← Chapters

ညအရှင်သခင်က အမှောင်နတ်မိစ္ဆာနန်းတော်ရဲ့ သခင် လား

Vol. 47 Ch. 926

ညအရှင်သခင်က အမှောင်နတ်မိစ္ဆာနန်းတော်ရဲ့ သခင် လား

Vol. 47 Ch. 926

“ဆရာနန်လင်း ကျွန်တော့်မှာ မေးစရာရှိပါတယ်” တုန်ဖန်းကျောက်သည် နန်လင်းကို စကားဖြတ်ပြောကာမေးလေသည် “လွန်ခဲ့တဲ့နှစ်တစ်သောင်း အတွင်း ပင်မတိုက်ကြီးမှာ နတ်ဘုရားအဆင့်ပေါ်ထွက်မလတာက ချိုးဖောက် ချင်တဲ့အတွက်ပါလို့ ညအရှင်ယဲ့ဝမ်ပြောခဲ့တယ်၊ နတ်ဘုရားအဆင့်ကို နတ် မိစ္ဆာစွမ်းအင်နဲ့ ထောက်ပံ့ထားတာဖြစ်မယ်၊ ဒါပေမဲ့ ပင်မတိုက်ကြီးက နတ်မိစ္ဆာ စွမ်းအင်က ခမ်းနေပြီလေ”

နန်လင်းသည် တုန်ဖန်းကျောက်အား တအံ့တဩစိုက်ကြည့်ကာ ခေါင်းညိတ်လေသည် “ဟုတ်တယ် ဒီပြဿနာကို ကျုပ် နတ်ဘုရားအဆင့်ကို တက်တုန်းကမှ သိခဲ့တာ၊ ဒါပေမဲ့ ပင်မတိုက်ကြီးမှာ လွန်ခဲ့တဲ့နှစ်တစ်သောင်း အတွင်း ဘယ်သူကမှ နတ်ဘုရားအဆင့်မရောက်ခဲ့ဘူး၊ ဒါပေမဲ့ ဝိညာဉ်ဂိုဏ်း ထိပ်ဆုံးအဆင့်ရှိတဲ့အဖွဲ့ဝင်တွေက နတ်ဘုရားအဆင့်ကို ချိုးဖောက်ဖို့ဆိုရင် ပင်မတိုက်ကြီးကနေ ထွက်ပြီးတော့ အမှောင်နတ်မိစ္ဆာဘုံကိုသွားရမယ်”

အမှောင်နတ်မိစ္ဆာဘုံသည် နတ်မိစ္ဆာကျင့်ကြံသူများ၏ လောကဖြစ်သည်။

“ဟုတ်တယ်” နန်ကုန်းချန်းသည်လည်း နန်လင်း၏အမြင်ကို ခေါင်းညိတ် သဘောတူလေသည် “နတ်အဆင့်ခွဲဆေးကိုသောက်ပြီးတော့ နတ်ဘုရား အဆင့်ကိုတက်ပြီးမှပဲ ဝိညာဉ်စွမ်းအင်တစ်ခုတည်းနဲ့ မလုံလောက်တာကို သိခဲ့ ရတယ်၊ နတ်မိစ္ဆာစွမ်းအင် လိုကိုလိုတယ်၊ အဲဒါကြောင့် ညအရှင်သခင်က ပင်မတိုက်ကြီးမှာ ထူးခြားတဲ့ပါရမီရှင်လို့ပြောကြတာကိုး၊ သူ့ဂုဏ်သတင်းနဲ့ ထိုက်လည်းထိုက်ပါတယ်”

သူသည် ၂၂ နှစ်အရွယ်သာရှိသေးကာ ထူးခြားအံ့ဖွယ် နတ်ဘုရာအဆင့် ကို ရှာတွေ့ပြီးဖြစ်လေသည်။ ယခုအခါ အသက် ၁၆ နှစ်တွင် ကောင်းကင် အဆင့်သို့ဝင်ခဲ့သေ ထိုလူ၏ခွန်အားသည် မည်သည့်အဆင့်ဖြစ်သည်ကို အားလုံးသိချင်နေကြသည်။

အမှန်တကယ်သာ ထိုသို့ဆိုပါက အလွန်ဆိုးရွားလွန်းသည်။

အားလုံးသည် စိတ်ထဲတွင် သံသယဝင်မိကြသည်။ ပြောရလျှင် နတ် အဆင့်ခွဲဆေးတွင် နတ်မိစ္ဆာစွမ်းအင်ပါဝင်နေသည်။ ပင်မတိုက်ကြီးတွင် နတ် မိစ္ဆာစွမ်းအင် ကုန်ခမ်းနေပြီဖြစ်ရာ နတ်အဆင့်တက်ဆေးမှ နတ်မိစ္ဆာစွမ်းအင် သည် မည်သည့်နေရာမှရလာသနည်း။

မျက်လုံးများသည် ဘေးတွင်ရှိနေသော ပီဖန်းနှင့်ရွှမ်းဝူတို့အပေါ်ရောက် သွားကြသည်။ ညအရှင်သခင်၏လူဖြစ်သည့် ထိုလူနှစ်ယောက်သည် အမှောင် နတ်မိစ္ဆာနန်းတော်၏လူဖြစ်လိမ့်မည်။ သို့သော် သူတို့သည် စီရင်ချက်ဗိမာန် အောက်တွင် လျှို့ဝှက်စွာအလုပ်လုပ်နေခဲ့သည်။ မုချင်းလင် အဖမ်းခံရချိန်တွင် ပေထင်းဟွမ်အား ကူညီရန် သူတို့၏သရုပ်မှန်ကိုဖော်ထုတ်ရန် ဝန်မလေးကြ တော့ပေ။

အမှောင်နတ်မိစ္ဆာနန်းတော်သခင်၏ ခွင့်ပြုချက်မရှိဘဲ ရန်သူ၏စခန်းတွင် သူလျှိုလုပ်နေသည်ကို သူတို့ မည်သို့ဖော်ထုတ်ရဲမည်နည်း။

ပေထင်းကျင်၏မျက်နှာသည် သုန်မှုန်သွားပြီး မသေချာမရောရာနှင့် အသံမှာလည်း ထက်ရှလှသည်။ သူ မေးလေသည် “ညအရှင်က အမှောင်နတ် မိစ္ဆာနန်းတော်ရဲ့ နတ်မိစ္ဆာဘုရင်လား”

ရွှမ်းဝူနှင့်ပီဖန်းတို့သည် မတ်တတ်ထကာ ပေထင်းကျင်ရှိရာဘက်သို့ အနည်းငယ် ဦးညွှတ်လေသည်။ ထိုင်ချပြိးနောက် ရွှမ်းဝူသည် ပေထင်းကျင်၏ စကားများကို တိုက်ရိုက်ပြန်မဖြေဘဲ ပြေလေသည် “သခင်နန်လင်းပြောတာ မမှားပါဘူး၊ ယန်မို့ထျန်းမျိုးနွယ်က ဒါကိုတစ်ချိန်လုံးလုပ်နေခဲ့တာပါ၊ အားလုံးရဲ့ မျှော်လင့်ချက်က အမှောင်နတ်မိစ္ဆာဘုံကလူတွေကို ပြန်ခေါ်ဖို့ပါပဲ၊ အမှောင် နတ်မိစ္ဆာဘုံက နတ်မိစ္ဆာနတ်ဘုရားမသေခင် သူ့ရဲ့နောက်ဆုံးအဆီအနှစ်နဲ့ သွေးတွေနဲ့ ဖန်တီးခဲ့တာပါ၊ နတ်မိစ္ဆာနတ်ဘုရားသခင်က တော်တော်သတိရှိ တယ်လို့ပြောလို့ရပါတယ်၊ ဒါပေမဲ့ အဲတုန်းက သူက ခံစားချက်မကောင်းဘူး၊ အမှောင်နတ်မိစ္ဆာဘုံကို ဖန်တီးပြီးတော့ လေဟာနယ်က မငြိမ်မသက်ဖြစ်ခဲ့ တယ်၊ လေဟာနယ်ထဲမှာ ကွာဟမှုတွေပေါ်လာတယ် အားကောင်းတဲ့ရန်သူ တွေရှိလာတေ့ ငရဲနဲ့မခြားဘူးဖြစ်သွားခဲ့တယ်”

“အဲတော့ အဲနောက်ပိုင်းဘာဖြစ်လဲ” နန်ကုန်းချန်ရှီးသည် စိတ်လှုပ်ရှားစွာ ဖြင့်မေးလေသည်။

ပီဖန်းသည် မိန်းကလေးအားကြည့်ပြီး ဆက်ပြောလေသည် “နတ်မိစ္ဆာ ဧကရာဇ်က အမှောင်နတ်မိစ္ဆာဘုံမှာမွေးဖွားခဲ့တယ်၊ သူ လေ့ကျင့်နေတုန်းက အနောက်တောရိုင်းဧကရာဇ်ကခေါ်လာခဲ့တာ၊ အနောက်တောရိုင်းက ကမ္ဘာ မြေကြီးမိခင်ရဲ့ဆက်ခံသူပဲ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ ကောင်းကင်တမာန် တော်မျိုးနွယ်တို့က အမြဲတမ်းကြားနေဖြစ်ခဲ့တာ၊ နတ်မိစ္ဆာနတ်ဘုရားက အနောက်အရိုင်းတောမှာ နှစ်တစ်ဝက်လောက်နေပြီးထွက်လာခဲ့တယ်၊ ဒါပေမဲ့ သူက မင်းသမီးလေးကို ဘယ်တုန်းကမှမမေ့ခဲ့ဘူး၊ ဒါပေမဲ့ ဝိညာဉ်နတ်ဘုရား မျိုးနွယ်နဲ့ ပထမဆုံးတိုက်ပွဲမှာ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ စစ်ရေးအကြံပေး က မင်းသမီးလေးဖြစ်နေလိမ့်မယ်လို့ထင်မထားခဲ့ဘူး၊ နောက်မှပြန်ကြားခဲ့တာ က တောရိုင်းမျိုးနွယ်နဲ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်တို့က မင်္ဂလာရှိခဲ့ကြတယ်တဲ့၊ မင်းသမီးနဲ့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က လက်ထပ်ခဲ့ကြတယ်၊ မင်းသားမင်က မင်္ဂလာပွဲကို ပြင်ဆင်ခဲ့တာပဲ”

“မဖြစ်နိုင်တာ” နန်ကုန်းချန်ရှီးသည် သက်ပြင်းချမိသည် “မင်းသမီးက သိလား၊ မင်းသမီးက နတ်မိစ္ဆာဧကရာဇ်ကိုမေ့သွားတာလား”

All Chapters