← Chapters

ဒီကောင်လေးက သားရဲထိန်းပဲ

Vol. 47 Ch. 940

ဒီကောင်လေးက သားရဲထိန်းပဲ

Vol. 47 Ch. 940

“မင်းတို့ရဲ့သားရဲတွေကိုပြ” ပေထင်းဟွမ်သည် လူငါးယောက်အား အေးစက်စွာပြောလေသည်။

“ဟုတ်ကဲ့”

ထိုငါးယောက်သည် ပေထင်းဟွမ်၏စကားများကို နာခံကြသည်။ ပေထင်းဟွမ်သည် သူတို့၏ခေါင်းဆောင်လား ဟွမ်ယန်သည် သူတို့၏ခေါင်းဆောင်လားဆိုသည်ကိုပင် မသဲကွဲတော့ပေ။ တစ်ယောက်ပြီး တစ်ယောက်ပင် သားရဲများထုတ်ကြသည်။ အမြင့်ဆုံးအဆင့်မှာ ကြယ်သုံးပွင့် ဝိညာဉ်သားရဲဖြစ်ရာ ပေထင်းဟွမ် ဘာမှပြောရန်မလိုတော့ပေ။

“ဒီသခင်ကြီး...”

ရေနက်ကြေးစားအဖွဲ့ဝင်များသည် ထိုမြင်ကွင်းကို တစ်နေရာတွင် မြင်ဖူး သကဲ့သို့ အလွန်ရင်းနှီးသလို ခံစားရလေသည်။ သူတို့၏ရှေ့မှ လူငယ်၏ပုံရိပ် သည် ရုတ်တရက်ရင်းနှီးလာသည်။ ပေထင်းဟွမ်၏ မျက်နှာဖုံးကိုစိုက်ကြည့်ပြီး စိတ်ထဲတွင် စဉ်းစားနေမိကြသည်။ ဒီမျက်နှာဖုံးက ငွေရောင်ဆိုရင်...

ပေထင်းဟွမ်၏လက်ဝေ့ယမ်းလိုက်သည်နှင့် တောထဲတွင် ရွှေရောင် အသက်လှောင်အိမ်ငါးခုပေါ်လာသည်။ ငါးကောင်လုံးမှာ သန့်စင်သောသားရဲ များဖြစ်ကြသည်။ လှောင်အိမ်ထဲတွင် သန့်စင်သောသားရဲကိုယ်ပွားများရှိကြ သည်။ ၎င်းသည် စိတ်မချမ်းမမြေ့ရှိကြသော်လည်း ထိုသန့်စင်သောသားရဲများ ၏ အားကောင်းသောခွန်အားကို မည်သူမှသံသယမဝင်ကြပေ။

ထင်ရှားစွာပင် သူတို့အားလုံးသည် ထိန်းကျောင်းပြီးသားပင်။ ထိန်းကျောင်းပြီးသား သားရဲငါးကောင်ကို တစ်ချက်တည်းနှင့်ခေါ်နိုင်သည်မှာ တစ်ခုတည်းသာရှိသည်။ ဤလူငယ်သည် သားရဲထိန်းဖြစ်သည်။

ထိုက်ယိနန်းတော်မှလူငါးယောက်သည် ပေထင်းဟွမ်၏ သရုပ်မှန်ကို မမှန်းနိုင်ကြတော့ပေ။ သူမပြောသလိုပင် သူမသည် ရေနက်ကြေးစားအဖွဲ့နှင့် အပတ်အသက်ရှိသူဖြစ်ပြီး ဇာမဏီမြို့နောက်ခံရှိသည့် မျိုးရိုးမြင့်လူတန်းစား ဖြစ်နိုင်သည်။ သူတို့ရှေ့မှ စာချုပ်သားရဲများကိုမြင်သောအခါ ငါးယောက်လုံး သည် ပျော်ရွှင်မှုကြောင့် ရူးသွားမတတ်ပင်။

ထို့အပြင် ထိုက်ယိနန်းတော်ကို သစ္စာဖောက်ရသည်မှာ ဘာမှမဟုတ် တော့သလိုပင်။

သို့သော် ဟွမ်ဘန်နှင့်တခြားသူများသည် ထိုပြဿနာကိုရိုးရှင်းသည်ဟု မထင်ကြပေ။ သူတို့သည် ရင်းနှီးသလိုရှိသော အသက်လှောင်အိမ်ငါးခုကို မြင် သောအခါ စစ်ပွဲဘုံတောအပြင်ဘက်ရှိ မွန်မြတ်သောဝိညာဉ်အပျက်အစီးတွင် ဖြစ်ပေါ်ခဲ့သော သားရဲစီးကြောင်းကို ခုခံခဲ့သည့်လူကိုသွားမြင်ယောင်လေ၏။ ထိုအချိန်က နှင်းဝံပုလွေကြေးစားအဖွဲ့နှင့်လက်တွဲကာ သူတို့သည် တိုက်ပွဲ တစ်ခုလုံးတွင် အားအကောင်းဆုံးအင်အားစုနှစ်ခုဖြစ်ခဲ့သည်။

ထိုနေ့ကစပြီး ယနေ့ထိ ပေထင်းဟွမ်ကြောင့် ရလာခဲ့သောဂုဏ်သရေ သည် သူတို့၏ရင်ထဲတွင် အုတ်မြစ်တွယ်နေပြီဖြစ်သည်။ ရလဒ်အနေနှင့် ဟွမ်ယန်၏သမီး ဟွမ်မုန့်ပြီးနောက် ပေထင်းဟွမ်ကို သတ်ရန်ရှုံးနိမ့်ခဲ့ပြီး ပေထင်းဟွမ်ကို နည်းနည်းမှ စောဒကမတက်ရဲကြတော့ပေ။

သူတို့သည် ဤကောင်လေးနှင့် အချိန်ကြာအောင် မနေခဲ့ရသော်လည်း သူ မည်သို့သောလူစားမျိုးဖြစ်သည်ကို ကောင်းစွာသိသည်။

အပြင်ပန်းတွင် တင်းမာပြီး အထဲတွင်ပူလောင်၊ အရိုင်းဆန်ပြီး သောင်းကျန်းတတ်သော်လည်း သူငယ်ချင်းများအပေါ်တွင် စိတ်ရင်းနှင့်ဖြစ် သည်။ ဤကမ္ဘာပေါ်တွင် တခြားသူများသည် သူမကိုသစ္စာဖောက်နိုင်သော် လည်း သူမ၏သူငယ်ချင်းများကို သစ္စာဖောက်ရန်မှာမဖြစ်နိုင်ပေ။

ပေထင်းဟွမ် ထွက်သွားတော့မည်ကို ကြည့်ပြီး ဟွမ်ယန်သည် ပင်မတိုက် ကြီးတွင် အရိုသေဆုံးအပြုအမူဖြင့် အရိုအသေပေးလေသည် “သခင်ကြီး သခင်ကြီးရဲ့ မနေ့နဲ့ဒီနေ့ကြင်နာမှုကို ကျုပ်ဟွမ်ယန်က တစ်ဘဝလုံးမှာ ပြန်ပေးဆပ်ဖို့ နည်းလမ်းရှာသွားမှာပါ”

ပေထင်းဟွမ်သည် သရုပ်မှန်ကိုမဖော်ထုတ်လိုသည်ကိုသိသဖြင့် ဟွမ်ယန် သည် သူမအကြောင်းမပြောဘဲ အဓိပ္ပာယ်လေးနက်သည့်စကားများကိုသာ ပြောလေသည်။ မနေ့က ဆိုသည်မှာ ပေထင်းဟွမ် သန့်စင်သောဝိညာဉ်အပျက် အစီးတွင် ရေနက်အတွက်လုပ်ခဲ့သည့်အရာဖြစ်ပြီး ဒီနေ့ဆိုသည်မှာ ယနေ့ သူမ အသက်ကယ်ခဲ့သည့်အကြောင်းကို ရည်ညွှန်းခြင်းဖြစ်သည်။

ပေထင်းဟွမ်သည် ထွက်သွားမည့်အနေအထားမှရပ်လိုက်သည်။ သူမ သည် ဟွမ်ယန်အား လှည့်ကြည့်လိုက်သည်။ ဟွမ်ယန်သည် သဘောထားကြီး သူဖြစ်သည်ကို သူမ သိသည်။ သို့သော် သူသည် ပွင့်လင်းလိမ့်မည်ဟုထင်မထား ပေ။ သူမ မယုံနိုင်ပေ “ဟွမ်မုန့်ကို ကျုပ်သတ်လိုက်တာ”

ပေထင်းဟွမ်သည် ဟွမ်ယန်အား တည့်တည့်ကြည့်လေသည်။ သူ့မျက်လုံးများတွင် မျက်ရည်များပြည့်နေပြီး နှစ်စက်ကျဆင်းသွားကာ ပခုံး တုန်ခါသွားသော်လည်း အသံမှာတည်ငြိမ်နေဆဲဖြစ်သည်ကိုကြည့်နေမိသည် “သူမက ထိုက်တန်ပါတယ်”

နောက်ကွယ်မှအကြောင်းအရင်းနှင့် ဇာတ်လမ်းကို ဟွမ်ယန်ကြားနှင့်ပြီး သားဖြစ်သည်။ ဖန်းရှောင်သည် သူနှင့် နှစ်ပေါင်းများစွာသိကျွမ်းလာသူဖြစ် သည်။ သူ့ကို လိမ်လည်သည်မှာမဖြစ်နိုင်ပေ။ ထိုကြောင့်ပင် ဖန်းရှောင်သည် ရေနက်မှထွက်သွားပြီး ညီအစ်ကိုဟောင်းများသည် အလွန်ဒေါသထွက်ကာ အဖွဲ့မှထွက်ကြသည်။ ဟွမ်ယန်သည် ရေနက်ကိုပြိုကွဲအောင်လုပ်သူဖြစ်သည်။ မသန်စွမ်းနှင့် အိမ်ခြေယာမဲ့ညီအစ်ကိုနှစ်ယောက်သာ သူ့နောက်သို့လိုက်ခဲ့ သည်။

All Chapters