← Chapters

အခန်း (၁၀၃၂)

Vol. 74 Ch. 1032

အခန်း (၁၀၃၂)

Vol. 74 Ch. 1032

‘တစ်ခုခုမှားနေတာလား’

ဟန်မူယဲ့က မူရုံကျိုးနှင့်အတူ လိုဏ်ဂူထဲသို့ လိုက်သွားသောအခါတွင် အံ့အားသင့်နေခဲ့သည်။

ယဇ်ပလ္လင်တွင်ရှိသော ရွှေရောင်သွေးစက်များက သိသိသာသာ မှိန်ဖျော့သွားသည်။

‘ဘာဖြစ်နေတာလဲ’

ဝင်္ကပါ၏စွမ်းအား အလွန်အမင်း လျော့နည်သွားသောကြောင့် သွေးစက်များ အရောင်မှိန်သွားခြင်း ဖြစ်သည်။

“ဒီလိုမျိုးဆက်ဖြစ်နေရင် ဝင်္ကပါက ဆယ်ရက်တောင်ခံမှာမဟုတ်ဘူး”

မူရုံကျိုး၏ဘေးတွင်ရှိသော လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။

‘ဆယ်ရက်လား’

‘အဲဒါက လုံလောက်ပါတယ်’

ဟန်မူယဲ့က ရွှေရောင်သွေးစက်များကို ကြည့်လိုက်ပြီး ရုတ်တရက် နားလည်သွားသည်။

သူက အပြင်ဘက်သို့ လှည့်ထွက်သွားပြီး ခန်းဆောင်ဆီသို့ ရောက်သွားသောအခါ အော်သံများကို ကြားလိုက်ရသည်။

“ဘန်း”

ကျယ်လောင်သောအသံနှင့်အတူ ခန်းဆောင်၏အထက်တွင်ရှိသော ရွှေရောင်အလင်းတန်က တဖျပ်ဖျပ်လှုပ်ခါသွားသည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ဝင်သွားသည်။ အင်မော်တယ်သခင်ဝမ်လင်းနှင့် တခြားလူများကလည်း လျင်မြန်စွာ ရောက်လာကြသည်။

“ဘာဖြစ်နေတာလဲ”

အင်မော်တယ်သခင်ဝမ်လင်း၏ မျက်နှာက အေးစက်နေပြီး ဖရိုဖရဲဖြစ်သွားသော အလင်းတန်းကို ကြည့်သည်။

တောက်ပနေသော ရွှေအလင်းသည် ယခုအချိန်တွင် အချိန်မရွေး ပျက်စီးလုနီးပါး ဖြစ်နေသည်။

တင်ပျဉ်ခွေထိုင်နေသော အင်မော်တယ်သခင်သုံးယောက်က ဖြူဖျော့ပြီး တုန်ခါနေကြသည်။

အင်မော်တယ်သခင်မြောင်ယွမ်၏ နှုတ်ခမ်းထောင့်တွင် ရွှေရောင်သွေးစက်များ စီးကျနေသည်။

“ဝင်္ကပါပြားရဲ့ တည်နေရာရွှေ့ပြောင်းခြင်းနည်းလမ်းက နှောင့်ယှက်ခံလိုက်ရတယ်။ ငါတို့က သတိလွတ်ပြီး ဝင်္ကပါပြားက ပျက်စီးသွားတယ်”

အင်မော်တယ်သခင်ဝူချန်က အံကြိတ်ထားပြီး ညင်သာစွာပြောသည်။

သူက အင်မော်တယ်သခင်မြောင်ယွမ်ကို ကြည့်လိုက်ပြီး အသက်ရှူသွင်းသည်။

“ညီအစ်ကိုမြောင်ယွမ်၊ အဆင်ပြေရဲ့လား”

အင်မော်တယ်သခင်မြောင်ယွမ်က ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ညင်သာစွာပြောသည်။

“အနည်းဆုံး နှစ်ပေါင်းသုံးသောင်းကျင့်ကြံခြင်း အလကားဖြစ်သွားပြီ”

နှစ်ပေါင်းသုံးသောင်းကျင့်ကြံခြင်းသည် ချက်ချင်းကုန်ဆုံးသွားခဲ့သည်။

သူတို့က အကြည့်ချင်းဖလှယ်ပြီး နောင်တရနေကြသည်။

“ဒီဝင်္ကပါကို သုံးလို့ရသေးလား”

အင်မော်တယ်သခင်ဝူချန်က တီးတိုးပြောသည်။

သူတို့က စစ်‌ဆေးကြည့်လိုက်ပြီး စိတ်သက်သာသွားသည်။

“သုံးနိုင်သေးတယ်။ ဒါပေမဲ့ နောက်ထပ်သုံးရက်လောက် အချိန်ယူရမယ်”

အင်မော်တယ်သခင်ကျူးလျန်က စကားပြောလိုက်ပြီး ဝင်္ကပါပြားကို ပြန်လည်အသက်သွင်းသည်။

‘သုံးရက်လား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

‘နောက်ထပ်သုံးရက်ကြာရင် သွေးစက်ကျချောက်ကမ်းပါးရဲ့ အကာအကွယ်ဝင်္ကပါက အကန့်အသတ်ကို ရောက်သွားနိုင်တယ်’

‘တကယ်လို့ နောက်ထပ်ပြဿနာတွေ ထပ်ဖြစ်လာရင်ရော’

လူတိုင်းက စိတ်လက်ပေါ့ပါးနေသောကြောင့် သူက စကားမပြောခဲ့ပေ။

အင်မော်တယ်သခင်ဝူချန်နှင့် တခြားနှစ်ယောက်က ဒဏ်ရာရသွားသည်။ အနားယူထားသော အင်မော်တယ်သခင်ဝမ်လင်းနှင့် တခြားနှစ်ယောက်က နေရာယူလိုက်ကြသည်။

ဒဏ်ရာရထားသော အင်မော်တယ်သခင်သုံးယောက်က အနားယူရန် ပြန်သွားကြသည်။ ဟန်မူယဲ့က တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

သူက လိုဏ်ဂူများကို လိုက်ကြည့်ပြီး တိတ်ဆိတ်စွာ ထွက်သွားသည်။

ထိုလိုဏ်ဂူများအားလုံးတွင် ရွှေရောင်သွေးစက်နှင့် ယဇ်ပလ္လင်များ ရှိနေကြသည်။

ထိုသွေးစက်များသည် နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားက ဝင်္ကပါကို စောင့်ကြပ်ပေးနေသော ကျင့်ကြံသူများကို အားဖြည့်ပေးပြီး ဝင်္ကပါကို ဆက်လက်လည်ပတ်စေသည်။

ယခုအချိန်တွင် ထိုသွေးစက်များက အားနည်းလာကြသည်။ သူတို့၏ စွမ်းအားက ဝင်္ကပါ၏ စွမ်းအင်ကုန်ဆုံးမှုနှင့် အမီမလိုက်နိုင်တော့ပေ။

သွေးစက်များ ခြောက်သွေ့သွားသောအခါ ဝင်္ကပါကို စောင့်ကြပ်နေသောလူများက သေဆုံးသွားပြီး ဝင်္ကပါကလည်း ပြိုကျသွားလိမ့်မည်။

ဟန်မူယဲ့တွင် ဆေးလုံး၊ နတ်စွမ်းအားသလင်းကျောက်၊ အင်မော်တယ်ကျောက်တုံးနှင့် သွေးမျိုးဆက်စွမ်းအားများ ရှိသည်။

သို့သော် သူက ထိုပစ္စည်းများကို ထုတ်မသုံးရဲပေ။

သူက သွေးစက်များနှင့်ပတ်သတ်ပြီး မှားယွင်းနေသောအကြောင်းကို မသိသေးပေ။

ထို့အပြင် ယနေ့ ဝင်္ကပါထိခိုက်မှုသည် တိုက်ဆိုင်မှုတစ်ခုသာ မဖြစ်နိုင်ပေ။

ဟန်မူယဲ့က ယုံကြည်နိုင်မည့်လူများကို မခွဲခြားနိုင်သေးပေ။

“မွေးစားအဖေ”

ဟန်မူယဲ့က စခန်းသို့ ပြန်လာသောအခါ အပြာရောင်ဝတ်စုံနှင့် ရွှေမီးတောက်က တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။

သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မွေးစားအဖေ၊ သွေးစက်ကျချောက်ကမ်းပါးက ကျွန်တော့်မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်ခုခုနဲ့ တူနေတယ်”

‘မှတ်ဉာဏ်လား’

ရွှေမီးတောက်သည် ဖီးနစ်ငှက်၏ အမွေအနှစ်ကို ဆက်ခံထားပြီး မသေဆုံးနိုင်ပေ။

သူက ပြန်လည်မွေးဖွားပြီး နောက်တစ်ကြိမ် ကျင့်ကြံရလိမ့်မည်။ ယခင်ဘဝ၏ မှတ်ဉာဏ်များကလည်း ပျောက်ကွယ်သွားလိမ့်မည်။ သို့သော် သူ၏ ကျင့်ကြံဆင့် မြင့်မားလာသောအခါတွင် မှတ်ဉာဏ်များကို ပြန်ကြည့်နိုင်သည်။

“ဘယ်လိုမျိုးလဲ”

ဟန်မူယဲ့က ရွှေမီးတောက်ကို ကြည့်လိုက်သည်။

ကျင်းဟော်က စဉ်းစားကြည့်နေပြီး တီးတိုးပြောသည်။

“ဒါက မူလကမ္ဘာရဲ့ အမွေအနှစ်ပစ္စည်းလိုမျိုးပဲ ....”

ထို့နောက် သူက ခေါင်းခါလိုက်သည်။

“ကျွန်တော်က အတိအကျတော့ မမှတ်မိဘူး။ အဲဒီပစ္စည်းက ကမ္ဘာဦးခေတ် နတ်ဘုရားသားရဲတွေအတွက် အကျိုးရှိတာကိုပဲ သိတယ်”

‘နတ်ဘုရားသားရဲတွေအတွက် အကျိုးရှိတာလား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်တွင် အခက်အခဲကို ဖြေရှင်းရမည်။

အခက်အခဲတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။

သူက တိုက်ဆိုင်မှုများကို မယုံကြည်ပေ။

“ငါနဲ့အတူ ယဇ်ပလ္လင်ဆီလိုက်ခဲ့ပါ”

သူက ရွှေမီးတောက်ကို မူရုံကျိုးနှင့် တခြားလူများရှိနေသော လိုဏ်ဂူထဲသို့ ခေါ်သွားခဲ့သည်။ ထို့နောက် ယဇ်ပလ္လင်ပေါ်သို့ တက်လိုက်သည်။

ဂူထဲတွင်ရှိသော လူများက ဟန်မူယဲ့နှင့် ရင်းနှီးနေသောကြောင့် မတားဆီးကြပေ။

“ယွင်လန်ဓားအင်မော်တယ်၊ ဂရုစိုက်ပါ။ နတ်ဘုရားသားရဲ သွေးမျိုးဆက်က မင်းရဲ့ခွန်အားကို နှိုးဆွပေးပြီး တန်ပြန်ထိခိုက်စေနိုင်တယ်”

မူရုံကျိုးက ပြောလိုက်သည်။

“ဝီ”

သွေးစက်သည် တုန်ခါနေပြီး နွေးထွေးမှုကို ထုတ်လွှတ်သည်။

သွေးစက်က အသက်ရှိနေပုံပေါ်သည်။

ဟန်မူယဲ့က ကိုယ်ပိုင်ဓားဆန္ဒကို အသက်သွင်းရန်မလိုပဲ မှတ်ဉာဏ်များကို မြင်လိုက်ရသည်။

အမွေအနှစ်မှတ်ဉာဏ် ဖြစ်သည်။

နတ်ဘုရားသားရဲပါ့ရှား၏ အမွေအနှစ် ဖြစ်သည်။

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

ထိုသွေးစက်သည် ပိုမိုသန့်စင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ရှေးခေတ်နတ်ဘုရားသားရဲဖြစ်သော ပါ့ရှားသည် ကမ္ဘာဦးခေတ်မှ နဂါးမိကျောင်း၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။

နဂါးမိကျောင်းသည် တိုက်ပွဲတွင် ကြမ်းတမ်းပြီး ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးများကိုပင် တိုက်ခိုက်ခဲ့သည်။

မူလကမ္ဘာတွင် နဂါးမိကျောင်းနှင့်ယှဉ်နိုင်သော နတ်ဘုရားသားရဲများ အနည်းငယ်သာရှိသည်ဟု ပြောကြသည်။

မူလကမ္ဘာ ပျက်စီးသွားသောအခါတွင် နဂါးမိကျောင်းကို မည်သူမှ မထိန်းချုပ်နိုင်ခဲ့ကြပေ။

ဟန်မူယဲ့က ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးမျိုးဆက်၏ လှုပ်ရှားမှုကို ခံစားနိုင်သည်။

အမွေအနှစ်အသစ်ကို လက်ခံပြီး ဖြည်းဖြည်းချင်း အသွင်ပြောင်းလာခြင်း ဖြစ်သည်။

ရွှေရောင်ကြေးခွံတစ်ခုသည် ဟန်မူယဲ့၏ လက်ဖမိုးတွင် ပေါ်လာသည်။

သူက အသက်ရှူသွင်းလိုက်ပြီး ဓားဆန္ဒနှင့် ဝိညာဉ်စွမ်းအားကို သွေးစက်ထဲသို့ ထည့်သွင်းသည်။

သူက လိုအပ်သောမှတ်ဉာဏ်ကို ရရှိရန် မသေချာပေ။

“ဘုန်း”

ဓားဆန္ဒနှင့် ဝိညာဉ်စွမ်းအား ဝင်ရောက်သွားသောအချိန်တွင် သူက မရေမတွက်နိုင်သော မှတ်ဉာဏ်မြင်ကွင်းများကို မြင်လိုက်ရသည်။

မူလကမ္ဘာ ....

ဟန်မူယဲ့က မူလကမ္ဘာကို နောက်တစ်ကြိမ် ပြန်မြင်လိုက်ရသည်။

မရေမတွက်နိုင်သော ဧရာမသားရဲများသည် လောကကို ဖျက်ဆီးနိုင်သော ခွန်အားဖြင့် တိုက်ခိုက်နေကြသည်။

ထိုသားရဲများ၏ တိုက်ပွဲအလွန်တွင် ဟန်မူယဲ့က ရွှေရောင်ချပ်ဝတ်နှင့် ပုံရိပ်များကို မြင်ရသည်။

ကမ္ဘာဦးရုပ်သေးရုပ်များ ဖြစ်ကြသည်။

ထိုရုပ်သေးရုပ်များက ဧရာမသားရဲများနှင့် ယှဉ်နိုင်ကြသည်။

သူတို့က ဧရာမသားရဲများ၏ တိုက်ပွဲတွင် ဝင်ပါပြီး ကမ္ဘာဦးစွမ်းအားကို ဖရိုဖရဲ ဖြစ်နေစေသည်။

ထိုတိုက်ပွဲသည် ကပ်ဘေးကို ကျော်လွန်နေသည်။

ထိုတိုက်ပွဲသည် ကပ်ဘေးထက် ကြောက်မက်ဖွယ်ကောင်းပြီး ကပ်‌ဘေး၏အစ ဖြစ်နိုင်သည်။

နတ်ဘုရားသားရဲများသည် ထိန်းချုပ်ခံလိုက်ရသည်။ တချို့က စီးတော်သားရဲများအဖြစ် ပြောင်းလဲသွားပြီး တချို့က သတ်ဖြတ်ခံလိုက်ရသည်။ တချို့ကတော့ ဖိနှိပ်ခံရသည်။

ပါ့ရှား၏ကျောပေါ်တွင် နတ်ဘုရားကျောက်တိုင်ကို မြင်ရသည်။

သူက ဝမ်းနည်းစွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

မြေပြင်မှ ပေတစ်သန်းကြီးမားသော သားရဲတစ်ကောင် ပြေးထွက်လာသည်။

ထိုသားရဲက ခြေလေးဖက်၊ ရွှေရောင်ကြေးခွံ၊ အမြီးရှည်တစ်ချောင်းနှင့် ဦးချိုနှစ်ချောင်းကို ပိုင်ဆိုင်ထားသည်။

နဂါးမိကျောင်း ဖြစ်သည်။

နဂါးမိကောင်းက မြေပြင်ကို ခြေထောက်ဖြင့်ဖိနှိပ်ပြီး ကောင်းကင်ကို ဦးခေါင်းဖြင့် ထမ်းပိုးထားသည်။

နဂါးမိကျောင်းက ရုပ်သေးရုပ်များကို တစ်ချက်တည်း ဖျက်ဆီးပစ်လိုက်ပြီး လူသားကျင့်ကြံသူများကိုလည်း လွင့်ထွက်သွားစေသည်။

နဂါးမိကျောင်းကို မည်သူမှ မတားဆီးနိုင်ကြပေ။

ထိုအရာသည် ရုပ်ခန္ဓာခွန်အား၏ အထွတ်အထိပ် ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး မရေမတွက်နိုင်သော အင်မော်တယ်များ သေဆုံးသွားကြသည်။

ရုပ်သေးရုပ်များ ပျက်စီးနေကြသည်။

လေဟာနယ်ထဲတွင် စံအိမ်များ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

ကောင်းကင်ပြောင်းလဲခြင်းစံအိမ် ဖြစ်သည်။

ဟန်မူယဲ့က ကောင်းကင်ပြောင်းလဲခြင်းစံအိမ်၏ လူသားကျင့်ကြံသူများကို မြင်လိုက်ရသည်။

စည်းမျဉ်းစွမ်းအားသည် သွယ်ယှက်နေပြီး တာအိုအချုပ်အနှောင်အဖြစ် ပြောင်းလဲသွားသည်။

နဂါးမိကျောင်းက ဟိန်းဟောက်လိုက်သော်လည်း ချိန်းကြိုးများကြောင့် ဖိနှိပ်ခံလိုက်ရသည်။

များပြားသော အင်မော်တယ်ဘုရင်များ ပူးပေါင်း၍ ဖန်တီးလိုက်သော စည်းမျဉ်းစွမ်းအား ဖြစ်သည်။

ထိုစွမ်းအားသည် မူလကမ္ဘာ၏ အကန့်အသတ်ကိုပင် ကျော်လွန်နေသည်။

ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားသည်။ မူလကမ္ဘာက ပျက်စီးသွားသည်။

အဆုံးတွင် ချုပ်နှောင်ခံထားရသော နဂါးမိကျောင်းသားရဲက သွေးတောင်တန်းအဖြစ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ကပ်ဘေးများ ကုန်လွန်သွားသည်။ တောင်တန်းများက ပုံမှန်အတိုင်း ဆက်ရှိနေသည်။

ထိုစွမ်းအားသည် ကပ်ဘေးထက် ကျော်လွန်နေသောကြောင့် ပျက်စီးမသွားနိုင်ပေ။

ဟန်မူယဲ့က သွေးတောင်တန်းများကို မြင်လိုက်ရသည်။

ဤကပ်ဘေးခေတ်တွင် တောင်တန်းတစ်ခုက ပျက်စီးနေသော မူလကမ္ဘာ၏ အတွင်းပိုင်းသို့ တိတ်ဆိတ်စွာ ဝင်ရောက်သွားသည်။

နောက်တစ်ခုက နတ်ဘုရားကမ္ဘာတွင် ရှိနေသည်။

နောက်ထပ်တစ်ခုက သွေးစက်ကျချောက်ကမ်းပါးတွင် ရှိနေသည်။

ယဇ်ပလ္လင်တွင်ရှိသော သွေးစက်များက ဝင်္ကပါကို ထောက်ပံ့ပေးရန်အတွက် မဟုတ်ပဲ နဂါးမိကျောင်းကို ဖိနှိပ်ရန် ဖြစ်သည်။

သူတို့က အမျိုးမျိုးသော နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်စွမ်းအားကို အသုံးပြုပြီး နဂါးမိကျောင်းသားရဲကို ဖိနှိပ်ထားသည်။

နဂါးမိကျောင်းက နောက်ပိုင်းတွင် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြီး ဒဏ္ဍာရီများပင် မကြားရတော့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ထိုသားရဲက မူလကမ္ဘာခေတ်တွင် ဖိနှိပ်ခံလိုက်ရသည်။

တစ်ယော

All Chapters