← Chapters

အခန်း (၁၀၃၁)

Vol. 74 Ch. 1031

အခန်း (၁၀၃၁)

Vol. 74 Ch. 1031

ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် သတ်ဖြတ်ခြင်းဓားသည် စိတ်မရှည်ဖြစ်နေသည်။ သူက ထိုဓားကို ဖိနှိပ်ထားရသည်။

ထိုသို့မဟုတ်လျှင် သတ်ဖြတ်ခြင်းဓားက အပြင်သို့ ထွက်လာပြီး သတ်ဖြတ်ခြင်းအငွေ့အသက်ကို စုပ်ယူလိမ့်မည်။

ဟန်မူယဲ့က အနီရောင်အငွေ့အသက်ထဲတွင် ရောနှောနေသော စွမ်းအားတစ်ခုကို သတိထားမိလိုက်သည်။

သူက သေချာစစ်ဆေးကြည့်လိုက်သောအခါတွင် ထိုစွမ်းအားက ပျောက်ကွယ်သွားပုံရသည်။

‘အဲဒါက ဘာစွမ်းအားလဲ’

သူက စဉ်းစားကြည့်နေသည်။ သူ့စိတ်ထဲတွင် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ပါ့ရှားသွေးမျိုးဆက်က တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူမြင်နေရသောကမ္ဘာက အနည်းငယ် ပြောင်းလဲသွားသည်။

ရွှေရောင်မျဉ်းကြောင်းများသည် သူ့ရှေ့တွင် ပေါ်လာပုံရသည်။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ အမွေအနှစ် ဖြစ်သည်။

‘ဒီနေရာကိုလည်း ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်က စီစဉ်ခဲ့တာလား’

အင်မော်တယ်သခင်စန်ယွင်က သင်္ချိုင်းအင်မော်တယ်မြို့နှင့် ဝိညာဉ်ဖျက်ဆီးတောင်ကြားတွင်သာ အစီအစဉ်များထားခဲ့သည်ဟု ပြောသည်။

ဟန်မူယဲ့က ရွှေရောင်မျဉ်းကြောင်း၏ လမ်းညွှန်ချက်အတိုင်း လိုက်သွားခဲ့သည်။

သူက ပြန့်ကျဲနေသော ကျောက်ဆောင်များနှင့် ပြည့်နေသည့် တောင်စောင်းဆီသို့ ရောက်လာခဲ့သည်။

တောင်စောင်းပေါ်တွင် ပေဒါဇင်ချီကြီးမားသော အနီရောင်လိုဏ်ဂူများ ရှိနေကြသည်။

သူက လိုဏ်ဂူတစ်ခုထဲသို့ ဝင်သွားပြီး အကောင်အထည်ဖြစ်တည်လုနီးပါး သိပ်သည်းနေသော ဆိုးယုတ်သည့်စွမ်းအင်များကို မြင်လိုက်ရသည်။

ထိုလိုဏ်ဂူများသည် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။

မ‌ရေမတွက်နိုင်သော ကျင့်ကြံသူများသည် အထဲတွင် ရှိနေပြီး ဝင်္ကပါကို ထောက်ပံ့ပေးနေကြသည်။

ဟန်မူယဲ့က အတွင်းပိုင်းသို့ ဝင်သွားပြီး သွေးယဇ်ပလ္လင်တစ်ခုအား ဝိုင်းရံထားသော ထောင်ချီနေသည့် ကျင့်ကြံသူများကို မြင်လိုက်ရသည်။

သူတို့အားလုံးက အချိန်မရွေး သေဆုံးသွားနိုင်သည့်အတိုင်း အားနည်းနေကြသည်။

ယဇ်ပလ္လင်ထက်တွင် ရွှေရောင်သွေးစက်များ လွင့်မျောနေသည်။

ထိုသွေးစက်ကို မြင်လိုက်ရ‌သောအခါတွင် ဟန်မူယဲ့က အံ့အားသင့်သွားသည်။

သူက ဤနေရာသို့ လမ်းညွှန်ခံလိုက်ရသော အကြောင်းအရင်းကို နားလည်သွားသည်။

ထိုသွေးစက်သည် ပါ့ရှား၏သွေးစက် ဖြစ်သည်။

ကောင်းကင်တက်လှမ်းအင်မော်တယ်ဘုရင်၏ စီစဉ်မှုမဟုတ်ပဲ သူ့သွေးမျိုးဆက်၏ ညွှန်ပြမှု ဖြစ်သည်။

ဟန်မူယဲ့ရောက်လာသောအခါ ယဇ်ပလ္လင်ရှေ့တွင်ထိုင်နေသော ကျင့်ကြံသူများက လှည့်ကြည့်လိုက်ကြသည်။

“ကောင်လေး၊ မင်းက ဘယ်သူလဲ။ ဘယ်သူက မင်းကို ဒီခေါ်လာတာလဲ”

ငွေရောင်ဆံ၌င်နှင့် လူအိုကြီးတစ်ယောက်က အချိန်မရွေး ပျောက်ကွယ်သွားနိုင်သောအသံဖြင့် တီးတိုးမေးသည်။

သွေးစက်ကျချောက်ကမ်းပါးတွင် တာဝန်ကျနေသော ကျင့်ကြံသူအများစုက အပြစ်ပေးခံရခြင်း ဖြစ်သည်။

သူတို့က လိုဏ်ဂူများထဲတွင် နေထိုင်ပြီး ပြင်ပလောကနှင့် အဆက်အသွယ်မရှိပေ။

သူတို့က သင်္ချိုင်းအင်မော်တယ်မြို့နှင့် ယွင်လန်ဓားအင်မော်တယ်ကိုလည်း မသိကြပေ။

“ကျွန်တော်က ဓားဂိုဏ်းရဲ့တပည့် ဟန်မူယဲ့ပါ”

ဟန်မူယဲ့က တွေးကြည့်လိုက်ပြီး ဆက်ပြောသည်။

“ကျွန်တော်က မူရုံမိသားစုနဲ့ နည်းနည်း ပတ်သတ်တယ်”

သူ့စကားကို ကြားလိုက်ရသောအခါ ယဇ်ပလ္လင်၏ရှေ့တွင်ရှိနေသော အကြီးအကဲများက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်သည်။

“မူရုံမိသားစုလား”

“အခု သူတို့က ဘယ်လိုဖြစ်နေပြီလဲ”

“ကောင်လေး၊ မင်းက ဘယ်သူ့မျိုးဆက်လဲ”

ဟန်မူယဲ့က ထိုအကြီးအကဲများကို ကြည့်လိုက်သည်။ သူတို့က အားနည်းပြီး သေဆုံးလုနီးပါး ဖြစ်နေသည်။

သူတို့က ကောင်းကင်အင်မော်တယ် လေဟာနယ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိခဲ့သော်လည်း ယခုအချိန်တွင် ထိုခွန်အားကို မပိုင်ဆိုင်တော့ပေ။

“အကြီးအကဲတို့က သွေးစက်ကျချောက်ကမ်းပါးကို စောင့်ကြပ်နေတဲ့ မူရုံမိသားစုဝင်တွေလား”

ဟန်မူယဲ့ လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်သည်။

“မူရုံမိသားစုက တောရိုင်းမြေမှာရှိတဲ့ ယွင်လန်မြို့ကို ရွေ့ပြောင်းသွားပါပြီ။ သူတို့က တိုးတက်လာနေတယ်”

‘တောရိုင်းမြေလား’

‘ယွင်လန်မြို့လား’

လူအိုကြီးများက နားမလည်နိုင်ပဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“တောရိုင်းမြေလား”

“တာအိုအင်အားစုက ငါ့ရဲ့ မူရုံမိသားစုကို လွှတ်မပေးသေးဘူးလား”

လူအိုကြီးတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။

တောရိုင်းမြေသည် နေရာကောင်းတစ်ခု မဟုတ်ပေ။

“မူရုံဇောင် လက်လျော့လိုက်ပါတော့။ တာအိုဂိုဏ်းက အမြဲတမ်း ဒီလိုပဲလေ။ ငါတို့ ရွှယ်မိသားစုကလည်း သနားစရာကောင်းအောင် ကျဆင်းသွားရတယ်”

စုတ်ပြတ်နေသော အဝတ်များနှင့် လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

တခြားလူအိုကြီးများကလည်း ဝင်ပြောလိုက်ကြသည်။

တာအိုဂိုဏ်းသည် ဓားဂိုဏ်းနှင့် သွေးစစ်ပွဲဂိုဏ်းကဲ့သို့ မကြမ်းတမ်းသော်လည်း လှုပ်ရှားလိုက်လျှင် ဆက်တိုက်ဖိနှိပ်ပြီး လွတ်မြောက်ခွင့်မပေးတော့ပေ။

သူတို့၏ ရက်စက်မှုက တခြားဂိုဏ်းများထက် သာလွန်နေသည်။

အင်အားစုအများအပြားသည် တာအိုဂိုဏ်းကို ရန်စမိပြီး တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။

“မိတ်ဆွေလေး၊ မူရုံမိသားစုက ဘယ်လိုဖြစ်သွားတာလဲ ပြောပြလို့ရမလား”

ဆံပင်ချထားသော မျက်နှာဖြူဖျော့နေသည့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မူရုံမိသားစု၏ အခြေအနေကို ပြောပြနေသည်။

လူအိုကြီးများက မူရုံမိသားစု ဖိနှိပ်ခံရသောအကြောင်းကို ကြားလိုက်ရသောအခါတွင် ဒေါသကြောင့် မျက်နှာများ နီရဲလာကြသည်။

နောက်ပိုင်းတွင် မူရုံမိသားစုအား အပြတ်ရှင်းရန် လှုပ်ရှားခဲ့သောအခါတွင် သူတို့က လက်သီးဆုပ်ထားလိုက်ကြသည်။

သူတို့က ထိုအခြေအနေကို နားလည်နိုင်သည်။

သူတို့၏ မိသားစုများအားလုံးသည် တူညီသောဖြစ်ရပ်ကို ရင်ဆိုင်ခဲ့ရသည်။

အင်အားစုများ၏ ပူးပေါင်းဖျက်ဆီးခြင်းကို ခံရသော အဖြစ်အပျက်သည် သူတို့အားလုံးအတွက် အကြမ်းဖျင်း တူညီကြသည်။

“ယွင်လန်မြို့လား”

“ယွင်လန်ဓားအင်မော်တယ်လား”

“လူတစ်ယောက်နဲ့ဓားတစ်လက်က မူရုံမိသားစုကို ကာကွယ်ပြီး တာအိုဂိုဏ်းရဲ့နယ်မြေကနေ ထွက်သွားတယ်ပေါ့”

“အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဟန်မူယဲ့က မူရုံမိသားစုကို ဦးဆောင်ပြီး တောရိုင်းမြေ၏ ယွင်လန်မြို့သို့ ‌ခေါ်လာကြောင်း ပြောလိုက်သောအခါတွင် လူတိုင်းက ယုံကြည်ရန် ခက်ခဲနေကြသည်။

မူရုံမိသားစု၏ လူအိုကြီးများကလည်း နားမလည်နိုင်ကြပေ။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က ကြိုတင်ပြင်ဆင်လာခဲ့သည်။

သူက သွေးစက်ကျချောက်ကမ်းပါးသို့ မလာခင် ယွင်လန်မြို့တွင် မူရုံမိသားစုနှင့် ဆုံတွေ့ပြီး သွေးမျိုးဆက်နည်းစနစ်ဖြင့် အချက်အလက်များကို မှတ်သားလာခဲ့သည်။

ယခုအချိန်တွင် သူက ကျောက်စိမ်းပေလွှာများကို တစ်ခုပြီးတစ်ခု ထုတ်ပေးလိုက်သည်။

“မူရုံမိသားစုရဲ့ သွေးမျိုးဆက်နည်းစနစ်လား”

မူရုံကျိုးဟုခေါ်သော လူအိုကြီးက မတ်တပ်ရပ်လိုက်သည်။

တခြားလူများကလည်း စိတ်လှုပ်ရှားနေကြသည်။

သူတို့က ဟန်မူယဲ့၏ ကျောက်စိမ်းပေလွှာကို ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

အချိန်အတော်ကြာသွားသောအခါတွင် သူတို့က ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

“ယွင်လန်ဓားအင်မော်တယ်”

“ငါတို့ မူရုံမိသားစုကို ကာကွယ်ပေးခဲ့တယ်။ ငါတို့ အရိုအသေပေးတာကို လက်ခံပေးပါ”

သူတို့က အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်ကြသည်။

သူတို့က ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း မိသားစုသွေးမျိုးဆက်ကို မကာကွယ်နိုင်ခဲ့ပေ။

သူတို့၏ရှေ့တွင်ရှိသော လူက သူတို့၏ မိသားစုကို ကာကွယ်ပေးခဲ့သောကြောင့် အရိုအသေပေးရန် ထိုက်တန်သည်။

ထို့အပြင် မူရုံမိသားစုကို လမ်းတစ်လျှောက်တွင် ကာကွယ်ပြီး တောရိုင်းမြေအထိ ပို့ဆောင်ပေးခဲ့သော လုပ်ရပ်က သစ္စာတရားကို ပြသနေသည်။

တခြားလူအိုကြီးများကလည်း ကျောက်စိမ်းပေလွှာကိုယူပြီး ဖတ်ကြည့်လိုက်ကြသည်။

“မင်းက ယွင်လန်ဓားအင်မော်တယ်ပဲ”

“မူရုံမိသားစုကို တစ်ယောက်တည်း ကာကွယ်ပေးခဲ့တယ်။ လောကမှာ ဒီလိုဓားကျင့်ကြံသူမျိုး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

သူတို့က တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ကျွန်တော်က လူသားလောကမှာ အကြီးအကဲမူရုံကျန်းရဲ့ အကူအညီကို ရခဲ့တယ်။ အဲဒါကြောင့် မူရုံမိသားစုနဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောနိုင်တယ်”

အကြောင်းပြချက်မရှိပဲ မည်သူမှ ကူညီမည်မဟုတ်ပေ။

ဟန်မူယဲ့က မူရုံကျန်းနှင့် ကိုယ်ပိုင်တာအိုအတွက် မူရုံမိသားစုကို ကာကွယ်ပေးခဲ့သည်။

“မူရုံကျန်း ....”

မူရုံကျိုး၏ဘေးတွင် လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ဒါပေမဲ့ ငါတို့က ....”

သူက ဆက်မပြောတော့ပေ။

တခြားလူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။

မူရုံမိသားစုနှင့် ပတ်သတ်နေသောကြောင့် သူတို့က ဟန်မူယဲ့ကို လျင်မြန်စွာ လက်ခံလိုက်ကြသည်။

သူတို့၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က သွေးစက်ကျချောက်ကမ်းပါး၏ အခြေအနေကို ပိုမိုနားလည်လာသည်။

သွေးစက်ကျချောက်ကမ်းပါး၏ ဖိအားက သူထင်ထားသည်ထက် ပိုမိုပြင်းထန်သည်။

မူရုံကျိုးနှင့် တခြားလူများက ဝင်္ကပါကို ထောက်ပံ့ပေးနေပြီး အားကုန်လုနီးပါး ဖြစ်နေကြသည်။

အကယ်၍ ထောက်ပံ့ပေးရန်အတွက် ကျင့်ကြံသူအသစ်များ ရောက်မလာခဲ့လျှင် သူတို့က လဝက်ခန့်သာ တောင့်ခံနိုင်လိမ့်မည်။

“ငါတို့တွေ ဒီနေရာမှာ သေသွားအောင် တာအိုဂိုဏ်းက စီမံထားတာပဲ”

မူရုံကျိုးက မျှော်လင့်ချက်မဲ့နေသော မျက်နှာထားဖြင့် ပြောသည်။

သူတို့က တာအိုဂိုဏ်း၏ နည်းလမ်းများကို မခုခံနိုင်ကြပေ။

ကံကောင်းစွာဖြင့် ဝင်္ကပါကို ခုနစ်ရက်ခန့်သာ ထောက်ပံ့ပေးထားရန် လိုအပ်သည်။ ရွှေရောင်ဝင်္ကပါပြားက အသက်ဝင်လာပြီး ပိုမိုများပြားသော ကျင့်ကြံသူစစ်ကူများ ရောက်လာလျှင် သူတို့အားလုံး အနားယူနိုင်လိမ့်မည်။

“စစ်ကူတွေရောက်လာရင် သွေးစက်ကျချောက်ကမ်းပါးရဲ့ ကျင့်ကြံသူတွေကို အင်မော်တယ်ကမ္ဘာဆီ ပြန်သွားနိုင်အောင် ကျွန်တော်ပြောပေးလို့ရတယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

မူရုံမိသားစု၏ ကျွမ်းကျင်သူများက သွေးစက်ကျချောက်ကမ်းပါးသို့ ရောက်လာကြသော်လည်း ယခုအချိန်တွင် အနည်းငယ်သာ ကျန်တော့သည်။

ဟန်မူယဲ့၏စကားကြောင့် မူရုံမိသားစု၏ အကြီးအကဲများက စိတ်ရှုပ်သွားကြသည်။

သူတို့က ဖူယွီအင်မော်တယ်ကမ္ဘာသို့ ပြန်သွားနိုင်ရန် မသေချာပေ။

သုံးရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ သုံးရက်မြောက်နေ့၏ အဆုံးသတ်တွင် ဟန်မူယဲ့နှင့် တခြားလူများက ဝင်္ကပါပြားကို အသက်သွင်းနေသော အင်မော်တယ်သခင်များနှင့် လူလဲရန် ခန်းဆောင်ဆီသို့ ရောက်လာကြသည်။

သို့သော် ခန်းဆောင်ထဲသို့ ဝင်သွားမည့် ဟန်မူယဲ့ကို အနားယူနေရာမှ ပြန်ထွက်လာသော အင်မော်တယ်သခင်မြောင်ယွမ်က တားဆီးခဲ့သည်။

ဟန်မူယဲ့၏ ကျင့်ကြံဆင့်က မလုံလောက်သောကြောင့် ဝင်္ကပါပြားကို အသက်သွင်းရာတွင် တစ်ခုခုမှားယွင်းသွားလျှင် ပြဿနာဖြစ်လိမ့်မည်ဟု သူက ပြောခဲ့သည်။

အဆုံးတွင် အင်မော်တယ်သခင်မြောင်ယွမ်၊ အင်မော်တယ်သခင်ဝူချန်နှင့် အင်မော်တယ်သခင်ကျူးလျန်တို့က ခန်းဆောင်ထဲသို့ ဝင်သွားကြသည်။

အင်မော်တယ်သခင်ဝမ်လင်းတို့ ခန်းဆောင်ထဲမှ ထွက်လာသောအခါတွင် သူတို့၏ မျက်နှာများက ဖြူဖျော့နေကြသည်။ သူတို့က အတော်လေး ခံစားခဲ့ရပုံ့ပေါ်သည်။

အင်မော်တယ်သခင်ဝမ်လင်းနှင့် တခြားလူများက ဟန်မူယဲ့နှင့် ခဏတာစကားပြောပြီး ကျင့်ကြံရန် ထွက်သွားကြသည်။

ကံကောင်းစွာဖြင့် ဝင်္ကပါပြားကို အသက်သွင်းပြီး ဖူယွီအင်မော်တယ်ကမ္ဘာနှင့် ဆက်သွယ်နိုင်ခဲ့သည်။ တည်နေရာရွှေ့ပြောင်းခြင်းနည်းလမ်းကို တည်ဆောက်ပြီးလျှင် စစ်ကူများကို လှမ်းခေါ်နိုင်လိမ့်မည်။

သူတို့ ရောက်လာလျှင် ဟန်မူယဲ့၏ တာဝန်က ပြီးဆုံးသွားလိမ့်မည်။

နောက်ပိုင်းတွင် သွေးစက်ကျချောက်ကမ်းပါးကို ကာကွယ်ရန် သူနှင့်မဆိုင်တော့ပေ။

ခြောက်ရက်မြောက်နေ့တွင် ဟန်မူယဲ့က ကျင့်ကြံရာမှ နိုးထလာသည်။

“ယွင်လန်ဓားအင်မော်တယ်၊ တစ်ခုခုမှားနေတယ်လို့ ငါထင်တယ်”

မူရုံကျိုးက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ပြောလိုက်သည်။

All Chapters