ငါ့ကောင်မလေးကို ဘယ်လိုတောင်မြှူဆွယ်ရဲတာလဲ
Vol. 47 Ch. 937
လူငယ်၏ ဖျော့တော့သောအကြည့်သည် ပို၍ထက်ရှလာသည်။ သူမ သည် ထိုက်ယိနန်းတော်မှ အဆင့်နိမ့်ကြယ်ဝိညာဉ်သခင်တစ်ယောက်နှင့် အဆင့်မြင့်ဝိညာဉ်သခင်ကြီးလေးယောက်ပါဝင်သော လူငါးယောက်အဖွဲ့ကို ကြည့်လေသည်။ အရင်ကြယ်ငါးပွင့်ဓားသမားဟွမ်ယန်သည် မည်သို့ဖြစ်သွား ခဲ့သည်ကိုမသိပေ။ ကြယ်နှစ်ပွင့်ဓားသမားအဖြစ် အဆင့်ကျသွားသည်။ သူ့နောက်မှလိုက်လာသော နှစ်ယောက်သည် သူ့ထက်သန်မာသော ကြယ်နှစ် ပွင့်၊ သုံးပွင့်သမားများဖြစ်ကြသည်။
“ကျုပ်လည်း ဂရုမစိုက်ချင်ပါဘူး၊ သခင်ကြီး ကျုပ်က ရေနက်နဲ့ အပတ်အသက်ရှိနေတာတော့ နှမြောဖို့ကောင်းတယ်၊ ကျုပ်သာလျစ်လျူရှု လိုက်ရင် အသိတရားမရှိဘူးဖြစ်သွားမှာပေါ့၊ ပြော... ဒီကနေထွက်သွားမှာလား မဟုတ်ရင် နှင်ထုတ်ပေးရမလား”
ထေင်းဟွမ်သည် လက်ကိုနောက်ပစ်ပြီး စကားပြောပြီးသည်နှင့် သဲ့သဲ့ပြုံး လိုက်သည်။ သူမသည် တခြားလူ၏သမီးကို သတ်ခဲ့သည်။ ထို့ကြောင့် လူကောင်းယောင်ဆောင်ရန် လိုဦးမည်လား။
“သခင်ကြီး ကျွန်တော်တို့ခေါင်းဆောင်ကို ကယ်ပါဦး၊ သူကအဆိပ်မိထား တာပါ၊ မဟုတ်ရင် သူ့ခွန်အားက ဒီလောက်ထိဆိုးမှာမဟုတ်ပါဘူး” ရေနက် ကြေးစားအဖွဲ့ထဲမှ လက်ကျိုးနေသောတစ်ယောက်သည် ပြေးလာပြီး ပေထင်းဟွမ်ရှေ့တွင် ဒူးထောက်လေသည်။ သို့သော် နူးညံ့သောအင်အားမှ တားခြင်းမရှိပေ။
“မဟုတ်ဘူး မလုပ်နဲ့ ထွက်သွားလိုက်ပါ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ဘူး” ဟွမ်ယန်သည် ပေထင်းဟွမ်၏ခွန်အားကိုမမြင်ရပေ။ သို့သော် ထိုမိန်းကလေး နှင့် ယောက်ျားလေးတို့သည် အသက်မကြီးသေးသဖြင့် အားမကောင်းနိုင်သည် ကို သိသဖြင့် ထိုက်ယိနန်းတော်ကို ပြစ်မှားမိမည်ကိုစိုးရိမ်သည်။
“လူပိန်လေး မင်းအရိုးက မသေးဘူးပဲ” ထိုက်ယိနန်းတော်မှ ဟွမ်ယန်၏ လည်ပင်းကိုနင်းပြီး အနိုင်ကျင့်သူမှာ တစ်ဦးတည်းသော ကောင်းကင်အဆင့် ဖြစ်သည်။ ပေထင်းဟွမ်သည် တုံးအလွန်းပြီး ဤကိစ္စတွင်ဝင်ပါလိမ့်မည်ဟု ထင်မထားပေ။ ထို့ကြောင့်ပင် သူတို့သည် အကြောများလျှော့ပြီး လက်ချောင်း များ ချိုးကာ ဟွမ်ယန်အားနင်းထားသည်မှ ဖယ်ပြီး ပေထင်းဟွမ်ဆီသို့ လျှောက် လာသည် “ဒီကောင်မလေးကို ဘာလို့ခေါ်မသွားရမှာလဲ၊ ဒီလိုမိန်းမလှလေးကို ငါ မင်းဆီကိုပို့ပေးလိုက်မယ်၊ သခင်တွေရှေ့ကိုလာတာ တုံးအလွန်းတာပဲ”
“ဘယ်သူက တုံးအတာလဲ မသေချာသေးဘူးလေ၊ ငါ့မိန်းကလေးကို လာ ပြီးတိုက်ခိုက်ရဲတယ်၊ ငါက စိတ်ရှည်လွန်းတယ်လို့ထင်နေတာလား” ပေထင်းဟွမ်၏မျက်လုံးများသည် ထက်ရှသည်။ သူမသည် အားပါပါ ကောင်းကင်သို့တက်သွားသည်နှင့် ပြိုင်ဘက်ကို ရုတ်တရက်ခြေတစ်လှမ်း ဆုတ်စေသည်။
သူသည် ထိုကောင်လေး၏ အကြည့်ကြောင့် နောက်ဆုတ်ရသည်ကို မသိ သေးပေ။ ရုတ်တရက်ပင် သူသည် ပေထင်းဟွမ်အား သတ်ချင်လာသည်။
ဘုန်း..
ရုတ်တရက် သူ့အနောက်မှ ဓားကြီးကိုဆွဲထုတ်လိုက်ပြီး လက်ချောင်းများ အကြားတွင် ဓားကြီးကို ဝေ့ယမ်းလိုက်သည်။ ကောင်းကင်အဆင့်လှုပ်ရှားသည် နှင့် တခြားမြေကြီးအဆင့် လေးယောက်တို့သည် ပေထင်းဟွမ်တို့၏ လမ်းကို ပိတ်လိုက်ကြသည်။ သူတို့သည် ယုတ်ညံ့စွာရယ်မောကြလေသည် “မင်းတို့က သေဖို့ကို ခေါင်းမာနေကြမှတော့ မင်းတို့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်မယ်၊ မင်းတို့ သေသွားရင် မင်းတို့ကောင်မလေးက ငါတို့အပိုင်ပဲ”
မုချင်းလင်သည် ထိုလူများ၏မျက်လုံးထဲမှ အရိုင်းဆန်မှုများကြောင့် ကြောက်လန့်သွားပြီး ပေထင်းဟွမ်ဆီသို့ တစ်လှမ်းတိုးသွားလေသည်။ ပေထင်းဟွမ်သည် သူမကိုပွေ့ဖက်ပြီး နှစ်သိမ့်ပေးလေသည် “လင်အာ မကြောက်နဲ့ မကြာခင် ဒီကောင်တွေရှိတော့မှာမဟုတ်ဘူး ဒီမှာမြေဩဇာအဖြစ် ပြောင်းပေးလိုက်မယ်၊ သူတို့ရဲ့မျက်လုံးတွေကို မင်းအတွက် ဖောက်ထုတ်ပေး မယ်”
“တော်ပြီ ငါမလိုချင်ဘူး ညစ်ပတ်လိုက်တာ” မုချင်းလင်သည် ရွံရှာမှု ကြောင့် တုန်ယင်သွားကာ ပေထင်းဟွမ်၏ရင်ခွင်ထဲသို့ မျက်နှာအပ်လိုက်၏။
“ဟုတ်ပြီ ဒါဆိုလည်း မယနဲ့ သူတို့ကို ငှက်စာကျွေးလိုက်တာပေါ့” ပေထင်းဟွမ်၏အသံသည် မိန်းကလေးတစ်ယောက်ကို ချော့မော့နေသည့် အလား နူးညံ့လွန်းသည်။ သို့သော် သူမ၏မျက်လုံးများသည် ထိုင်းမှိုင်းသော အကြည့်နှင့် အေးစက်လွန်းသည်။ လူသတ်နိုင်သည့်ရောင်ဝါသည် သူမ၏ မွှန်ထူနေသော မျက်လုံးထဲမှ လူသတ်နိုင်မည့်ရောင်ဝါထွက်ပေါ်လာသည်။ သူမ အနားမှ ငါးယောက်သည် ဤတောအုပ်ထဲမှ အပူချိန် ရုတ်ချည်းကျဆင်းသွား သည်ကို ခံစားမိပြီး တစ္ဆေများအော်သံ၊ ဝံပုလွေအူသံများကိုပင် ကြားလိုက်ရ သလိုပင်။
ရေနက်ကြေးစားအဖွဲ့မှ လက်ကျိုးနေသောလူနှင့် ခြေဆာနေသောလူတို့ သည် ဟွမ်ယန်ကိုထူပေးလေ၏။ သူတို့သုံးယောက်သည် ထွက်မသွားသေးဘဲ လက်ထဲတွင် လက်နက်များကိုင်ထားပြီး ပေထင်းဟွမ်ကို အချိန်မရွေးကယ်နိုင် ရန် အနောက်တွင်စောင့်ကြည့်နေလေသည်။