ရေနက်ကြေးစားအဖွဲ့နှင့် ထပ်မံတွေ့ဆုံခြင်း
Vol. 47 Ch. 936
“ဟီးဟီး မြင့်မြတ်လွန်းတဲ့ ရေနက်ကြေးစးအဖွဲ့က ဒီအဆင့်ထိ နိမ့်ကျ သွားလိမ့်မယ်လို့ထင်မထားဘူး၊ သူတို့တွေက တခြားသူတေါမလိုချင်တဲ့ သားရဲ လေးတွေကို ကောက်ဖို့ ဒီလိုသေးငယ်တဲ့နေရာကိုတောင် လာနေရပြီ၊ ဘာလို့ အဲလောက်ထောင်လွှားနေကြတာလဲ၊ ဟား ဟား သခင်ပေယ့က မိသားစုရဲ့ ဂုဏ်ယူစရာပဲ သခင်ပေယဲ့က မင်းရဲ့သားမက်လောင်းတဲ့လား ဟား ဟား ရယ် လိုက်ရတာ”
သစ်တောနားကပ်လာသည်နှင့် အထဲမှအသံတစ်သံထွက်လာသည်။ ထို အသံမှာ လွန်စွာမောက်မာလွန်းကာ အားထုတ်သည့်အသံများကြားလိုက်ရ သဖြင့် ပေထင်းဟွမ်၏ခြေလျမ်းများသည် သစ်တောဘေးတွင် ရပ်တန့်သွား လေသည်။
“အရူး မင်းကိုယ်မင်း ဘယ်သူထင်နေလဲ၊ မင်းက ပေယဲ့ သခင်ပေထင်းဟွမ်ထိ တက်သွားချင်တာလား၊ ဟွန့် ပြောလိုက်မယ် မင်း ဒီနေ့ ငါ့ကိုတွေ့တာ ကံဆိုးတာပဲ မင်းကို ငါ့ထိုက်ယိနန်းတော်ကို ကပ်ခိုင်းရမှာလား၊ အရှက်မဲ့လိုက်တာ ငါ့ဖိနပ်ကို မင်းလျှာနဲ့လျက်ချင်တယ်ဆိုရင်တောင် ညစ်ပတ် လွန်းလို့ မလျက်ခိုင်းဘူး”
တောမထူသေးသဖြင့် အားလုံးမြင်နိုင်သည့်နေရာတွင် ထိုက်ယိနန်းတော် ဝတ်စုံဝတ်ဆင်ထားသည့်လူတစ်ယောက်သည် လဲကျနေသည့်လူတစ်ယောက် ကို ခြေထောက်ဖြင့် နင်းထားသည်ကို ပေထင်းဟွမ် မြင်လိုက်ရသည်။ ရုန်းကန် နေရကာ လက်နှစ်ဖက်လုံးသည် လည်ချောင်းပေါ်မှ ခြေထောက်ဆီသို့ ရွေ့သွား ကာ ပါးစပ်မှ ဝူးဝူးဝါးဝါးအသံများလည်းထွက်နေသည်။ မျက်တွင်းချောင်နေ သော မျက်နှာမှာ ရဲတက်လာသည်။
ထိုမျက်နှာမှာ ပေထင်းဟွမ်အတွက် မစိမ်းလှပေ။ သူသည် မုတ်ဆိတ် အပြည့်နှင့် အမြဲတမ်းစိတ်ပါလက်ပါပြုံးတတ်သူဖြစ်သည်။ သို့သော် ယခုအခါ ပိန်ပါးပြီး ချောင်ကျနေသည်။
“သခင်ကြီး ကျေးဇူးပြုပြီး ကျွန်တော်တို့ခေါင်းဆောင်ကို ညှာတာပေးပါ၊ ရေနက်ကြေးစားအဖွဲ့က ပျက်သွားတာကြာလှပါပြီ၊ ထိုက်ယိနန်းတော်ကို လေးစားပေးတာတောင် လာပြီး အထင်သေးနေတာပဲ”
ဟွမ်ယန်နောက်သို့လိုက်လာသည့် လူနှစ်ယောက်သည် ရေနက်ကြေးစား အဖွဲ့ဝတ်စုံကို ဝတ်ဆင်ထားသည်။ တစ်ယောက်သည် လက်ကျိုးနေပြီး တစ် ယောက်သည် ခြေထောက်ဆာနေသည်။ သူတို့သည် ဒူးထောက်ထားပြီး ထိုက်ယိနန်းတော်မှလူကို ဟွမ်ယန်အားလွှတ်ပေးရန် တောင်းဆိုနေကြသည်။
“ဟားဟားဟား”
ထိုက်ယိနန်းတော်မှာ လူ ၅ ယောက်ပါဝင်သည်။ ရေနက်ကြေးစားအဖွဲ့ သည် အတိတ်နှင့်မတူတော့ဘဲ လက်ရှိတွင် ဒူးထောက်နေရသဖြင့် ထိုလူများကို များစွာကျေနပ်မှုရစေရာ တောထဲတွင် ရယ်သံများ ပဲ့တင်ထပ်နေသည်။
“ပေထင်းဟွမ်ကို သုံးခါကျိန်ဆဲမလား ဒါမှမဟုတ်ရင် မြေပေါ်က ဒီသားရဲ ချီးပုံကို စားမလား ပြီးရင်တော့ မင်းတို့ကိုလွှတ်ပေးမယ်” ဟွမ်ယန်၏လည်ပင်း ကို နင်းထားသောလူသည် ခြေထောက်ကို အနည်းငယ်ကြွကာ ဟွမ်ယန်၏ မျက်နှာဘေးမှ ချီးပုံကို ညွှန်ပြကာ လှောင်ပြောင်သောအပြုံးနှင့်ပြောလေသည်။
ဟွမ်ယန်သည် ပေထင်းဟွမ်အား ကျိန်ဆဲမည့်အစား ထိုချီးပုံကိုစားရန် ရွေးချယ်လိမ့်မည်ဟု သူ မယုံနိုင်ပေ။
ဟွမ်ယန်သည် မျက်လုံးဖွင့်ပြီး မျက်ဆန်ကို ဖြည်းဖြည်းချင်းလှိမ့်လေ သည်။ သူသည် ထိုလူကိုကြည့်ပြီး စကားတစ်လုံးမှမပြောဘဲ ပါးစပ်ဟကာ ချီးပုံ ကို ကိုက်ဝါးလေသည်။
“ခေါင်းဆောင် မလုပ်နဲ့”
ခြေထောက်ဆာနေသောလူသည် ပြေးလာပြီး ဟွမ်ယန်အားဖက်ပြီး ငို လေသည် “ခေါင်းဆောင် မလုပ်နဲ့ ကျွန်တော်တို့က ဘယ်သူတွေလဲဆိုတာ မေ့သွားပြီလား၊ မင်းရဲ့ဂုဏ်ကိုမေ့သွားပြီလား ဘယ်လိုလုပ် ဘယ်လိုလုပ်...”
“ကောင်းတယ်”
ကြည်လင်သောအသံတစ်သံသည် အားလုံး၏နားထဲသို့ တိုးဝင်လာသည်။ အားလုံးသည် မျက်လုံးများဝေဝါးသွားသလို ခံစားလိုက်ရပြီး ပုံရိပ်တစ်ခုသည် သူတို့ရှေ့သို့ ရောက်လာသည်။ မျက်နှာတွင်မျက်နှာဖုံးတပ်ထားပြီး ရွှေချည်ထိုး ထားသည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ် ၏။ သူ၏ဘေးတွင် ရှက်ရွံ့ပြီးလှပသော မိန်းကလေးတစ်ယောက်ပါလာသည်။
“ရေနက်က ပြည်မကြီးမှာ ဒုတိယတန်းစားကြေးစားအဖွဲ့ဖြစ်ခဲ့တာ၊ ဇာမဏီမြို့စားတောင်မှ ရေနက်ရဲ့ဧည့်သည်အကြီးအကဲဖြစ်ဖူးတယ်၊ ဘယ်လို လုပ် ခွေးတွေကြောင်တွေက အနိုင်ကျင့်ရဲရတာလဲ” လူငယ်သည် ဖြည်းဖြည်း ချင်းလှမ်းလာသည်။ မည်းနက်နေသောမျက်လုံးများသည် ဟွမ်ယန်အားနင်း ထားသည့်လူပေါ်ဆီသို့ ဓား၊ မြားများကဲ့သို့ရောက်သွားကာ နောက်သို့ဆုတ်ရန် အတင်းဖိအားပေးနေသည်။
“မင်း.. မင်းက ဘယ်သူလဲ ကလေး၊ ဒီလိုသတ်တဲ့ဖြတ်တဲ့ကိစ္စတွေမှာ ဝင်မပါတာ အကောင်းဆုံးပဲ” ပေထင်းဟွမ်၏ရာထူးသည် ထူးခြားသည်ကို မြင် သဖြင့် ထိုက်ယိနန်းတော်မှလူများသည် ဖြစ်သလိုမဆက်ဆံရဲပေ။ ပေထင်းဟွမ် ငေါက်ငမ်းလိုက်သည်နှင့် သူတို့သည် ပြန်မဖြေရဲကြပေ။