← Chapters

ပိုင်ရှုရင် (၂)။

Vol. 139 Ch. 1946

ပိုင်ရှုရင် (၂)။

Vol. 139 Ch. 1946

“ နင် ... သူ့ကို ခူးခွင့် မရှိဘူး၊ ငါ နင့်ကို ကောင်းကင် ပိုးစာ လက်ဟန် ... သင်ပေးမယ်၊ သူ့မှာ မျိုးကွဲပေါင်း ... တစ်ဒါဇင်​ကျော်တယ်။ ”

ခရမ်းငယ်က ဖီးနစ် သစ်ပင်နှင့် ဝေးရာသို့၊ လင်းယွန်အား ဆွဲခေါ် သွားသည်။

“ စလိုက် ရအောင်။ ”

ထို့နောက် သူမ လက်များကို စတင် ရွေ့လျားပြ၏။ လှုပ်ရှားမှု များမှာ နှေးကွေးပြီး၊ ရွေ့လျား သွားရာ လမ်း တစ်လျှောက်၊ ပန်းများ ကဲ့သို့ လက်ရိပ်များ ကျန်ရစ် ခဲ့သည်။

“ မှော်ဆန်တယ်၊ ဒါပေမယ့် ... ငါ့ အင်္ကျီ ပျက်စီး သွားပြီ။ ”

လင်းယွန်မှ ချီးကျူး လိုက်သည်။ သို့သော် သူ့အပေါ် ဖုံးလွှမ်း နေသာ အလင်း ကြိုးမျှဉ်များ ကြောင့်၊ ဝတ်ရုံ၌ အပေါက်များ ဖြစ်လာ၏။

“ ဟဲဟဲ ... ၊ ဒါက ဘာမှ မဟုတ်ဘူး၊ မင်းအတွက် ... ငါ သူတို့ကို ပြန်လုပ် ပေးလို့ ရတယ်။ ”

ခရမ်းငယ်မှ လက်ဟန်ကို တဖန် ပြောင်းလဲ လိုက်ပြီး သူတော်စင် ရူရ်များအား လင်းယွန်ထံ ပို့လွှတ် လိုက်၏။

“ အထင် ကြီးစရာ ပဲ ... ။ ”

အပေါက်များ နေရာ၌ ပြန်လည် အစားထိုး လာသော အလင်း ကြိုးများကြောင့် လင်းယွန်မှ ချီးကျူး စကား ဆိုလိုက် မိသည်။ ရုတ်တရက် အတွေး ပေါက်လာပြီး ပြုံးမိ၏။

ကောင်းကင် ပိုးစာ လက်ဟန်သည် သူတော်စင် ရူရ် များကို၊ ဖန်တီး ပစ်လွှတ်ခြင်း ဖြစ် သောကြောင့်၊ ​ဆန္ဒ ရှိပါက ပြိုင်ဘက်အား ကိုယ်လုံးတီး ချွတ်နိုင် ပေမည်။

ခရမ်းငယ်က ဘဲ ပြုံးလိုက်ပြီး၊၊

“ အရင် တုန်းက တစ်စုံ တစ်ယောက် ... ဒီလို အသုံးပြု ခဲ့ဖူးတယ်။ ”

“ ဟုတ်လား ... ဒါက မင်းရဲ့ လက်ဟန် တွေပဲ မဟုတ်လား၊ အဲဒီလူက ဘယ်လို တတ် ကျွမ်းပြီး၊ ပြန့်နှံ့ သွားရ တာလဲ။ ”

လင်းယွန်မှ မေး၏။

“ ငါ့မှာ ဖန်တီးမှု လက်ဟန်တွေ ... ၊ အများကြီး ရှိတယ်၊ ဒါက ဘာမှ မဟုတ်သေး ဘူး။ ”

ခရမ်းငယ်က လင်းယွန်အား အထင် အမြင် သေးစွာဖြင့် ​ပြန်ဖြေ၏။ သို့သော် ပိုင်ရှုရင်သည် ထိုလက်ဟန် အသုံးပြုကာ၊ သူမကို ရိုက်နှက် ခဲ့သည်အား မေ့နေပုံ ရသည်။

လင်းယွန်မှာ ထက်မြက်ပြီး ခရမ်းငယ်မှ ကိုယ်တိုင် ကိုယ်ကျ သင်ပေး နေသောကြောင့် အတတ် မြန်လာ၏။

ပိုင်ရှုရင် အဆင့်သို့ လိုက်မမီ သေး သော်လည်း သူမထက် မျိုးကွဲ များစွာကို ပိုမို ဆုပ်ကိုင် လာနိုင်သည်။

“ တစ်ယောက်ယောက် လာနေပြီ။ ”

နှစ်ယောက်သား လက်ဟန်များ လေ့ကျင့် ​နေစဉ်၊ တစ်စုံ တစ်ယောက် ရောက်ရှိ လာသည် ကို၊ ခံစား လိုက်ရ၏။

“ ချန်ဖန်ပဲ ... ငါ ထွက်​တွေ့ လိုက်ဦးမယ်။ ”

“ အင်း ... ။ ”

ဖီးနစ် သစ်ပင်ထံ အာရုံ ကျရောက်မည် ဆိုးသောကြောင့်၊ ခရမ်းငယ်မှ မြန်မြန် မောင်း ထုတ် တော့သည်။

လင်းယွန်မှ ပြုံးမိ၏။ အပြင်တွင် စိတ် လှုပ်ရှားစွာ ပြေးဝင် လာသော ချန်ဖန်အား တွေ့လိုက် ရသည်။

“ အစ်ကိုကြီး၊ ကြီးကြီး မားမား တစ်ခု ခု​တော့ ဖြစ်နေပြီ။ ”

“ ငါတို့က ... ကောင်းကင် တာအိုဂိုဏ်း ထဲမှာ ရှိနေတာပဲ၊ ဘာများ ကြီးကြီး မားမား ဖြစ်စရာ ရှိလို့လဲ။ ”

လင်းယွန်မှ ပြုံးကာ ​ပြန်မေး မိ၏။

“ မဟုတ်ဘူး ... ၊ ဒီတစ်ခါတော့ တကယ့်ကို ကြီးကျယ် တယ်တဲ့ ကိစ္စပဲ။ ”

ချန်ဖန်က အသက် ပြင်းပြင်း ရှူပြီး၊

“ ငရဲ သစ်ခွ ခြံဝင်းရဲ့ သမီးတော် အပြင် ဘက်မှာ ရောက်နေတယ်၊ သူက အစ်ကို ကြီးနဲ့ တွေ့ဖို့ လာတာတဲ့ ... ။ ”

ထိုစကားကို ကြားသော အခါ၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားပြီး၊ သူမ ဘာအတွက် လာသည်အား တွေးဆ နေမိ၏။

အကြောင်း ပြချက် မရှိဘဲ ဤနေရာသို့ ရောက်လာမည် မဟုတ်ကြောင်း သူ သိသည်။

“ ငါ အခု မတွေ့ချင် သေးဘူး။ ”

လွန်ခဲ့သည့် (၁၅)ရက်​ ကပင်၊ သူမ တစ်သက်တွင် ဤမရဏ မိုးကြိုး တောင်ထိပ်သို့​ချေချ တော့မည် မဟုတ်ကြောင်း ကြေငြာ ခဲ့သည်။

ယင်းကို ဖောက်ဖျက်ကာ ရောက်လာခြင်း ဖြစ်သဖြင့်၊ လာရင်း ကိစ္စမှာ၊ ပေါ့ပေါ့ တန်တန် မဟုတ်မှန်း ပြောနိုင်၏။

“ ငါ့ကို မတွေ့ ဘူးလို့ ... ပြန်ပြော လိုက်။ ”

“ ဒါ ... ။ ”

ချန်ဖန်မှ အံသြ သွားသည်။ ပိုင်ရှုရင် ရောက်ရှိ လာသဖြင့် မရဏ မိုးကြိုး တောင်ထိပ် ၏ တပည့် များကြား၊ ရုတ်ရုတ် သဲသဲ ဖြစ်နေ၏။

ဤသတင်း သည်သာ ပျံနှံ့ သွားသော်၊ မနာလို စိတ်ဖြင့် လူမည်မျှ သေဆုံး ရမည်ကို၊ နတ်ဘုရား များသာ သိပေ လိမ့်မည်။

ပိုင်ရှုရင် ဟူသည် ကောင်းကင် တာအို ဂိုဏ်း၏ ဂုဏ် ကျက်သရေ ဖြစ်၏။ ယင်းကို အစ်ကိုကြီးမှ တွေ့ဆုံရန် ငြင်းနေ ချေပြီ။

သို့သော် ရုတ်တရက် တစ်စုံ တစ်ရာကို၊ သတိ ရလာသည်။ အစ်ကို ကြီးသည် ဝမ်မူယန် နှင့်လည်း မရှင်း-မရှင်း ဖြစ်​နေ သဖြင့်၊ အထင် လွဲ မည်ကို ရှောင်ရှား လိုခြင်း ဖြစ်နိုင်မည်။

ထိုအတွေးက ဖြစ်နိုင်ချေ များသောကြောင့်၊ ရိုသေစွာ ပြန်ကြည့် မိ၏။ သူ၏ အစ်ကိုကြီးမှာ သန့်ရှင်းသော သမီးတော် နှစ်ပါးအား လက်ပေါ်တင် ကစား နေခဲ့သည်။

“ နားလည် ပါပြီ၊ ဒါက တကယ့်ကို ကောင်းမွန်တဲ့ လှုပ်ရှားမှုပါ၊ အစ်ကို ကြီးက ငါတို့ အတွက် ... အမြဲ စံပြ ပုဂ္ဂိုလ် ပါပဲ၊ ချက်ချင်း ပြန်ပြော လိုက်ပါ့မယ်။ ”

“ ဟမ့် ဘာကြီးတုန်း ... ။ ”

လင်းယွန် အမူအရာကို လျစ်လျူရှုလျက်၊ ချန်ဖန်က ပြုံးပြီး လှည့်ထွက် သွားတော့သည်။ သို့သော် ထိတ်လန့် နေသော အသွင်ဖြင့်၊ ထွက် သွားရာ လမ်းကြောင်း အတိုင်း နောက်ပြန် ဆုတ်လာ၏။

“ သန့်ရှင်းသော သမီးတော် … ။ ”

လင်းယွန်က လက်ဖက်ရည် ခွက်ကို ချလိုက်ပြီး၊ မော့ကြည့် လိုက်သော အခါတွင် ခြံဝင်းထဲ လှမ်းဝင် လာသည့်၊ ပိုင်ရှုရင်အား တွေ့လိုက် ရသည်။

“ အစ် ... အစ်ကိုကြီး ... ၊ ငါ ဘာမှ မပြော ရသေးဘူး ... ။ ”

-ဟု ဆိုလျက်၊ ချန်ဖန်မှ ခေါင်းငုံ့ကာ အမြန် လှည့်ပြေး တော့သည်။

ပိုင်ရှုရင်သည် ချန်ဖန်အား မစောင့်နိုင်သဖြင့် လိုက်လာ မိရာ၊ သူတို့ ပြောသည့် စကား များကို ကြားချေပြီ။

“ ယဲ့ချင်းရှန် ... နင်က တကယ့် လူယုတ်မာပဲ ... ငါက ဒီလောက် ကြောက်စရာ ကောင်း​နေ လို့လား။ ”

ယင်းသည် လင်းယွန်ကို အဆင် မပြေသော အနေ အထားသို့ ရောက်ရှိ သွားစေ၏။ မည်သို့ တုံ့ပြန် ရမည်အား မသိ တော့ချေ။

ပိုင်ရှုရင်က ဓားကို ဘေးတွင် ချကာ၊ စားပွဲတွင် ဝင်ထိုင် လိုက်သည်။

“ နင်က ကဗျာတွေ ရွတ်ရတာ ... ကျွမ်းကျင်တယ် မဟုတ်လား၊ ဒီအချိန်မှာ ဘယ် ကဗျာကို ရွတ်သင့်တယ် ထင်လဲ၊ လုပ်ပါ ... ငါ ဘာဖြစ်ဖြစ် နားထောင် ချင်တယ်။ ”

လင်းယွန်က သူမနှင့် ငြင်းခုံရန် ဆန္ဒ မရှိသောကြောင့်၊

“ အဲဒါ တွေက ဘိုးဘေးတွေ ... ၊ ကျန်ရစ် ခဲ့တဲ့ ကဗျာ တွေပါ။ ”

-ဟု လေသံ ပျော့ပျော့ဖြင့် ဖြေရှင်း လိုက်သည်။

ထိုအကြောင်းကို သူမ ပေါ့ပေါ့ ပါးပါး ပြောခြင်း မျှသာ ဖြစ်ပြီး၊ လင်းယွန်၏ ဖြေရှင်း ချက်ကို နားထောင် ပြီးနောက်၊ ကဗျာများ အပေါ် ပြန်လည် သုံးသပ် လိုက်မိသည်။

“ ဒီနေ့ ... နင် ရွတ်ဖို့က လွဲလို့ ...၊ တခြား ရွေးချယ် စရာ မရှိဘူး၊ ငါ့ကို ဒီလို ပြောင်ပြောင် တင်းတင်း လိမ်ညာ ဝံ့ သလား၊ ဟမ့် ... ။ ”

ပိုင်ရှုရင်က အေးစက်သော အသွင်ဖြင့် ကြိမ်းမောင်း လိုက်၏။ သူမ အနေဖြင့်၊ မူလက ဤလူ၏ နေအိမ်သို့ ဝင်ရောက်ရန် ဆန္ဒ မရှိချေ။

သို့သော် ယဲ့ချင်းရှန်မှ မတွေ့ချင်ဟု ပြောသည်ကို ကြားပြီးနောက်၊ ဒေါသ ထွက်ကာ စိတ်ကူး ပြောင်းသွားခြင်း ဖြစ်လေသည်။

***

All Chapters