Chapters

မင်းအမေက ၃၃ ကောင်းကင်ဘုံက လူပဲ

Vol. 47 Ch. 929

မင်းအမေက ၃၃ ကောင်းကင်ဘုံက လူပဲ

Vol. 47 Ch. 929

ပေထင်းကျင်၏ ခြံဝင်းထဲတွင် အားလုံးသည် အပြင်သို့တိတ်ဆိတ်စွာ ထွက်သွားကြသည်။ ပေထင်းဟွမ်ပိုင်ဆိုင်သောသားရဲများ၏ ကြီကြပ်မှုအောက် တွင် ခြံဝင်းတစ်ခုလုံးကို မည်သူမှ ကပ်မရပေ။

ခြံထဲရှိ ဆီးသီးပင်အောက်တွင် အဘိုးနှစ် မြေးနှစ်ယောက်တို့သည် ထိုင် ပြီး အငွေ့တထောင်းထောင်းထနေသော ဝိညာဉ်လက်ဖက်ရည်တစ်အိုးကို တည်ခင်းထားသည်။

ပေထင်းဟွမ်သည် ဧည့်သည်များဘက်သို့လှည့်ပြီး အဘိုးနှင့် အစ်ကိုကြီး တို့အတွက် လက်ဖက်ရည်တစ်လုံးငှဲ့ပေးကာ လက်ဖက်ရည်ခွက်မြှောက်ပြီး အရိုအသေပြုလေသည် “အဘိုး အစ်ကိုကြီး သောက်ကြည့်လိုက်ပါ၊ ဒါကို ညအရှင်အိမ်တော်ကနေ ယူလာတာ၊ ဝိညာဉ်ပါဝင်မှုက အရမ်းကောင်းတယ်”

“ရှောင်ကျို့ နေရတာ မသက်မသာဖြစ်နေတုန်းလား အစ်ကိုကြီးက အခုမှ ပဲမေးရတော့တယ်” ပေထင်းကျင်သည် ပေထင်းဟွမ်၏လက်ကိုဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် မေးလေသည်။

ပေထင်းဟွမ်သည် တစ်ရက်နှင့်တစ်ညကြာအောင် သတိမေ့နေခဲ့သည်။ မည်သူသည် စိတ်အပူဆုံးလဲဟုမေးလျှင် ပေထင်းကျင်ပင်ဖြစ်လိမ့်မည်။ ပေထင်းဟွမ်သည် ခေါင်းခါလုက်သည် “အစ်ကို ကျွန်တော် အရင်ကလဲဖူးတယ်၊ အိပ်ပြီးရင် ပြန်ကောင်းလာတာပါပဲ စိတ်မပူနဲ့”

မြို့စားနန်လင်းလည်း ထိုသို့ပြောသည်။ ပေထင်းကျင်သည် အမြဲတမ်း စိတ်ပူနေခဲ့သည်။ ပေထင်းဟွမ်လည်း တစ်လေသံတည်းထွက်မှသာ သူ စိတ် သက်သာရာရတော့သည်။

ပေထင်းချင်းသည်လည်း ထိုစကားကြားမှပင် သက်ပြင်းကြီးချကာ လက်ဖက်ရည်ပန်းကန်လုံးကောက်ကိုင်လေသည်။ သူသည် ပေထင်းဟွမ်ကို အတင်းမေးမနေတော့ဘဲ တိုက်ရိုက်သာပြောလေသည် “ရှောင်ကျို့ ဒီဘဝမှာ အဘိုးအတွက် အားအနာဆုံးလူကိုပြောပါဆိုရင် မင်းပဲ”

ပေထင်းဟွမ်၏ရောင်ဝါသည် အနည်းငယ် မငြိမ်မသက်ဖြစ်နေသည်ကို ခံစားမိပြီး ပေထင်းချင်းသည် လက်ဆန့်ထုတ်ကာ ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ မည်မျှပင် ရုန်းကန်စေကာမူ ထိုလက်ကိုလွှတ်မည် မဟုတ်ပေ။ သူသည် ပေထင်းဟွမ်၏ ဖြူစွတ်နူးညံ့သောလက်ကို စိုက်ကြည့်နေ သည် “ဒီဘဝမှာ အကောင်းဆုံးပေါက်ရောက်မှုက ပေထင်းမိသားစုရဲ့ မိသားစု ခေါင်းဆောင်ဖြစ်ရတာမဟုတ်ဘူး၊ ဇာမဏီမြို့၊ နတ်ဘုရားအဆင့်လည်း မဟုတ်ဘူး၊ အံ့ဩစရာကောင်းတဲ့မြေးနဲ့ အရမ်းကိုအရည်အချင်းရှိပြီး လှတဲ့ မြေးမလေးတို့ရှိနေတာပဲ”

'မြေးမ' ဆိုသည့်စကားလုံးသည် ပေထင်းဟွမ်ကို တည်ငြိမ်သွားစေသည်။ ပေထင်းချင်း၏လက်သည် အနည်းငယ်အားပါ၍ အနည်းငယ်နာကျင်သည်ဟု သူမ ခံစားရသည်။ သို့သော် သူမ ဘာမှမပြောပေ။

“မင်းအမေက ၃၃ ကောင်းကင်ဘုံကပဲ အဘိုးက သရုပ်မှန်အတိအကျကို တော့မသိဘူး၊ နောက်မှသိလာတာက သူမက ၃၃ ကောင်းကင်ဘုံကနေ ထွက် ပြေးလာခဲ့တာ၊ သူမ မင်းကိုယ်ဝန် ၇ လလောက်ရတဲ့အချိန် အဲလူတွေက မင်း ကိုလာရှာကြတာပဲ၊ ငါက သူမကို ပြန်ခေါ်ချင်တယ်၊ မင်းအဖေနဲ့ သူမက ထွက်ပြေးခဲ့ကြတယ်၊ ၃၃ ကောင်းကင်ဘုံကလူတွေက ဒီမှာအများဆုံး တစ်လပဲ နေနိုင်ကြတယ်၊ တစ်လပြည့်တာနဲ့ အလိုလိုပြန်သွားရတာပဲ၊ ဒါပေမဲ့ တစ်လ အတွင်းမှာ မထွက်ပြေးနိုင်ခဲ့ကြဘူး၊ စီရင်ချက်ဗိမာန်၊ အရင်နတ်မိစ္ဆာသခင်ရဲ့ ဦးဆောင်မှုအောက်က အမှောင်နတ်မိစ္ဆာခန်းမနဲ့ အားကောင်းတဲ့လူ ၃၃ ယောက် တို့က သူတို့ကို ရွှံ့နွံချောက်ထိ မောင်းထုတ်ခဲ့ကြတယ်”

ပေထင်းချင်း၏ အိုမင်းပြီး အရေတွန့်နေသည့်မျက်နှာပေါ်သို့ မျက်ရည် တစ်ကြောင်းကျဆင်းလာသည်။ ပေထင်းဟွမ်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားတုန်းပင်။ ပေထင်းချင်းသည် မလွှတ်ချင်ပုံနှင့် သူမ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

“ငါရောက်သွားတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီ၊ ရွှံ့နွံချောက်တစ်ခုလုံးက ကမ္ဘာပျက်နေသလိုပဲ၊ အကုန်လုံးသေသွားပြီးတော့ မင်းရဲ့မိဘတွေလည်း ပျောက်သွားကြတယ်၊ အနှီးနဲ့ပတ်ထားတဲ့ ကလေးသေးသေးလေးပဲရှိသေးတဲ့ မင်းက သစ်ငုတ်တိုပေါ်မှ လှဲပြီးငိုနေခဲ့တယ်၊ ငါ မင်းကိုကောက်ချီလိုက်တော့ မင်းက မွေးခါစဆိုတာသိလိုက်ရတယ် သွေးတွေ...”

ပေထင်းချင်းသည် လွန်ခဲ့သည့် ၁၄ နှစ်က မြင်ကွင်းကို ထပ်မံမြင်ယောင် သကဲ့သို့ အသံများတုန်ယင်လျက်ရှိသည် “လင်အာက တစ်မိသားစုလုံးမှာ ကတိအတည်ဆုံးပါ၊ သူ ဘယ်နေရာပဲသွားသွား သူ့ကိုပြန်ရှာမယ်လို့ စိတ်ပိုင်း ဖြတ်ထားတယ်၊ ဒါပေမဲ့ မင်းကိုယ်ပေါ်မှာချန်ထားခဲ့တဲ့ လက်ရေးမူကိုတွေ့ပြီး တဲ့နောက် မင်းအစ်ကိုနဲ့မင်းကို အပ်ခဲ့တော့ ရွေးချယ်စရာမရှိ ပြန်လာခဲ့ရတယ်”

“ကျွန်မကို ဘာလို့နှင်ထုတ်ခဲ့တာလဲ၊ ဘာလို့ယောက်ျားလေးအဖြစ် နေခိုင်းခဲ့တာလဲ” ပေထင်းဟွမ်သည် အကြောင်းအရင်းကို ခန့်မှန်းမိပြီးသားဖြစ် သော်လည်း သူမ၏အသံသည် အေးစက်နေတုန်းပင်။