Chapters

ငါ တကယ်ပဲ ညအရှင်သခင်နဲ့တော်တော်တူတာပဲ

Vol. 47 Ch. 934

ငါ တကယ်ပဲ ညအရှင်သခင်နဲ့တော်တော်တူတာပဲ

Vol. 47 Ch. 934

ပေထင်းဟွမ်သည် စစ်သည်၏လက်ထဲမှ ကော်လာကိုဆွဲထုတ်ပြီး ပုတ်ခါလိုက်ပြီး မပျော်မရွှင်နှင့်ပြောလေသည် “ဪ သူ့တည်နေရာကို သတင်းပေးရင် အရည်အရင်းအမြစ် ၁၀ စက်ပေးမယ်ဆိုတာ ညာထားတာကိုး၊ သင်ကြီးပေထင်းဟွမ်က သန့်စင်သောမြို့ကို ပြားအောင်လုပ်နိုင်တဲ့ ဓား ၃ လက် ဝိညာဉ်ဂိုဏ်းဆိုတာ ဘယ်သူမသိလို့လဲ၊ နတ်အဆင့်တောင်မှ သူ့ကိုမနိုင်တာ၊ သူ့ခေါင်းကိုယူနိုင်ရင် ဝိညာဉ်ခွဲဆေးဆုပေးမယ်လို့တောင် ပြောနေသေးတယ်၊ အဲဒါလည်း အလိမ်ပဲလား”

အစပိုင်းတွင် ဆုသည် အလွန်ရက်ရောလွန်းသည်ဟု အားလုံးထင်မြင်ကြ သဖြင့် အားလုံးသည် အရည်အရင်းအမြစ်နှင့် ဝိညာဉ်ခွဲဆေးတို့၏ ဆွဲဆောင် ခြင်းကိုခံရလေသည်။ အခြေအနေမှာ မည်မျှပင် လက်တွေ့မဆန်သည်ကို တွေးပင်မတွေးမိကြပေ။ ပေထင်းဟွမ်ပြောလိုက်မှပင် အားလုံး နိုးထလာပြီး ချက်ချင်းပင် ဆွေးနွေးမှုများပေါ်ပေါက်လာတော့သည်။

“ဟုတ်တာပဲ သခင်ကြီးပေထင်းဟွမ်ရဲ့ ခေါင်းကိုဖြတ်နိုင်ရင် ငါလည်း နတ်ဘုရားဖြစ်တော့မှာပေါ့”

“ဟုတ်ယ် ဒီညီလေးပြောတာမှန်တယ်၊ ဒါဆို သခင်ကြီးပေထင်းဟွမ်က ဟွမ်ချန်းမှာရှိတာကို စီရင်ချက်ဗိမာန်က မသိဘူးလို့ဆိုလိုတာပဲ၊ တခြားသူကို တိုင်စေချင်တာပဲ”

“သခင်ကြီးပေထင်းဟွမ်ကို တိုင်ပြီး ခေါင်းဖြတ်နိုင်ရင် ဇာမဏီမြို့တစ်ခု လုံး၊ မီးတောက်မြို့နဲ့ အမှောင်နတ်မိစ္ဆာနန်းတော်တို့ကို စိန်ခေါ်လိုက်တာပဲ မလား၊ အသက်ရောရှင်ချင်သေးရဲ့လား”

ပေထင်းဟွမ်၏စကားများသည် စီရင်ချက်ဗိမာန်အား မေးခွန်းထုတ်သလို ဖြစ်စေကာ စစ်သည်တစ်စုသည် ပေထင်းဟွမ်အား တစ်ယောက်ချင်းစီလှမ်း ကြည့်ကြလေသည်။ တောက်ပနေသော ဇာမဏီမျက်လုံးများ၊ ၄ လပိုင်း ခြံဝင်း နံရံတွင်ပေါက်သည့် မက်မွန်ပန်းကဲ့သို့ဖြစ်နေသော ကျောက်စိမ်းနှာခေါင်း၊ နှင်း ကဲ့သို့နီရဲနေသောနှုတ်ခမ်းများနှင့် နတ်ဆိုးဆွဲဆောင်မှုများနှင့်ပြည့်နေသော တစ်ကိုယ်လုံးမှ ဆိုးသွမ်းသည့်ပုံစံထွက်နေသည်ကို ကြည့်ရသည်မှာ ယောက်ျား လေးလား မိန်းကလေးလားဆိုသည်ကိုပင် မခွဲခြားနိုင်ပေ။

ထိုအချိန်တွင် ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ထားသော ထိုလူငယ်သည် သေရမည်ကိုမကြောက်ဟု အားလုံးသိလိုက်ရသည်။ ဝတ်ရုံပေါ်တွင် နှင်းပင့်ကူ ပန်းပွင့်ကိုးလွှာကို ရွှေရောင်ချည်နှင့်ထိုးထားသည်။ ထိုလူငယ်၏ လှုပ်ရှားမှု တိုင်းတွင် နှင်းပင့်ကူပန်းပွင့်များသည် အသက်ရှိနေသည့်အလား လှုပ်ခါနေ သည်။

ဒီကောင်လေးက သေချင်တာလား။ သူက ညအရှင်သခင်လိုမျိုး အဝတ်အစားဝတ်ထားတာလား။ မဟုတ်သေးဘူး ညအရှင်သခင်ရဲ့ အဝတ်အစားနီးပါးကိုတူနေတာ။ ညအရှင်သခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တိုက်ကြီး တစ်ခုလုံးမှာ ဘယ်သူကမှ သူ့လိုလိုက်ဝတ်လို့မရဘူးဆိုတာ မသိတဲ့သူမရှိဘူး လေ။

တကယ်တော့ သေရမည်ကိုမကြောက်ဘဲ “မင်းလိုမျိုး လိုက်ဝတ်လို့ရမလား” ဟု ညအရှင်သခင်ကို မည်သူမှ သွားမမေးရဲကြပေ။

ဤလူငယ်သည် တော်လွန်းသည်။ ညအရှင်သခင်၏ ဝတ်ပုံစားပုံအတိုင်း လိုက်ဝတ်ပြီး လမ်းပေါ်တွင် လတ်လျားလတ်လျား လျှောက်သွားနေသည်။

သေရမည်ကိုမကြောက်သည့်လူများစွာကို မြင်ဖူးခဲ့သည်။ သို့သော် ဤကဲ့သို့ သေခြင်းတရားကို လက်ယက်ခေါ်သူမျိုးကို မမြင်ဖူးပေ။

တစ်ခဏအတွင်းမှာပင် အားလုံးသည် ပေထင်းဟွမ်ဆီမှ ခွာကာ နောက်သို့ဆုတ်ကြလေသည်။

သေချာပေါက်ပင် ထိုအချိန်တွင် ပေထင်းဟွမ်သည် အားလုံး၏အကြည့် ကို ခံစားမိသည်။ သူမသည် နှာခေါင်းထိပြီး ဝတ်ရုံကိုကြည့်ကာ ကြွားဝါသည့် အနေနှင့် လှည့်ပတ်ပြလေသည် “ဘာဖြစ်လို့လဲ၊ ဒီအင်္ကျီကို ကောင်းတယ်လို့ ထင်တာလား၊ ဟီး ဟီး ညအရှင်သင်ဝတ်တာ ကြည့်ကောင်းတယ်လို့ထင်လို့ အထူးတလည်လိုက်လုပ်ဝတ်တာလေ”

သူမ ပြောပြီးနောက် မျက်နှာကို တစ်ခါထိပြန်သည် “ကျုပ်က ညအရှင် သခင်နဲ့တူတာကို သတိမထားမိဘူးလား၊ မဟုတ်ရင် သူ့လိုလိုက်ဝတ်မှာမဟုတ် ဘူး”

အားလုံးသည် ခေါင်းခါကြသည်။ ညအရှင်သခင်၏မျက်နှာကို မြင်ဖူးပါ သည်ဟု မည်သူကမှ လူသိရှင်ကြား ဝန်မခံရဲကြပေ။

အားလုံးသည် ပေထင်းဟွမ်အား အရူးတစ်ယောက်ကို ကြည့်သလို ကြည့် ကြသည်။ ဤလူငယ်သည် အသက်ရှည်ရှည်နေရမည်မဟုတ်ပေ။ ထို့အပြင် သူသည် ချောမောပြီး ထက်မြက်သည်။ ညအရှင်သခင်နှင့် အလွန်တူနေသည် ကတော့ နှမြောစရာကောင်းသည်။

လူဖမ်းရန်လာသော စစ်သည်များသည် ပေထင်းဟွမ်မှာ စိတ်မနှံ့သည်ဟု သတ်မှတ်ပြီး ပေထင်းဟွမ်အား စိတ်ဆိုးသည့်အကြည့်နှင့်ကြည့်ကာ ရှေ့သို့ ဆက်လျှောက်သွားလေသည်။

ချက်ချင်းဆိုသလိုပင် မြို့ထဲမှလူများအားလုံးသည် ညအရှင်နှင့်တူသည့် လူသည် စိတ်မမှန်သည့်သတင်းကို ဖြန့်လိုက်ကြလေသည်။ သတင်းသည် လေ ကဲ့သို့ပင် တိုက်ကြီး၏အနောက်ပိုင်းတစ်ခွင်တွင် ပျံ့နှံ့သွားလေသည်။