← Chapters

အခန်း (၁၀၂၃)

Vol. 74 Ch. 1023

အခန်း (၁၀၂၃)

Vol. 74 Ch. 1023

ဟန်မူယဲ့က ခန်းဆောင်ထဲတွင် ရပ်နေသည်။ ခန်းဆောင်ထဲတွင် သူနှင့် အငွေ့အသက်ချင်းယှဉ်နိုင်သောလူ နှစ်ယောက်၊ သုံးယောက်ခန့်သာ ရှိသည်။

အင်မော်တယ်သခင်အများစုက သူ့ကို လေးစားစွာ ဆက်ဆံခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

သူတို့၏အမြင်တွင် သူက အင်မော်တယ်သခင်အဆင့်တွင် ရှိနေသည်။

သူက ကျင့်ကြံဆင့်ကို တမင်သက်သက် ဖုံးကွယ်ထားသည်ဟု သူတို့က တွေးနေကြသည်။

အမှန်တွင် သူက အင်မော်တယ်သခင်အဆင့်သို့ မရောက်သေးပေ။

“ဟန်မူယဲ့က အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေးစားစွာ ပြန်လည်နှုတ်ဆက်ကြသည်။

“ယွင်လန်၊ ယဉ်ကျေးမနေပါနဲ့။ ဒီမှာရှိတဲ့ လူတွေအားလုံးက ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို ဆုံးဖြတ်ပေးနိုင်တယ်”

ဂိုဏ်းချုပ်က လက်ကို ဝှေ့ယမ်းပြီး တီးတိုးပြောသည်။

အမှန်ပင်ဖြစ်သည်။

သွေးစစ်ပွဲဂိုဏ်း၏ခေါင်းဆောင် အင်မော်တယ်သခင် ဝမ်ရှား၊ ကောင်းကင်အလင်းဂိုဏ်း‌၏ခေါင်းဆောင် အင်မော်တယ်သခင် ဖူရွှယ်နှင့် တာအိုတန်ခိုးရှင်သည် ယွင်လန်တာအိုဂိုဏ်း၏ ပထမအကြီးအကဲ အင်မော်တယ်သခင် ယုချန် ဖြစ်သည်။

အင်မော်တယ်သခင်ယုချန်၏ မျက်နှာက ဖြူဖျော့နေသည်။ သူက ဒဏ်ရာရထားပုံပေါ်သည်။

“မင်းက တာအိုဂိုဏ်း ပြိုကွဲသွားတဲ့အကြောင်းကို သိပြီးသားနေမှာပါ”

ကျန်းကွမ်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ပြောသည်။

“အင်မော်တယ်သခင်ယုချန်က အကောင်းဆုံးသိထားမှာပဲ။ ကျေးဇူးပြုပြီး ပြောပြပါအုံး”

အင်မော်တယ်သခင်ယုချန်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်၍ ညင်သာစွာ ပြောပြသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သောအချိန်တွင် တာအိုဂိုဏ်းပြိုကွဲသွားမည့်ဖြစ်ရပ် စတင်ခဲ့သည်။

သို့သော် အမှန်တကယ် ပြိုကွဲမှုသည် ယွင်လန်တာအိုဂိုဏ်း၏နယ်မြေကို ဟန်မူယဲ့က ဓားတစ်လက်ဖြင့် ဖြတ်သန်းသွားခဲ့သောအချိန်တွင် ဖြစ်သည်။

ထို့နောက် တာအိုဂိုဏ်းက ခါးသီးအင်မော်တယ်နယ်မြေကို ဖျက်ဆီးပစ်ခဲ့သည်။ သူတို့က လီယွင်ကန်းကို အသုံးပြုပြီး မိစ္ဆာဘုရင်ရှန်းထျန်းကို သတ်ဖြတ်ခဲ့ကြသည်။

သို့သော် နတ်ဘုရားကမ္ဘာမှ ကျွမ်းကျင်သူ၏ဝိညာဉ်က ကျန်ရှိနေပြီး ယွင်လန်တာအိုဂိုဏ်းသို့ ရောက်သွားခဲ့သည်။

ထိုအချိန်တွင် တာအိုဂိုဏ်းက ဂိုဏ်းကွဲသွားခဲ့သည်။

လူအများစုက အင်မော်တယ်သခင်မင်ယွမ်နှင့် ပူးပေါင်းရန် သဘောတူခဲ့ကြသည်။

အကြီးအကဲများက ငြင်းပယ်ခဲ့သော်လည်း ဂိုဏ်းချုပ်နှင့် လက်ရွေးစင်တချို့က အင်မော်တယ်သခင်မင်ယွမ်၏ လျှို့ဝှက်နည်းလမ်းတချို့ဖြင့် နတ်ဘုရားကမ္ဘာကို ဆက်သွယ်ခဲ့ကြသည်။

ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် နတ်ဘုရားစစ်တပ်ကို အနိုင်ယူပြီး နတ်ဘုရားကမ္ဘာ၏ ပြိုင်ဘက်ကင်းဂုဏ်သတင်းကို မဖျက်ဆီးခဲ့လျှင် ယွင်လန်တာအိုဂိုဏ်း တစ်ခုလုံးက နတ်ဘုရားကမ္ဘာနှင့် ပူးပေါင်းသွားလိမ့်မည်။

သို့သော် ယခုအချိန်တွင် တာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက တွန့်ဆုတ်နေကြသည်။

အထူးသဖြင့် သင်္ချိုင်းအင်မော်တယ်မြို့က တခြားကမ္ဘာများနှင့် ဆက်သွယ်ပြီး အရောင်းအဝယ်လုပ်နိုင်သည်။ ဖူယွီအင်မော်တယ်ကမ္ဘာက တခြားအင်မော်တယ်ကမ္ဘာများကို တိုက်ခိုက်ပြီး ပိုမိုသန်မာလာလိမ့်မည်။

လူအများအပြားက နတ်ဘုရားကမ္ဘာနှင့် ပူးပေါင်းရန် စိတ်မဝင်စားတော့ပေ။

သို့သော် တချို့လူများက ခေါင်းမာနေကြသည်။

“အဲဒီအချိန်မှာ လက်ရွေးစင်တပည့်တချို့က နတ်ဘုရားကမ္ဘာရဲ့ ချန်ယွဲ့ဂိုဏ်းနဲ့ လျှို့ဝှက်ဆက်သွယ်ခဲ့တယ်။ တကယ်လို့ ဖူယွီအင်မော်တယ်ကမ္ဘာကို ဖရိုဖရဲဖြစ်သွားအောင် လုပ်နိုင်မယ်ဆိုရင် သူတို့က ဒီကမ္ဘာကို ထိန်းချုပ်နိုင်တယ်လို့ ကတိပေးခဲ့တယ်”

“တုံးအလိုက်တာ”

အင်မော်တယ်သခင်ယုချန်က နောင်တများဖြင့် ‌ခေါင်းခါလိုက်သည်။

အဆုံးတွင် ထိုလက်ရွေးစင်တပည့်များက ချန်ယွဲ့ဂိုဏ်း၏ စစ်တပ်ကို ဆွဲခေါ်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။

နောက်ပိုင်းတွင် သူတို့က သင်္ချိုင်းအင်မော်တယ်မြို့၏စစ်တပ်ကို မှီခို၍ ချန်ယွဲ့ဂိုဏ်း၏စစ်တပ်ကို ဖူယွီအင်မော်တယ်ကမ္ဘာမှ နှင်ထုတ်နိုင်ခဲ့သော်လည်း တာအိုဂိုဏ်း၏ ကျွမ်းကျင်သူတစ်ဝက်က ဖမ်းဆီးခံလိုက်ရသည်။ ဂိုဏ်းချုပ်ကလည်း ပြန်ပေးဆွဲခံလိုက်ရသည်။

“ချန်ယွဲ့ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ တာအိုဂိုဏ်းသားတွေက အခု သွေးစက်ကျချောက်ကမ်းပါးမှာ ရှိနေကြတယ်။ သူတို့က သွေးစက်ကျချောက်ကမ်းပါးရဲ့ အတားအဆီးကိုဖွင့်ပြီး နတ်ဘုရားကမ္ဘာနဲ့ လမ်းဖောက်ချင်နေတယ်”

သွေးစစ်ပွဲဂိုဏ်း၏ခေါင်းဆောင် အင်မော်တယ်သခင်ဝမ်ရှားက တီးတိုးပြောသည်။

“ဖူယွီအင်မော်တယ်ကမ္ဘာမှာ တားမြစ်နယ်မြေသုံးခုရှိတယ်။ သွေးစက်ကျချောက်ကမ်းပါး၊ ဝိညာဉ်ဖျက်ဆီးတောင်ကြားနဲ့ သင်္ချိုင်းအင်မော်တယ်မြို့ပဲ”

“ဝိညာဉ်ဖျက်ဆီးတောင်ကြားကို သံမဏိချပ်ဝတ်ဂိုဏ်းက ထိန်းချုပ်ထားတယ်။ သင်္ချိုင်းအင်မော်တယ်မြို့နဲ့ သွေးစက်ကျချောက်ကမ်းပါးကိုတော့ အင်အားစုတွေက ပူးပေါင်းထိန်းချုပ်ထားတယ်”

“အခု သင်္ချိုင်းအင်မော်တယ်မြို့တော်က ဟန်မူယဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ တိုးတက်လာခဲ့တယ်”

“ဒါပေမဲ့ သွေးစက်ကျချောက်ကမ်းပါးမှာ ပြဿနာဖြစ်နေတယ်”

“သွေးစက်ကျချောက်ကမ်းပါးက မဟာဝင်္ကပါနဲ့ တိုက်ခိုက်မှုကို ယာယီခုခံထားနိုင်ပေမဲ့ အချိန်အတော်ကြာအောင် တားဆီးနိုင်မှာမဟုတ်ဘူး”

“ငါတို့က သွေးစက်ကျချောက်ကမ်းပါးကို ကူညီပေးဖို့ လိုအပ်နေတယ်”

“အဲဒီနေရာက ထူးခြားတာကြောင့် နတ်ဘုရားကမ္ဘာရဲ့ ကျွမ်းကျင်သူတွေနဲ့ အင်မော်တယ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေက အစွမ်းကုန်ထုတ်မသုံးနိုင်ဘူး”

“ပြီးတော့ လမ်းပိတ်ထားတဲ့အတွက် ငါတို့က အကူအညီပေးလို့မရဘူး”

“ယွင်လန်၊ ငါတို့က မင်းကို အကူအညီတောင်းဖို့ ဆင့်ခေါ်လိုက်တာပဲ”

ကျန်းကွမ်ယွမ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ကျန်လူများကလည်း မျက်လုံးများ တောက်ပလာကြသည်။

သင်္ချိုင်းအင်မော်တယ်မြို့သည် နတ်ဘုရားကမ္ဘာ၏ လမ်းကြောင်းတစ်ခုကို ထိန်းချုပ်ထားသည်။

ထိုအရာသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။

ထိုလျှို့ဝှက်ချက်ကို နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော ကျွမ်းကျင်သူများနှင့် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ထိပ်တန်းအဆင့် ကျင့်ကြံသူများသာ သိကြသည်။

ကျန်းကွမ်ယွမ်နှင့် တခြားလူများက နတ်ဘုရားကမ္ဘာသို့သွားပြီး သွေးစက်ကျချောက်ကမ်းပါးသို့ ပြန်ဝင်လာရန် စီစဉ်ထားသည်။

သွေးစက်ကျချောက်ကမ်းပါး၏ လမ်းကြောင်းကို ပိတ်ဆို့ထားသောကြောင့် တခြားနေရာမှ သွားရမည်။

အဓိကအချက်သည် နတ်ဘုရားကမ္ဘာမှ သွေးစက်ကျချောက်ကမ်းပါးသို့ဝင်လာပြီး ရန်သူများကို အလစ်တိုက်ရန် ဖြစ်သည်။

“အဲဒီတော့ ကျွန်တော်တို့က တစ်ဖက်ကနေ ရန်သူတွေကို တိုက်ခိုက်ပြီး သွေးစက်ကျချောက်ကမ်းပါးကို ကူညီပေးမှာလား”

ဟန်မူယဲ့က ကျန်းကွမ်ယွမ်ကို ကြည့်လိုက်သည်။

ကျန်းကွမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး ရွှေရောင်ဝင်္ကပါပြားကို ထုတ်ယူသည်။

“ဒီပစ္စည်းကို ကောင်းကင်ချိပ်ပိတ်ရွှေပြားလို့ ခေါ်တယ်”

“ဒီရတနာနဲ့ဆိုရင် အတားအဆီးကို ချိုးဖောက်နိုင်လိမ့်မယ်။ ဒါကို သွေးစက်ကျချောက်ကမ်းပါးမှာ တပ်ဆင်ပြီး ဖူယွီအင်မော်တယ်ကမ္ဘာရဲ့ စွမ်းအားနဲ့ ပြန်လည်ချိတ်ဆက်နိုင်မယ်”

“အဲဒီအချိန်မှာ ငါတို့စစ်တပ်က သွေးစက်ကျချောက်ကမ်းပါးကို ဝင်ရောက်လာပြီး နတ်ဘုရားကမ္ဘာရဲ့စစ်တပ်ကို နှစ်ဖက်ညှပ်တိုက်မယ်”

ကောင်းကင်အလင်းဂိုဏ်း၏ ခေါင်းဆောင် အင်မော်တယ်သခင်ဖူရွှယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ထိုဖြစ်ရပ်သည် ရိုးရှင်းပုံပေါ်သော်လည်း ခက်ခဲသည်။

နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ပြီး ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။

“ငါတို့ရဲ့ အရှိန်အဝါကို အမှတ်အသားလုပ်ထားကြတယ်။ ငါတို့က ဒီကမ္ဘာကနေ ထွက်သွားရင် ပစ်မှတ်ထားခံရလိမ့်မယ်”

အင်မော်တယ်သခင်ဝမ်ရှားက လက်သီးဆုပ်ထားပြီး တီးတိုးပြောသည်။

သူတို့အားလုံးက နတ်ဘုရားကမ္ဘာနှင့် တိုက်ခိုက်ဖူးသောကြောင့် နတ်ဘုရားကမ္ဘာ၏ ကျွမ်းကျင်သူများက သူတို့ကို မှတ်သားထားကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းကို နတ်ဘုရားကမ္ဘာက အာရုံခံမိလိမ့်မည်။

“ဒါပေမဲ့ မင်းကတော့ မတူဘူး”

ကျန်းကွမ်ယွမ်က စကားပြောလိုက်ပြီး ရွှေရောင်ဓားတစ်လက်ကို ထုတ်ယူသည်။

ထိုဓားရှည်ပေါ်တွင် အင်းကွက်များ ရှိနေသည်။

တခြားလူများကလည်း တူညီသော အင်းကွက်များကို ထုတ်ဖော်လိုက်ကြသည်။

ဟန်မူယဲ့၏ နောက်တွင်လည်း အင်းကွက်များ လွင့်မျောနေကြသည်။

“နတ်ဘုရားကို သတ်ဖြတ်မယ်”

ဟန်မူယဲ့က တီးတိုးရေရွတ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သည် ဓားဂိုဏ်းတွင်သာမက ဖူယွီအင်မော်တယ်ကမ္ဘာတွင်လည်း တည်ရှိသည်။

‘မဟုတ်သေးဘူး’

ဟန်မူယဲ့က ရွှေရောင်တောက်နေသော မျက်လုံးများဖြင့် လူတိုင်းကို ကြည့်လိုက်သည်။

အင်မော်တယ်သခင်များက အင်းကွက်ကို ထုတ်လွှတ်လိုက်သောအချိန်တွင် အရှိန်အဝါအတက်အကျ ဖြစ်ပေါ်လာသည်။

ထိုစွမ်းအားသည် အင်မော်တယ်သခင်အဆင့်ထက် ကျော်လွန်နေသည်။

တစ်နည်းပြောရလျှင် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သည် နတ်ဘုရားကမ္ဘာနှင့် ပတ်သတ်နေသည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အတွေးများကို ဖိနှိပ်သည်။

နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်သည် တခြားကပ်ဘေးများနှင့် ပတ်သတ်နေလိမ့်မည်။

ကပ်ဘေးတွင်ကျန်ရှိနေသော ကျွမ်းကျင်သူများကသာ နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်ကို ထောက်ပံ့ပေးနိုင်လိမ့်မည်။

“ယွင်လန်၊ ငါတို့အားလုံးက နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်ကပဲ”

“နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်က နတ်ဘုရားကမ္ဘာကို တိုက်ခိုက်ပြီး ကပ်ဘေးအတွင်းမှာ အချင်းချင်း ကူညီပေးတယ်”

ယွင်လန်တာအိုဂိုဏ်း၏ ပထမအကြီးအကဲ အင်မော်တယ်သခင်ယုချန်က ပြုံးလိုက်ပြီး တီးတိုးပြောသည်။

“ဖူယွီအင်မော်တယ်ကမ္ဘာမှာ မင်းက ဒီလျှို့ဝှက်ချက်ကို သိနိုင်တဲ့ ပထမဆုံးမျိုးဆက်သစ်ပဲ”

နတ်ဘုရားကမ္ဘာကို တိုက်ခိုက်ပြီး ကပ်ဘေးတွင် အချင်းချင်းကူညီမည်။

ကပ်ဘေး၏သတင်းသည် မရေမတွက်နိုင်သော လူများကို ဆွဲဆောင်နိုင်သည်။

မည်သည့်အင်အားစုမျိုးက ကပ်ဘေးတွင် အချင်းချင်းကူညီမည်ဟု ပြောနိုင်သနည်း။

မည်သည့် ကျွမ်းကျင်သူမျိုးက ကပ်ဘေးတွင် ရှင်သန်မည်ဟု အာမခံနိုင်သနည်း။

အင်မော်တယ်သခင်များက သူ့ကို ယုံကြည်သောကြောင့် ကပ်ဘေးနှင့် ပတ်သတ်နေသည့် နတ်ဘုရားသတ်ဖြတ်ခြင်းခန်းဆောင်၏အကြောင်းကို ထုတ်ပြောခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က သွေးစက်ကျချောက်ကမ်းပါးသို့ သွားတော့မည်ဖြစ်သည်။

ကျန်းကွမ်ယွမ်က သူ့ကို ဆရာတူညီလေးဟု ခေါ်ပြီး ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ တပည့်တစ်ယောက်အဖြစ် အသိအမှတ်ပြုထားသော်လည်း ထိုအကြောင်းကို ပြောမပြခဲ့ပေ။

“ကောင်းပြီ။ ကျွန်တော်က သွေးစက်ကျချောက်ကမ်းပါးကို သွားမယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ထိုစကားကြောင့် ခန်းဆောင်ထဲတွင်ရှိသော လူများက ပြုံးလိုက်ကြသည်။

သူတို့က ဟန်မူယဲ့၏ခွန်အားကို နားလည်သည်။

အရေးအကြီးဆုံးအနေဖြင့် ဟန်မူယဲ့က ခရမ်းရောင်သန်းနေသော ကံစွမ်းအားကို သယ်ဆောင်ထားသည်။

ထိုလူမျိုးသည် ကောင်းကင်၏သားတော် ဖြစ်သည်။

“ကျွန်တော့်မှာ တောင်းဆိုစရာတစ်ခု ရှိတယ်”

ဟန်မူယဲ့က လူတိုင်းကို ကြည့်လိုက်သည်။

“ဟားဟား။ ဆရာတူညီလေး၊ လွတ်လွတ်လပ်လပ် ပြောပါ”

ကျန်းကွမ်ယွမ်က ရယ်လိုက်သည်။

တခြားလူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကြသည်။

သူက ဖူယွီအင်မော်တယ်ကမ္ဘာအတွက် အသက်စွန့်ပြီး ကူညီပေးမည်ဖြစ်သည်။ ထို့ကြောင့် တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသင့်သည်။

ထို့အပြင် သူတို့၏အမြင်တွင် ယွင်လန်ဓားအင်မော်တယ်က အလွန်ကြွယ်ဝပြီး လိုအပ်နေသောအရာများ မရှိပေ။ သူ၏ တောင်းဆိုချက်က ခက်ခဲမည်မဟုတ်ပေ။

သင်္ချိုင်းအင်မော်တယ်မြို့ကို ထိန်းချုပ်ထားသော ယွင်လန်ဓားအင်မော်တယ်က သူတို့အားလုံးထက် ချမ်းသာသည်။

ဖူယွီအင်မော်တယ်ကမ္ဘာက ဤနှစ်များတွင် တိုးတက်လာပြီး နတ်ဘုရားကမ္ဘာ၏ ရုတ်တရက်တိုက်ခိုက်မှုကို ခုခံနိုင်သော အကြောင်းအရင်းသည် သင်္ချိုင်းအင်မော်တယ်မြို့ကြောင့် ဖြစ်သည်။

“သွေးစက်ကျချောက်ကမ်းပါးကနေ ကျွန်တော်ပြန်လာရင် ကောင်းကင်အလင်းဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ချင်တယ်”

ဟန်မူယဲ့၏နောက်တွင် အစိမ်းပုပ်ရောင်ဓားတစ်လက် ပေါ်လာသည်။

ထိုဓားရှည်သည် လျှပ်စီးကြောင်းများကို ထုတ်လွှတ်နေသည်။

အင်မော်တယ်သတ်ဖြတ်ခြင်းဓား ဖြစ်သည်။

သူ၏ သွေးစွမ်းအားနှင့် ခွေသားရဲ၏ မိုးကြိုးစွမ်းအားကို ပေါင်းစပ်ပြီး ဖြစ်ပေါ်သော မူလဝိညာဉ်ဓား ဖြစ်သည်။

ထိုဓားသည် မိုးကြိုးလျှပ်စီးကို ထိန်းချုပ်ပြီး ကောင်းကင်၏ကိုယ်စား ကပ်ဘေးကို ဆင့်ခေါ်နိုင်သည်။

အင်မော်တယ်သတ်ဖြတ်ခြင်းဓားကို မြင်လိုက်ရသောအခါ ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက တုန်လှုပ်သွားကြသည်။

ထိုဓားသည် သူတို့အားလုံးကို ခြိမ်းခြောက်နိုင်သည်။

ကောင်းကင်အလင်းဂိုဏ်း၏‌ခေါင်းဆောင် အင်မော်တယ်သခင်ဖူရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းက ....”

သူက ဟန်မူယဲ့၏ ရည်ရွယ်ချက်ကို နားလည်သည်။

သူတို့ဂိုဏ်း၏ လျှို့ဝှက်နယ်မြေတွင် ကမ္ဘာဦးခေတ်၏ ခွေသားရဲတစ်ကောင် အိပ်စက်နေသည်။

ထိုသားရဲ၏ ဝိညာဉ်က ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းပြီး နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်နိုင်သည်။

ကောင်းကင်အလင်းဂိုဏ်းက ထိုသားရဲ၏စွမ်းရည်ကို အသုံးပြုပြီး နတ်ဘုရားမိုးကြိုးကို စုစည်းခဲ့သည်။

ထိုအရာသည် သူတို့ဂိုဏ်း၏ အကြီးမားဆုံးမှီခိုရာ ဖြစ်သည်။

ဟန်မူယဲ့၏ မူလဝိညာဉ်ဓားက လျှပ်စီးကြောင်းများကို ထုတ်လွှတ်နေသောကြောင့် ခွေသားရဲကို စိတ်ဝင်စားနေခြင်း ဖြစ်လိမ့်မည်။

ဟန်မူယဲ့၏ မူလဝိညာဉ်ဓားက ခွေသားရဲ၏ သွေးမျိုးဆက်စွမ်းအားကို သယ်ဆောင်ထားသည်။ သို့သော် တခြားလူများက မြင်နိုင်မည်မဟုတ်ပေ။

All Chapters