ခေါင်းဆောင် သူကဘယ်သူလဲ
Vol. 47 Ch. 939
“ခေါင်းဆောင် သူက ဘယ်သူလဲ”
ဟွမ်ယန်သည် ပေထင်းဟွမ်အား ခန္ဓာကိုယ်နှင့်ကပေးမည်အလုပ်တွင် သူ့ဘေးမှ လက်ကျိုးနေသောအဖွဲ့ဝင်သည် ထိုစကားကိုကြားလိုက်သဖြင့် ဆွဲ ထားလေသည်။
သို့သော် ဟွမ်ယန်သည် ဘာမှမပြောဘဲ ပေထင်းဟွမ်အား အံ့ဩခြင်း၊ လေးစားခြင်းနှင့် မယုံနိုင်သောမျက်လုံးများနှင့်သာ ကြည့်နေသည်။ သူသည် ဤဘဝတွင် ပေထင်းဟွမ်နှင့် ထပ်မံတွေ့ဆုံလိမ့်မည်ဟုထင်မထားပေ။ သူ၏ ကျန်သည့်ဘဝတစ်လျှောက်လုံးတွင် နောင်တများနှင့် အခေါင်းထဲရောက်သွား လိမ့်မည်ဟုသာထင်ထားသည်။
“ပြေးတော့”
ထိုက်ယိနန်းတော်မှလူငါးယောက်သည် ပေထင်းဟွမ်၏ ဇာမဏီဝိညာဉ် ဂိုဏ်းခွန်အားကို အတည်ပြုပြီးလေသည်။ ရုတ်တရက်ဆိုသလိုပင် အေးစိမ့်မှု သည် ကျောရိုးမှဆင်းသွားလေသည်။ အော်ဟစ်ပြီးနောက် လှည့်ထွက်ပြေးမည် ပြုသည်။ သို့သော် လှုပ်မရတော့ပေ။
အားတစ်ခုသည် သူ့ကိုဆွဲထားသလိုပင်။ ပေထင်းဟွမ်၏ကိုးရောင် နယ်ပယ်သည် သူမ၏ ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားသည်။ ထိုက်ယိ နန်းတော်မှ လူငါးယောက်သည် ခန္ဓာကိုယ်များတောင့်နေပြီး လည်ချောင်းများ ခြောက်သွေ့လာကာ မျက်လုံးများသည် ကြောက်လန့်နေကြပြီး သူတို့ကိုယ်သူ တို့ပင် မကယ်နိုင်ကြတော့ပေ။
“ပြေးချင်တာလား၊ မင်းတို့ကို အခွင့်အရေးတစ်ခါပေးပြီးပြီ ဒါပေမဲ့ အဲဒါကို တန်ဖိုးမထားကြဘူး၊ ငါ့ကိုအကြံပေးကြည့်လေ လင်အာ.. သူတို့ကို အရှင်လွှတ်ပေးဖို့ စဉ်းတောင်မစဉ်းစားနဲ့”
ပေထင်းဟွမ်၏ အေးစက်ပြီးငရဲမင်းကဲ့သို့ဖြစ်နေသော အသံပေါ်ထွက် လာရာ လူငါးယောက်သည် တုန်ယင်သွားကြလေ၏။ သူတို့၏ဒူးများခွေပျော့ သွားကာ ဒူးထောက်ကြလေသည် “သခင်ကြီး ခွင့်လွှတ်ပါ သခင်ကြီး ခွင့်လွှတ်ပါ နောက်တစ်ခါမလုပ်တော့ပါဘူး”
“နောက်တစ်ခါမလုပ်တော့ဘူးဟုတ်လား၊ နောက်ဆိုရင် လုပ်ရဲမှာလား မလုပ်ရဲဘူးလားဆိုတာ ဘယ်လိုသိမှာလဲ ငါပြောတာက အခြေအမြစ်မရှိတဲ့ စကားတွေလား ငါကငတုံးမဟုတ်ဘူး၊ ငါက ဉာဏ်မမှီဘူးလို့ထင်နေတာလား” ပေထင်းဟွမ်သည် လှောင်ပြောင်ရယ်မောလေသည်။
“သခင်ကြီးလုပ်ချင်တာဆိုရင် ကျွန်တော်တို့လုပ်ပါ့မယ်” ထျန်းကျယ် သည် သည်တစ်ခေါက်တွင် ဦးဆောင်သူဖြစ်ရာ ခက်ခဲလျှင်တောင် ပေထင်းဟွမ် ၏ရှေ့တွင် ဒူးထောက်ရမည်။
ပေထင်းဟွမ်၏မျက်လုံးများသည် ဟွမ်ယန်ဘက်သို့ အနည်းငယ် ရွေ့လျားသွားပြီး ဟွမ်ယန်၏မျက်လုံးထဲမှ ရှုပ်ထွေးပြီး ခက်ထန်သည့်အကြည့် များကိုလည်း မလွတ်ပေ။ မျက်လွှာချပြီး ပေထင်းဟွမ်သည် မသိမသာ သက်ပြင်းချမိသည် “မင်းတို့အားလုံးကျိန်ကြ သခင်ဟွမ်ယန်ကို သေတဲ့အထိ သစ္စာရှိမယ်လို့ ကျိန်ရင် မင်းတို့ကို သက်ညှာပေးမယ်”
သူမသည် လူကောင်းမဟုတ်ပေ။ သူမအတွက် လူသတ်ခြင်းသည် ခေါင်းညိတ်ရသည်ထက်ပင် မပိုပေ။ သို့သော် ထိုလူများသေခြင်းထက် တန်ဖိုးရှိ သည့်အရာကိုတွေ့လျှင် သူမ အလွတ်ပေးမည်မဟုတ်ပေ။
ထိုက်ယိနန်းတော်မှလူများသည် ဤအခြေအနေကို မမျှော်လင့်ထားပေ။ ဤအခိုက်အတန့်တွင် ထိုလူများသည် များစွာနောင်တရမိလေသည်။ ဘာလို့ လုပ်စရာမရှိ လုပ်စရာရှာပြီး ပေထင်းဟွမ်ကို ရန်သွားစတာလဲ။ သူသည် ရေထဲ မှ ခွေးဖြစ်နေရာ တစ်ဘဝလုံးတွင် ရေထဲမှခွေးဖြစ်သွားရတော့မည်။
“သေမလား၊ ဒါမှမဟုတ် သခင်ဟွမ်ယန်ကိုသစ္စာရှိပြီး သံမဏိသွေးအဖွဲ့ ဝင်တွေလိုမျိုး ဆက်ဆံခံမလား၊ မင်းတို့ကို နောက်တစ်ခါစဉ်းစားခွင့်ပေးလိုက် တာပဲ၊ အခွင့်အရေးမပေးဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့”
ချက်ချင်းဆိုသလိုပင် လူငါးယောက်သည် တွန့်ဆုတ်ခြင်းမရှိ ကျိန်ဆိုလေ သည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျလာသည်နှင့် ပေထင်းဟွမ်၏ ကိုးရောင်နယ်ပယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
“ခေါင်းဆောင်ကို တွေ့ဆုံပါတယ်”
လူငါးယောက်သည် နယ်ပယ်မှလွတ်သည်နှင့် ဟွမ်ယန်ရှေ့သို့ ချက်ချင်း လျှောက်သွားပြီး အရိုအသေပြုကြသည်။ သန်မာသောလူတစ်ယောက်သည် အားနည်းသောလူကို အရိုအသေပြုရသည်မှာ ရှက်စရာဖြစ်သော်လည်း ထိုလူ ငါးယောက်အတွက် ရွေးချယ်စရာမရှိတော့ပေ။ ရွေးချယ်ရမည်ဆိုသည်မှာ စဉ်းစားဖို့ပင်မလိုတော့ပေ။
သံမဏိသွေးအဖွဲ့ဝင်များကို ဆက်ဆံပေးသည်မှာ မည်မျှကောင်းကြောင်း ကို ပြောရန်ပင်မလိုတော့ပေ။ သားရဲမှအစ ပတ္တမြားအထိ သူတို့လိုချင်လျှင် လိုအပ်သည်မဖြစ်စေရ။ သူတို့လုပ်ရမည်မှာ ဟွမ်ယန်ကို သစ္စာရှိရမည်ဖြစ်ပြီး ဟွမ်ယန်ကိုကာကွယ်ရမည်ဖြစ်သည်။