အခန်း (၁၀၂၄)
Vol. 74 Ch. 1024
“တာအိုရောင်းရင်းဖူရွှယ်၊ ငါတို့က သွေးစက်ကျချောက်ကမ်းပါးကို မကာကွယ်နိုင်ရင် နတ်ဘုရားကမ္ဘာရဲ့စစ်တပ်က လမ်းကြောင်းဖွင့်လိုက်တဲ့အချိန်မှာ ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံး ပျက်စီးရလိမ့်မယ်”
အင်မော်တယ်သခင်ဖူရွှယ်က တုံ့ဆိုင်းနေသောကြောင့် ကျန်းကွမ်ယွမ်က ပြောလိုက်သည်။
“ဟုတ်တယ်။ တာအိုရောင်းရင်းဖူရွှယ်၊ မင်းက ကျန်းယွမ်အင်မော်တယ်ကမ္ဘာအကြောင်းကို သိတယ်မဟုတ်လား”
အင်မော်တယ်သခင်ဝူရှားက ဆက်ပြောသည်။
အကယ်၍ သူတို့က သွေးစက်ကျချောက်ကမ်းပါးကို မကာကွယ်နိုင်လျှင် ဖူယွီအင်မော်တယ်ကမ္ဘာ၏ မရေမတွက်နိုင်သော သက်ရှိများက သေဆုံးသွားရလိမ့်မည်။ သူတို့ကလည်း အိမ်ခြေရာမဲ့ ဖြစ်သွားလိမ့်မည်။
ယခုအချိန်တွင် ကျန်းယွမ်အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်သခင်များက သင်္ချိုင်းအင်မော်တယ်မြို့ကို မှီခိုထားရုံသာ တတ်နိုင်ကြသည်။ သူတို့ ကမ္ဘာတစ်ခု၏စွမ်းအားကို မပိုင်ဆိုင်တော့ပေ။
အကယ်၍ နတ်ဘုရားကမ္ဘာ၏စစ်တပ်က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်လာလျှင် ကောင်းကင်အလင်းဂိုဏ်းက လျှို့ဝှက်နယ်မြေကို ကာကွယ်နိုင်တော့မည်မဟုတ်ပေ။ သူတို့၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းလည်း ပျောက်ကွယ်သွားလိမ့်မည်။
အင်မော်တယ်သခင်ဖူရွှယ်က ခေါင်းညိတ်လိုက်ပြီး အသက်ရှူသွင်းသည်။
“ကောင်းပြီ။ မင်းပြန်လာရင် ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို သွားလို့ရတယ်”
“ကောင်းကင်အလင်းဂိုဏ်းက မင်းကို နှောင့်ယှက်မှာမဟုတ်ဘူး။ လျှို့ဝှက်နယ်မြေထဲမှာ ရလာတဲ့ အခွင့်အရေးတွေက မင်းနဲ့ပဲ သက်ဆိုင်တယ်”
အကယ်၍ တခြားတစ်ယောက်ဆိုလျှင် အင်မော်တယ်သခင်ဖူရွှယ်က ထိုသို့ ပြောနေမည်မဟုတ်ပေ။
သူတို့က လျှို့ဝှက်နယ်မြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်ကြပ်ခဲ့သော်လည်း နတ်ဘုရားမိုးကြိုးပုတီးစေ့များကိုသာ ရနိုင်ခဲ့သည်။ တခြားလူများက မည်သည့်အရာကို ရနိုင်မည်နည်း။
သို့သော် ဟန်မူယဲ့က မတူပေ။
သူက ထူးခြားသော ကံကောင်းခြင်းကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်အလင်းဂိုဏ်း၏ ခေါင်းဆောင်က သဘောတူလိုက်ပြီဖြစ်သောကြောင့် ဟန်မူယဲ့က တုံ့ဆိုင်းမနေခဲ့ပေ။
သူက ဆယ်ရက်အတွင်း ယွင်လန်မြို့သို့ အရင်သွာခဲ့သည်။
ဇောင်ပိုင်ချွမ်က ယွင်လန်မြို့ကို သေချာစီမံထားသည်။
ယွင်လန်မြို့တွင် သန်းဆယ်ချီသော ကျင့်ကြံသူများ နေထိုင်ပြီး ယွင်ထန့်တောရိုင်းမြေ၏ အကြီးမားဆုံးမြို့ ဖြစ်သည်။ ထို့အပြင် သံမဏိချပ်ဝတ်ဂိုဏ်း၊ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းနှင့် ထိစပ်နေသည်။ ခါးသီးအင်မော်တယ်နယ်မြေနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားသော မြို့လည်း ဖြစ်သည်။
ခါးသီးအင်မော်တယ်နယ်မြေကို ယခုအချိန်အထိ မစုစည်းနိုင်သေးသော်လည်း ရွှေမီးတောက်မိစ္ဆာဘုရင်က လွှမ်းမိုးနိုင်စွမ်းရှိသည်။
သူက ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ပြီး ယွင်လန်မြို့၏ထောက်ပံ့မှုကို ရထားသောကြောင့် ခါးသီးအင်မော်တယ်နယ်မြေ၏ အင်အားစုများထက် သာလွန်နေသည်။
ဟန်မူယဲ့က ယွင်လန်မြို့မှ ထွက်လာပြီး ခါးသီးအင်မော်တယ်နယ်မြေသို့ ဝင်ရောက်လာခဲ့သည်။
“မွေးစားအဖေ”
အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်နှင့်တူသော ရွှေမီးတောက်က ဟန်မူယဲ့ကို လေးစားစွာ ဦးညွတ်လိုက်သည်။
ဟန်မူယဲ့ပေးခဲ့သော ကောင်းကင်မီးတောက်ကြောင့် သူက အလွန်တိုးတက်လာသည်။
“ခါးသီးအင်မော်တယ်နယ်မြေမှာ ပုန်းကွယ်နေရင် အများကြီး တိုးတက်လာမှာမဟုတ်ဘူး။ အခု မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို လေ့ကျင့်နိုင်အောင် သွေးစက်ကျချောက်ကမ်းပါးဆီ ခေါ်သွားမယ်”
ဟန်မူယဲ့က ရွှေမီးတောက်၏ပခုံးကို ပုတ်ပေးလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“သွေးစက်ကျချောက်ကမ်းပါးလား”
ရွှေမီးတောက်က ပြုံးသည်။
ရွှေမီးတောက်က စိတ်လှုပ်ရှားနေသည်။ သူက စွမ်းဆောင်ရည်ကို ဖုံးကွယ်ထားရသောကြောင့် ခါးသီးအင်မော်တယ်နယ်မြေတွင် ကြီးကြီးမားမား မလှုပ်ရှားနိုင်ခဲ့ပေ။
တားမြစ်နယ်မြေသုံးခုသည် လေ့ကျင့်ရန် နေရာကောင်းများ ဖြစ်ကြသည်။
ဟန်မူယဲ့က ရွှေမီးတောက်ကိုခေါ်ပြီး ဝိညာဉ်ကမ္ဘာ၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တိတ်တဆိတ် အသက်သွင်းခဲ့သည်။ ထို့နောက် ဟန်ချီ၊ ရှန့်လင်းရွှမ်းနှင့် တခြားလူများကို သင်္ချိုင်းအင်မော်တယ်မြို့သို့ ခေါ်လာခဲ့သည်။
မူဝမ်တို့လည်း ရောက်လာသည်။
သင်္ချိုင်းအင်မော်တယ်မြို့သည် ဖူယွီအင်မော်တယ်ကမ္ဘာတစ်ခုလုံးထက် ပိုမိုလုံခြုံပြီး ဟန်မူယဲ့၏ အစစ်အမှန်အုတ်မြစ် ဖြစ်သည်။
ရှုဝေက အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိသည်။
သူက နှစ်တစ်ရာအတွင်း၌ တစ်မြို့လုံးကို တိုးတက်နေသော အင်မော်တယ်မြို့အဖြစ် အသွင်ပြောင်းနိုင်ခဲ့သည်။
“မရီးတို့နဲ့တွေ့ရတာ ဝမ်းသာပါတယ်။ အစ်ကိုဟန်က အထင်ကြီးစရာပဲ”
ဟန်မူယဲ့က မူဝမ်နှင့်ယွင်ကျင်းကို မိတ်ဆက်ပေးလိုက်သောအခါတွင် ကျောက်ချန်က ပြောလိုက်သည်။ သူက လက်ဆောင်များ ပေးလိုက်သည့်အတွက် ဝမ်းသာနေမိသည်။
မူဝမ်နှင့်ယွင်ကျင်းက လက်ဆောင်များပေးလိုက်သော ကျောက်ချန်ကို အမှန်တကယ်ပင် အကောင်းမြင်နေကြသည်။
ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် အချိန်ကြာမြင့်စွာ မနေခဲ့ပေ။ သူက ဆယ်ရက်အကြာတွင် လူတစ်ရာနှင့်အတူ တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။
ထိုလူတစ်ရာထဲတွင် ရွှေမီးတောက်၊ ဟန်ချီနှင့် ရှန့်လင်းရွှမ်းတို့အပြင် သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သော စုကျန်းနှင့် ပိုင်ထူတို့ ဓားကျင့်ကြံသူများလည်း ပါဝင်ကြသည်။
သူတို့အားလုံးသည် ဟန်မူယဲ့ကို အပြည့်အဝ ယုံကြည်ကြသည်။
သူက နတ်ဘုရားကမ္ဘာမှတစ်ဆင့် သွေးစက်ကျချောက်ကမ်းပါးသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်သောကြောင့် ယုံကြည်နိုင်သောလူများကိုသာ ခေါ်လာခဲ့သည်။
ထို့အပြင် ဟန်မူယဲ့က အကာအကွယ်ရတနာများကိုလည်း သယ်လာခဲ့သည်။
ယွင်လန်မြို့နှင့် သင်္ချိုင်းအင်မော်တယ်မြို့၏ ကြွယ်ဝမှုကို စိတ်ကူးမကြည့်နိုင်လောက်ပေ။
ထိုရတနာများကို အသုံးမပြုလျှင် အလွန်နှမြောစရာကောင်းနေလိမ့်မည်။
ထို့ကြောင့် ဟန်မူယဲ့က ရတနာအများအပြားကို ယူလာခဲ့သည်။
“ဝီ”
အလင်းရောင်သည် ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ရွှေရောင်အလင်းတန်းသည် ဟန်မူယဲ့တို့ကို နတ်ဘုရားကမ္ဘာသို့ ပို့ပေးလိုက်သည်။
“အဲဒီတော့ ဒါက နတ်ဘုရာကမ္ဘာလား ....”
ရွှေမီးတောက်က အံ့အားသင့်နေသောမျက်နှာထားဖြင့် ရေရွတ်သည်။
“နတ်ဘုရားကမ္ဘာ”
အကြီးအကဲဖုန်း၏ မျက်နှာထားက ရှုပ်ထွေးနေသည်။ အကြီးအကဲကျူးက တီးတိုးရေရွတ်လိုက်သည်။
သူတို့ကို နတ်ဘုရားကမ္ဘာသို့ ဝင်ရောက်ခွင့်ပြုမည်ဟု လူတချို့က ကတိပေးခဲ့သည်။ သို့သော် အဆုံးတွင် စွန့်ပစ်ခံလိုက်ရသည်။
တခြားလူများကလည်း ငေးမောနေကြသည်။
ဤလူတစ်ရာထဲတွင် အနည်းငယ်ကသာ နတ်ဘုရားကမ္ဘာသို့ ဟန်မူယဲ့နှင့်အတူ လိုက်လာဖူးသည်။
“ဘုန်း”
အဝေးတစ်နေရာတွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာပြီး ရွှေရောင်လှံတစ်လက် ဆင်းသက်လာသည်။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ဤနေရာတွင် တည်ဆောက်ထားသော ဝင်္ကပါပြားကို အသက်သွင်းသည်။
“တာအိုဂိုဏ်းက ငါတို့ကို တကယ်သစ္စာဖောက်သွားပြီပဲ။ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါရဲ့ နေရာက ပေါက်ကြားသွားပြီ”
“ဒီနေရာက အတည်မဟုတ်သေးတာ ကံကောင်းတာပဲ”
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဆင်းသက်လာသော လှံရှည်ကို ကြည့်သည်။ သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။
သူ့နောက်တွင် ရွှေမီးတောက်၊ ဟန်ချီနှင့် ဓားကွေးနှစ်လက်ကိုင်ထားသော ရှန့်လင်းရွှမ်းတို့က ခေါင်းမော့ကြည့်လိုက်ကြသည်။
ဟန်ချီက ခန္ဓာကိုယ်ကြံ့ခိုင်သော ခေါင်းခုနစ်လုံး နဂါးရုပ်တုသားရဲ ဖြစ်သည်။
ရှန့်လင်းရွှမ်းက နတ်ဘုရားဆင်သားရဲ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး ခွန်အားကောင်းသည်။
ရွှေမီးတောက်က ဖီးနစ်ဖြစ်ပြီး မသေဆုံးနိုင်ပေ။
အကြီးအကဲဖုန်းနှင့် အကြီးအကဲကျူးတို့ကလည်း မြေအောက်မြစ်တွင် နေထိုင်ခဲ့သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်ကြသည်။
နတ်ဘုရားကမ္ဘာတွင်ဖြစ်စေ အာကာသထဲတွင်ဖြစ်စေ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးပြုရန် ခက်ခဲသည်။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်သော ကျွမ်းကျင်သူများက ဖိနှိပ်မခံရပေ။
“ဘုန်း ....”
ရှန့်လင်းရွှမ်း၏ ဓားကွေးနှစ်လက်က လှံကို ဖယ်ထုတ်လိုက်သည်။
ရွှေမီးတောက် ကျင်းဟော်က လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးလုံးတစ်လုံးက အဝေးတစ်နေရာတွင်ရှိသော နတ်ဘုရားစစ်သူကြီးကို လွှမ်းခြုံသွားသည်။
သိပ်မဝေးသောနေရာတွင် နတ်ဘုရားအလင်းများ လှုပ်ရှားလာကြသည်။
ပိုင်ထူနှင့် တခြားလူများက ဟိန်းဟောက်လိုက်ပြီး ဓားဝင်္ကပါကို အသက်သွင်း၍ ပျံထွက်သွားကြသည်။
‘သူတို့က နတ်ဘုရားကလန်သားတွေဆိုရင်ရော ဘာဖြစ်လဲ’
‘ငါတို့က နတ်ဘုရားတွေကို သတ်ပစ်မယ်’
သွေးအလင်းပေါ်ထွက်လာသည်။ နတ်စွမ်းအားများ ပြန့်ကျဲသွားသည်။
ဓားအလင်းသည် အသက်ရှူကြိမ်တစ်ရာအတွင်း၌ နတ်ဘုရားကလန်သားများကို ဖြိုခွင်းပစ်လိုက်သည်။
သူတို့အားလုံးက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ပြန်ရောက်လာကြသည်။
နတ်ဘုရားကမ္ဘာတွင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ခြင်းသည် လူတစ်ယောက်၏ စိတ်အခြေအနေအတွက် အလွန်ကောင်းမွန်သည်။
ဟန်ချီ၊ ရှန့်လင်းရွှမ်းနှင့် တခြားလူများက သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်လွှတ်နေကြသည်။
အကြီးအကဲဖုန်းနှင့် အကြီးအကဲကျူးတို့က လမ်းပျောက်နေသည်။
‘ငါတို့က နတ်ဘုရားတွေကို သတ်လိုက်တာလား’
‘အဲဒါက အဆင့်မြင့်ပြီး ခွန်အားကောင်းတဲ့ နတ်ဘုရားတွေလေ’
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ပြန့်ကျဲနေသော နတ်ဘုရားကလန်သားများထဲတွင် အစစ်အမှန်ကျွမ်းကျင်သူ မရှိပေ။
သူတို့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါ၏ နေရာအတိအကျကို မသိသောကြောင့် လူစုခွဲပြီး စောင့်ကြပ်ရုံသာ တတ်နိုင်ခဲ့သည်။
“သွားကြစို့”
ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။ သူတို့အားလုံးက အဝေးတစ်နေရာသို့ ပျံသန်းသွားသည်။
သူက သွေးစက်ကျချောက်ကမ်းပါး၏ လမ်းကြောင်းကို ချက်ချင်းမရှာပဲ သင်္ဘောပျံတစ်စင်းကို ထုတ်ယူ၍ လူတိုင်းကို သယ်သွားသည်။
သွေးစက်ကျချောက်ကမ်းပါးသို့ သွားရောက်ရန် လွယ်ကူမည်မဟုတ်ပေ။
ထို့အပြင် သူတို့က နတ်ဘုရားကမ္ဘာသို့ ရောက်လာသောကြောင့် တစ်ခုခုလုပ်ရမည်။
ခဏအကြာတွင် နတ်ဘုရားအလင်းများ ဆင်းသက်လာသည်။
“အင်မော်တယ်ကမ္ဘာကနေ ခိုးဝင်လာတဲ့လူတွေ ဘယ်ရောက်သွားတာလဲ”
ချပ်ဝတ်နှင့် အကြီးအကဲတစ်ယောက်က တင်းမာသောမျက်နှာထားဖြင့် မေးလိုက်သည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မန္တန်များရွတ်လိုက်သော်လည်း ဟန်မူယဲ့တို့၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။
ဟန်မူယဲ့က သင်္ချိုင်းအင်မော်တယ်မြို့တွင် ရရှိထားသော ရတနာတစ်ခုကို အသုံးပြုပြီး လူတိုင်း၏ အငွေ့အသက်ကို ဖုံးကွယ်ခဲ့သည်။
ထိုပစ္စည်းသည် လူတိုင်းကို နတ်ဘုရားအလင်းဖြင့် လွှမ်းခြုံထားပြီး နတ်ဘုရားကလန်သားများနှင့် ခွဲခြားရန် မဖြစ်နိုင်ပေ။
“ဟမ့်၊ လွန်ခဲ့တဲ့နှစ်တစ်ရာကျော်မှာ အင်မော်တယ်ကမ္ဘာရဲ့လူတွေက ငါတို့ ချန်ယွဲ့ဂိုဏ်းရဲ့ စစ်သည်တစ်သန်းကို ဖျက်ဆီးသွားတယ်။ အကြီးအကဲချောင်ကျန်းရဲ့ သားအရင်းကိုလည်း သတ်ဖြတ်သွားတယ်။ အကြီးအကဲက အရမ်းဒေါသထွက်နေတယ်။ တကယ်လို့ ငါတို့က သူတို့ကို မဖမ်းနိုင်ရင် ကောင်းကောင်းနေရမှာမဟုတ်ဘူး”
အကြီးအကဲက နှာမှုတ်လိုက်ပြီး လေဟာနယ်ထဲတွင်ရှိသော နတ်ဘုရားစွမ်းအင်အမျှင်တန်းတစ်ခုကို ဖမ်းယူသည်။
“သူတို့က မဟူရာချပ်ဝတ်ဂိုဏ်းဆီကို သွားနေတာပဲ”
နတ်ဘုရားအလင်းထဲတွင် သင်္ဘောပျံတစ်စင်းကို မြင်နေရသည်။
“မဟူရာချပ်ဝတ်ဂိုဏ်းလား”
“သူတို့က ကိုယ့်ကိစ္စကိုယ် မဖြေရှင်းနိုင်တာတောင် ငါတို့ ချန်ယွဲ့ဂိုဏ်းကို ပြဿနာရှာချင်နေတာလား”
အနက်ရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က နှာမှုတ်သည်။
နတ်ဘုရားအုပ်စုက မဟူရာချပ်ဝတ်ဂိုဏ်းဆီသို့ ဦးတည်လိုက်ကြသည်။
သို့သော် ဟန်မူယဲ့၏ သင်္ဘောပျံက ရတနာတစ်ခုဖြစ်ပြီး အလွန်လျင်မြန်သည်။
သူတို့က နေ့တစ်ဝက်အတွင်း မဟူရာချပ်ဝတ်ဂိုဏ်းသို့ ရောက်လာကြသည်။
ဟန်မူယဲ့က အငွေ့အသက်ကိုပြောင်းလဲ၍ ရွှေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ပြီး သင်္ဘောပျံပေါ်မှ ဆင်းလာခဲ့သည်။
သူက ခေါင်းမော့ကြည့်လိုက်သောအခါတွင် အလွန်အားနည်းသွားသော ကံစွမ်းအားကို မြင်ရသည်။
နတ်စွမ်းအားသလင်းကျောက် တစ်သောင်းဖြင့် ဝယ်ယူထားသော ရတနာပစ္စည်းသည် အမှန်တကယ်ပင် အသုံးဝင်သည်။
သူ၏ ကံစွမ်းအားကို ဖုံးကွယ်ထားနိုင်သည်။
သူက ပိုင်ထူတို့ကို ပုန်းနေရန်ပြောခဲ့ပြီး ရွှေမီးတောက်၊ ဟန်ချီ၊ ရှန့်လင်းရွှမ်းနှင့် တခြားလူများကို မဟူရာချပ်ဝတ်ဂိုဏ်းဆီသို့ ဝင့်ကြွားစွာ ခေါ်သွားသည်။
နှစ်တစ်ရာကျော် ကြာမြင့်သွားခဲ့သော်လည်း မဟူရာချပ်ဝတ်ဂိုဏ်းသည် မီးကွန်ရက်ဂိုဏ်းနှင့်တိုက်ပွဲ၏ အရိပ်အယောင်များကို မရှင်းလင်းရသေးပေ။
အဆောက်အအုံအများစုတွင် မီးဟပ်ထားသော အမှတ်အသားများ ရှိနေသည်။
ဓာတ်စင်ငါးပါးမီးပြင်းဖို တည်ရှိခဲ့သောနေရာသည် အပျက်အစီးများနှင့် ဗလာဖြစ်နေသည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ဖိနှိပ်ခံထားရသော ဓာတ်စင်ငါးပါးမီးပြင်းဖိုက အကြိမ်ရေအနည်းငယ် တုန်ခါလာပြီး ငြိမ်သက်သွားသည်။
“တာအိုရောင်းရင်းတို့ တစ်ခုခု လိုအပ်ပါသလား”
မဟူရာချပ်ဝတ်ဂိုဏ်း၏ အဝင်ပေါက်တွင် တပည့်တစ်ယောက်က ယဉ်ကျေးစွာ ကြိုဆိုလိုက်သည်။
သူတို့က လွန်ခဲ့သော နှစ်တစ်ရာကျော်ထက် ပိုမိုယဉ်ကျေးလာသည်။
ရွေးချယ်စရာမရှိပေ။ မဟူရာချပ်ဝတ်ဂိုဏ်း၏ အခြေအနေက ပိုမိုခက်ခဲလာသည်။
သူတို့က ချန်ယွဲ့ဂိုဏ်းနှင့် မီးကွန်ရက်ဂိုဏ်းတို့ ကျေနပ်အောင် ကြိုးစားဆောင်ရွက်နေရသည်။