျော်ရွှင်စွာဖြင့်၊ ခုန်ဆင်း သွားသည်။ သို့သော် မျက်နှာကို ရှုံ့တွ လျက်၊ ‘အား’-ဟု အော်ချ လိုက်သည်။

“ ဘာ ဖြစ်တာလဲ။ ”

“ နင့် ကြောင့် ... ။ ”

“ ငါသိပြီ ... မင်း ... တင်ပါး နာသွားတာ။ ”

“ ပါးစပ် ပိတ်ထား၊ ဟမ့် ... ဒါပေမယ့် ငါနင့်ကို ခွင့်လွှတ် လိုက်မယ် ... ၊ လာ ဖီးနစ် သစ်ပင်ဆီ သွားရအောင်။ ”

အတွေး များဖြင့် ခရမ်းငယ် မျက်နှာ ရွှင်မြူး သွားပြီး၊

“ အပင်ကြီး လာရင် ... ၊ ငါလည်း သေချာပေါက် ကြီးထွား လာမယ်၊ အဲဒီ အချိန် မှာ ငါ ဘယ်လောက် လှလာ မလဲ ... ၊ နင် တွေ့လိမ့်မယ်။ ”

-ဟု ကြေငြာ လိုက်သည်။

“ ဟမ့် ... နင့်ရဲ့ အပြုံးက ဘာ အဓိပ္ပါယ်လဲ၊ ငါ့ပြောတာကို မယုံဖူးလား၊ ငါက နင့် ဆုစီယာနဲ့ ယွဲ့ဝေဝေထက် ပိုလှတယ်။ ”

“ ဟုတ်ပါပြီ ... ငါ မင်းကို ယုံပါတယ်။ ”

“ ဟွန်း ... ။ ”

နောက်ရက် အနည်းငယ် တိုင်အောင်၊ နှစ်ယောက်သား ဖီးနစ်သစ်ပင် အပေါ် အာရုံ စိုက်နေ ခဲ့သည်။

သစ်ပင်သည် နဂါး သွေးရည်ကြည် များကို တပြိုင် နက်တည်း မစုပ်ယူ နိုင်ချေ။ ထို့ကြောင့် နည်းနည်းခြင်း သွန်းလောင်းပေး နေရသည်။

လုပ်ငန်းစဉ်မှာ ပျင်းရိဖွယ် ကောင်းလှ၏။ မျက်စိ တစ်မှိတ် အတွင်း (၁၅)ရက် ကုန်လွန် သွား ချေပြီ။

တစ်ရက်တွင် ကျောက်စိမ်းဓား သူတော်စင်က ပိုင်ရှုရင်အား၊ ယဲ့ချင်းရှန်ထံ သွားရန်၊ စေခိုင်း လိုက်လေသည်။

“ ဆရာ ... ။ ”

“ ဘာလို့လဲ ... မင်း အတွက် ပြဿနာ ရှိလို့လား၊ ဒါမှမဟုတ် ငါ့ကိုယ်တိုင် သွားစေချင် တာလား။ ”

ကျောက်စိမ်းဓား သူတော်စင်မှ မျက်ခုံး ပင့်ကာ၊ ပြန်လည် မေးခွန်း ထုတ်လိုက် သော ကြောင့်၊ ပိုင်ရှုရင် ခမျာ တိတ်ဆိတ် သွား တော့သည်။

***

All Chapters