Chapters

အဲဒါဘယ်သူလဲ ရုပ်ဆိုးလိုက်တာ

Vol. 47 Ch. 933

အဲဒါဘယ်သူလဲ ရုပ်ဆိုးလိုက်တာ

Vol. 47 Ch. 933

ပေထင်းဟွမ်သည် စစ်သည်၏လက်ထဲမှ ပုံတူကို လစ်ခနဲကြည့်လိုက် သည်။ ပုံတူကို မည်သူဆွဲသည်မသိသော်လည်း သူမ၏ချောမောပြီး လှပသည့် မျက်နှာကို အရောင်မထွက်အောငဆွဲထားလေသည်။ မူလက ရွှန်းလဲ့သော မျက်လုံးများသည် ထိုင်းမှိုင်းနေကာ အသက်မဲ့သော ငါးမျက်လုံးကိုကြည့်ရ သည်မှာဒေါသထွက်စရာပင်။

မုချင်းလင်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေပြီဖြစ်ကာ ပေထင်းဟွမ်အား လေသံနှင့်ပြောလေသည် “ရှောင်ကျို့ မင်းကို ဖမ်းတော့မှာ လား”

“မိန်းကလေး ဘာတွေပြောနေတာလဲ၊ မင်းရဲ့ခင်ပွန်း ငါက လနဲ့နီးတဲ့ ပန်းလေးလိုမျိုး ဒီလောက်ချောပြီးအားကောင်းတာလေ၊ အဲလူလက်ထဲက ပုံတူ ကိုကြည့်လိုက်ပါဦး မင်းရဲ့ခင်ပွန်း ငါနဲ့ ယှဉ်လို့ရလို့လား” ပေထင်းဟွမ်သည် ပြောလေ၏။ ထို့နောက် သူမသည် မုချင်းလင်အား လက်ဆွဲကာ ထိုစစ်သည် များအား တရိုတသေ မေးလေသည် “ခွင့်ပြုပါဦး အစ်ကိုကြီး ဘယ်သူ့ကိုရှာနေ တာလဲ”

အားလုံးသည် ထိုစစ်သည်များကို ရှောင်ရှားကြသည်။ အားကောင်းသော ဝိညာဉ်သခင်များနှင့် ဓားသခင်များပင် ပြဿနာမရှာချင်ကြပေ။ ထိုလူနှစ် ယောက်သည် ရှေ့သို့တိုးကာ စစ်သည်များကို ကျိန်ဆဲချင်အောင်လုပ်နေသည်။ ဒီလူက တစ်ခုခုဖြစ်နေတာတော့ မဟုတ်ဘူးမလား။ အလွန်အမင်း စိတ်မရှည် စွာနှင့် သူသည် ပေထင်းဟွမ်နှင့်တခြားသူများကို လက်ဝေ့ယမ်းပြလေသည် “သွား ဒီမှာ လာမနှောင့်ယှက်နဲ့”

“ဒါဘာအပြုအမူလဲ၊ ခင်ဗျားတို့က တာဝန်ထမ်းဆောင်နေတာမလား၊ ကျုပ်လည်း ခင်ဗျားတို့ကို ကူညီနိုင်တာရှိမလားလို့ သိချင်ရုံတင်” ပေထင်းဟွမ် သည် နှာခေါင်းပွတ်ပြိး စိတ်တိုပုံဖြင့် ခြေထောက်ဆောင့်လေသည် “ဟင်... အဲဒါ ဘယ်သူလဲ”

ဒေါသထွက်နေသောလူသည် ရယ်မောလေသည်။ သို့သော် ပေထင်းဟွမ် သည် ဘရိုကိတ်ဝတ်စုံနှင့် ကျောက်စိမ်းတံဆိပ်ပြားချိတ်ဆွဲထားသည်ကိုမြင် သည်နှင့် မပြစ်မှားသင့်သူကို ပြစ်မှားမိမည်ကို စိုးရိမ်သဖြင့် လက်ထဲမှ ပုံတူကို ခေါက်ကာ ပေထင်းဟွမ်အားပေးလေသည် “ဒါဆို ကူညီပါဦး ဒီလူကို မြင်ဖူးလား”

“ဒါဘယ်သူလဲ ရုပ်ဆိုးလိုက်တာ” ပေထင်းဟွမ်သည် ခေါင်းတညိတ်ညိတ် နှင့် အထင်သေးသောအကြည့်နှင့်ကြည့်လေသည်။

ဘေးနားမှလူများ ဝိုင်းလာကြာပြီး ပေင်းဟွမ်သည် တခြားနယ်မြေမှလာ သည်ကိုတွေ့သည်နှင့် ဘာမှမသိဟုထင်သွားကြကာ ပါးစပ်ပိတ်ပြီးပြုံးကြလေ သည်။ ထိုလူငယ်သည် ချောမောပြီး ကောင်းမွန်စွာဝတ်စားထားသည်ကို မြင် သည်နှင့် မိန်းကလေးများသည် ကြင်နာစွာသတိပေးလေသည် “ဒါက ပြည်မ ကြီးမှာ နာမည်ကြီး သခင်ကြီးပေထင်းဟွမ်လေ”

“သခင်ကြီးဟုတ်လား နောက်ဆိုရင် စီရင်ချက်နတ်ဘုရားက သူ့ကိုခေါ် သွားလိမ့်မယ်” စစ်သည်သည် လူအုပ်ကို ခက်ထန်စွာအော်ပြီး လက်ထဲမှ ပုံတူ ကို ခေါက်သိမ်းလေသည် “စီရင်ချက်ဗိမာန်က အမိန့်ချထားတယ်၊ ပေထင်းဟွမ် ကို သတင်းပေးနိုင်တာနဲ့ ဆုအဖြစ် အရည်အရင်းအမြစ် ၁၀ စက် ဆုချမယ်၊ သူ့ ခေါင်းကိုယူပေးနိုင်ရင် စီရင်ချက်ဗိမာန်ရဲ့ နတ်အဆင့်ခွဲဆေးကို ဆုချမယ်”

“ကျွတ်”

ချီချီသည် စစ်သည်၏လက်ထဲမှ ပုံတူကိုကြည့်ပြီး ကျွတ်သပ်မိသည်။ အတန်ကြာအောင် ဆာလောင်ပုံရပြီး လှပသောခန္ဓာကိုယ်နှင့် လူပျိုကိုကြည့်ပြီး စိတ်မရှည်တော့ကာ ရင်ခုန်သံစည်းချက်များလည်း ထွက်ပေါ်လာသည်။

“ကြည့်တာပေါ့” ပေထင်းဟွမ်သည် လူအုပ်ကိုကြည့်လိုက်သည်။ ထိုပုံတူ သည် သူမနှင့် လုံးဝမတူသော်လည်း ထိုပုံတူသည် သူမ၏သရုပ်မှန်ဖြစ်နေတုန်း ပင်။ ပေထင်းဟွမ်သည် လည်ချောင်းရှင်းပြီး ခေါင်းဆတ်ကာ ပုံတူကိုကြည့်ပြီး အလင်းပေါက်သွားဟန်ပြုကာ ပုံတူကို ညွှန်ပြလေသည် “ကျုပ်သိတယ် ကျုပ် သိတယ် ဒီလူ့ကိုအရင်ကမြင်ဖူးတယ်”

“မြင်ဖူးတာလား ဘယ်မှာလဲ” စစ်သည်သည် ပေထင်းဟွမ်၏ ရင်ဘတ်ကို ဆုပ်ကိုင်ပြီး စားမတတ်ဝါးမတတ်ကြည့်လေသည်။

“ဟုတ်တယ် ဟွမ်ချန်းမှာ ကျုပ် သူ့ကို ဟွမ်ချန်းမှာတွေ့ခဲ့တာ ကျုပ်က လည်း ဟွမ်ချန်းကိုဝင်ချင်တာလေ၊ ကျုပ်ခွန်အားကို နည်းတယ်လို့ သူထင်လို့ ရွေးချယ်စရာမရှိဘဲ ပြန်လာခဲ့ရတာပဲ” ပေထင်းဟွမ်သည် အမှန်ကဲ့သို့ပြောနေ ရာ အပြင်လူများကို သက်ပြင်းချမိစေသည်။

ပေထင်းဟွမ်သည် နတ်ဘုရား ၇ ပါးရှိနေသည့် ဟွမ်ချန်းတွင်ရှိနေသည် ကို အားလုံးသိကြသည်။ မည်သူ ထိုမြို့ထဲဝင်ပြီး သူမကို ဖမ်းရဲမည်နည်း။

“မင်းပြောတာ တကယ်လား” စစ်သည်သည် ပေထင်းဟွမ်၏ကြည်လင် ပြီး ဖြူစင်သော မျက်နှာထားကိုမမြင်မိလျှင် ပေထင်းဟွမ်သည် စနောက်နေ သည်ဟုပင် ထင်သွားတော့မည်ပင်။