ဗုဒ္ဓခုတ်ချက် ကိုးရောင်ကြာပန်းနီအမျက်
Vol. 47 Ch. 921
ရိုးရှင်းသောလုပ်ငန်းစဉ်ဖြစ်ပုံရသော်လည်း ၎င်းသည် စွမ်းအားနှင့် စိတ် စွမ်းအင်တို့များစွာ ကုန်ခမ်းသည်။ မီးတောက်နှစ်မျိုးလုံးကို ဖြေရှင်းရန်ကြိုးစား သည်မှာ ပေထင်းဟွမ်အတွက် ပထမဆုံးဖြစ်သည်။ အရင်ဘဝက ဗုံးတစ်လုံး ပြုလုပ်ရသလိုပင်။ ၎င်းကို မီးတောက်နှင့် ပေါက်ကွဲနိုင်သည့်ပစ္စည်းတချို့နှင့် ရစ်ပတ်ရသည်။ မတုံ့ပြန်ခင်တွင် ဟန်ချက်ညီရန် အမျိုးမျိုးသောအရာဝတ္ထုများ လိုအပ်သည်။ ထိုအဆင့်ကို ထိန်းသိမ်းရန် အလွန်ခက်ခဲလှသည်။
သတိမထားမိလျှင် မိမိကိုယ်တိုင်ပါ ပေါက်ကွဲပြီး သေသွားနိုင်သည်။
ပေထင်းဟွမ် မည်သည့်လှည့်ကွက်သုံးနေသည်ကို မည်သူမှ မသိကြပေ။ သူတို့သည် ပေထင်းဟွမ်၏လက်ထဲရှိ မီးတောက်များ အထက်အောက်လှန်နေ သည်ကိုသာ စိုက်ကြည့်နေကြသည်။ ကိုးရောင်နှင့် အနီရဲရဲမီးတောက်များသည် ကမ္ဘာနှစ်ခြမ်းလိုပင်။ ဝိညာဉ်စွမ်းအား၏ရစ်ပတ်မှုအောက်တွင် ထိုမီးတောက် နှစ်ခုသည် ထူးဆန်းသည့်အလုံးတစ်ခုအဖြစ် ပေါ်ပေါက်လာသည်။
“မကောင်းတော့ဘူး ပြေးကြတော့”
ထိပ်ဆုံးဝိညာဉ်ဂိုဏ်းအဆင့် အကြီးအကဲကြီးသည် အရာများစွာကိုမြင်ခဲ့ ပြီးဖြစ်သည်။ အလုံးအလယ်ရှိ ရစ်ပတ်ထားသောစွမ်းအားကို သူ ခံစားမိချိန်တွင် အကြီးအကဲကြီး၏မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားပြီး နောက်သို့ဆုတ် မိသည်။ သို့သော် ထိုအချိန်တွင် နောက်ကျသွားလေပြီ။ အလုံးသည် ပေထင်းဟွမ်၏လက်ထဲမှ တဖြည်းဖြည်းမြောက်တက်လာပြီး လေထဲသို့ ထပ်မံ ကြီးထွားလာသည်။
“ဗုဒ္ဓခုတ်ချက် ကိုးရောင်ကြာပန်းနီအမျက်ပဲ”
နောက်ထပ် တောက်လောင်သောနေလုံးကြီးတစ်ခု ပေါ်ပေါက်လာသကဲ့ သို့ ထိုအချိန်တွင် သန့်စင်သောမြို့မှလူများသည် မျက်လုံးအပြားသားဖြစ်ကာ လူငယ်၏လက်ချောင်းထိပ်မှ လွတ်ထွက်လာသော စက်လုံးကိုကြည့်နေကြ သည်။ အလုံးသည် ဝေးကွာသော်လည်း ၎င်းတွင်ပါဝင်သော ကြောက်စရာ ကောင်းလှသောစွမ်းအင်ကို ခံစားမိကြသည်။ သို့သော် အားလုံး၏ခြေလှမ်းများ သည် အမြစ်တွယ်နေကြကာ ပြေးရမည်ကိုပင် မေ့လျော့နေခဲ့ကြသည်။
ထိုအချိန် မြို့အစွန်တွင် ဟွမ်ချန်းမှလူများ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူတို့သည် မရပ်တန့်ကြပေ။ မြို့ဝန်နှင့် ကောင်စီအကြီးအကဲလေး ယောက်နှင့် တခြားဝိညာဉ်သခင်ကြီးငါးယောက်တို့သည် စွမ်းအင်လုံး ကြီးကြီး လာသည်ကိုကြည့်ပြီး ရုတ်တရက် မျက်နှာထားပြောင်းသွားကြသည်။ နန်လင်း သည် အလျင်လိုသည့်အသံနှင့် ပြတ်သားစွာအမိန့်ပေးလေသည် “အးာလုံး ပြန်လာကြ”
ပီဖန်းနှင့် ရွှမ်းဝူတို့သည် မျက်လုံးပြူးစွာနှင့် မျက်စိရှေ့မှ ပင်ပန်းနေသော လူငယ်ကို ကြည့်နေမိကြသည်။ သူတို့၏မျက်လုံးများသည် သူမ၏လှုပ်ရှားမှု များအတိုင်းပါသွားကြပြီး နောက်ဆုံးတွင် စွမ်းအင်လုံးမှဖြာထွက်လာသော အလင်းတန်းကို မြင်နေရ၏။ သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် အတွေးတစ်ခုကိုသာ တွေးမိကြလေသည်။ ဤလူငယ်ကို မပြစ်မှားသင့်ပေ။
ဤစွမ်းအင်လုံးရှေ့တွင် သူတို့၏ခွန်အားကို ပြန်ဆုတ်ရန်မပြောရဲကြပေ။ သူမ မည်သို့များ ဤကဲ့သို့ကြောက်စရာကောင်းသောအရာကို လုပ်နိုင်သနည်း။
စီရင်ချက်ဗိမာန်၏အဆုံးသတ် ရောက်ရှိလာချေပြီ။
ခန္ဓာကိုယ်မှာ မတည်ငြိမ်နိုင်တော့ပေ။ သို့သော် ကံကောင်းစွာပင် ကျို့ယန်သည် သူမကိုယ်မှခွာကာ လူသားအသွင်ပြောင်းပြီး သူမကို ထောက်ပံ့ ပေးနေသည်။ ပေထင်းဟွမ်သည် နောက်ဆုံးကျန်သောခွန်အားကိုထည့်ပြီး သူမ၏စိတ်ထိန်းချုပ်မှုအောက်တွင် ကောင်းကင်နှင့်မြေကြီးပျက်စီးမှုစွမ်းအင် ပါဝင်သော အလုံးကို စီရင်ချက်လှံတံဆီသို့ ကြီးမားသောစွမ်းအားနှင့် ပစ်လွှတ် လိုက်သည်။
ဤကဲ့သို့ ထူးခြားသောအရာကိုမြင်ပြီး ရှန့်ကျွင်းသည် မရယ်နိုင်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူကဲ့သို့နတ်ဘုရားအဆင့်နှင့် သူ၏စိတ်စွမ်းအားသည် စီရင်ချက်ဗိမာန်မှ တခြားသူများထက် ပို၍သန်မာသည်။ သူ့ဆီသို့ ဦးတည်လာ နေသော စွမ်းအင်လုံးသည် မည်မျှပင်ကြောက်မက်ဖွယ်ကောင်းသည်ကို သူ ရှင်းရှင်းလင်းလင်းမြင်နေရသည်။
နတ်ဘုရားအဆင့် ရှန့်ကျွင်း၏မျက်လုံးထဲတွင် ကြောက်လန့်သော အကြည့်တစ်ခု တဖြည်းဖြည်းမြင့်တက်လာသည်။ ထိုအချိန်တွင် ရှန့်ကျွင်း၏ လက်ထဲမှ ကောင်းကင်နှင့်မြေကြီးစွမ်းအားရှိသော လှံတံသည် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။ လှောင်ပြောင်သောအပြုံးနှင့်အတူ ရှန့်ကျွင်းသည် ကျိန်ဆဲခြင်းပင် မပြုနိုင်တော့ပေ “ပေထင်းဟွမ် သောက်ရူးကောင် ၃၃ ရက် ဘုံ က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး”
“ဘယ်သူ ခွင့်လွှတ်တာကို လိုနေလို့လဲ”
ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ အနည်းငယ်ပင်ပန်းသောအသံနှင့် ဖြစ်သည်။ ပထမဆုံးအကြိမ် သူမ ဗုံးပြုလုပ်ခြင်းဖြစ်ရာ ပေထင်းဟွမ်သည် မကျွမ်းကျင်သေးဖြင့် စွမ်းအားများစွာသုံးရသည်။ ကံကောင်းစွာပင် သူမ၏ စိတ်စွမ်းအားသည် သာမန်လူများနှင့် ကွဲပြားသည်။ မဟုတ်လျှင် သည်တစ်ခါ တွင် အကျိုးမပြုနိုင်သည့်အပြင် သူမ ထည့်လိုက်သော စွမ်းအားကြောင့် အသတ်ခံလိုက်ရနိုင်သည်။