← Chapters

ပြေးကြ

Vol. 47 Ch. 922

ပြေးကြ

Vol. 47 Ch. 922

“ပြေးတော့”

နောက်ဆုံးတွင် သတိဝင်လာသည်။ ထိုအချိန်တွင် ရှန့်ကျွင်း၏လက်ထဲမှ စီရင်ချက်လှံတံ၏ကြီးမားသောစွမ်းအားသည် ပေထင်းဟွမ် ပြုလုပ်လိုက်သော အလုံးနှင့် တိုက်မိပြီး မီးပွားများသည် ပေထင်းဟွမ်နှင့် ရှန့်ကျွင်းကို ဝန်းရံလေ သည်။ တခြားဂိုဏ်းထောက်များသည် ရုတ်တရက် ကြောက်လန့်သွားကြသည်။

စီရင်ချက်တန်ဘုရားမှ ဆွဲငင်လိုက်သည့် ကောင်းကင်နှင့်မြေကြီးစွမ်းအား ပိုင်ဆိုင်သည့် ပျက်စီးသည့်စွမ်းအားကို မည်သူမှသံသယမဝင်ပေ။ ထိုစွမ်းအား နှင့် ပြိုင်ဘက်ကို တိုက်ခိုက်ရသည်မှာ အမှန်တကယ်ကောင်းမွန်သည့် ခံစား ချက်ဖြစ်သည်။ သို့သော် ယခုအခါ ထိုစွမ်းအားကို ထူးဆန်းသောအလုံးမှ ကြားဖြတ်တိုက်ယူလေသည်။ “ဗုဒ္ဓခုတ်ချက်ကိုးရောင်ကြာပန်းနီအမျက်” ပေထင်းဟွမ်ပြုလုပ်လိုက်သော ထိုရူးသွပ်သည့်အရာသည် စွမ်းအားများ အားလုံး ပေါက်ကွဲသွားမည်ဟုဆိုလိုခြင်းပင်။

ထိုစွမ်းအားပေါက်ကွဲမှု၏ နောက်ဆက်တွဲကို မည်သူမှ မခံနိုင်ကြပေ။

ပီဖန်းနှင့်တခြားသူများသည် စိတ်ထဲမှသိချင်စိတ်ကို အောင့်အီးသည်းခံ ကာ အသက်ရှင်ရန်အတွက် သန့်စင်သောမြို့မှထွက်ပြေးကြလေသည်။ သူတို့ သည် မိုးပေါ်တွင်ပျံသန်းက သန့်စင်သောမြို့တွင်နေထိုင်သည့် တခြားကျင့်ကြံ သူများလည်း ပါဝင်ကြသည်။ စီရင်ချက်နတ်ဘုရားကို ယုံကြည်သူများသည် သေတော့မည့်အလား မြို့တံခါးပေါက်ဆီသို့ ပြေးကြသည်။

အချိန်နှင့်ပြိုင်ဆိုင်နေရသည်။ အချိန်နှင့်ပြိုင်ပွဲ။ ထိုလူများပြောသည်မှာ ဤအကြောင်းများဖြစ်သည်။

ပင်မတိုက်ကြီးတွင် အားအကောင်းဆုံး ယုံကြည်ချက်တည်ရှိရာ သန့်စင် သောမြို့သည် နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သောယုံကြည်သူများသည် မိုင်ပေါင်းထောင်ချီလမ်းလျှောက်ကာ အန္တရာယ်မကြောက်၊ မွဲတေသည်ကိုပင် မကြောက်ဘြ သန့်စင်သောမြို့ကို ဂါရဝပြုရန်အတွက် လာခဲ့ကြသည်။ ဤ အခိုက်အတန့်တွင် ၎င်းသည် ကြောက်စရာကောင်းသော နေရာဖြစ်လာရာ ထိုလူများသည် စိတ်ထဲတွင် သံသယများမထားနိုင်တော့ပေ။ ဘေးဒုက္ခနှင့် ရင်ဆိုင်ရလျှင် သူတို့၏ စီရင်ချက်နတ်ဘုရားသည် မည်သည့်နေရာတွင်ရှိ သနည်း။ သူတို့ကို ကောင်းချီးပေးရန် ကတိပေးသည့် စီရင်ချက်နတ်ဘုရားရော မည်သို့ရှိသနည်း။

ဘုန်းတော်ကြီးများပင် လေဟာနယ်ကိုဖြဲကာ ထွက်ပြေးကြသည်။ သို့သော် ထိုအချိန်တွင် နောက်ကျသွားလေပြီ။

ဘာအသံမှမကြားရလောက်အောင်ပင် ထိုအသံသည် ကျယ်လောင်လွန်း သည်။ ထိုအချိန်တွင် အားလုံး၏နားများကန်းသွားသလိုပင်။ သူတို့ရှေ့ရှိ မီးတောက်လုံးသည် မျက်လုံးများစူးကန်းလောက်အောင်ပင် ထွန်းတောက် လွန်းသည်။ လှိုင်းလုံးကြီးများကဲ့သို့ အကုန်ဖုံးလွှမ်းသွားလေသည်။

ပီဖန်းသည် အချိန်ယူကာ သူ့အနောက်သို့ကြည့်လိုက်သည်။ သူ့ခြေထောက်များတုန်ယင်ကာ မိုးပေါ်မှကျလုမတတ်ပင်။ သူသည် မြို့တံတိုင်းနှင့် တစ်လှမ်းအကွာတွင်ရှိနေခြင်းဖြစ်သော်ငြား နောက်ကျသွား လေပြီ။ သူသည် ပေထင်းဟွမ်အား ဖက်ကာ ရှေ့သို့ ပစ်လိုက်သည်။ မျက်နှာ ချင်းဆိုင်တွင် နတ်ဘုရားငါးယောက်ရပ်နေရာ ပီဖန်းသည် ပေထင်းဟွမ် မိုးပေါ် မှ ပြုတ်ကျမည်ကို စိုးရိမ်ခြင်းမရှိပေ။

ပေါက်ကွဲမှုမှထွက်လာသော ကြီးမားသောပင်လယ်လှိုင်းလုံးကြီးကဲ့သို့ ဖြစ်နေသည့် မီးတောက်ကိုမြင်သောအခါ နန်လင်းဆီမှထွက်လာသည့် နတ် စွမ်းအားသည် ပေထင်းဟွမ်ကို ရစ်ပတ် က သူ့ရင်ခွင်ထဲသို့ဆွဲထည့်လိုက်သည်။ ထိုမီးလုံးကြီးသည် ပီဖန်းနှင့်တခြားသူများဆီသို့ ထိုးဝင်လေသည်။ လူနှစ် ယောက်နှင့် သားရဲတစ်ကောင်တို့ ရိုက်ချခံလိုက်ရသည်။

“သူတို့ကို ကာကွယ်ကြ”

ပီဖန်းနှင့်ရွှမ်းဝူတို့ မည်မျှသန်မာသည်ကို နန်လင်းမသိပေ။ သူ အမိန့် ပေးလိုက်သည်နှင့် အကြီးအကဲကြီးလေးယောက်သည် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်တို့၏အနောက်တွင် အလင်းတံတိုင်းကြီးတစ်ခုပြုလုပ်ကာ လှိုင်းလုံးကြီးကို ခုခံလေသည်။

ကြီးမားသောလှိုင်းလုံးကြီး ကာဆီးခံလိုက်ရကာ လူနှစ်ယောက်နှင့် သားရဲ တစ်ကောင်တို့ လွတ်မြောက်သွားကြသည်။ နတ်စွမ်းအားတံတိုင်း၏အပြင် ဘက်တွင် ကြီးမားသောလှိုင်းလုံးကြီးသည် အလင်းတံတိုင်းအပြင်ဘက်သို့ မလိုလားစွာနှင့် ကြီးမားသောစွမ်းအားဖြင့် ထပ်ခါထပ်ခါထုရိုက်လေသည်။ ထို အချိန်တွင် အကြီးအကဲကြီးလေးယောက်သည် သူတို့၏စည်းလုံးမှုကြောင့် ရင်ထဲထိမိကြသည်။

ဘုန်း...

မီးများသည် တစ်မြို့လုံးအထက်ရှိ ကောင်းကင်တွင် ပြည့်နှက်သွားသည်။ အသက်လုပြေးနေရသည့်လူများ၏ အသံများသည် ပွက်လောညံနေသည်။ စွမ်းအင်လှိုင်းလုံး၏သက်ရောက်မှုအောက်တွင် အိမ်များသည် အသံမထွက်ဘဲ ပြိုကျနေသည်။ ပေါက်ကွဲမှုအလယ်အောက်တါင် ပင်မတိုက်ကြီးတွင် နှစ်ပေါင်း ထောင်ချီနေရာရခဲ့သော စီရင်ချက်ဗိမာန်သည် ပြာအဖြစ်ပြောင်းကာ ကိုးရောင် မီးနှင့် အနီရောင်မီးတောက်များသာကျန်တော့သည်။ ကြာပန်းမီးသည် ခုန်ပေါက်ကာ လောင်ကျွမ်းနေသည်။

ကိုးရောင်မီးကြာပန်းအမျက်သည် ကောင်းကင်နှင့်မြေကြီးစွမ်းအားတို့ နှင့် ထိပ်တိုက်တွေ့ကာ မီးရှူးမီးပန်းများသည် အပိုင်းအစများအဖြစ်ပျံ့သွားလေ သည်။ စွမ်းအင်များ ပြန့်ကျဲသွားကာ ကိုးရောင်ကြာပန်းမီးအမျက်၏ အတွင်း ပိုင်း ဟန်ချက်ကို ကျိုးဖျက်သလိုပင်။ ထိုအချိန်တွင် လောင်စာများ မီးရှို့ခံရ သည့်အတိုင်းပင်။ ကိုးရောင်နိဗ္ဗာန်မီးနှင့် ကြာပန်းမီးတို့သည် ခပ်ကြမ်းကြမ်း တိုက်မိကြလေသည်။ ကြောက်စရာကောင်းသောအပူလှိုင်းသည် ကမ္ဘာမြေကြီး အလယ်မှထွက်လာသကဲ့သို့ပင်။

All Chapters