← Chapters

နတ်မိစ္ဆာဧကရာဇ်က နှစ်သောင်းချီစောင့်ခဲ့တယ်

Vol. 47 Ch. 928

နတ်မိစ္ဆာဧကရာဇ်က နှစ်သောင်းချီစောင့်ခဲ့တယ်

Vol. 47 Ch. 928

ကျွတ်

အစည်းအဝေးခန်းမတစ်ခုလုံးထဲတွင် ကျွတ်သတ်သံများ တညီတည်း ပေါ်လာခဲ့သည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ လှုပ်ရှားမှုများသည် ဖျက်လိုဖျက် ဆီးနိုင်သည်ဟု အားလုံးခံစားရသည်။ မင်းသမီးကို တစ်သက်ဒုက္ခပေးလျှင် တော်သေးသည်။ သို့သော် သူတို့သည် မင်းသမီး၏ မျိုးဆက်များကိုပါ ချည်နှောင်ချင်ခ့သည်။ ၎င်းသည် ထိခိုက်နစ်နာစေလိုခြင်းပင်။

“မိုးနတ်မင်းရေ ဘယ်လိုဝိညာဉ်မျိုးနွယ်ပါလိမ့်၊ ဒါက မျိုးနွယ်ကောင်း တစ်ခုကို မျိုးဖြုတ်ချင်နေတာပဲ” တုန်ဖန်းကျောက်သည် ဒေါသတကြီးပြော လေသည်။

“မင်းသမီးက နစ်နာတာပဲ၊ မင်းသမီးက နတ်မိစ္ဆာဧကရာဇ်ကို ချစ်မှာပါ နော.. မဟုတ်ရင် ဘယ်လိုလုပ် နတ်မိစ္ဆာဧကရာဇ်ကို လက်ထပ်ဖို့ သဘောတူ မှာလဲ” နန်ကုန်းချန်ရှီးသည် မျက်ရည်များနှင့်မေးလေသည်။

“ငါ့အမြင်တော့ မင်းသမီးက ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ဧကရီမဟုတ်ဘဲ နတ်မိစ္ဆာဧကရာဇ်ကို အထူးညှိနှိုင်းခဲ့တာဖြစ်မယ်၊ နတ်မိစ္ဆာဧကရာဇ်ကို သူမကို ချစ်အောင်လုပ်ပြီး သူမအတွက် အသက်ပေးရအောင်လုပ်တယ်၊ နောက်ဆုံး တော့ သူမဘာသာသတ်သေလိုက်ရင် နတ်မိစ္ဆာရဲ့စိတ်သဘောထားက ပြောင်းလဲသွားခဲ့တာပဲ၊ နောက်ဆုံးကျ ကမ္ဘာကြီးကို တိုက်သုံးတိုက်ဖြစ်အောင်ခွဲ လိုက်တာပဲလေ၊ တော်ရုံရူးတာလောက်နဲ့တော့ အဲလိုကိစ္စမျိုးလုပ်နိုင်မှာမဟုတ် ဘူး” တုန်ဖန်းကျောက်၏ စိတ်သည်ပွင့်လင်းသဖြင့် ရွှမ်းဝူပင် မျက်လုံးထဲမှ လေးစားသောအကြည့်ဖြင့် ကြည့်မိစေသည်။

သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ပေထင်းဟွမ်၏ မျက်နှာသည် တည်ငြိမ်လျက်ရှိပြီး သူမ ဆက်ပြောလေသည် “နောက်ကျဘယ် လိုဖြစ်သွားလဲ နတ်မိစ္ဆာဧကရာဇ်က တကယ်ပဲ သဘောထားပြောင်းသွားတာ လား”

ပေထင်းဟွမ်သည် နတ်မိစ္ဆာဧကရာဇ်၏ နောက်ဆက်တွဲကိုမေးသည်ကို ကြည့်ပြီး ပီဖန်းသည် သက်ပြင်းချမိသည်။ သူသည် မျက်လုံးထဲမှ စိတ်အား တက်ကြွမှုကို ပြန်လိုချင်သည့်အလား မျက်နှာကျက်ကို ကြည့်မိသည် “နတ်မိစ္ဆာဧကရာဇ်က နတ်မိစ္ဆာဧကရီရဲ့ တောင်းဆိုချက်နှစ်ခုကို သဘောတူခဲ့ တယ်၊ ဝိညာည်နတ်ဘုရားမျိုးနွယ်နှစ်ခုလုံးကို လုံးလုံးလျားလျားဖျက်ဆီးပြီး တော့ ၃၃ ဘုံက ပြောင်းချင်တဲ့သူတွေကို အမှောင်နတ်မိစ္ဆာဘုံကိုပြောင်းပေးခဲ့ တယ်၊ တခြားလေဟာနယ်ကို စပြီးပြောင်းခဲ့ကြတာပေါ့၊ ရတနာကိုသုံးပြီး ပြိုပျက်သွားခဲ့တဲ့ ဧကရီရဲ့ ဝိညာဉ်ကို လေဟာနယ်တွေကနေ စုခဲ့တယ်”

“ဝိညာဉ်ဟုတ်လား၊ တကယ်ပဲ ဝိညာဉ်ရှိနေတာလား” စူးလော့အာသည် စိတ်လှုပ်ရှားစွာဖြင့် မေးလေသည်။

ပီဖန်း ခေါင်းညိတ်လေသည်။ “နတ်ဘုရားအဆင့်က ဝိညာဉ်ဖြစ်သွားရင် ဝိညာဉ်ကျင့်ကြံခြင်းစွမ်းအားဖြစ်သွားပြီ၊ ဝိညာဉ်အဆင့်က သန်မာတာနဲ့ ဝိညာဉ်ဆေးရှိရင် ခန္ဓာကိုယ်ပျက်စီးသွားရင်တောင် ဝိညာဉ်ဆေးအကူအညီနဲ့ နှစ်ပေထင်းရာချီကြာလည်း ခန္ဓာကိုယ်ကို ပြန်ပုံသွင်းလို့ရတယ်၊ ပြိုကွဲပြီးသွား ရင် ကောင်းကင်နဲ့မြေကြီးကြားမှာ ပျောက်ကွယ်သွားခဲ့တာ၊ ပြီးတော့ ဘယ်နေရမှာ လွင့်နေလဲဆိုတာမသိနိုင်ဘူး၊ စုဆောင်းဖို့ဆိုတာ အရမ်းခက် တယ်၊ နတ်မိစ္ဆာဧကရာဇ်က နှစ်ပေါင်းထောင်ချီကိုစောင့်ခဲ့တာ”

ပေထင်းဟွမ်၏နှာခေါင်းများ ရဲလာသည်။ သူမ သဲ့သဲ့ပြုံးလိုက်၏ “မင်းသမီးကို သစ္စာဖောက်သွားခဲ့တာ ဘယ်သူလဲ၊ သူမရဲ့အနီးစပ်ဆုံး ဆွေမျိုး ထဲကလား”

“ဟုတ်တယ် သူမအမေရဲ့ အစ်မကြီးပဲ၊ အနောက်တောရိုင်းရဲ့ မင်းသမီး အကြီးဆုံးပေါ့၊ အခုတော့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အိမ်ရှေ့စံမင်းသမီးဖြစ် နေပြီ” ပီဖန်းသည် ထေ့ငေါ့စွာပြောလေသည်။

“ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ မင်းသားကို နတ်မိစ္ဆာဧကရာဇ် သတ်လိုက် ပြီမဟုတ်ဘူးလား” တုန်ဖန်းကျောက်သည် နားမလည်စွာနှင့်မေးလေသည်။

“ပြီးတော့ ဝိညာဉ်နတ်ဘုရားတွေက ဝိညာဉ်နတ်ဘုရားတွေရဲ့ ဆက်ခံသူ တွေပဲ၊ သူတို့လက်ထဲမှာ မှော်လက်နက်တွေ ဘယ်လောက်များလဲဆိုတာ ဘယ်သူမှမသိဘူး၊ ပြီးတော့ မင်းသားမင်ရှို့ကလည်း ရှေးခေတ်ကတည်းက နတ်ဘုရားတွေနဲ့ အနီးစပ်ဆုံးပဲ၊ အဲတုန်းက နတ်မိစ္ဆာဧကရာဇ်ရဲ့ စိတ်လည်း တော်တော်ပြောင်းလဲသွားခဲ့တာ၊ သူ မင်းသားကိုသတ်တုန်းက သူ့ခန္ဓာကိုယ်ထဲ က နတ်သွေးကိုမဖျက်ဆီးခဲ့ဘူး၊ နောက်ဆုံးတော့ လွန်ခဲ့တဲ့ နှစ် ရှစ်ထောင်က အဲလူက သူ့နတ်သွေးသုံးပြီး ဝိညာဉ်စု၊ ခန္ဓာကိုယ်ကို ပြန်ပုံဖော်ပြီး အနောက် တောရိုင်းကမင်းသမီးနဲ့ လက်ထပ်ခဲ့တယ်” ရွှမ်းဝူ ရှင်းပြလေသည်။

သက်ပြင်းသံထွက်ပေါ်လာသည်။ ထင်ရှားစွာပင် အားလုံးသည် ရန်သူ အား လွတ်မြောက်ရန်အခွင့်အရေးပေးမိသည့် နတ်မိစ္ဆာဧကရာဇ်အတွက် စိတ်မကောင်းဖြစ်နေကြသည်။

“ကစားပွဲကအခုမှစတာလေ ပြိုင်ဘက်ကသေသွားတော့ ဘယ်လိုလုပ် ဆက်ကစားတေ့မှာလဲ” ပေထင်းဟွမ်သည် မတ်တတ်ထကာ လှည့်ပတ်ကြည့် ပြီး ပေထင်းချင်းဆီသို့ အကြည့်ရောက်ကာ ပြောလေသည် “အဘိုး ခဏလောက်ထွက်ခဲ့ပါ ကျွန်တော်လုပ်စရာရှိလို့ အဘိုးကိုမေးချင်တာရှိတယ်”

မျက်လုံးများအားလုံးသည် ပေထင်းချင်းဆီသို့ရောက်သွားပြီး သူ့မျက်နှာ ထားမှ ပြောင်းလဲမှုအမျိုးမျိုးကိုမြင်နေရသည်။ ခေတ္တမျှ အိုမင်းသွားသလိုခံစား ရပြီးနောက် သူသည် စားပွဲကိုကိုင်ထကာ ပေထင်းဟွမ်နောက်မှ လိုက်ထွက် သွားလေသည်။

All Chapters