ဧကရီကဒီလိုကျဆုံးတာပဲ
Vol. 47 Ch. 927
နန်ကုန်းချန်ရှီးနှင့်တခြားသူများ၏ မျှော်လင့်စောင့်စားသောမျက်လုံးများ ထဲမှ စိတ်ပျက်မှုကိုကြည့်ပြီး ပီဖန်း ခေါင်းဆတ်လိုက်သည် “အနောက်တောရိုင်း ကလူတစ်ယောက်က မင်းသမီးကိုသစ္စာဖောက်ပြီး သူမရဲ့သွေးတစ်စက်ကို ဝိညာဉ်နတ်ဘုရားမျိုးနွယ်ကိုပေးခဲ့တယ်၊ အဲဒီသွေးက မင်းသမီးနဲ့ နတ်ဘုရား မျိုးနွယ်ကအိမ်ရှေ့စံတို့ကို သွေးစာချုပ်ဖြစ်သွားစေပြီး သွေးစာချုပ်ရဲ့ နောက် ဆက်တွဲကတော့ အဲအချိန်ကစပြီး မင်းသမီးက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ မင်းသားကိုပဲ လက်ထပ်နိုင်တော့မှာ၊ ပြီးတော့ သူမ နှလုံးသားထဲက ယောက်ျား ကိုလည်းမေ့သွားမှာပဲ”
“လွန်လိုက်တာ” နန်ကုန်းချန်ရှီးသည် မိန်းကလေးဖြစ်သဖြင့် ထိုကဲ့သို့ အနိုင်ကျင့်မှုမျိုးကို သည်းမခံနိုင်ပေ။ အကြီးအကဲကြီးအပါအဝင် တခြားသူများ သည်လည်း မျက်နှာတွင် မခံမရပ်နိုင်မျက်နှာထားများဖြစ်နေကြသည်။ မထင် မှတ်စွာပင် ဝိညာဉ်နတ်ဘုရား၏မျိုးဆက်များသည် စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်ကင်းမဲ့လွန်းလှသည်။
“ရွှတ် ရွှတ်” ရွှမ်းဝူသည် နှစ်ကြိမ်နှာရှုတ်လိုက်သည်။ သူ၏အသံသည် ရေခဲကဲ့သို့အေးစက်နေပြီး အသံနေအသံထားမှာ အထင်သေးပုံပါနေပြီး ပြော လေသည် “ဝိညာဉ်နတ်ဘုရားရာထူးက ကမ္ဘပေါ်မှာ အစစ်မှန်ဆုံးဖန်ဆင်းရေး နတ်ဘုရားလိုလုပ်နေတာ၊ သူတို့တွေက လူတွေကိုလိမ်ပြီး ယုံကြည်မှုစွမ်းအား ကို စုခဲ့ကြတာ အဲထက်ပိုပြီးအရှက်မဲ့တာမရှိတော့ဘူး၊ အဲတုန်းက နတ်မိစ္ဆာ ဧကရာဇ်က မင်းသမီးလေးမျာ ကောင်းကင်ကသွေးစာချုပ်ရှိနေတာကို မသိခဲ့ တာနှမြောစရာပဲ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်နဲ့ နှစ်နှစ်ထောင်လောက် တိုက်ခိုက်ပြီးတော့ နောက်ဆုံးမှာ ယန်းမိုထျန်းမျိုးနွယ်က မင်းသမီးကို ဖမ်းပြီး ထုံရှန်းမှာ သူမကို ချုပ်နှောင်ခဲ့တယ်၊ မင်းသမီးက သူ့ကိုမချစ်ဘူးလို့ ကျုပ် အမြဲ ထင်ခဲ့တာ၊ သူတို့နှစ်ယောက်က နေ့တိုင်း စကားများပြီး ဒေါသထွက်ကြတယ်၊ နတ်မိစ္ဆာဧကာဇ်က ပိုပိုပြီး စိတ်ကြီးလာတာကိုမင်းသမီးမြင်တာနဲ့ နောက်ဆုံး တော့ သူမလည်းစိတ်လျော့ပြီး သူနဲ့လက်ထပ်ဖို့ သဘောတူခဲ့တယ်”
“ဝိုး.. ဘာလို့လဲ” နန်ကုန်ချန်ရှီးသည် ထပ်မမေးရဲပေ။
“ဧကရီက အဲလိုမျိုးကျဆုံးသွားတာလား၊ ဝိညာဉ်နတ်ဘုရားတွေ သတ် သွားတာမဟုတ်ဘူးလား” ပေထင်းကျင်သည် တုန်ယင်စွာမေးမြန်းလေသည်။
“ဝိညာဉ်နတ်ဘုရားမျိုးနွယ်က သတ်သွားတာနဲ့ ဘာကွာမှာလဲ၊ သူတို့တွေ က အဲလောက်စက်ဆုပ်တဲ့နည်းလမ်းတွေသုံးနေသေးတာ” ပီဖန်းသည် ဒေါသ ထွက်ထွက်နှင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့မှစားပွဲကို လက်သီး နှင့်ထိုးချလိုက်ရာ ကျောက်စိမ်းဝိညာဉ်ကျောက်တုံးစားပွဲထိပ်တွင် အက်ကြောင်းတစ်ခုပေါ်လာသည် “နတ်ဘုရားကပေးတဲ့ သွေးစာချုပ်ကို ဖျက် ရင် နောက်ဆုံးရလဒ်က ဒွါရခုနစ်ပေါက်က သွေးထွက်ပြီးသွေမှာ၊ ဝိညာဉ်ကွဲပြီး သေလိမ့်မယ်၊ နတ်မိစ္ဆာဧကရီက နတ်မိစ္ဆာဧကရာဇ်ကို ဂါရဝပြုပြီးတာနဲ့ နတ် မိစ္ဆာဧကရာဇ်ရဲ့ ရင်ခွင်ထဲမှာပဲသေသွားခဲ့တာ၊ သူမက နတ်မိစ္ဆာဧကရာဇ် သူမ နောက်လိုက်မှာကို ကြောက်ခဲ့တယ်၊ နတ်မိစ္ဆာဧကရာဇ်က သူမအတွက် နှစ်ခု လုပ်ပေးခဲ့တယ်”
“ဘယ်နှစ်ခုလဲ”
ကြည်လင်သောအသံသည် တံခါးပေါက်မှထွက်လာရာ ဇာတ်လမ်းထဲ နစ်မြောနေကြသော လူအားလုံးသည် ခေါင်းလှည့်ကြည့်ကြလေသည်။ တံခါး ပေါက်တွင်ရပ်နေသော လူငယ်ည် တည်ငြိမ်ပုံပေါက်သည်။ သို့သော် သူမ၏ မျက်လုံးများထဲမှ အမှောင်လှိုင်းလုံးများသည် အလွန်ရက်စက်တတ်သည်ကို ပြသနေသည် “ဘယ်နှစ်ခုလဲ”
သူမသည် လက်ကိုနောက်ပစ်ကာ လျှောက်လာရာ ပီဖန်းနှင့် ရွှမ်းဝူတို့ သည် ချက်ချင်းပင်မတ်တတ်ထကာ သူမရှေ့သို့ဦးညွှတ်ပြီး သူမကို ညမီးတောက်ကိုစောင့်နေသကဲ့သို့ ဆက်ဆံနေကြသည်။ ထိုမြင်ကွင်းသည် ဇာမဏီမြို့တစ်ခုလုံးကို မယုံကြည်နိုင်လောက်အောင်ဖြစ်စေသည်။
ပေထင်းဟွမ်သည် ခေါင်းအသာဆတ်လိုက်သည်။ သို့သော် သူမအတွက် ချန်ထားပေးသော ပထမတန်းခုံတွင်မထိုင်ဘဲ သူတို့နှစ်ယောက်ဘေးတွင် ထိုင် ချကာ မေးခွန်းထုတ်သောမျက်လုံးများနှင့် သူတို့ကိုကြည့်လေသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ သည်။ ရွှမ်းဝူသည် လက်လျှော့သွားလေသည်။ အသက်ကိုပြင်းပြင်းရှူလိုက်၏။ သူသည် လွန်ခဲ့သည့်နှစ်တစ်သောင်းကို ပြန်ရောက်သွားသည့်အလားပင် ပြော လေသည် “တစ်ခုက နတ်မိစ္ဆာဧကရာဇ်က သူမအတွက် လက်စားချေပေးဖို့နဲ့ ကောင်းကင်ကသွေးစာချုပ်ကို ဖျက်ဖို့ပဲ၊ နတ်မိစ္ဆာဧကရာဇ်က သူမကို စောင့်ခဲ့ တယ်၊ ပြီးတော့ သူမက ဘယ်လောက်ပဲ အချိန်ကြာပါစေ ပြန်လာမယ်လို့ပြောခဲ့ တယ်”
ရွှမ်းဝူသည် နောက်ဆုံးစာကြောင်းကိုပြောချိန်တွင် ပေထင်းဟွမ်အား တည့်တည့်စိုက်ကြည့်လေသည်။ ထိုအကြည့်သည် မလေးစားရာရောက်သော် လည်း ပေထင်းဟွမ်သည် သူ့မျက်လုံးထဲမှ မျှော်လင့်ချက်များကိုမြင်နေရသည်။
အဝေးသို့ ကြည့်က ပေထင်းဟွမ်သည် ရင်ထဲမှခံစားချက်များစွာကို ဖိနှိပ် ပြီးမေးလေသည် “ကောင်းကင်ကပေးတဲ့ သွေးစာချုပ်ကဘာလဲ”
“နတ်အဆင့်ရောက်ပြီးရင် သာမန်သစ္စာဆိုတာတွေကို ကောင်းကင်နဲ့ မြေကြီးစည်းမျဉ်းက မချည်နှောင်နိုင်တော့ဘူး သွေးနဲ့မှရတော့တာ၊ ဒါပေမဲ့ နတ်ဘုရားဆီက သွေးတစ်စက်က ဖန်ဆင်းရေးနတ်ဘုရားချန်ထားခဲ့တဲ့ သွေး အဆီအနှစ်နဲ့ကျိန်ဆိုရတယ်၊ အသက်တွေ ဘယ်လောက်ပဲဝင်စားပါစေ၊ ဝိညာဉ် က မသေသေးသရွေ့ ကျိန်ဆိုမှုက ထာဝရမြဲသွားမှာ” ရွှမ်းဝူသည် ပေထင်းဟွမ် အား စိုက်ကြည့်လေသည်။ သို့သော် သူမသည် မျက်လွှာချထားသဖြင့် သူမ၏ မျက်လုံးထဲမှ ခံစားချက်ကို ဖတ်မရပေ။