ဘာလို့ကျွန်မကို ယောက်ျားလေးလိုမွေးခဲ့တာလဲ
Vol. 47 Ch. 930
ပေထင်းချင်းသည် သက်ပြင်းချလေသည် “အဲတုန်းက မင်းက အရမ်း အားနည်းလွန်းတယ်၊ မင်းကိုယ်မင်း သေချာမစောင့်ရှောက်နိုင်မှာကို အဘိုး ကြောက်ခဲ့တယ်၊ မင်းကို ခေါ်လာတုန်းက မင်းခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအား ကို စမ်းသပ်ကြည့်တော့ မင်းရဲ့ကိုယ်ထဲမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိနေ တာကိုသိခဲ့တယ်၊ ကစဥ့်ကလျားနတ်အရင်းအမြစ်က မိန်းကလေးခန္ဓာကိုယ်ထဲ မှာပဲနေတာလေ၊ အဲတော့ မင်းက ယောက်ျားလေးပါလို့ ကြေညာမှဖြစ်မှာ၊ မင်း ငယ်ငယ်လေးတုန်းက အဘိုးကိုယ်တိုင်ပဲရေချိုးပေးခဲ့တာ၊ တချို့လူတွေက အဲဒါကို သံသယဝင်ခဲ့ကြတယ်၊ အသက် ၁ နှစ်ပြည့်တော့ အဘိုး မင်းကိုရေချိုး ပေးနေတုန်းမှာ အကြီးအကဲတစ်ယောက်က ဝင်လာခဲ့တယ်၊ နောက်တော့ သူက စီရင်ချက်ဗိမာန်နဲ့ လျှို့ဝှက်ဆက်သွယ်နေတာကို မြင်ခဲ့တယ်၊ အဘိုးက စိုးရိမ်လို့ မင်းကို လော့ပေမြို့ကိုနှင်ထုတ်ခဲ့တာ၊ ခန္ဓာကိုယ်ထဲမှာ ကစဥ့်ကလျား နတ်အရင်းအမြစ်ရှိနေတဲ့ ကလေးတစ်ယောက်အတွက် ကြီးထွားဖို့ နေရာ အများကြီးလိုတယ်၊ သာမန်ကျင့်ကြံသူတွေလုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တချို့ ကိစ္စတွေက အဲလိုဖြစ်သွားခဲ့တယ်”
သူမ အင်ပါယာမြို့ကို ပြန်လာစဉ်အစောပိုင်းကာလများက ပေထင်းချင်း သည် သူမကို ကာကွယ်ပေးနေသည်ကို ပေထင်းဟွမ်ခံစားမိသည်။ ပေထင်း ချင်းပြေသလိုပင် သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ် ရှိ နေသည်ကို သူသိသည်။ ပြီးနောက် သူမကို လော့ပေမြို့သို့ နှင်ထုတ်သည်မှာ မိုက်မဲသည့်ဆုံးဖြတ်ချက်ဖြစ်သည်မှာလည်း ရှင်းလင်းနေသည်။
“ဒါပေမဲ့ ကျွန်မခန္ဓာကိုယ်က ကျင့်ကြံလို့မရဘူးဖြစ်ခဲ့တာလေ၊ ဦးလေးက ကျွန်မခန္ဓာကိုယ်အတွက် နည်းလမ်းရှာဖို့ကြိုးစားခဲ့တယ်၊ အဘိုး အဲဒါကို ဘယ်လိုထင်လဲ”
ကိစ္စများကို ထုတ်ချပြီးဖြစ်သဖြင့် သူတို့နှစ်ဦးကြားတွင် မကျေနပ်ချက် မရှိမှဖြစ်မည်။ ဤကဲ့သို့မေးခွန်းသည် ပေထင်းချင်းအပေါ် သံသယမကင်းဖြစ် စေသည့်မေးခွန်းဖြစ်သည်ကိုသိသော်လည်း သူမ မေးတုန်းပင်။
“အ,အလေး ကစဥ့်ကလျားနတ်အရင်းအမြစ်က ဖန်ဆင်းရေးနတ်ဘုရား ချန်ထားခဲ့တာလေ၊ သူ့မှာ ဝိညာဉ်အသိစိတ်ရှိတယ်၊ သူက မင်းကိုသခင်အဖြစ် ရွေးခဲ့တယ်၊ အဲဒါက မင်းမှာကံကောင်းမှုရှိတယ်ဆိုတာကို ပြနေတာပဲ၊ မင်းမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိနေသရွေ့ အခွင့်အရေးအမျိုးမျိုးပေါ်လာမှာပဲ၊ မင်းခန္ဓာကိုယ်က မကျင့်ကြံနိုင်တာကို အဘိုးက ဘာလို့စိတ်ပူနေတော့မှာလဲ”
ပေထင်းချင်းသည် ပေထင်းဟွမ်အား အမြဲတစေချစ်မြတ်နိုးခဲ့သည်။ သူမ ၏ သွယ်လျသောလက်ချောင်းများကို ကိုင်ပြီး ထိုအချိန်က အခြေအနေကို သူမ ကိုပြောပြနေသည် “မင်းရဲ့အကြောတွေက ပိတ်နေလို့ မကျင့်ကြံနိုင်ဘူးလို့ မင်းရဲ့ဦးလေးကို အဘိုးပြောခဲ့တယ် အဲဒါကြောင့် မင်းကို ၁၄ နှစ်လုံးလုံးကြည့် နေခဲ့တာ၊ ဆေးသန့်စင်တာက မင်းရဲ့ခန္ဓာကိုယ်ကို တိုးတက်စေဖို့ တစ်ခုတည်း သော နည်းလမ်းပဲ၊ ဒါပေမဲ့ အဲအချိန်က အဘိုးအတွက် အရေးအကြီးဆုံးက မင်း ရဲ့ အသက်ကိုကယ်ဖို့ပဲ၊ အဘိုးသာ ဘယ်လိုလုပ်ရမလဲဆိုတာမသိရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ထိခိုက်အောင်လုပ်မယ့် ကစဥ့်ကလျားနတ်အရင်းအမြစ်က ထွက်လာလိမ့်မယ်”
ပေထင်းကျင်နှင့် ပေထင်းဟွမ်တို့သည် အထိတ်တလန့်နှင့် မျက်လုံးပြူး သွားကြသည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်က ဘယ်လိုရတနာမျိုးလဲ။ မဟုတ်ရင် ၃၃ ကောင်းကင်ဘုံက လူတွေက ဘယ်လိုလုပ်ဒီအထိလိုက်လာမှာ လဲ။ သူတို့၏အဘိုးစကားအရ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ထိခိုက်စေ နိုင်သည့်အရာဖြစ်နေသလို ပေထင်းဟွမ်၏ခန္ဓာကိုယ်မှလည်း ထုတ်ယူသွားချင် သည့်အရာဖြစ်သည်။
ကံကောင်း၍ မဟုတ်ပေ။ ပေထင်းဟွမ်သည် ပျော်ရွှင်စွာတွေးတောလိုက် သည်။ သို့သော် ပေထင်းချင်းသည် သူမကို အမှန်တကယ်ချစ်ပေးသည်။ သူသည် ဒေါသကြီးသည်လူတစ်ယေဦက်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် ချမ်းသာပြီး စည်းကမ်းရှိသည့်ပေထင်းမိသားစုသည် သူ၏သွေးသားလောက် အရေးမကြီးပေ။
သူသည် သားဖြစ်သူကိုရှာရန် မိသားစုတစ်ခုလုံးကိုစွန့်ပစ်နိုင်သည်။ ကစဥ့်ကလျားနတ်အရင်းမြစ်နှင့် မြေးမအကြားတွင်လည်း သေချာပေါက် ရွေးချယ်နိုင်လိမ့်မည်။
ဤကဲ့သို့လူမျိုးကို အဘိုးတော်ရသည်မှာ ကောင်းချီးတစ်ပါးပင်။
“ဟင်း” ပေထင်းဟွမ်သည် သက်ပြင်းကြီးချလိုက်သည်။ သူမသည် ပေထင်းချင်း၏လက်ကို ပြန်ယူကာ “အဘိုး... အဘိုးက အဘိုးအချစ်ဆုံးသားကို ပျောက်သွားခဲ့တယ်၊ အစ်ကိုနဲ့ကျွန်မက အချစ်ဆုံးအဖေနဲ့အမေပျောက်သွားခဲ့ တယ်၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ကောင်းကင်နဲ့မြေကြီးအရ တစ်နေ့တော့ ကျွန်မတို့ မောင်နှမက အဖေနဲ့အမေကို ရှာမှာပါ၊ အဘိုးရဲ့သားလည်းပြန်လာမှာပါ”
“ဟုတ်ပြီ ဟုတ်ပါပြီ မင်းတို့က လိမ္မာတဲ့ကလေးတွေပါ၊ ပေထင်းမိသားစု မှာ မင်းတို့ရှိတာ ဘိုးဘေးတွေက ကံကောင်းတာပါ” ပေထင်းချင်းသည် မျက်ရည်အပြည့်ဖြစ်နေသည်။ သို့သော် သူသည် ခံစားချက်ကောင်းနေပုံရ၏။ ၁၄ နှစ်ကုန်ဆုံးသွားပြီဖြစ်ကာ ယနေ့တစ်ရက်သာ ပခုံးပေါ်ထမ်းထားသော ဝန်ကြီးကျသွားသကဲ့သို့ သူ စိတ်သက်သာရခဲ့သည်။