မီးတောက်မြို့ ငါတို့လာပြီ
Vol. 47 Ch. 932
“ပတ္တမြားကမ္ဘာမှာ အခုချိန်ထိ ရှေးခေတ်က ကျင့်ကြံခြင်းအဆင့်ကို သုံး နေတာ အမှောင်နတ်မိစ္ဆာဘုံအပါအဝင် လေဟာနယ်သုံးခုရှိတယ်၊ နတ်ဘုရား အဆင့်ကိုရောက်ပြီးရင် ဝိညာဉ်အဆင့်ရှိသေးတယ်၊ ဝိညာဉ်အဆင့်အစပိုင်းမှာ သခင်နဲ့သခင်ကြီးတွေရှိတယ်၊ အလယ်မှာက အထွတ်အထိပ်ရှိတယ်၊ နောက်ပိုင်းအဆင့်တွေမှာ အထွတ်အထိပ်ကြီးအဆင့်ရှိတယ်၊ အထွတ်အထိပ် ကြီးအဆင့်က ၃၃ ရက်အတွင်းမှာ ကမ္ဘာတစ်ခြမ်းကိုသိမ်းပိုက်ခဲ့တဲ့ အားအကောင်းဆုံးလူပဲ” ရွှမ်းဝူပြောပြီးနောက်တွင် မျက်လွှာချလိုက်သည်။
သူ့တွင် ပြောစရာများရှိနေသေးသည်ဟု ပေထင်းဟွမ် ခံစားရသည်။ သို့သော် ဤအခိုက်အတန့်တွင် မေးခွန်းများခြင်းသည် သူမအတွက် အကျိုးအမြတ်တစ်ဝက်ပင်မရှိဘဲ အထိအခိုက်များစေနိုင်သည်။ လက်ရှိတွင် သူမသည် နတ်ဘုရားအဆင့်ထိပင်မရောက်သေးပေ။ အထွတ်အထိပ်နှင့် အထွတ်အထိပ်ကြီးအဆင့်တို့သည် သူမ မျှော်ပင်မကြည့်နိုင်သည့် အမြင့်တစ် နေရာတွင်ရှိနေသည်။
“ဆရာနန်လင်း ကျွန်တော် ယန်ချန်းကို အရင်သွားရမယ်ထင်တယ်၊ ဟွမ်ချန်းကကိစ္စကို ဆရာ့ကိုပဲ အပ်ထားလိုက်ပါတော့မယ်” ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် ပေထင်းကျင်အားပြောလိုက်သည် “အစ်ကိုကြီး ကျွန်တော် စစ်ပွဲဘုံတောကနေထွက်လာတော့ ဝမ်းကွဲအစ်ကိုနဲ့တွေ့ခဲ့တယ်၊ အခုလောက် ဆို သူ ငွေလရောင်အင်ပါယာကိုသွားနေလောက်ပြီထင်တယ်၊ အစ်ကိုကြီးနဲ့ စူးလော့အာတို့ မဟာမိတ်မြို့ကို အရင်သွားပြီး သူတို့ကို ဘာလို့မစောင့်တာလဲ”
“ဟုတ်ပြီ လော့အာကို အဲဒီကိုခေါ်သွားလိုက်မယ်” ပေထင်းကျင်သည် ပြောပြီးသည်နှင့် ထရပ်လိုက်သည်။ သူသည် လွန်ခဲ့သည့် ၁၄ နှစ်ကကိစ္စကို မေ့လျော့မည်မဟုတ်ပေ။ အဒေါ်ယွဲ့မုန့်ချင် ဆုံးပါးသွားပြီးနောက် ဝမ်းကွဲချူဖုန်းသည် ခွေးတစ်ကောင်ကဲ့သို့ ပြန်ပေးဆွဲခံခဲ့ရသည်။ ငွေလရောင် အင်ပါယာ၏တော်ဝင်မိသားစု နှင်ထုတ်ခံရပြီးနောက် သူ၏ပုလ္လင်သည် အလုခံ ခဲ့ရကာ သားရဲတောထဲတွင် ၁၄ နှစ်လုံးလုံး လှည့်ပတ်သွားလာနေခဲ့ရသည်။
အသီးသီးစီစဉ်စရာများလုပ်ပြီးနောက် ပေထင်းဟွမ်သည် သားရဲတောမှ ဖမ်းလာခဲ့သည့် သားရဲများစွာကို နန်လင်း၏လက်စွပ်ထဲသို့ ပြောင်းထည့်ပေး သည်။ ညနေခင်းတွင် သူမသည် ဇာမဏီမြို့မှ အနက်ရောင်ဝတ်ရုံဝတ်ပြီး ထွက် လာခဲ့သည်။
ဟွမ်ချန်းမြို့မှထွက်လာပြီးနောက် ပေထင်းဟွမ်သည် မုချင်းလင်ကို နေရာအတွင်းမှ ထုတ်လိုက်သည်။ ရုတ်တရက် လေဟာနယ် ပြောင်းလဲသွား လေသည်။ သူမ ထွက်လာပြီးနောက် သတိပြန်ဝင်လာရန် အချိန်အတော်ကြာ လေသည်။ ပေထင်းဟွမ် ဘေးကင်းသည်ကိုမြင်သည်နှင့် သူမသည် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချပြီး သူမ၏ရင်ဘတ်ကို ပုတ်လိုက်သည် “ရှောင်ကျို့ တော်သေးတယ် မင်း ဘာမှမဖြစ်ဘူး၊ အချိန်တွေအကြာကြီး ဘာမှ မသိရတော့ ငါ ကြောက်လွန်းလို့သေတော့မယ်”
ပင်မတိုက်ကြီးတွင် တစ်ရက်သည် လေဟာနယ်ထဲတွင် ၁၀ ရက်ဖြစ်ရာ မုချင်းလင်သည် လေဟာနယ်ထဲတွင် ၁၀ ရက်မှ ရက် ၂၀ အထိနေလိုက်ရသဖြင့် စိတ်မလောဘဲမနေနိုင်တော့ပေ။
“ငါ ဘာမှမဖြစ်ဘူး၊ ပြဿနာတက်နေတာ သန့်စင်သောမြို့ပဲ၊ မင်း အဲအကြောင်းမသိသေးဘူးမလား၊ ငါ မင်းအတွက် လက်စားချေဖို့ သန့်စင်သော မြို့ကို ပြာချလိုက်ပြီ၊ ရက်နည်းနည်းလောက် ကျင့်ကြံပြီးသွားတော့ ငါ့ဝိညာဉ် က အဆင်ပြေသွားပြီ အဲတော့ စိတ်အေးလို့ရပြီ”
မုချင်းလင် တစ်စုံတစ်ရာသာဖြစ်ပါက သန့်စင်သောမြို့သည် ဆုံးရှုံးမှုနှင့် တင် ဆပ်၍ကုန်မည်မဟုတ်ပေ။
ပေထင်းဟွမ်သည် ယန်ချန်းမြို့ကိုသွားမည်ဖြစ်ပြီး သူမကိုပါ ခေါ်သွား မည်ဟုသိသည်နှင့် မုချင်းလင်သည် ပျော်ရွှင်လေသည်။ သူတို့နှစ်ယောက်သည် လူငယ်စုံတွဲအသွင်ယူကာ အင်ပါယာမြို့ရှိ ခြင်္သေ့ကိုယ်၊ လင်းယုန်ခေါင်းသတ္တဝါ ဆိုသို့သွားကာ ငှားရမ်းရန်ပြင်ဆင်သည်။
စစ်ပွဲဘုံတောသည် ပင်မတိုက်၏ အရှေ့မှအနောက်သို့ သွယ်တန်းသည်။ အင်ပါယာမို့သည် အရှေ့ဘက်တွင်ရှိပြီး ပြည်မကြီး၏အလယ်တွင်ရှိကာ ယန်ချန်းသည် အနောက်ဘက်တွင်ရှိပြီး ပြည်မကြီး၏အလယ်တွင်ရှိသည်။ ခြင်္သေ့ခေါင်း လင်းယုန်ခေါင်းသတ္တဝါစီးသွားလျှင်တောင် ၁၀ ရက်ခန့်ကြာလိမ့် မည်။ ပေထင်းဟွမ်သည် အတောက်ပဆုံးအကောင်ကို ရွေးလိုက်လျှင် ခြေလှမ်း များမြန်ဆန်မည်ဖြစ်သော်လည်း သန့်စင်သောမြို့ကို ပြာချထားသည်မှာ မကြာ သေးသဖြင့် အင်ပါယာမြို့တော်၊ မီးတောက်မြို့နှင့် အမှောင်နတ်မိစ္ဆာခန်းမတို့ တည်ရှိသည့်အနောက်ဘက်မြို့မှလွဲပြီး တခြားသော မြို့များတွင် စီရင်ချက် ဗိမာန်မှ ဝရမ်းထုတ်ထားနိုင်သည်။
ခြင်္သေ့ကိုယ် လင်းယုန်ခေါင်းသတ္တဝါသည် ငွေလမြို့အနီးရှိ မြို့ငယ်တစ် မြို့တွင် ရပ်လိုက်သည်။ မြို့ကြီး၏ပုံစံသည် အင်ပါယာမြို့နှင့်မတူပေ။ ၎င်းသည် ၂၁ ရာစု အရှေ့တောင်အာရှရှိ မြို့ကဲ့သို့ပုံစံရှိသည်။ ရာသီဥတုသည် အတော် ကလေးပူကာ စိုထိုင်းသည်။ မိုးရွာပြီးစဖြစ်၍ မြေကြီးသည် အနည်းငယ်စိုစွတ် နေသည်။ မြို့ငယ်၏ လမ်းပေါ်မှနေရောင်သည် သက်တန့်သဖွယ် ရောင်ပြန် ဟပ်နေသည်။
ပေထင်းဟွမ်နှင့် မုချင်းလင်တို့သည် ခြင်္သေ့ခေါင်း၊ လင်းယုန်ကိုယ်သတ္တဝါ ဆိုင်မှထွက်လာကာ အရင်ဆုံးစားသောက်ရန် နေရာရှာလေသည်။ မထင်မှတ် စွာပင် လမ်းပေါ်၌ လက်နက်ကိုင်ဆောင်ထားသော စစ်သည်များစွာသည် နေရာတိုင်းကို ကင်းလှည့်နေသည်ကို မြင်လိုက်ရသည်။ မျက်နှာဖုံးဝတ်ဆင် ထားသူများသည် ချွတ်ပြရသည်။ လူတစ်ယောက်သည် သူမ၏မျက်နှာဖုံးကို ချွတ်ပြီး စစ်သည်များလက်ထဲမှ ပုံတူနှင့် ယှဉ်ကြည့်လေသည်။