← Chapters

သန့်စင်သောမြို့တော်မရှိတော့ဘူး

Vol. 47 Ch. 923

သန့်စင်သောမြို့တော်မရှိတော့ဘူး

Vol. 47 Ch. 923

“ပေထင်းဟွမ် မင်းက အားနည်းလွန်းတယ်”

ရှန့်ကျွင်းသည် လက်ထဲမှစီရင်ချက်လှံတံကို ဝေ့ယမ်းကာ ဇာမဏီမြို့၏ အကြီးအကဲကြီးလေးယောက်ကဲ့သို့ အနောက်မှလိုက်လာသော ကိုးရောင် နိဗ္ဗာန်မီးနှင့် ကြာပန်းနတ်မိစ္ဆမီးတို့ကိုတားရန် နတ်စွမ်းအင်အားအဆိးကို တည် ဆောက်လိုက်လေသည်။ ၎င်းသည် အရှိန်လျော့သွားရာ သူ ပြေးရန်အချိန်ရ သွားသည်။

မြို့အပြင်သို့ ထွက်ပြေးလိုက်လျှင် ပေပေါင်းဆယ်ချီမြင့်ပြီး များစွာသော ရထားလုံးများရပ်နိုင်သည့် တံတိုင်းသည် အားကောင်းသောပေါက်ကွဲမှုကို တားဆီးနိုင်သည်။ ယခု သူ့နောက်တွင် အတားအဆီးမရှိသဖြင့် စွမ်းအင်လှိုင်း လုံးကို ကာလိုက်သည်နှင့် သူ့ဆီသို့ ပြေးစီးလာနိုင်သည်။

နတ်အဆင့်... ကိုးရောင်ကြာပန်းနီအမျက်ရှေ့တွင် ကြည့်ရန်ပင် မလုံလောက်သေးပေ။ သူ၏နတ်အဆင့်ခွန်အားနှင့် စာရင်းထဲတွင်မပါသည့် မီးတောက်နှစ်ခုဖြစ်သော ကိုးရောင်နိဗ္ဗာန်မီးနှင့် ကြာပန်းနီနတ်မိစ္ဆာမီးတို့ကို သူ ခံနိုင်လိမ့်မည်ဟု မယုံပေ။

ထိုမီးတောက်သည် ဝိညာဉ်ကိုပင် လောင်ကျွမ်းစေနိုင်သည်။

သူတို့ရှေ့တွင် ပိုပိုပြီးလင်းလာကာ ရှက်ရှက်နှင့်ပြေးနေရသည့် ရှန့်ကျွင်း သည် စိတ်ထဲတွင်မကောင်းတော့ဟု ရေရွတ်နေမိသည်။ စွမ်းအင်လှိုင်းလုံးသည် သူ့အနောက်မှ ကမ္ဘာကြီးကို ပြိုချမည့်အလားလိုက်နေသည်။ စွမ်းအင်သည် ခပ်ကြမ်းကြမ်းပစ်လိုက်ကာ ပင်လယ်ထဲရှိ လှေတစ်စင်းကို လေနှင့်မိုးများ ရိုက်ချသကဲ့သို့ သူသည် မိုးပေါ်သို့လွင့်သွားသည်။

ကံကောင်းစွာပင် ထိုအချိန်တွင် သူကိုင်ထားသော စီရင်ချက်လှံတံသည် လအလင်းရောင်နှင့်အတူ ပေါက်ကွဲကာ ကိုးရောင်နိဗ္ဗာန်မီးနှင့် ကြာပန်းနီနတ် မိစ္ဆာမီးတို့ကြောင့် လောင်ကျွမ်းနေသော ခန္ဓာကိုယ်ကို ရစ်ပတ်လေသည်။ ဆံပင်ရော မုတ်ဆိတ်ပါမကျန်တော့သည့် ကျိမင်သည် လေလှိုင်းနှင့်အတူ မြို့ အပြင်သို့ ရောက်သွားသည်။

ပေထင်းဟွမ်သည် နန်လင်း၏ ရင်ခွင်ထဲသို့ လုံခြုံစွာရောက်ရှိသွားပြီဖြစ် သည်။ ပီဖန်း၊ ရွှမ်းဝူနှင့် ကျို့ယန်တို့သည် အကြီးအကဲကြီးလေးယောက် တည် ဆောက်လိုက်သော နတ်စွမ်းအားတံတိုင်းအကာအကွယ်နှင့် လွတ်မြောက်ခဲ့ သည်။ သူတို့နှစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည် တံတိုင်းပေါ်သို့ တက် လိုက်ကြသည်။ သူ့အနောက်တွင် အပူလှိုင်းတစ်ခုသည် နတ်စွမ်းအားအလင်း တံတိုင်းကိုပင် မခုခံနိုင်တော့ပေ။

အကြီးအကဲကြီးလေးယောက်တို့သည် လက်ဆန့်ထုတ်ကာ အပူလှိုင်း ရိုက်ခတ်နေသော စီရင်ချက်ဗိမာန်ရှိရာဘက်သို့ ကြည့်နေကြသည်။ မိုးပေါ်သို့ ထိုးတက်မှုနှင့်အတူ အဘက်ဘက်သို့လှိမ့်နေရာ နတ်အဆင့်ဖြစ်သော သူတို့ လေးယောက်ပင်လျှင် အတူတကွလုပ်ဆောင်ပြီးမှပင် ထိုကြောက်စရာကောင်း သော အရာကို ကာကွယ်နိုင်ခြင်းပင်။

သန့်စင်သောမြို့သည် လုံးဝပျက်စီးသွားလေပြီ။

“မြန်မြန် ဆုတ်ကြမယ်”

နန်လင်း ကျယ်လောင်စွာအော်လိုက်မှပင် အကြီးအကဲကြီးလေးယောက် ကို ထိတ်လန့်နေရာမှ သတိပြန်ဝင်လာစေသည်။ သူတို့လေးယောက်၏ ခွန်အားကို တစ်ချိန်တည်း ပြန်ဆွဲယူလိုက်သည်။ သို့သော် နောက်ကျသွားလေ ပြီ။ ကြောက်စရာကောင်းသော စွမ်းအားသည် နတ်စွမ်းအားအလင်းတံတိုင်းဆီ သို့ရောက်လာသည်။ ကြီးမားသော စွမ်းအားအောက်တွင် ပင်မတိုက်ကြီးတွင် လေးစားခံရသည့် နတ်အဆင့်များပင် ပြန်လှည့်ရသည်။

အကြီးအကကြီးလေးယောက်သည် စွမ်းအားကြောင့် တန်ပြန်တိုက်ခိုက် ခံရကာ ချင်းယွဲ့တောဆီသို့ ကျသွားလေသည်။ နန်ကုန်းချန်းသည် ကျိန်ဆဲရင်း နှင့် သူ့အနောက်သို့ကြည့်ရာ သူ၏ထိတ်လန့်နေသောမျက်လုံးများ ပိုပိုပြီးကျယ် လာသည်။

ကိုးရောင်နှင့် ကြာပန်းနီမီးတို့သည် တစ်မြို့လုံးကို လောင်ကျွမ်းကာ လှိမ့် တက်နေသောအပူလှိုင်းများသည် မတားနိုင်သောအတားအဆီးကဲ့သို့ မြို့ကို ရစ်ပတ်နေသည်မှာ ကမ္ဘာမြေကြီးကိုပင် တုန်ခါစေသည်။ မီးတောက်များသည် မိုးပေါ်သို့ ထိုးတက်နေပြီး မြို့အထက်မှကောင်းကင်သည် ကြီးမားသော စွမ်းအင်ကြောင့် အက်ကြောင်းပေါ်လာသည်။ ကြီးမားသော အနက်ရောင် အပေါက်ကြီးတစ်ခုပေါ်လာပြီး တိမ်တိုက်မည်းများသည် တစ်ဖက်တွင် စုစည်း လာသည်။ မီးတောက်များအထက်တွင် အမှောင်ထုရှိနေပြီး နောက်ဆုံတွင် ဤမြို့ကို အလင်းနတ်ဘုရားမှ အလင်းပြလိုက်သလိုပင်။

“ဘုရားရေ ပေထင်းချင်း ဒီလိုကောင်းတဲ့ကိစ္စကို ခင်ဗျားရဲ့မြေးကလုပ် လိုက်တာ သေချာရဲ့လား၊ ခင်ဗျားမြေးက မကောင်းဆိုးဝါးမဟုတ်တာ သေချာ ရဲ့လား”

ခဏအကြာတွင် နန်ကုန်းချန်းသည် နောက်ဆုံးတွင် အတန်ကြအောင် တွေးခဲ့သောစကားများကို ထုတ်ပြောလေသည်။ အဆင့်နိမ့်ဓားဝိညာဉ်ဂိုဏ်း သည် လူတစ်ဦး၏စွမ်းအားနှင့်အတူ နှစ်ပေါင်းထောင်ချီ ဆက်ခံလာသော သန့်စင်သောမြို့ကို အလွယ်တစ်ခုပင် ဖြိုချခဲ့သည်။

All Chapters