Chapters

မဖြစ်နိုင်ဘူး လင်ဇုံလား

Vol. 47 Ch. 938

မဖြစ်နိုင်ဘူး လင်ဇုံလား

Vol. 47 Ch. 938

ထင်ရှားစွာပင် ဤလူငယ်နှင့် ပျော့ညံ့သောမိန်းကလေးတို့သည် ထိုက်ယိ နန်းတော်မှ အားကောင်းသောလူငါးယောက်ကို ဖြေရှင်းနိုင်မည်ဟု မထင်ကြ ပေ။ သူတို့ထဲတွင် ကောင်းကင်အဆင့်တစ်ယောက်ပါနေသဖြင့် အားသာချက် တစ်ဝက်ရှိနေသေးသည်။

သို့သော် ကံဆိုးစွာပင် ထိုလူငယ်သည် သတ္တိရှိရသည်ကို သဘောကျ သည့်ပုံပင်။

အရင်ကတစ်ခါမှမတွေ့ဖူးသည့် ဤလူငယ်သည် ရေနက်နှင့် ရေစက်ရှိ နေလိမ့်မည်ဟု မယုံကြပေ။ လူငယ်သည် စိတ်ဓာတ်မာကြောင်းပြလိုသည့် အတွက် ဆင်ခြေတစ်ခုသာဖြစ်လိမ့်မည်ဟု ထင်ထားကြသည်။

သူသည် ကမ္ဘာ့ကိစ္စများနှင့် မရင်းနှီးသည့် မျိုးရိုးမြင့်လူငယ်ဖြစ်သည်။ သူသည် ရေနက်အတွက်နှင့် ကျဆုံးသွားလျှင် နှမြောစရာဖြစ်လိမ့်မည်။

ထိုလူသည် ပေထင်းဟွမ်အား သားရဲပင်ဆင့်မခေါ်နိုင်သည့်အတွက် အထင်သေးသလိုကြည့်လေသည်။ သူ့လက်ထဲမှ အပြာနုရောင်စွမ်းအင်သည် ဓားကြီးကို ရစ်ပတ်ပြီး ပေထင်းဟွမ်အား ခုတ်ချလေသည်။ ဓားသွားသည် ထက်ရှလွန်းရာ အပြာနုရောင်စွမ်းအင်သည် စူးရှလွန်းသည်။ ၎င်းသည် ထိုက်ယိနန်းတော်မှ ငါးယောက်၏ ခွန်အားကိုမပြသပေ။

“ခေါင်းဆောင်ရဲ့ ခွန်အားက ထပ်ပြီးတော့ တိုးတက်လာပြန်ပြီ၊ ရက် နည်းနည်းအတွင်းမှာပဲ သူ့လှုပ်ရှားမှုတွေရဲ့ စွမ်းအားက အရင်ကနဲ့ယှဉ်ရင် အရမ်းကိုတိုးတက်လာတာပဲ”

“ဟုတ်တယ် ဒီကလေးတော့ သေပြီပဲ”

“အဲတော့ ဖြောင့်မတ်ပြီး ချမ်းသာတဲ့မျိုးရိုးမြင့်သားတွေက မြန်မြန်သေ တယ်လေ”

ဟွမ်ယန်နှင့်တခြားသူများပင် ပေထင်းဟွမ်၏ အပြုအမူကိုကြည့်ပြီး တစ်ဖက်လူ၏စကားများသည် မှန်သည်ဟု ခံစားရသည်။ ပင်မတိုက်ကြီးတွင် မရှိမဖြစ်လိုအပ်သည်မှာ ပါရမီရှင်ဖြစ်သည်။ အလွန်အားကောင်းသောမိသားစု မှ ပါရမီရှင်များကိုသာ ကြာရှည်ထိန်းသိမ်းနိုင်ကြသည်။ ဤမျှငယ်သောအရွယ် တွင် ပေထင်းဟွမ်အား မိသားစုထဲမှလူများ တစ်ယောက်တည်းလွှတ်ရဲသည်ကို ကြည့်လျှင် သူတို့ဂရုစိုက်စရာမလိုပေ။

ပြိုင်ဘက်၏ခွန်အားသည် သန်မာနေပြီဖြစ်သည်။ သို့သော် ဤလူငယ်နှင့် ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ စာချုပ်သားရဲကို ဆင့်မခေါ်လျှင် ရင်ဆိုင်ရဲမည် လား။ ထိုက်ယိနန်းတော်၏ဓားကြီးသည် သူမအား မညှာမတာခုတ်နေပြီဖြစ် သည်။ သို့သော် သူမသည် မိန်းကလေးကိုရင်ခွင်ထဲ ထည့်ဖက်ထားပြီး မရှောင် ရှားပေ။

သေချင်နေသည်လားမသိပေ။

“သခင်လေး သတိထား”

ဟွမ်ယန်သည် ရပ်မကြည့်နိုင်တော့ဘဲ ခြေထောက်မြှောက်ကာ ဘေးသို့ တိုးကာ သူ့ခန္ဓာကိုယ်နှင့် ကာပြီးကယ်ရန်လုပ်လေသည်။ ရေနက်အဖွဲ့မှ တခြား နှစ်ယောက်သည် ပေထင်းဟွမ်အား မနှစ်သက်တော့ပေ။ ဤလူငယ်သည် ဝင်ပါပြီး သူတို့၏ခေါင်းဆောင်အသက်ကို ယူလိမ့်မည်ဟုထင်မထားပေ။

အမှန်တကယ်ပင် ဘေးဒုက္ခ‌ရှာသူဖြစ်သည်။

ဟွမ်ယန်သည် ခန္ဓာကိုယ်ကိုသုံးကာ ပေထင်းဟွမ်ကို ဓားမှကာပေးသည် ကိုကြည့်ပြီး ပေထင်းဟွမ်အားဝိုင်းထားသည့် တခြားထိုက်ယိနန်းတော်မှ လူ လေးယောက်သည် ကျယ်လောင်စွာရယ်မောကြလေသည်။

“ဟား ဟား ဟား အဲဒါကချည်ထိုးခေါင်းအုံးဖြစ်နေတာကိုး၊ အခုမှ ကြံရာမရဖြစ်နေတာလား”

“ဟေး ဒီမှာ ဘယ်သူကသူရဲကောင်းမဖြစ်ချင်ဘဲနေမလဲ၊ အထူးသဖြင့် ကိုယ့်မိန်းကလေးရှေ့မှာလေ သူ့မှာ ခွန်အားရှိတာကို တော်တော်ပြချင်နေတာပဲ”

“ဒီကောင်လေးက ပျော်စရာပဲ”

သို့သော် ထိုအချိန်တွင် မတော်တဆဖြစ်ပေါ်လာသည်။ အားလုံး၏ မျက်လုံးထဲတွင် ကြောက်လန့်နေသောကောင်လေးသည် ရုတ်တရက် လှုပ်ရှား လာသည်။ နဂိုကသန့်သန့်ပြန့်ပြန့်ဝတ်ထားသော လူငယ်သည် သွေးဆူသည့် စစ်သည်တစ်ယောက်ဖြစ်လာသည်။ ငရဲမင်းကဲ့သို့ သူ၏ခန္ဓာကိုယ်မှ လူသတ် နိုင်သည့်ရောင်ဝါသည် တောအလယ်တွင် အားကောင်းစွာထွက်ပေါ်လာသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး လင်ဇုံလား” ထိုက်ယိနန်းတော်မှလူသည် မယုံ နိုင်စွာဖြင့် နောက်သို့ ဆုတ်လေသည်။

သူသည် ကောင်းကင်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ့ကို ခြေလှမ်း နောက်ဆုတ်အောင် လုပ်နိုင်သည့်ဖိအားကိုထုတ်လွှတ်နိုင်သည်မှာ ဝိညာဉ်ဂိုဏ်း အဆင့်မဟုတ်ပါလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီကောင်လေး က အသက်ဘယ်လောက်ပဲရှိသေးလို့လဲ။ ဘယ်လိုလုပ် ကောင်းကင်အဆင့်ဖြစ် နိုင်မှာလဲ။

ဟွမ်ယန်သည် ခြေထောက်များကို မြှောက်ထားသော်လည်း မလှုပ်နိုင် တော့ပေ။ သူသည် ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့် ကြည့်လေသည်။ ရုတ်တရက်ပင် သူ့စိတ်ထဲတွင် အလင်းတစ်ခု ဖြတ်ခနဲလက်လာသည်။ ပုံရိပ် နှစ်ခု ပူးကပ်သွားပြီး သူ့စိတ်ထဲတွင်လုံးဝမဖြစ်နိုင်သည့်အရာပေါ်လာသည်။ သူ ရေရွတ်လေသည် “သူပဲ သူပဲဖြစ်ရမယ် သူ့မှာပဲ ဒီလိုအရည်အချင်းရှိတာ”