← Chapters

ကျိရှားတော်ဝင်နန်းတော်၏လျှို့ဝှက်ဖဲချပ်

Vol. 008 Ch. 789

ကျိရှားတော်ဝင်နန်းတော်၏လျှို့ဝှက်ဖဲချပ်

Vol. 008 Ch. 789

ယခု ကျိဟွားပင်လျှင် ယူချင်းကို အနိုင်ရမည်ဟု သေချာပေါက် ယုံကြည်ချက် မရှိပေ။ သို့သော် သေချာသည်က ယူချင်းနှင့် ရင်မဆိုင်မီ မြေရိုင်းပြည်နယ်မှ တခြား နှစ်ယောက်ကို သူက အနိုင်ယူကာ ြိုင်ပွဲမှ ထုတ်ပယ်နိုင်ခြင်းပင်။ အကယ်၍ ယူချင်းနှင့်သူက တစ်နေရာတည်း အတွက် တိုက်ခိုက်ရန် ဖြစ်လာသည် ဆိုပါက မြေရိုင်းပြည်နယ်မှ တခြား နှစ်ယောက်ကလည်း ပြိုင်ပွဲတွင် ဆက်မရှိသင့်ပေ။ ထို့ကြောင့် သူက ယူချင်းကို မတိုက်ခိုက်မီ မြေရိုင်းပြည်နယ်မှ လူများကို ဦးစွာ စိန်ခေါ်ရပေမည်။

ယူချင်းက ကျိဟွားကို အေးစက်စွာ ကြည့်သည်။

“မင်း နောက်ဆုတ်တော့ …” အကြီးအကဲက ယူချင်းကို ပြောသည်တွင် ယူချင်းက သူ့နေရာကို ပြန်သွားပြီး ရီဝူချင်းက စင်မြင့်အလယ်သို့ လျှောက်လာပြီး ကျိဟွားကို မျက်နှာချင်း ဆိုင်သည်။

“ပုံရိပ်ယောင်ဓား… ဖြတ်တောက်ခြင်းဓား …” ကျိဟွားက ရီဝူချင်းကို ကြည့်ရင်းမှ သူ့ခန္ဓာကိုယ်က တော်ဝင် အလင်းများ လင်းလက် တောက်ပ လာတော့သည်။

“တော်ဝင် အလင်းဓားနဲ့ မင်းကို သင်ခန်းစာ တစ်ခုလောက် ပေးရတာပေါ့…” ကျိဟွားက ပြောပြီးသည်တွင် အလင်းဓားက တဖျတ်ဖျတ် လက်သွားသည်။ ရီဝူချင်း၏ အမူအရာကား တည်ငြိမ်နေ၏။ သူက မျက်လုံးကို မှိတ်လိုက်သည်တွင် သူ့နဖူးနေရာမှ အလင်းတစ်ချက် ဖြစ်လာသည်။ သူ့အနီးတွင် ဓားစွမ်းအင် မုန်တိုင်းတစ်ခု ဖြစ်တည် လာသည်။

“သွားစမ်း…” ကျိဟွားက ထူးမခြားနားစွာ ပြောသည်။ သူက ပြောပြီးသည်နှင့် အဆုံးမဲ့ဓားက ရီဝူချင်းထံကို ဆင်းသက်လာကာ အလင်းတန်းများက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဖြတ်သန်း သွားကြ၏။ ဓားကွန်ချာက ရီဝူချင်းကို ရစ်ပတ် ကာကွယ် ထားကြသည်။

တော်ဝင် အလင်းတန်းများက လေဟာနယ်ကိုခွင်း၍​ ကျဆင်းလာသည်တွင် ဓားကွန်ချာက စတင်၍​ အက်ကွဲလာပြီး အချိန်မရွေး ပျက်စီး သွားမည့်ဟန်ကို မြင်နေရ၏။

ထိုစဉ်မှာပင် ရီဝူချင်းက သူ၏ခန္ဓာကိုယ်ကို ဓားတစ်လက် အဖြစ် ပြောင်းလဲသွားဟန် ရကာ အရာအားလုံးကို အစိတ်အစိတ် အမြွှာမြွှာ ဖြစ်စေသည်။ အလင်းတစ်ချက်နှင့်အတူ သူက ဓားအလင်းများ အားလုံးကို ပိုင်းဖြတ်လျက် ကျိဟွားထံကို ဆက်လက် တိုးဝင်သွားသည်။

ကျိဟွား၏ မျက်လုံးများက အလင်းများဖြင့် ပြည့်နှက်နေ၏။ အားလုံး၏ အကြည့်အောက်တွင် သူ၏ခန္ဓာကိုယ်က အတိုင်းအဆမဲ့ မြန်ဆန်စွာဖြင့် ရှေ့ကို တိုးဝင်လာရာ မျက်လုံးဖြင့် မြင်နိုင်ရန်ပင် ခက်ခဲလှသည်။

ရီဝူချင်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်ကာ လေထုထဲမှ​ အလင်းတန်းအား ဖြတ်တောက်သည်။ ထိုအခိုက်တွင်ပင် အလင်းတန်းက ကောင်းကင်အပေါ်၌ ပေါ်လာကာ ကျိဟွားအဖြစ် ပြောင်းလဲသွား၏။

ကျိဟွားက သူ၏လက်ကို ဆန့်တန်းလိုက်သည်တွင် တော်ဝင် အလင်းဓားက ကောင်းကင်မှ အလင်းအတန်း အဖြစ်ဖြင့် ရီဝူချင်းထံကို ကျဆင်းလာသည်။ ရီဝူချင်း၏လက်ထဲမှ ဓားက ကခုန်သွားကာ တစ်ဖန် ဓားကွန်ချာက သူ့အား ကာကွယ်သွား၏။ သို့သော် တော်ဝင် အလင်းဓားက အချိန် ခဏအတွင်းမှာပင် ဓားကွန်ချာကို ဖောက်ထွင်း ဖျက်ဆီး သွားတော့သည်။

“မင်းဘာသာ ဆင်းသွားတော့…” ကျိဟွားက ဓားအလင်းများ ဖြာထွက်လျက် ရီဝူချင်းကို မျက်နှာချင်းဆိုင်ကာ ပြောသည်။ လေထဲတွင် ရပ်နေရင်း ကျိဟွားကား အတွေး တစ်ချက်မျှဖြင့် မဆုံးနိုင်သော သတ်ဖြတ်ခြင်းဓား အလင်းအဖြစ်​ ပြောင်းလဲနိုင်ပေသည်။

ရီဝူချင်းက ကျိဟွားကို ကြည့်ကာ မတတ်သာသော ခံစားချက်ကို ရသည်။ သူက စုချွဲကဲ့သို့ အဆုံးစွန်အထိ တိုက်ခိုက် လိုသည့်တိုင် သူလုပ်နိုင်စွမ်း မရှိပေ။ သူ၏ပြိုင်ဘက်ကား အလင်း လောကဓာတ်တွင် ကျင်လည်ကာ ဓားနှင့်လောကဓာတ်ကို ကောင်းကောင်း ပေါင်းစပ်နိုင်သည်။ ထို့အတွက် အဖြေမရှိပေ။

ပြည်နယ်ကိုးခု ညီလာခံတွင် သူကား ထိပ်သီး ဆယ်နေရာအတွက် အလွန်ဝေးကွာ နေပေသေးသည်။ သူက နောက်လှည့်ကာ စင်ပေါ်မှ​ ဆင်းသွားသည်။ မျက်လုံးပေါင်း များစွာက တိုင်းတာမရနိုင်သော စွမ်းရည်များအား ပိုင်ဆိုင်သော တော်ဝင် အလင်းနန်းတော်မှ ကျိဟွားထံကို ရောက်နေကြသည်။

အကယ်၍ ယူချင်းက ကျိဟွား၏ အလင်းလောကဓာတ်ကို မပယ်ဖျက်နိုင်ပါက သူ့အား အနိုင်ယူရန် ခက်ခဲပေမည်။ မည်သို့ဆိုစေ ယူချင်းက ကျိဟွား ထုတ်ပြသော အမြန်နှုန်းအား လိုက်မီရန် မလွယ်ပေ။

ကျိဟွားက ဟွာယွန်ရှုနှင့် ကျောက်ယိုတို့ထက် ရင်ဆိုင်ရ ခက်ခဲဟန် ရှိသည်။

ရီဖူရှင်းက တိုက်ပွဲကို ကြည့်သည်။ သူ့တွင် ပြောစရာ သိပ်မရှိပေ။ ရီဝူချင်း၏ အခြေခံက အနည်းငယ် အားနည်းနေခြင်း ဖြစ်သည်။ သူက ကန်ယီနိုင်ငံမှ ထွက်လာကတည်းက ကြီးမားသော တိုးတက်မှုများရှိခဲ့ကာ လောကဓာတ် နှစ်ခုအား နားလည် ဆင်ခြင်နိုင်ခဲ့၏။ မှန်သည်… နိုဘယ်များကား တန်ခိုးအဆင့်တွင်သာ အဓိကထား လေ့ကျင့်ခြင်း မရှိဘဲ ရှီအဆင့်ကို တက်လှမ်းပြီးနောက် သူ၏ လောကဓာတ်များက ပိုမိုရင့်သန် လာနိုင်ပေသေးသည်။ ရီဝူချင်း၏ စိတ်နှလုံးက ခိုင်မာနေသရွေ့ သူက ဆက်လျှောက် နိုင်ပေသည်။ ယခု ကျိဟွားနှင့် ယှဉ်ပြိုင်ရန်ကား ရီဝူချင်းက များစွာ လိုအပ် နေပေသေးသည်။

“တိုက်ခိုက်ချင်တဲ့သူ တစ်ယောက်ယောက် ရှိလား…” အကြီးအကဲက လူအုပ်ကြီးကို ကြည့်ကာ ပြောသည်။ သူက စိန်ခေါ်မှုများကို ဆက်လက် လက်ခံမည်ဟု ကျိဟွားက ပြောသည်။

“ဟမ်…” အသံတစ်သံအား ကြည့်သည်တွင် သူမကား ရာရာဖြစ်နေသည်။

ရာရာက စင်မြင့်အလယ်ကို လျှောက်လာကာ ကျိဟွားကို ကြည့်သည်… “ရှင့်ရဲ့ စွမ်းရည်က တော်တော်လေးကို ကောင်းတယ် ဆိုပေမဲ့ ပြည်နယ်ကိုးခု ညီလာခံက ရှင်တို့ နှစ်ယောက်တည်း အတွက် မဟုတ်ဘူး… အခု နောက်ပြန်ဆုတ်နေဦး.. ကျွန်မက ရှင်နဲ့နောက်မှ တိုက်မယ်.. အခု နတ်ဘုရားကမ်းပါးက မိုလီကို စိန်ခေါ်တယ်…” သူမက အလွန်အမင်း ယုံကြည်ချက် မြင့်မားဟန်ဖြင့် ပြောသည်။ သူမက ယူချင်းဖြစ်စေ ကျိဟွားဖြစ်စေ ... ရင်ဆိုင်ရန် စိုးရိမ်ပူပန်သည့်ဟန် မရှိပေ။

သူမ၏မှတ်ချက်က လူအများအပြားကို အံ့အားသင့်စေခဲ့သည်။ သည်မိန်းကလေးက မည်မျှ အားကောင်းသနည်း။

မိုလီက ကွင်းလယ်ကို လျှောက်လာကာ မိန်းကလေးအား ကြည့်ပြီး ထူးဆန်းမှုကို ခံစားရသည်။ သူ့ရှေ့မှ မိန်းကလေးကား အလွန် အားကောင်းသည် ဆိုသော်လည်း ကလေးဆန်လွန်း လှသည်။

“ရှင် အဆင်သင့် ဖြစ်ပြီလား…” မိန်းကလေးက မေးသည်။

“အင်း...” မိုလီက ခေါင်းညိတ်သည်။ ထိုအခိုက်တွင်ပင် သူက ကြောက်မက်ဖွယ် မျက်လုံးအစုံကို မြင်တွေ့လိုက်ရပြီး သူ၏စိတ်ထဲတွင် သွေးပျက်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ လာရတော့သည်။ သူ၏အကြည့်က မြန်ဆန်စွာ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကလည်း မကြာခင် ပေါက်ကွဲ ထွက်လာတော့မည့် အလား ခံစားရကာ ထိုအခိုက်၌​ ထိုမိန်းကလေးငယ်လေးက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ သိရှိလိုက်ရသည်။

ရုတ်တရက် မိန်းကလေးက ပျောက်ကွယ်သွားကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သူက မိုလီ၏ရှေ့ကို ရောက်လာသည်။ သူမက သေးသွယ်လှပသော မျက်လုံးများအား မိုလီကို ညွှန်ပြလိုက်စဉ် မိုလီကလည်း သူ၏ခုခံခြင်း အရံအတား အားလှိုင်းကို ထုတ်လွှတ်သည့်တိုင် လက်ညှိုးက အရာအားလုံးကို ထွင်းဖောက်၍​ သူ၏ရင်ဘတ်ပေါ်ကို ကျဆင်း လာတော့သည်။ ချက်ချင်းပင် မိုလီက တစ်ကိုယ်လုံး တင်းကျပ်သွားပြီး အတွေးတစ်ချက်မျှက သူ၏ခန္ဓာကိုယ်ကို ပေါက်ကွဲထွက် သွားစေနိုင်ကြောင်း ခံစားရသည်။

“ကျုပ် အရှုံးပေးတယ်…” မိုလီက မျက်နှာ ပျက်ယွင်းစွာ ပြောသည်။

“ပျင်းစရာ ကောင်းလိုက်တာ…” မိန်းကလေးက သူမ၏စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်လှည့် ထွက်သွားသည်။ မိုလီကား ထိုနေရာတွင် ချွေးများရွှဲနစ်လျက် ကျန်ရစ်ခဲ့၏။ လောကတွင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင် တည်ရှိပါသလော။

သူတစ်ယောက်တည်း မဟုတ်ပေ။ အားလုံး၏ အကြည့်များကလည်း စင်မြင့်ထက်ကို ရောက်နေကြသည်။ ပင်လယ်ပြည်နယ်၏ တစ်ဦးတည်းသော ကျန်ရစ်သူ မိုလီကား မိန်းကလေးငယ်ထံတွင် တစ်ကွက်မျှပင် ခံနိုင်ရည်မရှိဘဲ အရှုံးပေးခဲ့ရသည်။

ယူချင်း၊ ကျိဟွား၊ ရာရာတို့တွင် မည်သူက အားအနည်းဆုံး ဖြစ်မည်နည်း။ ထို့အပြင် သူတို့၏ စွမ်းအားကုန်ကို မထုတ်ရသေးသော ပါရမီရှင်များလည်း ရှိပေမည်။ ထိပ်သီး ဆယ်ယောက်တို့၏ တိုက်ပွဲက မည်မျှ ပြင်းထန်မည်နည်း။

“ကျုပ်လည်း အပျော် ဝင်ပါရတာပေါ့…” နောက်တစ်ယောက်က စင်မြင့်အလယ်ကို ဝင်လာသည်။ သူကား ဗာဂျာရာ ဘုရားကျောင်းမှ ကျောင်းတော်သား ဝူပေဖြစ်သည်။ သူက ဖုန်းပြည်နယ်၊ တာလျိုတော်ဝင်တောင်မှ တိုင်ကွန်းကို စိန်ခေါ်ခဲ့သည်။

လူအများအပြားက ဆွံ့အရသည်။ ထိပ်သီး ပါရမီရှင်များ အားလုံးက တစ်ယောက်ပြီး တစ်ယောက် သူတို့၏ စွမ်းရည်များအား ထုတ်ပြကြသည်။ ထိုတိုက်ပွဲတွင် ဝူပေက တိုင်ကွန်းအား အပြတ်အသတ် အနိုင်ရခဲ့သည်။

ပြည်နယ်ကိုးခု ညီလာခံက ဆက်လက် ကျင်းပကာ နောက်ပိုင်း တိုက်ပွဲများတွင် နွေဦးပြည်နယ်က စိန်ခေါ်ပွဲများအား လွှမ်းမိုးခဲ့သည်။

ရှားကလန်မှ ရှားရီက တိမ်တိုက်ပြည်နယ်၊ ယွန်မိန်မြို့မှ ပိုင်ယွီအား အပြတ်အသတ် အနိုင်ယူခဲ့သည်။

ရီကလန်မှ ရိကျူးရောင်က ဖုန်းပြည်နယ်၊ ဖုန်းတုအိမ်တော်မှ ဆွန်ချီအား အနိုင်ရခဲ့သည်။ ထို့နောက်တွင် ပင်လယ်ပြည်နယ်နှင့် ဖုန်းပြည်နယ်တို့မှ ပြိုင်ပွဲဝင်များ အားလုံး ပြိုင်ပွဲမှ နှုတ်ဆက် ခဲ့ကြရတော့သည်။

ယွီကလန်မှ ယွီမင်းချီကလည်း ချီပြည်နယ် ယွီအိမ်တော်၏ယွီရန်ကို အနိုင်ယူခဲ့သည်။

ချီဟွာရန်၏စိန်ခေါ်မှုဖြင့် ပြည်နယ်ကိုးခု ညီလာခံမှ ရီကုဟောင်က လှလှပပ အနိုင်ရခဲ့၏။

နွေဦးပြည်နယ်က တိုက်ပွဲလေးပွဲလုံး အနိုင်ရခဲ့ကာ ပြည်နယ်ကိုးခု အထဲ၌​နံပါတ်တစ် ပြည်နယ် ဖြစ်ကြောင်း သက်သေပြခဲ့သည်။

ချီပြည်နယ်၊ ကျိရှားတော်ဝင် နန်းတော်မှ ကျူးကော့ရီကလည်း အလွန် အားကောင်းသော စွမ်းရည်များအား ပြသကာ တောင်ကုန်း တစ်ထောင် တော်ဝင်မြေမှ တန်တေပေ့ရှင်းအား အနိုင်ယူခဲ့၏။

လို့ဟွားနန်းတော်မှ မိုလျိုကလည်း တိမ်တိုက်ပြည်နယ်မှ စုထုအား အနိုင်ယူခဲ့၏။

ချူမဟာကလန်မှ ချူချိန်ကလည်း စစ်ဘုရင်ပြည်နယ်မှ ဆယ်မျက်နှာ ဘုရားကျောင်း၏ တပည့် ရှီရန်ကို အနိုင်ယူခဲ့ပြန်သည်။

တိုက်ပွဲတိုင်းက ပြင်းထန်ကာ ကြည့်ကောင်း လှသည်။

သည်တိုက်ပွဲများ ပြီးဆုံးသွားပြီး နောက်ပိုင်းတွင် လက်ကျန် ၁၂ယောက်သာ ကျန်ရစ်တော့သည်။ ထိုတိုက်ပွဲများထဲ၌ ယူချင်းက ကျောက်ယိုနှင့် ဟွာယွန်ရှုတို့ကို အနိုင်ယူခဲ့ရာ နောက်ဆုံးကား တစ်ယောက်တည်းသာ မတိုက်ခိုက်ရဘဲ​ ကျန်ရစ်ခဲ့သည်။

နောက်ဆုံး တစ်ယောက်ကား မြေရိုင်းပြည်နယ်မှ ဟွာဂျီယူ ဖြစ်သည်။

ထိုအခြင်းအရာက ယူချင်းကြောင့်ပေလာ မည်သူမှ မသိသော်လည်း နောက်ပိုင်း စိန်ခေါ်သူများ အားလုံးက ဟွာဂျီယူကို စိန်ခေါ်ခြင်း မပြုခဲ့ကြပေ။ ထို့ကြောင့် ဟွာဂျီယူက နောက်ဆုံး လက်ကျန် ဆယ့်နှစ်ယောက်ထဲ ပါဝင်ခဲ့၏။

နောက်ထပ် တိုက်ပွဲနှစ်ခုအတွင်း ထိပ်သီး ဆယ်ယောက်က ပေါ်ထွက် လာတော့မည် ဖြစ်သည်။

ထိုအချိန်တွင် နောက်တစ်ယောက်က ရှေ့ကို ထွက်လာသည်။ သူကား ချီပြည်နယ်၊​ကျိရှားတော်ဝင် နန်းတော်မှ ကျူးကော့ရီ ဖြစ်သည်။ သူကား သည်မတိုင်မီ စိန်ခေါ်သူဖြစ်ခဲ့ရာ ယခုလည်း သူ၏ပြိုင်ဘက်ကို တခြားလူများအား စောင့်ဆိုင်းစရာ မလိုဘဲ ရွေးချယ်နိုင်သည်။

“မင်းက ဘယ်သူ့ကို စိန်ခေါ်မလဲ…” အကြီးအကဲက မေးသည်။ လက်ကျန် ဆယ့်နှစ်ယောက်ကား အလွန်အမင်း အားကောင်းကြသည်။

“နွေဦးပြည်နယ်က ဘယ်သူမှ ပြိုင်ပွဲက မထွက်ရသေးဘူး … ဒါကြောင့် ကျုပ်က စမ်းကြည့်ချင်တယ်…” ကျူးကော့ရီက ဆက်ပြောသည်… “ကျုပ်က နွေဦးပြည်နယ် ရီကလန်ရဲ့ ရီကျူးရောင်ကို စိန်ခေါ်တယ်…”

ပြည်နယ်ကိုးခု ညီလာခံကား ပြည်နယ်ကိုးခုအတွင်း အပြင်းထန်ဆုံး ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။ အကယ်၍ နွေဦးပြည်နယ်ကသာ ထိပ်သီး ဆယ်နေရာ၌ လေးနေရာကို ရယူသွားပါက တခြား ပြည်နယ်များ၏ ဂုဏ်သိက္ခာကို အနည်းနှင့်အများ ထိခိုက်ပေသည်။

ပရိသတ်များ အားလုံးက မျက်မှောင်ကြုတ် လိုက်ကြသည်။ ရီကျူးရောင်ကား အလွန်အမင်း အားကောင်းပေသည်။

သို့သော် ကျူးကော့ရီကလည်း လျှော့တွက်၍​ မရပေ။

နှစ်ယောက်လုံးက စင်မြင့်ပေါ်ကို တက်လာသည်။ ရီကျူးရောင်ထံမှ​မီးတောက်များ စတင် ဖြစ်ပေါ်လာ၏။ သူ၏ခေါင်းထက်တွင် နေမင်းများ ပေါ်လာဟန်ရကာ သူ့အား နေနတ်ဘုရားအလား ထင်မှတ်ရစေ၏။

နေမင်းများကား မီးတောက်များ အလျှံညီးညီး တောက်လောင်နေကာ ပတ်ပတ်လည်၌ နေမင်း မီးတောက် မြားများ ဖြစ်ပေါ်လာပြီး ကျူးကော့ရီကို ချိန်ရွယ် ထားကြသည်။ ထိုအခိုက်တွင် ပြိုင်ပွဲဝင် နှစ်ယောက်လုံးက အနီးကပ် ရပ်နေကြသည့်တိုင် နေမင်း အလင်းရောင်က အရာအားလုံးကို ဖျန်းပက်ထားပြီး မြေပြင်အား မီးလျှံများဖြင့် တောက်လောင် စေသည်။ ကျူးကော့ရီ၏ ခန္ဓာကိုယ်အား အလင်းရောင်များ ဖြာထွက်လာသည်။ လေတိုးသံ အချို့အား ကြားလိုက် ကြရသည်။ သူက လက်နှစ်ဖက်လုံးကို ဆန့်တန်း လိုက်သည်တွင် အလင်းစက်ကွင်းများ ပေါ်လာပြီး လေထဲတွင်ပင် လှည့်ပတ်ကာ သူ့နောက်ကျော၌ ရှေးဟောင်း သင်္ကေတငါးမျိုး ဖြစ်ပေါ်လာသည်။

သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် ပထဝီဓာတ်...။ ပင်မဓာတ်ငါးမျိုး သင်္ကေတတို့က အလင်းတန်းငါးခု အဖြစ် ပြောင်းလဲသွားကာ လေထဲမှ သဘာဝ စွမ်းအင်များအား စုပ်ယူကြသည်။ ထို့အပြင် ပတ်ဝန်းကျင်မှ ဓာတ်ငါးမျိုးကလည်း ကျူးကော့ရီ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ် လာနေဟန် ရ၏။ သူ၏ခန္ဓာကိုယ်မှ​ အလင်းက စင်မြင့်တစ်ခုလုံးကို ဖြာကျသည်တွင် သူတစ်ယောက်တည်းက ဓာတ်ငါးပါးကို ထိန်းချုပ်ရွေ့လျားနိုင်သည်ဟု ထင်မှတ်ရ၏။

“သက်စောင့်ဝိညာဉ်…” လူအများအပြားက ထူးဆန်းသော အမူအရာများ ဖြစ်လာကြ၏။ ကျူးကော့ရီက ဓာတ်ငါးမျိုး ဝိညာဉ်ကို ထုတ်လွှတ်ခဲ့ခြင်းကား သည်တစ်ခါ ပထမဆုံးအကြိမ် ဖြစ်သည်။ သူက ယခင်တိုက်ပွဲများ၌​ ဤသက်စောင့် ဝိညာဉ်အား တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။

“ဓာတ်ငါးမျိုးဝိညာဉ်…” ပုဂ္ဂိုလ်ကြီးများ အားလုံးက စိတ်ဝင်စားစွာ ကြည့်ကြသည်။ ဓာတ်စွမ်းအား အမျိုးမျိုးတွင် ကျွမ်းကျင်လိမ္မာသော တန်ခိုးရှင်များစွာ ရှိပေသည်။ အချို့ကား လေနှင့်မိုးကြိုးတို့ အပါအဝင် ဓာတ်မျိုးစုံကို ကျွမ်းကျင်ကြ၏။ သို့သော်လည်း ဓာတ်မျိုးစုံကို ကျွမ်းကျင်ခြင်းနှင့် သဘာဝအလျောက် ဓာတ်ငါးမျိုးကို အသုံးပြုနိုင်ခြင်းကား ကွဲပြား ခြားနားပေသည်။

ဒုတိယ အမျိုးအစားကား သဘာဝခန္ဓာ ဖြစ်ပေသည်။

လူအများအပြားက ကျိရှားတော်ဝင် နန်းတော်ဘက်ကို လှမ်းကြည့်ကြသည်။ ကျိရှားတော်ဝင် နန်းတော်မှ ပုဂ္ဂိုလ်ကြီးများ အားလုံးက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေကြသည်။ ကျူးကော့ရီကား သူတို့ ကျိရှားနန်းတော်တွင် ရာစုနှစ် တစ်ခုအတွင်း တစ်ခါသာ ထွက်ပေါ်လာတတ်သော အလွန်ရှားပါး ပါရမီရှင်ဖြစ်သည်။ ဓာတ်ငါးမျိုး သဘာဝခန္ဓာကို ပိုင်ဆိုင်ထားခြင်းက သူ့အား ရှန့်ထိုဖြစ်လာရန် သေချာစေ၏။

ကျိရှားတော်ဝင် နန်းတော်က သည်နှစ်ပြည်နယ် ကိုးခုညီလာခံအတွက် ကျူးကော့ရီကို ခေါ်လာရန် လိုအပ်ခဲ့ပေသည်။

သူတို့၏ ရည်ရွယ်ချက်ကား အလွန် သိသာပေသည်။ ကျူးကော့ရီက သည်နှစ်ပြည်နယ်ကိုးခု ညီလာခံကို အနိုင်ရမည်ဟု သူတို့ထင်မြင် ယုံကြည်ကြသည်။

“ခင်ဗျားတို့ ကျိရှား တော်ဝင်နန်းတော်က ကျူးကော့ရီကို ဒီလောက်ကြာအောင် ဖုံးကွယ် ထားတယ်… အခု သူ့ကို ထုတ်ပြဖို့ အချိန်ကိုက် ရောက်လာပြီပေါ့…” ချီပြည်နယ်၊ ချီကလန်မှ တစ်ယောက်က ကျိရှား တော်ဝင်နန်းတော်ကို ပြောသည်။ သူတို့ကား ပြည်နယ် တစ်ခုတည်းမှ ဖြစ်ကြကာ ကျိရှား တော်ဝင်နန်းတော်ကား ချီပြည်ထောင်မှ စတင် တည်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ချီကလန်က တခြားလူများထက် ပိုသိပေသည်။ ကျိရှားတော်ဝင် နန်းတော်ကား ကျူးကော့ရီကို နန်းတော်ထဲတွင်သာ လေ့ကျင့်စေကာ သူ့အား ပြင်ပလောကသို့ တစ်ခါမှ​ထုတ်ဖော်ပြသခဲ့ခြင်း မရှိခဲ့ပေ။ ကျူးကော့ရီ၏ စစ်မှန်သော စွမ်းရည်ကို ချီပြည်နယ်မှ လူများပင် မသိနားမလည်ကြပေ။ သည်နှစ်ပြည်နယ်ကိုးခု ညီလာခံကား ကျူးကော့ရီ၏ ပထမဆုံးသော လောက အတွေ့အကြုံ ဖြစ်ပေ၏။

“နတ်ဘုရားငှက်တွေက သုံးနှစ်လောက်အထိ အော်သံပေးလေ့ မရှိကြဘူး… သူတို့ အော်သံပေးတဲ့အခါလည်း ကောင်းကင်က တုန်ခါစမြဲပဲမလား… ကျူးကော့ရီက ကျိရှား တော်ဝင်နန်းတော်မှာ လေ့ကျင့်နေတာ ဒီလောက် နှစ်တွေ ကြာပြီ… အခု သူက လောကကြီးရဲ့ အတွေ့အကြုံတွေကို ခံစားနားလည်ဖို့ အချိန်ကျပြီ…” ကျိရှားတော်ဝင် နန်းတော်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က တည်ငြိမ်စွာ ပြောသည်။

“ဒါဆို ကျိရှား တော်ဝင်နန်းတော်က ဒီနှစ်ပြည်နယ်ကိုးခု ညီလာခံကို အနိုင်ရဖို့ ယုံကြည်ချက် ရှိတာပေါ့….” တော်ဝင် အလင်းနန်းတော်မှ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြောသည်။ တော်ဝင်အလင်း နန်းတော်တွင်လည်း အလွန်အမင်း အားကောင်းသော ပါရမီရှင် တစ်ယောက်အား ပိုင်ဆိုင်ပေသည်။

“ဒီနှစ် ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းတွေက အရမ်းမြင့်တယ်… ကျုပ်တို့ စောင့်ကြည့်ရမယ်…” ကျိရှားတော်ဝင် နန်းတော်မှ ပုဂ္ဂိုလ်ကြီးက တည်ငြိမ်စွာ ပြောသည်တွင် အားလုံးက ခေါင်းညိတ် ကြရ၏။ ထိပ်သီး ဆယ်ယောက်က မပေါ်လာသေး သော်လည်း အားလုံးက ထိုသို့ထပ်တူ ခံစားမိကြရသည်။ သည်နှစ် ပြည်နယ်ကိုးခု ညီလာခံ၏ ထိပ်သီး ဆယ်ယောက်ကား ယခင်နှစ်များမှ ပြိုင်ပွဲဝင်များထက် အားကောင်း ကြပေ၏။

စင်မြင့်ပေါ်တွင် တိုက်ပွဲက စတင် ဖြစ်ပွားနေပြီ ဖြစ်သည်။ မီးတောက်မြားများက ကျူးကော့ရီထံကို ပစ်လွင့် သွားကြသည်တွင် ကျူးကော့ရီကလည်း သူ၏လက်များဖြင့် သင်္ကေတအချို့ ပြုလုပ်လိုက်သည်တွင် အလင်းစက်ကွင်းတစ်ခု ပေါ်လာပြီး သူ့နောက်တွင် နက်ရွှေရောင် အလင်းများ စတင်လှည့်ပတ် စုစည်းလာ၏။ ကျူးကော့ရီက ထပ်မံ၍ ​အလင်းစွမ်းအားများအား လှည့်ပတ် စုဆောင်းသည်တွင် ထိုအရာက လောကဓာတ်များ ပါဝင်သော အစီအရင်တစ်ခု ဖြစ်လာသည်။

မီးတောက်မြားများက လေထုကိုခွင်းလျက် တိုးဝင်လာသည်တွင် အစီအရင်နှင့် ရင်ဆိုင်မိပြီး ပြင်းထန်စွာ ပေါက်ကွဲသည်။ မီးတောက်မြားများကား သာမန် စွမ်းအင် ထုထည် တိုက်ခိုက်မှုများထက် ပိုပေသည်။ ထိုအရာများတွင် လောကဓာတ်များ ပါဝင်ကြ၏။ သို့သော်လည်း ထိုမီးတောက်မြားများပင် အစီအရင်ကို ထွင်းဖောက်နိုင်စွမ်း မရှိပေ။

ရီကျူးရောင်၏ ခန္ဓာကိုယ်က ပိုမို၍ပင် သန်မာထွားကျိုင်း လာဟန်ရ၏။ သူ့နောက်တွင် မီးနတ်ဘုရားအသွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ မရေမတွက်နိုင်သော မီတောက်မြားများက ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းသွားပြီး တစ်ဖက်လူထံသို့ ကျဆင်း လာစေသည်။

ကျူးကော့ရီက သူ၏ အစီအရင် စွမ်းအင်အား အမြင့်ဆုံးသို့ မြှင့်တင် လိုက်သည်တွင် အလင်းစက်ဝန်းက အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာသည်။ သို့သော်လည်း ကျူးကော့ရီ၏ပုံစံက အလွန် တည်ငြိမ်ဟန်ရ၏။ ဓာတ်ငါးမျိုး သင်္ကေတများက ပိုမို၍​ လင်းလက်လာပြီး သဘာဝ စွမ်းအင်များနှင့် ပေါင်းစပ်သွားပြီး သူ့ရှေ့၌ ​တံခါးပေါက်များစွာ ဖြစ်ပေါ်လာသည်။ တံခါးပေါက်တိုင်းက အလင်းတန်းများ ဖြာထွက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးအား ပျံ့နှံ့စေသည်။

ကျူးကော့ရီက လက်ဝှေ့ယမ်းသည်တွင် သူ့ရှေ့မှ​ အစီအရင်က ပျောက်ကွယ်သွား၏။ သူက လက်နှစ်ဖက်လုံးနှင့် သင်္ကေတအချို့ ပြုလုပ်လိုက်ကာ လေထဲတွင် လွင့်မျောနေသော တံခါးပေါက်များအား ထိန်းချုပ်လိုက်သည်။ မရေမတွက်နိုင်သော မီးတောက်မြားများက အရာခပ်သိမ်းကို ပြာမှုန့်များ ဖြစ်စေနိုင်ပေသည်။ သို့သော်လည်း ကျူးကော့ရီကား တည်ငြိမ်သည်။ သူက လက်ဝှေ့ယမ်း လိုက်သည်တွင် တံခါးပေါက်များက ပေါင်းစပ်သွားကာ နံရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့အထိ ဆန့်တန်း သွားသည်။ ဘေးနားများက စင်မြင့်တစ်ခုလုံးကို ဖုံးအုပ်သွားသည်တွင် နတ်ဘုရား တံခါးပေါက်က ကောင်းကင်နှင့် မြေပြင်အကြား ရပ်တည်ပြီး အရာအားလုံးကို တားဆီးသည်။

ထောင်ပေါင်း များစွာသော မီးတောက်မြားများက လေထုကိုခွင်းကာ ကြောက်မက်ဖွယ် ထွင်းဖောက်အားဖြင့် ဆင်းသက် လာကြသည်တွင် ဧရာမတံခါးကြီးက ပြင်းထန်စွာ တုန်ခါသည်။ သို့တိုင်အောင် တံခါးကား မည်သည့်အရာနှင့်မှ ထွင်းဖောက်နိုင်စွမ်း ရှိဟန်မရဘဲ ခိုင်မြဲလွန်းသည်။ ထိုအရာက အေးခဲဓာတ်အား ထုတ်လွှတ်သည်တွင် အရာရာတိုင်းက အေးခဲသွားကြရပြီး နောက်ဆုံး အရည်ပျော် သွားကြရတော့သည်။

“သူက လောကဓာတ်ငါးမျိုးကို သုံးရာမှာ တကယ်ပဲ​ ကျင်လည်လွန်းတယ်…”

အားလုံးက ကျူးကော့ရီကို ကြည့်ကြသည်။ သူ၏မျက်လုံးများအား မှိတ်ထားကာ အနက်ရောင် ဆံပင်များက လေထဲ တဖျတ်ဖျတ် လွင့်နေသည်။ ချောမောသော မျက်နှာက ထူးဆန်းသော အရောင်တစ်မျိုး လင်းလက်နေသည်။ သူကား လေထဲတွင်ပင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသည့်အလား ရပ်နေ၏။ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်တွင် ဧရာမ တံခါးပေါက်ကြီးက တံခါးပေါက်ငယ်များ အဖြစ် ခွဲဖြာသွားကြပြီး ရီကျူးရောင်ထံသို့ တစ်ဝှီးဝှီး လှည့်ပတ်၍​တိုးဝင်သွားကြသည်။

ရီကျူးရောင်၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို၍​ ကြောက်မက်ဖွယ် ကောင်းလာသည်။ သူ့ထံတွင် မီးတောက်နတ်ဘုရား ပုံရိပ်ကိုယ်တိုင် ပေါင်းစပ်နေဟန်ရ၏။ သူကိုယ်တိုင် မီးနတ်ဘုရားအလား လက်ဝါးဖြင့် ရိုက်နှက် တိုက်ခိုက်သည်တွင် သူ့အနီးတွင် လှည့်ပတ် လာနေကြသော တံခါးချပ်များက ထိုတိုက်ခိုက်မှုများအား ရှောင်တိမ်းကြသည်။ မကြာမီ တံခါးပေါက်များက တစ်ဖန် ကောင်းကင်ထက်၌ မျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေပြင်မှ ရီကျူးရောင်ထံသို့ ဆင်းသက်လာသည်။

ဘုန်း… ကျယ်လောင်သော အသံတစ်ချက်နှင့်အတူ ဧရာမ မျှော်စင်ကြီးက မြေပြင်ပေါ်ကို ကျသည်။ ရီကျူးရောင်ကား အတွင်း၌ပင် ပိတ်လှောင်ခံရကာ များစွာသော တုန်ခါ ပေါက်ကွဲသံများကို အတွင်း၌ ​ကြားကြရသည်။ သူက မျှော်စင်ကို ဖြိုခွင်းရန် ကြိုးစားနေသည်မှာ သေချာ၏။ သို့တိုင်အောင် ပတ်ဝန်းကျင်မှ ဓာတ်ငါးမျိုး စွမ်းအင်က မျှော်စင်ထဲကို အဆက်မပြတ် စီးဆင်းသွားကြကာ ပိုမို၍ ခိုင်ခံ့မာကျောစေသည်။ နောက်ဆုံးတွင် မျှော်စင်ထဲမှ အသံတစ်သံကို ကြားကြရသည်…

“မင်းနိုင်တယ်…”

ရီကျူးရောင်က လက်လျှော့ လိုက်သည်မှာ သေချာသည်။

ကျူးကော့ရီက လက်ဝှေ့ယမ်း လိုက်သည်တွင် မျှော်စင်ကြီးက ပျောက်ကွယ် သွားသည်။

လူအများအပြားက ကျူးကော့ရီကို လှမ်းကြည့်ကြသည်။ သူကား သည်တိုက်ပွဲကို အေးအေးသက်သာ အနိုင်ရခဲ့ဟန်ရ၏။ ကျူးကော့ရီက နွေဦးပြည်နယ်မှ တစ်ယောက်အား အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သည်။

နောက်ထပ် ကြောက်စရာ ကောင်းတဲ့လူ တစ်ယောက် ပေါ်လာပြန်ပြီ…  အားလုံးက တွေးလိုက်ကြသည်။ ထိပ်သီး ဆယ်ယောက်တို့၏ တိုက်ပွဲက မည်သို့ ဖြစ်မည်နည်း။

ယခုကား ဆယ့်တစ်ယောက်သာ ကျန်ရစ်ပြီဖြစ်သည်။ နောက်တစ်ယောက် ထွက်ရလျှင်ပင် ထိပ်သီး ဆယ်ယောက်စာရင်း ပေါ်လာတော့မည် ဖြစ်သည်။

“နောက်ဆုံး တိုက်ပွဲမှာ ဘယ်သူ ထွက်လာပြီး စိန်ခေါ်မလဲ…” အကြီးအကဲက မေးသည်။ ယခုကား လူဆယ့်တစ်ယောက် မျှသာ ကျန်ရစ်ပြီ ဖြစ်သည်။

ထိုအခိုက်တွင် လူတစ်ယောက် ရှေ့ကို တက်လာသည်။ သူမအား မြင်သည်တွင် လူအများအပြားက မသက်မသာ ခံစားကြရသည်။

မြေရိုင်းပြည်နယ်၏ဟွာဂျီယူ...။

သူမကား ထိပ်သီး ဆယ်ယောက်စာရင်းသို့ ဝင်ရန် တစ်ပွဲမှ မတိုက်ခိုက်ရသေးသူ ဖြစ်သည်။ သူမက မတိုက်ခိုက်ရပါဘဲနှင့် ထိပ်သီး ဆယ်ယောက် စာရင်းသို့ ဝင်ရောက် နိုင်သည့်တိုင် ယခု သူမကိုယ်တိုင်က စိန်ခေါ်ရန် ရှေ့ကို တက်လာသည်။

***

All Chapters