← Chapters

အခန်း (၁၀၃၃)

Vol. 74 Ch. 1033

အခန်း (၁၀၃၃)

Vol. 74 Ch. 1033

မူလကမ္ဘာ၏အမွေအနှစ်တွင် သွေးတောင်ထွတ် တစ်ခုသာရှိသည်။

ထိုတောင်ထွတ်ကို နှစ်သိမ့်ပေးရန်အတွက် အမျိုးမျိုးသော ကမ္ဘာဦးမျိုးနွယ်များ၏ သွေးကို လိုအပ်သည်။

ထိုသို့မဟုတ်လျှင် သွေးတောင်ထွတ်သည် သားရဲများအားလုံးကို ရူးသွပ်သွားစေနိုင်သော စွမ်းအားတစ်ခုကို ထုတ်ပေးလိမ့်မည်။

ထို့ကြောင့် ရွှေမီးတောက်၏ မှတ်ဉာဏ်ထဲတွင် သွေးတောင်ထွတ် ရှိနေသည်။

ဟန်မူယဲ့က ထိုမြင်ကွင်းများကို ကြည့်လိုက်ပြီး ဝမ်းနည်းရမည်လား၊ စိတ်သက်သာရမည်လား မသိတော့ပေ။

မူလကမ္ဘာ၏ သွေးတောင်ထွတ်တွင် မရေမတွက်နိုင်သော သားရဲများ၏ သွေးမျိုးဆက်ကို သိမ်းဆည်းထားသည်။ ထို့ကြောင့် မျိုးသုဉ်းလုနီးပါးဖြစ်နေသော မျိုးနွယ်များက ထိုနေရာတွင် သူတို့၏အမွေအနှစ်ကို ပြန်လည်ရှာဖွေနိုင်သည်။

ထိုနေရာသည် မူလကမ္ဘာ၏ မြင့်မြတ်နယ်မြေ ဖြစ်သည်။

နတ်ဘုရားကလန်တွင်ရှိနေသော တောင်ထွတ်သည် နတ်ဘုရားသားရဲများ၏သွေးကို လိုအပ်သည်။ ထို့ကြောင့် ကပ်ဘေးခေတ်တိုင်းတွင် နတ်ဘုရားသားရဲများကို အမဲလိုက်နေသော ကျွမ်းကျင်သူများ ရှိလာလိမ့်မည်။

ထိုအရာသည် နတ်ဘုရားသားရဲများ၏ ကပ်ဘေး ဖြစ်သည်။

သွေးစက်ကျချောက်ကမ်းပါးတွင် မရေမတွက်နိုင်‌သော ကျင့်ကြံသူများက သွေးစက်များထဲတွင်ပါသော စွမ်းအားကို နှိုးဆွပေးရန် လိုအပ်သည်။

ဤနေရာတွင်ရှိနေသော ဝင်္ကပါ၏ သက်တမ်းနှင့် အရင်းအမြစ်ကို မသိနိုင်ပေ။ မရေမတွက်နိုင်သော လူများက ဤနေရာတွင် သွေးနှင့်စွမ်းအင်ကို ကုန်ဆုံးသွားအောင် နေထိုင်ခဲ့ရသည်။

နဂါးမိကျောင်းသည် မူလကမ္ဘာကို ကာကွယ်ပေးထားသည်။ သို့သော် ပြန်လည်ထိခိုက်စေသည်။

ဟန်မူယဲ့၏ရှေ့တွင်ရှိသော သွေးစက်သည် တုန်ခါနေပြီး မြင်ကွင်းများ ပြောင်းလဲသွားသည်။ သူက အဖြူရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

“ယွင်လန်ဓားအင်မော်တယ်လား”

လူအိုကြီးက တီးတိုးပြောသည်။ ထို့နောက် ပြုံးလိုက်သည်။

“ငါ့ကို လာတွေ့ပါ”

ထို့နောက် သူက ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်သည်။

အင်မော်တယ်သခင်စန်းယွမ်သည် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါကို တာဝန်ယူထားသော အင်မော်တယ်သခင်တစ်ယောက် ဖြစ်သည်။

တခြားလူများက သစ္စာဖောက်နိုင်သော်လည်း ဝင်္ကပါကို ထိန်းချုပ်ထားသော အင်မော်တယ်သခင်များက သစ္စာဖောက်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဝင်္ကပါပျက်စီးသွားမည့်အချိန်တွင် သူတို့ သေဆုံးရလိမ့်မည်။

ဟန်မူယဲ့က လိုဏ်ဂူထဲမှထွက်လာပြီး သွေးစက်ကျချောက်ကမ်းပါး၏ အနောက်ဘက်တွင်ရှိသော တောင်ထွတ်ပေါ်သို့ တက်သွားသည်။

တောင်ထွတ်၏အပေါ် သွေးရောင်ကောင်းကင်၏‌အောက်တွင် ရွှေအလင်းတန်းတစ်ခု ရှိနေသည်။

ထိုအလင်းတန်းက တဖျပ်ဖျပ်လက်နေပြီး သွေးစွမ်းအားပေါင်းစပ်မှုကို ခံစားကြည့်နိုင်သည်။

အလင်းတန်း၏ပတ်ဝန်းကျင်တွင် သွယ်ယှက်နေ‌သော သတ်ဖြတ်လိုစိတ်များကိုလည်း မြင်ရသည်။

“ဝီ”

ရွှေအလင်းသည် တောက်ပနေပြီး အလင်းတန်းများက စတင်သွယ်ယှက်လာသည်။

လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ဟန်မူယဲ့က လမ်းကြောင်းထဲသို့ ဝင်သွားပြီး တင်ပျဉ်ခွေထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်နှစ်ယောက်ကိုမ ြင်လိုက်ရသည်။

တစ်ယောက်က သူနှင့် စကားပြောခဲ့သော တာအိုတန်ခိုးရှင်စန်းယွမ် ဖြစ်သည်။ တခြားတစ်ယောက်က ခါးသီးအင်မော်တယ်နယ်မြေ၏ မိစ္ဆာဘုရင် ဖြစ်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က မိစ္ဆာဘုရင်၏ သွေးမျိုးဆက်စွမ်းအားကို မြင်လိုက်ရသည်။

ချုံးချီ ဖြစ်သည်။

ဟန်မူယဲ့က ထိုသားရဲ၏ သွေးမျိုးဆက်ကို မြင်ဖူးခဲ့သည်။

သို့သော် သူ့ရှေ့တွင်ရှိနေသော ချုံးချီ၏သွေးမျိုးဆက်က သန့်စင်ပြီး ခန္ဓာကိုယ်မှ ကြမ်းတမ်းသောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ လူတစ်ယောက်ကို အချိန်မရွေး ဝါးမြိုသွားနိုင်ပုံပေါ်သည်။

ဟန်မူယဲ့က ပေသုံးဆယ်ပတ်ဝန်းကျင်သို့ ရောက်လာသောအခါ တာအိုတန်ခိုးရှင်နှစ်ယောက်က ပြိုင်တူ မျက်လုံးဖွင့်လိုက်ကြသည်။

အင်မော်တယ်သခင်စန်းယွင်က ပြုံးနေသည်။

ချုံးချီ၏ မျက်လုံးများက ကြမ်းတမ်းနေပြီး ဝိညာဉ်အား ဖျက်ဆီးနိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်ထားသည်။

သို့သော် ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားသည် အင်မော်တယ်သခင်များနှင့် ယှဉ်နိုင်သည်။

သူက မူလဝိညာဉ်ဓားသုံးလက်ကိုလည်း ပြန်လည်စုစည်းခဲ့သောကြောင့် သူ၏ ဝိညာဉ်က အင်မော်တယ်သခင်အဆင့်ထက် ကျော်လွန်နေသည်။

စိတ်နယ်ပယ်ထဲတွင်ရှိသော ဓားရှည်က တုန်ခါနေပြီး ဖိအားကို ချက်ချင်းချေဖျက်လိုက်သည်။

“မင်းက စွမ်းရည်ရှိတာပဲ”

ချုံးချီက ပြုံးလိုက်ပြီး ဖိအားကို ရုတ်သိမ်းသည်။

အင်မော်တယ်သခင်စန်းယွမ်က ခေါင်းခါလိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။

“တာအိုရောင်းရင်းချုံးချီက ပွင့်လင်းနေတုန်းပဲ။ ဒီလိုအချိန်မျိုးမှာတောင် စနောက်နိုင်သေးတာလား”

သူက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ယွင်လန်ဓားအင်မော်တယ်၊ မင်းက ဝင်္ကပါရဲ့အန္တရာယ်ကို သိပြီးပြီမဟုတ်လား”

“ငါတို့က ဒီဝင်္ကပါနဲ့ ဆက်သွယ်နေတယ်။ ဝင်္ကပါပျက်စီးသွားရင် ငါတို့အားလုံး သေရလိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက ထိုဖြစ်ရပ်ကို အာရုံခံမိသည်။

အင်မော်တယ်သခင်စန်းယွင်က ဟန်မူယဲ့၏ ဦးခေါင်းထက်သို့ ကြည့်သည်။

ထိုနေရာတွင် အလွန်အားကောင်းသော ကံစွမ်းအား ရှိနေသည်။

“မင်းကပဲ လူတိုင်းကို ကယ်တင်နိုင်လိမ့်မယ် ....”

ဟန်မူယဲ့က အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီကို ကြည့်သည်။

သူတို့၏ခေါင်းပေါ်တွင်ရှိသော ကံစွမ်းအားက အလွန်မှိန်ဖျော့နေသည်။

ထိုစွမ်းအားသည် ဝင်္ကပါကို အနည်းငယ်သာ ထောက်ပံ့ပေးနိုင်လိမ့်မည်။

သူက တခြားနေရာများသို့ ကြည့်လိုက်သည်။ ထိုနေရာတွင်လည်း ကံစွမ်းအား မှိန်ဖျော့နေသည်။

သူက ဝင်္ကပါ၏ စွမ်းအားကုန်ဆုံးမှုကြောင့်ဟု ထင်ပြီး ထိုအရာများကို သိပ်ဂရုမစိုက်ခဲ့ပေ။ သို့သော် တစ်ခုခု ဖြစ်နေပုံရသည်။

ကောင်းကင်၏ သတိပေးချက် ဖြစ်သည်။

ဟန်မူယဲ့က ထိုသို့ တွေးမိလိုက်ပြီး ရင်တုန်သွားသည်။

ကျန်းကွမ်ယွမ်နှင့် တခြားလူများက ထိုအကြောင်းကို သိထားသောကြောင့် သူ့ကို စေလွှတ်လိုက်ခြင်း ဖြစ်လိမ့်မည်။

သူ၏ ကံစွမ်းအားကသာ အရာအားလုံးကို ပြောင်းလဲနိုင်လိမ့်မည်။

“ကျွန်တော်က ဘာလုပ်ပေးရမလဲမသိဘူး”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သူက အကြံအစည်များကို မကြောက်ပေ။ သို့သော် ထိန်းချုပ်မခံချင်ပေ။

အကယ်၍ အလွန်အကျူးဆောင်ရွက်ရန် တောင်းဆိုလာလျှင် ငြင်းပယ်လိမ့်မည်။

သွေးစက်ကျချောက်ကမ်းပါး ပျက်စီးသွားလျှင်ပင် သူက ဟန်ချီနှင့် တခြားလူများကို ကယ်ထုတ်သွားရန် ယုံကြည်ချက်ရှိသည်။

“သွေးစက်ကျချောက်ကမ်းပါးရဲ့ အောက်ခြေမှာ ဖိနှိပ်ထားတဲ့ ပြိုင်ဘက်ကင်းမိစ္ဆာတစ်ကောင် ရှိနေတယ်။ တကယ်လို့ မင်းက အဲဒီမိစ္ဆာကို ထိန်းချုပ်နိုင်ရင် ဝင်္ကပါရဲ့စွမ်းအားက လွတ်မြောက်သွားလိမ့်မယ်”

ချုံးချီ၏မျက်လုံးက ထူးဆန်းစွာ တောက်ပနေပြီး ပြောလိုက်သည်။

“ဟုတ်တယ်။ အမှန်အတိုင်းပြောရရင် ဝင်္ကပါရဲ့စွမ်းအား ၉၉%ကို အဲဒီမိစ္ဆာအတွက် အသုံးချနေရတယ်”

အင်မော်တယ်သခင်စန်းယွမ်က ပြောသည်။

“ငါတို့က ကြိုးစားကြည့်ပြီးပြီ။ ဒါပေမဲ့ အဲဒီမိစ္ဆာနဲ့ နီးကပ်အောင် မသွားနိုင်ခဲ့ဘူး”

“ငါတို့က အခု မင်းအပေါ်မှာ မျှော်လင့်ချက်ထားရုံပဲ တတ်နိုင်တယ်”

ရိုးရှင်းသည်။ ဟန်မူယဲ့က ဖိနှိပ်ထားသော မိစ္ဆာကို ရှင်းပစ်ရမည်။

အင်မော်တယ်သခင်နှစ်ယောက်လုံးက ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းကို ယုံကြည်နေကြသည်။

“အကြီးအကဲတို့ ဒီကိစ္စက အရေးကြီးပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စဉ်းစားဖို့ အချိန်ပေးပါ”

ဟန်မူယဲ့က တိုက်ရိုက် အဖြေမပေးခဲ့ပေ။

သူက အပြင်ဘက်သို့ ပြန်ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

သွေးစက်ကျချောက်ကမ်းပါး၏ ပတ်ဝန်းကျင်သည် သေဆုံးခြင်း၊ သွေးအငွေ့အသက်ဖြင့် ပြည့်နှက်နေသည်။

သွေးအငွေ့အသက်သည် ကျဆုံးသွားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူနှင့် နတ်ဘုရားကလန်သားများကြောင့် ဖြစ်ပေါ်လာသည်။

“သွေးစက်ကျချောက်ကမ်းပါးက ပျက်စီးတော့မှာထင်တယ် ....”

သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီး နေအိမ်သို့ ပြန်သွားသည်။

အကယ်၍ သူက သွေးစက်ကျချောက်ကမ်းပါး၏ လျှို့ဝှက်ချက်များကို မမြင်ခဲ့လျှင် အင်မော်တယ်သခင်နှစ်ယောက်၏ စကားများကို ယုံမိလိမ့်မည်။

သူက ဝင်္ကပါကို လွယ်ကူစွာ ထိန်းသိမ်းပေးနိုင်သော နတ်စွမ်းအားသလင်းကျောက်နှင့် အင်မော်တယ်ကျောက်တုံးများကို ပိုင်ဆိုင်ထားသည်။

သို့သော် အင်မော်တယ်သခင်နှစ်ယောက်က အမှန်အတိုင်း မပြောခဲ့သည့်အတွက် သူက ထိုရတနာများကို မပေးနိုင်ပေ။

သူတို့က သူ့ကို အသုံးပြုနေခြင်း ဖြစ်သည်။

အင်မော်တယ်သခင်နှစ်ယောက်က သေဆုံးသွားရန် ထိုင်စောင့်နေမည်မဟုတ်ပေ။ သူတို့တွင် တခြားအစီအစဉ်များ ရှိလိမ့်မည်။

သူတို့က သူ့ကိုပင် စတေးနိုင်သည်။

သူက ဟန်ချီနှင့် တခြားလူများကို စုစည်းပြီး လက်နက်နှင့် ရတနာများကို ထုတ်ပေးလိုက်သည်။

ထိုပစ္စည်းများက သွေးစက်ကျချောက်ကမ်းပါးကို ကူညီပေးနိုင်မည်မဟုတ်ပေ။ သို့သော် သူတို့က အဓိကကျသော နေရာတချို့ကို ကာကွယ်ထားနိုင်လိမ့်မည်။

ဥပမာအနေဖြင့် အဓိကခန်းဆောင်နှင့် အင်မော်တယ်သခင်နှစ်ပါးရှိသော တောင်ထွတ် ဖြစ်သည်။

ထို့နောက် သူက ရွှေမီးတောက်ကို အင်မော်တယ်ကျောက်တုံးသန်းတစ်ရာ ပေးလိုက်ပြီး လိုဏ်ဂူများထဲတွင်ရှိသော ကျင့်ကြံသူများကို ဝေမျှပေးရန် ပြောသည်။

သူက အများအပြား မပေးအပ်လိုခြင်း မဟုတ်ပေ။

လိုဏ်ဂူများကို စောင့်ကြပ်နေ‌သော ကျင့်ကြံသူများထဲတွင် သစ္စာဖောက်များ ရှိနေနိုင်သည်။

အကယ်၍ သူက အများအပြား ထုတ်ပေးလိုက်လျှင် ဝင်္ကပါကို ဖျက်ဆီးရန် ကြံစည်နေသောလူများက သတိထားနေလိမ့်မည်။

အင်မော်တယ်ကျောက်တုံး သန်းတစ်ရာသည် ဝင်္ကပါကို သုံးရက်၊ လေးရက်ခန့် ထောက်ပံ့ပေးထားနိုင်သည်။

ထို့ကြောင့် ကျင့်ကြံသူအများစုက အားထုတ်၍ ဝင်္ကပါကို ထောက်ပံ့ပေးလိမ့်မည်။

ဟန်ချီနှင့် ရှန်းလင်းရွှမ်းက အဓိကခန်းဆောင်နှင့် တောင်ထွတ်ကို စောင့်ကြပ်ထားလျှင် သွေးစက်ကျချောက်ကမ်းပါး၏ ဝင်္ကပါက အချိန်အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေလိမ့်မည်။

အားလုံး အစီအစဉ်တကျ ဖြစ်သွားသောအခါ ဟန်မူယဲ့က စန်းယွမ်နှင့် ချုံးချီဆီသို့ ပြန်သွားခဲ့သည်။

အလင်းတန်းထဲတွင် သူ့ပုံရိပ် ပျောက်ကွယ်သွားသောအခါ အင်မော်တယ်သခင်စန်းယွမ်နှင့် ချုံးချီက ပြုံးသည်။

“သူ့ရဲ့ သွေးမျိုးဆက်က အဲဒီသားရဲကို နှစ်သိမ့်ပေးနိုင်မယ်ဆိုရင် ငါတို့က သွေးကန်ကို ထိန်းသိမ်းဖို့ ဝင်္ကပါစွမ်းအားကို သုံးနိုင်လိမ့်မယ်”

“အဲဒါက ငါတို့ရဲ့ အသက်သွေးကြောပဲ”

သူ့စကားကို ကြားလိုက်ရသောအခါ ချုံးချီက အထင်သေးနေသော်လည်း ခေါင်းညိတ်သည်။

“ငါတို့မှာ လုံလောက်တဲ့ သွေးမျိုးဆက်ပုတီးစေ့တွေ ရှိနေရင် နတ်ဘုရားကမ္ဘာကို ဝင်ရောက်နိုင်လိမ့်မယ်”

“အဲဒီအင်မော်တယ်ဘုရင်ရဲ့ ကတိစကားက အတုအယောင်မဖြစ်နိုင်ဘူး”

....

ဟန်မူယဲ့က ရွှေအလင်းလွှာထဲသို့ ဝင်ရောက်သွားသောအချိန်တွင် ပြောင်းလဲသွားသောစွမ်းအားကို အာရုံခံမိသည်။

သူက ခေါင်းမော့ကြည့်လိုက်ပြီး ပြောင်းလဲသွားသော လောကကို မြင်ရသည်။

ဤနေရာသည် မူလကမ္ဘာ ဖြစ်သည်။

အတိအကျ ပြောရမည်ဆိုလျှင် ဖန်တီးထားသော မူလကမ္ဘာ ဖြစ်သည်။

ကျယ်ပြန့်သောကုန်းမြေကို မျက်စိတစ်ဆုံး မြင်နေရသည်။ ကောင်းကင်ထက်တွင် လွင့်မျောနေသော ကမ္ဘာများ ရှိနေသည်။

ထိုကမ္ဘာများ၏ကြားတွင် မရေမတွက်နိုင်သော ဧရာမသားရဲများ သွားလာနေကြသည်။

All Chapters