အခန်း (၁၀၂၇)
Vol. 74 Ch. 1027
ဟန်မူယဲ့က သေတ္တာထဲသို့ ပြန်ရောက်သွားသော ရုပ်သေးရုပ်နှစ်ရုပ်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“ဒါပေမဲ့ ငါက ပြန်ရောင်းမှာမဟုတ်ဘူး”
ကျူးချန်က ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းတာပေါ့”
ထို့နောက် သူက သေတ္တာတစ်လုံးကို ထုတ်ယူသည်။
“ဒါက ရုပ်သေးရုပ်နှစ်ရုပ်နဲ့ ပတ်သတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေပါ။ နတ်စွမ်းအားသလင်းကျောက် လေးသန်း ပေးလိုက်ရင် အားလုံး ယူသွားလို့ရပါပြီ”
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က တုံ့ဆိုင်းမနေပဲ နတ်စွမ်းအားသလင်းကျောက် လေးသန်းကို ထုတ်ပေးလိုက်သည်။
အကယ်၍ နတ်စွမ်းအားသလင်းကျောက် သန်းလေးဆယ် ဖြစ်နေလျှင်ပင် သူ့တွင် ရှိသည်။
ရှန့်လင်းရွှမ်းနှင့် ဟန်ချီက ရုပ်သေးရုပ်သေတ္တာနှစ်လုံးကို ယူလိုက်သည်။ ရွှေမီးတောက်က အသုံးအဆောင်သေတ္တာကို ယူသည်။
“သခင်လေး၊ မြန်မြန်သွားကြရအောင်။ ချန်ယွဲ့ဂိုဏ်းကလည်း လျှို့ဝှက်နယ်မြေအကြောင်းကို သိနေတယ်”
လူအိုကြီးဖုန်းက ရှေ့တက်လာပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကျူးချန်နှင့် တာအိုတန်ခိုးရှင်ကြွယ်ခယ်ကို နှုတ်ဆက်၍ ထွက်သွားသည်။
“ငါတို့က နတ်စွမ်းအားသလင်းကျောက်နှစ်သန်း အပိုရခဲ့တယ်”
တာအိုတန်ခိုးရှင်ကြွယ်ခယ်က နတ်စွမ်းအားသလင်းကျောက်များကို ကြည့်လိုက်ပြီး ပြုံးသည်။
ကျူးချန်က အတိတ်ကိုသတိရနေသော မျက်နှာထားဖြင့် ခေါင်းခါသည်။
“ဒီအရောင်းအဝယ်က မှားလားမှန်လား ငါမသိဘူး။ ငါက ပွဲခမယူတော့ဘူး”
“သူက ဂိုဏ်းရဲ့ အစောင့်အကြပ်ရုပ်သေးရုပ်တွေကို ပြန်ပေးမယ်လို့ မျှော်လင့်ပါတယ်”
“ပြီးတော့ ဒီနေ့ကိစ္စကို လျှို့ဝှက်ထားရမယ်”
“ဒါက ငါတို့ မဟူရာချပ်ဝတ်ဂိုဏ်းအတွက် အရမ်းအရေးကြီးတယ်”
ထိုသို့ဖြင့် သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခန်းဆောင်ထဲမှ ထွက်သွားသည်။
တာအိုတန်ခိုးရှင်ကြွယ်ခယ်နှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ပြီး နတ်စွမ်းအားသလင်းကျောက်နှင့် ပြည့်နှက်နေသော သေတ္တာများကို ကြည့်သည်။
“အကြီးအကဲကျူးက နတ်စွမ်းအားသလင်းကျောက် လေးသန်းရဲ့ ပွဲစားခကို တကယ်ပဲ စိတ်မဝင်စားဘူးလား”
ခန်းဆောင်ထဲတွင်ရှိသော တပည့်တစ်ယောက်က ခပ်ဟဟရယ်လိုက်သည်။
“သူက တခြားအရောင်းအဝယ်ကို လုပ်နိုင်ခဲ့သေးတယ်လေ။ ပြီးတော့ ရုပ်သေးရုပ်တွေ ပြန်ရောက်လာရင် နတ်စွမ်းအားသလင်းကျောက်တစ်သန်းကို ရလိမ့်အုံးမယ်”
တာအိုတန်ခိုးရှင်ကြွယ်ခယ်က ရယ်လိုက်ပြီး သေတ္တာပေါ်တွင် လက်တင်သည်။
“မြန်မြန်လေး။ ပွဲစားခကို ခွဲယူကြရအောင်။ ကျန်တာကို ဂိုဏ်းဆီအပ်ရမယ်”
“နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် နှစ်ခု၊ နတ်စွမ်းအားသလင်းကျောက် လေးသန်း။ ငါက ဒီလိုအရောင်းအဝယ်မျိုးမှာ ပါဝင်ခဲ့တာလား။ ဟားဟား ....”
....
ဟန်မူယဲ့တို့က မဟူရာချပ်ဝတ်ဂိုဏ်းမှ ထွက်လာပြီး ပိုင်ထူတို့နှင့် ပြန်လည်ဆုံတွေ့၍ သင်္ဘောပျံကို မောင်းနှင်လိုက်ကြသည်။
ချန်ယွဲ့ဂိုဏ်းမှလူများ မဟူရာချပ်ဝတ်ဂိုဏ်းသို့ ရောက်လာသောအချိန်တွင် သူတို့ကို မတွေ့ရတော့ပေ။
မဟူရာချပ်ဝတ်ဂိုဏ်း၏ လူများက မေးခွန်းများကို ငြင်းဆိုခဲ့ကြသည်။
အရောင်းအဝယ်ကို လျှို့ဝှက်ချက်ထားရမည်။ ထို့အပြင် ချန်ယွဲ့ဂိုဏ်းကိုလည်း စိတ်အနှောင့်အယှက်ပေးနိုင်မည်။ ထို့ကြောင့် အမှန်အတိုင်း ထုတ်ပြောမည်မဟုတ်ပေ။
ချန်ယွဲ့ဂိုဏ်း၏ လူများက ပတ်ဝန်းကျင်တွင် မေးမြန်းခဲ့သော်လည်း ဟန်မူယဲ့တို့နှင့်ပတ်သတ်၍ မသိခဲ့ရပေ။
ထိုလူများက ဒေါသတကြီး ထွက်သွားသောအခါတွင် မဟူရာချပ်ဝတ်ဂိုဏ်း၏ အကြီးအကဲများက ပြုံးလိုက်ကြသည်။
ထိုအချိန်တွင် ဟန်မူယဲ့က ရုပ်သေးရုပ်နှစ်ရုပ်ကို ကြည့်နေသည်။
ရုပ်သေးရုပ်နှစ်ရုပ်အပြင် လက်နက်များပါဝင်နေသော သေတ္တာတစ်လုံးလည်း ရှိသည်။
ထူးခြားသော နှစ်ဖက်သွားဓားမော့၊ အားကောင်းသော လေးကိုင်းနှင့် လှံရှည်တို့ ရှိနေသည်။
သူ့လက်ထဲတွင် နှစ်ဖက်သွားဓားမော့က တောက်ပနေသည်။
ထိုလက်နက်များသည် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်များအတွက် ဖြစ်သည်။
ဓားမော့သည် နတ်ဘုရားလက်နက် မဟုတ်သော်လည်း နတ်ဘုရားလက်နက်များထက် ပိုမိုအားကောင်းသည်။
ကောင်းကင်ဖြတ်ဓားမော့ ဖြစ်သည်။
ထိုဓားမော့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဖြတ်တောက်နိုင်သည်။
ပေတစ်သောင်းရှည်လျားသော ဓားသွားအဖြစ် ပြောင်းလဲပြီး အရာအားလုံးကို ဖြတ်တောက်နိုင်သည်။
ဟန်မူယဲ့က ဓားမော့ကို မသန့်စင်ခဲ့ပေ။ သို့သော် မှတ်ဉာဏ်များကို လေ့လာကြည့်ခဲ့သည်။
ကမ္ဘာဦးခေတ်၏ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်များကို ဖန်တီးသောနည်းလမ်း ....
ကမ္ဘာဦးရုပ်သေးရုပ်နည်းစနစ် ....
သူက ကမ္ဘာဦးရုပ်သေးရုပ်များကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ တောက်ပသွားသည်။
သူက ထိုရုပ်သေးရုပ်များကို မြင်ဖူးသည်။
မြေအောက်မြစ်မှရရှိလာသော ဓားတိုလေးထဲတွင် ကပ်ဘေး၏မှတ်ဉာဏ် ပါဝင်နေသည်။
ရွှေရောင်ချပ်ဝတ်စစ်သူကြီးများက ကောင်းကင်နှင့်ယှဉ်ပြိုင်၍ တိုက်ခိုက်နေကြသည်။
ထိုစစ်သူကြီးများ ကမ္ဘာဦးရုပ်သေးရုပ်၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ဖြစ်သည်။
သူတို့က ကပ်ဘေးနှင့် တိုက်ခိုက်နိုင်သော တည်ရှိမှုများ ဖြစ်ကြသည်။
အကယ်၍ သူက ကမ္ဘာဦးရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားလျှင် ကပ်ဘေးတွင် ဝင်ပါနိုင်လောက်သည်။
‘မဟုတ်သေးဘူး။ တစ်ခုခုမှားနေတယ်’
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။
ကမ္ဘာဦးရုပ်သေးရုပ်များကို ဖန်တီးသောနည်းလမ်းသည် လက်ရှိကပ်ဘေးခေတ်နှင့် ကွဲပြားနေသည်။ ယခင်ကပ်ဘေးခေတ်၏ နည်းလမ်းလည်း မဟုတ်ပေ။
ပိုမိုရှေးကျသော ကပ်ဘေးခေတ်မှ ဖြစ်သည်။
ကောင်းကင်ပြောင်းလဲခြင်းစံအိမ်ကဲ့သို့ ဖန်တီးနိုင်သောနည်းလမ်း ပျောက်ဆုံးသွားသည်။
သို့မဟုတ် လုံလောက်သောရတနာများ မရှိခြင်း ဖြစ်နိုင်သည်။
သို့သော် ဤကပ်ဘေးခေတ်တွင် လူတစ်ယောက်က ကမ္ဘာဦးရုပ်သေးရုပ်များကို ထိန်းချုပ်နေသည်။
ထိုလူများက နတ်ဘုရားကမ္ဘာ၏ အုပ်ချုပ်သူများ ဖြစ်ကြသည်။
ကမ္ဘာဦးရုပ်သေးရုပ်များအကြောင်းကို တခြားလူများ သိခွင့်မရှိပေ။
ထိုသို့မဟုတ်လျှင် ကမ္ဘာဦးရုပ်သေးရုပ်များကို ထိန်းချုပ်ထားသောလူက အာရုံစိုက်လာလိမ့်မည်။
သူက အင်မော်တယ်သခင်အဆင့်သို့ ရောက်သွားလျှင်ပင် ထိုကျွမ်းကျင်သူများနှင့် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူက ရုပ်သေးရုပ်များ၏အကြောင်းကို နှလုံးသားထဲတွင် ထိန်းသိမ်းထားလိုက်သည်။ အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်နိုင်မှ တခြားလူများကို ပြောပြမည်။
တစ်ဖက်တွင် ကမ္ဘာဦးရုပ်သေးရုပ်များကို သန့်စင်ရန် ကြိုးစားနိုင်သည်။
ဟန်မူယဲ့က မှတ်ဉာဏ်များကို ကြည့်လိုက်ပြီး ရုပ်သေးရုပ်များအား ထိန်းချုပ်နိုင်သောနည်းလမ်းကို ပိုမိုနားလည်လာသည်။
သူ့ရှေ့တွင် ဟန်ချီနှင့် ရှန့်လင်းရွှမ်းက တင်ပျဉ်ခွေထိုင်နေကြသည်။
“မင်းတို့က ခွန်အားလိုချင်ရင် စွန့်စားရမယ်”
“သေချာစဉ်းစားပြီးပြီလား။ ရုပ်သေးရုပ်တွေကို သန့်စင်ပြီး နတ်ဘုရားသတ်ဖြတ်သူ ဖြစ်လာချင်လား”
နတ်ဘုရားသတ်ဖြတ်သူ ....
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး စွမ်းအားကို ဝေမျှမည်။
မိစ္ဆာသားရဲများနှင့် စာချုပ်ချုပ်နိုင်သော အင်းကွက်နှင့် ဆင်တူသည်။
သို့သော် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်များက အားကောင်းသောကြောင့် လုံလောက်သောကျင့်ကြံဆင့်ကို ပိုင်ဆိုင်မထားလျှင် ရုပ်သေးရုပ်၏သခင်ဖြစ်လာရန် ခက်ခဲလိမ့်မည်။
ရုပ်သေးရုပ်က သူတို့ကို ပြန်လည်ဝါးမြိုသွားနိုင်သည်။
“ကျွန်တော်ဆုံးဖြတ်ပြီးပြီ”
ရှန့်လင်းရွှမ်းက ခေါင်းညိတ်သည်။
သူက ဟန်မူယဲ့၏ နောက်လိုက်အဖြစ် အမြဲယူဆခဲ့သည်။ သူက ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းကို ကူညီစောင့်ကြပ်ပေးပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဟန်မူယဲ့နောက်သို့ ဆက်လိုက်ရန် စီစဉ်ထားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် သူ၏ ကျင့်ကြံဆင့်နှင့် ခွန်အားက ဟန်မူယဲ့နှင့် အမီမလိုက်နိုင်ကြောင်း နားလည်သွားသည်။
ထိုသို့ဖြင့် သူက ဟန်မူယဲ့၏နောက်သို့ လိုက်နိုင်ရန် အရည်အချင်းမရှိတော့ပေ။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က သူ့ကို နတ်ဘုရားကမ္ဘာသို့ ခေါ်လာခဲ့သည်။ သူက အခွင့်အရေးတိုင်းကို ရယူရန် ဆုံးဖြတ်ထားသည်။
“ကျွန်တော်လည်း အတူတူပဲ”
ဟန်ချီက ခေါင်းညိတ်သည်။
သူက မြေအောက်မြစ်မှ ထွက်လာပြီး အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာကို မြင်ခဲ့ရသည်။ သူက လူတိုင်းထက် ခွန်အားကို ပိုမိုလိုအပ်လာသည်။
လုံလောက်သောခွန်အားကို ပိုင်ဆိုင်မှသာ ရှေ့ဆက်သွားနိုင်လိမ့်မည်။
ဟန်မူယဲ့က စကားမပြောပဲ လက်မြှောက်သည်။ ရုပ်သေးရုပ်နှစ်ရုပ်က ချပ်ဝတ်များအဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်၏ရှေ့တွင် လွင့်မျောနေကြသည်။
“ဘုန်း”
ရုပ်သေးရုပ်များက သူတို့၏ ခန္ဓာကိုယ်ကို အပြည့်အဝ လွှမ်းခြုံလိုက်သည်။
သူတို့က နာကျင်နေပုံပေါ်သည်။
ထို့နောက် အနက်ရောင်မျက်နှာဖုံးက သူတို့၏မျက်နှာကို ဖြည်းဖြည်းချင်း လွှမ်းခြုံသွားသည်။ အဆုံးတွင် သူတို့က ရုပ်သေးရုပ်များနှင့် တူသွားကြသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြန်သည်။ ရွှေရောင်သေတ္တာနှစ်လုံး ပေါ်လာသည်။
“ဒီထဲမှာ ရုပ်သေးရုပ်တွေကို အသက်သွင်းဖို့ လုံလောက်တဲ့ နတ်စွမ်းအားသလင်းကျောက် ဆယ်သန်းစီပါတယ်”
“ပြီးတော့”
သူက လက်မြှောက်ပြီး ယိမ်းနွဲ့နေသော ရွှေမီးတောက်နှစ်ခုကို ထုတ်ယူသည်။
“ဒါက အံ့ဖွယ်ကောင်းကင်နတ်ဘုရားမီးတောက်ပဲ။ ငါက ဒီမီးတောက်ကို နတ်စွမ်းအားသလင်းကျောက်တွေနဲ့ ပေါင်းစပ်ပြီး ရုပ်သေးရုပ်တွေကို အသက်သွင်းပေးနိုင်မယ့် အမြုတေ ဖန်တီးမယ်”
“ဒီစွမ်းအားကို သေချာခံစားကြည့်လိုက်။ မင်းတို့က ဒီစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ရင် ရုပ်သေးရုပ်ကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်”
သူ့စကားအဆုံးတွင် မီးတောက်နှစ်ခုက ရုပ်သေးရုပ်များကို လွှမ်းခြုံသွားသည်။
ထို့နောက် ရွှေသေတ္တာနှစ်ခုက မီးထဲသို့ တိုးဝင်သွားပြီး လောင်ကျွမ်းနေသည်။
ရုပ်သေးရုပ်နှစ်ရုပ်က တုန်ခါသွားကြသည်။
ဟန်ချီနှင့် ရှန့်လင်းရွှမ်းက ညည်းညူလိုက်ကြသည်။
သူတို့က ခွန်အားအတွက် တန်ဖိုးပေးဆပ်ရမည်။
ရုပ်သေးရုပ်နှင့် နတ်စွမ်းအားသလင်းကျောက်များ ပေါင်းစပ်ရန်အတွက် သူတို့၏ ခန္ဓာကိုယ်ကို အခြေခံအုတ်မြစ်အဖြစ် လိုအပ်သည်။
နတ်ဘုရားဆင်သားရဲနှင့် နဂါးရုပ်တုသားရဲ၏ သွေးမျိုးဆက်ကြောင့်သာ မဟုတ်လျှင် ဟန်မူယဲ့က သူတို့နှစ်ယောက်ကို ရွေးချယ်မည်မဟုတ်ပေ။
သင်္ဘောပျံက ဆက်လက်ရွေ့လျားနေသည်။ ဟန်မူယဲ့က လက်မြှောက်ပြီး ဓာတ်စင်ငါးပါးမီးပြင်းဖိုထဲမှ နှစ်ခုကို ထုတ်ယူသည်။
သူက ဓာတ်စင်ငါးပါးမီးပြင်းဖိုကို မထိန်းချုပ်နိုင်သေးသော်လည်း ကွဲထွက်နေသည့် မီးပြင်းဖိုနှစ်ခုကို ထိန်းချုပ်နိုင်သည်။
ရုပ်သေးရုပ်နှစ်ရုပ်က မီးပြင်းဖိုထဲသို့ ကျသွားပြီး ဆက်တိုက်လည်ပတ်နေသည်။
ဟန်မူယဲ့က မူဝမ်ပြုလုပ်ထားသော သွေးမျိုးဆက်ဆေးလုံးများကို ထည့်သွင်းပြီး ဟန်ချီနှင့် ရှန့်လင်းရွှမ်းကို အားဖြည့်ပေးခဲ့သည်။
သွေးမျိုးဆက်စွမ်းအားကြောင့် ရုပ်သေးရုပ်နှင့်ပေါင်းစပ်နေသော သူတို့၏နာကျင်မှုသည် အနည်းငယ် လျော့ကျသွားခဲ့သည်။
မီးပြင်းဖိုနှစ်ခုက တုန်ခါနေပြီး ဟန်မူယဲ့က ပုံရိပ်များကို မြင်လိုက်ရသည်။
“ဘုန်း”
မီးပြင်းဖိုက ပွင့်သွားသောအခါတွင် ဆယ်ပေခန့်အရပ်မြင့်သော ရွှေရောင်ချပ်ဝတ် စစ်သူကြီးနှစ်ယောက်ကို ဟန်မူယဲ့က မြင်လိုက်ရသည်။
ဟန်ချီက အသွားနှစ်ဖက်ဓားမော့ကို ကိုင်ထားသည်။ ဓားမော့၏ အသွားတစ်ဖက်က အစိမ်းပုပ်ရောင်သန်းနေပြီး တခြားတစ်ဖက်က ရွှေရောင်သန်းနေသည်။
ရှန့်လင်းရွှမ်းက နောက်ကျောတွင် ဓားကွေးနှစ်ခုသယ်ထားပြီး လက်ထဲတွင် လေးကိုင်ထားသည်။
အသွားနှစ်ဖက်ဓားမော့နှင့် လေးကိုင်းသည် လိုက်ဖက်ညီသောလက်နက်များ ဖြစ်ကြသည်။
ကောင်းကင်တုန်ခါလေးကိုင်းသည် ကောင်းကင်ဖျက်ဆီးဒူးလေးထက် ပိုမိုအားကောင်းသည်။
“အစ်ကိုဟန်”
“အစ်ကိုကြီး”
သူတို့၏အသံက အက်ကွဲနေပြီး ရုပ်သေးရုပ်များ၏အသံနှင့် ဆင်တူသည်။
သူတို့က ဦးညွတ်လိုက်ပြီး ပေါက်ကွဲနိုင်သည့်စွမ်းအားကို သယ်ဆောင်ထားပုံပေါ်သည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ရာမြောက်ပစ္စည်းနှစ်ခုကဲ့သို့ သူတို့ကို ကြည့်သည်။
သူက ပန်းပဲပညာနှင့် အာခီမီတွင် ကျွမ်းကျင်ပြီး နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်များနှင့် ပေါင်းစပ်၍ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦးကို မွေးထုတ်ပေးခဲ့သည်။
သူတို့က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို မမှီခိုပဲ ကိုယ်ပိုင်စွမ်းအားဖြင့် အင်မော်တယ်သခင်များကို တိုက်ခိုက်နိုင်ကြသည်။
က်၏ပုံစံမျိုး မဟုတ်တော့ပေ။