← Chapters

ပိုင်ရှုရင် ... ။

Vol. 139 Ch. 1945

ပိုင်ရှုရင် ... ။

Vol. 139 Ch. 1945

ကျောက်စိမ်း နေရောင်ခြည် နန်းတော်။

ဤသည်မှာ ငရဲ သစ်ခွ ခြံဝင်း အတွင်း၊ ကျောက်စိမ်းဓား သူတော်စင် နေထိုင်ရာ၊ အိမ် ဖြစ်သည်။

နန်းတော် တစ်ခုလုံးကို သူတော်စင် ရောင်ဝါဖြင့် ဖုံးအုပ် ထားပြီး၊ ကျောက်စိမ်းတုံး တစ်တုံး ပေါ်တွင်၊ ကေျာက်စိမ်းဓား သူတော်စင်မှ ထိုင်နေ၏။

သူမ ထိုင်နေရာ၊ ကျောက်စိမ်းတုံး နောက်ကျောတွင် မြစ်တစ်စင်းပုံ ပန်ချီကား တစ်ချပ်၊ ချိတ်ဆွဲ ထားသည်။

သူမ ဆရာ၏ မေးခွန်း အပေါ်၊ ပိုင်ရှုရင် တစ်ယောက် မည်သို့ ဖြေရ မည်ကို မသိတော့ ချေ။

လွန်ခဲ့သည့် (၁၅) ရက် ကပင်၊ သူမ တစ်သက် မရဏ မိုးကြိုး တောင်ထိပ်သို့ ဘယ် တော့မှ လာတော့မည် မဟုတ်ကြောင်း၊ ထိုလူထံ ကြေငြာ ခဲ့သည်။

“ အဲဒီလို သဘောမျိုး မဟုတ်ပါဘူး ဆရာ။ ”

ခေါင်းငုံ့လျက် ပြန်ဖြေ လိုက်၏။ ထိုအမူ အရာကြောင့် ကျောက်စိမ်းဓား သူတော်စင်မှာ အံ့ဩ နေခဲ့သည်။

ဤတပည့်သည် မာနကြီး သော်လည်း၊ ၎င်းကို ထုတ်ဖော် ပြသ ခဲ၏။ သာမန် တပည့် တစ်ဦး ကိုပင်၊ အလိုက်သင့် ဆက်ဆံသည်။ ထင်သေးခြင်း မရှိချေ။

ထိုအတွက် ကြောင့်ပင်၊ သန့်ရှင်းသော သမီးတော် ရာထူးနှင့် ထိုက်တန်မှန်း လူတိုင်းမှ အသိအမှတ် ပြုကြသည်။ တပည့်တိုင်း အပေါ် အလေးထား ဆက်ဆံ တတ်သူ ဖြစ်၏။

“ မင်း ... စိုးရိမ် နေတာလား ... ၊ ငါ ကြားပါတယ် ... ဒီကောင်လေးက အခုထိ အမူ အကျင့်တွေ မပြောင်းလဲ သေးဘူး ဆိုတာ၊ သူ မင်းကို နှောင့်ယှက် နေတုန်းပဲ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ မေးပြော ပြောသည်။

“ ဟုတ်ကဲ့ ... သူ့ကို သဘော မကျဘူး။ ”

“ ငါ သိတယ် ... ၊ မင်း သဘော ကျစရာ မလိုပါဘူး၊ သူ ... မင်းကို သဘောကျ နေရင်ရပြီ၊ ဒါကြောင့် မင်း ဖိတ်ရင် ... သူ လာလိမ့်မယ်၊ ဒီအတွက် သူ့အပေါ် ...

... ယဉ်ယဉ် ကျေးကျေး ဆက်ဆံ နေစရာလည်း မလိုဘူး၊ တစ်ခုပဲ မင်းကိုယ်တိုင် ဖိတ်ဖို့ပဲ လိုတာ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ခေါင်းညိမ့်ကာ ဆိုသည်။ ယင်းက ပိုင်ရှုရင်အား ခက်ခဲသော အနေ အထား ဖြစ်လာ စေ၏။

“ ဟုတ်ကဲ့ ... ။ ”

ရုတ်တရက် သူမ အစား အခြား တစ်ယောက်အား စေလွှတ်ရန် ကြံရွယ် လိုက် သည်။ သို့သော် ၎င်းကို ကျောက်စိမ်းဓား သူတော်စင်မှ မြင်ကာ၊

“ မင်းကိုယ်တိုင် လုပ်မှ ရမယ် ... ၊ ခုနစ်ရက် အတွင်း အလားအလာ ရှိတဲ့၊ ဓားသမား တိုင်းကို ဒီနေရာမှာ ငါ တွေ့ချင်တယ်၊ ...

... မင်းကို ဒီတာဝန် ပေးရတဲ့ အကြောင်း ရင်းက၊ အဲဒီ ကောင်လေးက မင်းကို ချစ်နေလို့ပဲ၊ မဟုတ်ရင် မင်းကို မလိုဘူး၊ သူ့တပည့် ကိုယ်တိုင် ...

... လိုလို ချင်ချင် ရောက်လာရင်၊ ငါသူ့ကို သင်ပြ ပေးတဲ့ အခါ၊ မူလ နဂါး သူတော်စင်က ... ဒီကိစ္စ အပေါ်၊ ဘာမှ ဝင်ပြော နိုင်တော့မှာ မဟုတ်ဘူး။ ”

ပိုင်ရှုရင် တစ်ယောက် ငြိမ်သက် သွား၏။ သူမ ဆရာနှင့် မူလနဂါး မဟာ သူတော်စင်သည် အဘယ့်ကြောင့် ဤယဲ့ချင်းရှန် အပေါ် မျက်စိကျ နေသည်ကို နားမလည် နိုင်တော့ချေ။

၎င်းသည် မရဏ အဆင့် ၌သာ ရှိသဖြင့်၊ ထျန်းအဆင့်မှ ထူးချွန်သူ များနှင့် ယှဉ် နိုင်စရာ အကြောင်း မရှိဟု၊ ယုံကြည် ၏။

ကောင်းကင် စက်ဝန်း ကျောင်းတော်သို့ ဝင်ရောက်ခဲ့ လျှင်ပင်၊ နှောင်းပိုင်း နိဗ္ဗာန် အဆင့် ပါရမီရှင် များကို၊ လိုက်မီရန် ခက်ခဲ နေပေ ဦးမည်။

“ ဆရာ ... ၊ မူလ နဂါး မဟာ သူတော်စင်က၊ ဒီလောက် အထိ အလေး အနက် ထားပါ့ မလား၊ စိတ်ပူစရာ မလိုဖူး ထင်တယ်။ ”

“ လိုတယ် ... မတူ တော့ဘူး၊”

ကျောက်စိမ်းဓား သူတော်စင်မှ သက်ပြင်းချ လိုက်ပြီး၊

“ မူလ နဂါး မဟာ သူတော်စင်က ... ၊ အဲဒီ ကောင်လေးကို သီးသန့် တပည့် အဖြစ် ခေါ်ယူ လိုက်ပြီ။ ”

-ဟု ကူကယ်ရာမဲ့ဟန် ပြောကြား လာသည်။

မဟာ သူတော်စင် တစ်ပါး၏ သီးသန့် တပည့်အား၊ အခြားသော မဟာ သူတော်စင် တပါးမှ သင်ကြားရန် ကြိုးစား ခြင်းသည်၊ အဓိပ္ပါယ် မရှိချေ။

အဆုံးတွင် ထိုမဟာ သူတော်စင်၏ တည်ရှိမှုကို၊ သူမ ဆရာမှ လျစ်လျူရှုသည့် သဘော သက်ရောက် ပေလိမ့်မည်။

“ သီးသန့် တပည့်လား။ ”

တစ်ဖက် တွင်လည်း အံ့သြ သွားသည်။ သူမသည်ပင် ကျောက်စိမ်းဓား သူတော်စင်၏ သီးသန့် တပည့် မဟုတ် သေးချေ။

“ လုံယွင်ကို ... ငါ ဖြေရှင်း လိုက်မယ်၊ မင်းကိုယ်မင်း နှိမ့်ချ နေစရာ မလိုဘူး ... ၊ သူ့ကို ကိုယ်တိုင် ဖိတ်ပေး ဖို့ပဲ လိုတာ ... ၊ လုံယွင် ဝင်ပါ လာရင်၊ ငါ ... ရှိတယ်။ ”

အဆုံးတွင် ပိုင်ရှုရင်မှ ခေါင်းညိတ် လိုက် ရသည်။ ကျောက်စိမ်းဓား သူတော်စင်က (၃) ကြိမ် တိုင်တိုင် ပြောကြား လာပြီ ဖြစ်သဖြင့်၊ ရွေးချယ် စရာ မရှိ တော့ချေ။

ထိုအချိန်တွင် လင်းယွန်က ခရမ်းငယ်နှင့် အတူ၊ ဖီးနစ် သစ်ပင် အပေါ်၊ အာရုံစိုက် နေဆဲ ဖြစ်သည်။

အားလပ်ချိန် များတွင်၊ ပိုးစုန်းကြူး နတ်ဓားကို လေ့ကျင့်ပြီး၊ မရဏ-သတ္တမမြောက် လမ်းကြောင်းအား တည်ငြိမ်အောင် ပြုလုပ် နေမိသည်။

ရံဖန် ရံခါတွင် ကောင်းကင် ပိုးစာ လက်ဟန်ကို သင်ယူကာ၊ အေးအေး ဆေးဆေး ဖြတ်သန်း နေ၏။

“ လင်းယွန် ကြည့်စမ်း ... ၊ ငါ့ ဖီးနစ် သစ်ပင် ကြီးလာပြီ။ ”

ခရမ်းငယ် စကားကြောင့် လင်းယွန်မှ မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ သူ ခုထိုင် ထားသော ငရဲပန်း၊ ပျောက်ကွယ် သွားသည်။

အရိယာ ဓားသုတ္တန်ကို ဒသမ အဆင့် သို့တိုင် တက်ရောက် ထားနိုင်ပြီး ဖြစ်သဖြင့်၊ ငရဲ စွမ်းအင် များမှာ၊ များစွာ ကြောက်မက်ဖွယ် အမြင့်ထိ ရောက်ရှိ လာချေပြီ။

ခရမ်းငယ်က ဖီးနစ် သစ်ပင်အား စိတ်လှုပ်ရှားစွာ ကြည့်နေ၏။ ၎င်းသည် သူမ အရပ်နှင့် ထပ်တူ ကျနေပြီ ဖြစ်သည်။

သစ်ပင် တဝိုက် ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေပြီး၊ (၁၅)ရက် အတွင်း လက် တစ်လံ အထိ မြင့်မား လာ၏။

ခရမ်းငယ် ပြောကြားချက် အရ၊ ဤလျှို့ဝှက်မြေသည် တစ်ချိန်က မြင့်မြတ်မြေ ဖြစ်သည်။

လက်ရှိ အခြေအနေ၌ ထိုအဆင့် ရောက်ရန် ဝေးကွာ နေသေး၏။ ဖီးနစ် သစ်ပင် တစ်ဝိုက်မှ လွဲပြီး၊ အပျက်အစီး များသာ ရှိသည်။

“ စစ်မှန်သော နဂါး သွေးရည်ကြည် ကုန်ပြီလား။ ”

လင်းယွန်မှ စိတ်ဝင်တစား မေးသည်။

“ အင်း ... ။ ”

“ မြန်လိုက်တာ ... ။ ”

လင်းယွန်မှ အံ့သြသော လေသံဖြင့် ညည်းတွား လိုက်သည်။ ခရမ်းငယ်က ပြုံးပြီး၊

“ ဒါပေမယ့် ... ဖီးနစ် သစ်ပင်က ပြာပုံထဲ ကနေ ပြန်လည် ... မွေးဖွား လာပါပြီ၊ ပြီးတော့ သွေးရည်ကြည်ရဲ့ ... အာနိသင်က မကုန် သေးဘူး၊ ဆက်ပြီး ကြီးထွား ဦးမှာပါ။ ”

-ဟု ပြောကြား လာသည်။

“ ဖီးနစ် သစ်ပင်က ရတနာ တစ်ပါးပဲ မဟုတ်လား၊ သစ်ကိုင်း တစ်ကိုင်းကို နတ်ကြယ် ပုလဲနဲ့ ရောင်းချနိုင် တယ်လို့ ကြားသိ ရတယ်၊ အရွက် ကိုတောင် ကျင့်ကြံမှု လက်ဖက်ရွက် အဖြစ် အသုံးပြု နိုင်တယ်လေ။ ”

လင်းယွန်က သစ်ပင်အား ရွှင်မြူးစွာ ကြည့်ပြီး၊ စူးစမ်း လိုက်၏။ သို့သော် ခရမ်းငယ်မှ ဖီးနစ် သစ်ပင် ရှေ့သို့ သွားရပ် လိုက်ပြီး၊

“ နင် ... ဘာလုပ်ဖို့ ... ကြံစည် နေတာလဲ၊ သူက​ ကလေးပဲ ရှိသေးတယ်၊ ဖျက်​ဆီးခွင့်​ မပြု နိုင်ဘူး။ ”

-ဟု ပြန်လည် ပြောကြား လာတော့သည်။

သူမ ကိုယ်တိုင်ပင် ကလေး တစ်ယောက် ဖြစ်နေ သောကြောင့်၊ အဆိုပါ မြင်ကွင်း သည်၊ လင်းယွန်အား ပြုံးရယ် မိစေ တော့၏။

***

All Chapters