← Chapters

ယန်ချန်းကိုမသွားခင် ငွေလရောင်အင်ပါယာကို သတ်ခြင်း

Vol. 47 Ch. 935

ယန်ချန်းကိုမသွားခင် ငွေလရောင်အင်ပါယာကို သတ်ခြင်း

Vol. 47 Ch. 935

ပေထင်းဟွမ်သည် လမ်းပေါ်တွင်ရပ်ကာ စစ်သည်များထွက်သွားသည့် ဘက်ကိုကြည့်ပြီး နှာခေါင်းကိုထိနေသည်။ သူမ၏မျက်လုံးထဲတွင် ထက်ရှ သည့် အလင်းတစ်ခုလက်သွားလေသည်။

သူမ မှတ်မိသလောက်ဆိုလျှင် ထိုလူများ၏အဝတ်အစားများသည် ငွေလရောင်အင်ပါယာ၏ စစ်သည်များနှင့် တူညီသည်။ ထိုလူများသည် ငွေလ ရောင်အင်ပါယာမှလာခြင်းဖြစ်သည်။ ငွေလရောင်အင်ပါယာသည် အရင်ကတည်းကပင် စီရင်ချက်ဗိမာန်နှင့် ချိတ်မိနေခြင်းပင်။

သို့သော် အံ့ဩစရာတော့မရှိပေ။ စီရင်ချက်ဗိမာန်သည် နှစ်ပေါင်းထောင် ချီ ဆင်းသက်လာသော ပြည်မကြီးတွင် တည်ရှိသည်။ ၎င်း၏အင်အားစုများ သည် အမြစ်တွယ်နေပြီး ဆက်ဆံရေးမှာလည်း ရောယှက်နေသည်။ ဒုတိယ တန်းစားနှင့် တတိယတန်းစား အင်အားစုတို့ကို ထောက်ပံ့ပြီး ပထမတန်းစား အင်အားစုတို့၏ ထိန်းချုပ်ခြင်းကိုခံရသည်မှာ အသစ်အဆန်းတော့မဟုတ်ပေ။

မုချင်းလင်သည် ပေထင်းဟွမ်၏လုပ်ရပ်ကို မသိတော့ပေ။ ထိုစစ်သည် များ ပေထင်းဟွမ်၏ပုံတူနှင့်အတူ လူများဖမ်းနေသည်ကိုမြင်သောအခါ သူမ ထိတ်လန့်မိသည်။ နောက်တွင် ပေထင်းဟွမ် သွားပြောနေသည်ကိုကြည့်ပြီး ကြောက်လန့်မှုကြောင့် ကြံရာမရဖြစ်လုနီးပါးပင်။

မည်သူသိမည်နည်း။ ပေထင်းဟွမ်သည် မျက်စိတစ်မှိတ်အတွင်းတွင် ညအရှင်သခင်၏ အသွင်အပြင်အတိုင်း ပြောင်းခဲ့သည်။ ကံကောင်းစွာပင် ညအရှင်သခင်၏ အသွင်အပြင်ကိုမြင်ဖူးကြသူများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပေထင်းဟွမ်ကို သံသယပင်မရှိတော့ပေ။

“ရှောင်ကျို့ ငါ လန့်လို့သေတော့မယ်၊ နောက်ဆိုရင် ရမ်းသမ်းမလာပါနဲ့၊ လာချင်ရင်တောင် ငါ့ကိုကြိုပြီး နှုတ်ဆက်ပါဦး” မုချင်းလင်သည် ကြောက်လန့် မှုကျန်သေးသည့်အကြည့်နှင့် ရင်ဘတ်ကိုပုတ်လေသည်။

“လင်အာ ငါလည်း အဲလိုဖြစ်ချင်တယ်ထင်လား၊ အဲလူကြီးယန်ယဲ့လေ၊ အနက်ရောင်အဝတ်အစားပေါ်မှာ ငွေရောင်ချည်က မပေါ်ဘူးလို့ပြောပြီး ငါ့ကို ပုံစံတူလာပေးတာလေ၊ ဘယ်လောက်ပဲကြည့်ကြည့် စုံတွဲအင်္ကျီကျနေတာပဲ” ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ပြီး ခန္ဓာကိုယ်ပေါ်မှ အင်္ကျီကို ဆွဲချလိုက် သည်။ သူမ အသတ်ခံရမှာမကြောက်ဘူးလား။

“ညအရှင်သခင်က တကယ့်အစစ်အမှန်ပဲ၊ ပြည်မကြီးမှာ နှင်းပင့်ကူပန်း အင်္ကျီဝတ်နိုင်တာ မင်းတစ်ယောက်ပဲရှိတယ်၊ ရှောင်ကျို့ရဲ့သရုပ်မှန်ကို စီရင် ချက်ဗိမာန်ကို သတိပေးလိုက်တော့မလို့လား၊ ညအရှင်သခင်ကို လိုက်တုတယ် လို့ပြောရင် တခြားသူတွေရဲ့ အာရုံစိုက်အောင်လုပ်လိုက်တာလို့ထင်တယ်” မုချင်းလင်သည် အကြောင်းအရင်းကို ကြားပြီးနောက် သတိပြန်ဝင်လာကာ အဝတ်အစားဈေးရှိရာသို့လျှောက်သွားလေသည်။ မျက်နှာဖုံးဝတ်ဆင်ခြင်း လောက်နှင့် မလုံလောက်ပေ။

“ဟင်း စီရင်ချက်ဗိမာန်က ဆုံးရှုံးမှုကြီးခံစားရပြီးတော့ သည်းခံမယ်လို့ မမျှော်လင့်ထားပါဘူး၊ ငါ့ကိုအဆုံးထိတိုက်ခိုက်မှာပဲ၊ ငါ့ကို တစ်ကမ္ဘာလုံးမှာ ဖမ်းဖို့ ပြောင်ပြောင်တင်းတင်းလုပ်မှတော့ အစားထိုးမရတဲ့ပြစ်မှုပဲ” ပေထင်းဟွမ်သည် မြို့ရှိရာဘက်သို့ကြည့်ကာ မုချင်းလင်အား လေသံနှင့်ပြော လေသည် “လင်အာ မင်း ဒီကိုရောက်နေပြီဆိုမှတော့ မင်းကြောင့် အားနာစရာ မလိုတော့ဘူး၊ အပျော်အနေနဲ့ ငွေလရောင်အင်ပါယာကို သတ်ပြီးမှ ယန်ချန်းကို သွားကြတာပေါ့”

“ဘာ မင်နဲ့ ငါ နှစ်ယောက်တည်းနဲ့လား” မုချင်းလင်သည် ထိတ်လန့်သွား ကာ ခေါင်းကိုခပ်ကြမ်းကြမ်းခါလေသည် “မဟုတ်ဘူး ရှောင်ကျို့၊ မင်းက အရမ်း အားကောင်းပေမဲ့ ငါ ကြောက်တုန်းပဲ” မုချင်းလင်သည် ပေထင်းဟွမ်နောက် လိုက်ပြီး ထွက်လာခဲ့သည်ကို နောင်တရမိသည်။ သူမသည် အညှာတာမဲ့တတ် သည်ကိုသာ သိထားလျှင် အကြီးအကဲပေထင်းချင်း၏နောက်သို့လိုက်သွားမည် ဖြစ်သည်။

“သေချာပေါက် ငါ တစ်ယောက်တည်းဘယ်ဟုတ်မလဲ၊ ဝမ်းကွဲအစ်ကို ချူဖုန်းကို မတွေ့ချင်ဘူးလား၊ ယင်ယွဲ့မြို့ကိုသွားကြမယ်လေ”

အပြင်ရန်သူများကို ကာကွယ်ရန်အတွက် အင်ပါယာမြို့တော်မှ အဓိက အင်ပါယာလေးခုသည် အင်ပါယာမြို့တော်၏ အချင်းဝက် ၁၀ မိုင်အတွင်းတွင် ခြင်္သ့ခေါင်း လင်းယုန်သတ္တဝါများကို ပျံသန်းခွင့်မပြုပေ။ ထို့ကြောင့် အင်ပါယာ မြို့လေးခုမှ ခြင်္သေ့ခေါင်း လင်းယုန်သတ္တဝါများအားလုံးသည် အင်ပါယာမြို့ အနီးတွင် ရပ်ကြရသည်။ ထိုရပ်နားရာနေရာမှ ငွေလရောင်အင်ပါယာသို့ ၁၀ မိုင်သာကွာဝေးသည်။

အလယ်တွင် ကျယ်ဝန်းသော တောတစ်တောရှိသည်။ ၎င်းသည် တော သားရဲများ ကျက်စားရာ ကျဉ်းမြောင်းသောတောဖြစ်သည်။ ပုံမှန်အားဖြင့် အဆင့်နိမ့်သားရဲများ မတော်တဆရောက်လာတတ်သည်။ ထို့ကြောင့် အားနည်းသော စွန့်စားသူတချို့သည် ပေါင်မုန့်နှင့်လဲလှယ်ရန် ယုန်သို့မဟုတ် ရှဥ့်များကို ဖမ်းရန်ရောက်လာတတ်ကြသည်။

All Chapters