← Chapters

အခန်း (၁၀၃၄)

Vol. 74 Ch. 1034

အခန်း (၁၀၃၄)

Vol. 74 Ch. 1034

ဟန်မူယဲ့က လောကစွမ်းအားကို မြင်နေရသည်။

မူလကမ္ဘာ၏ အငွေ့အသက် ဖြစ်သည်။

သူက အသက်ရှူသွင်းလိုက်ပြီး ဆူပွက်နေသော သွေးမျိုးဆက်စွမ်းအားကို ခံစားမိသည်။

ပျက်စီးခြင်းတောရိုင်းသို့ ရောက်ခဲ့သောအချိန်ထက် ပိုမိုပြင်းထန်သည်။

“ဂါး ....”

ပေတစ်သောင်းကြီးမားသော သားရဲကြီးတစ်ကောင်က ဟိန်းဟောက်လိုက်သည်။ ထို့နောက် လက်သည်းများဖြင့် ဟန်မူယဲ့ကို ရိုက်ချသည်။

ဟန်မူယဲ့ မတုံ့ပြန်နိုင်ခင် အနက်ရောင်ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး ထိုသားရဲ၏လည်ပင်းကို ကိုက်ခဲလိုက်သည်။

ပေတစ်သိန်းကြီးမားသော အနက်ရောင်ကျားတစ်ကောင်က ခြေသုံးချောင်းငှက်ကို ကိုက်ထားပြီး ပြေးထွက်သွားသည်။

ရွှေရောင်သွေးစက်များသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။

“ဝှစ် ....”

ထက်မြိ‌သောအသံကို ကြားလိုက်သည်။ ဟန်မူယဲ့က လျင်မြန်စွာလှုပ်ရှားပြီး ရှောင်တိမ်းလိုက်သည်။ ဆယ်ပေခန့်ရှိသော ငှက်တစ်ကောင်၏ တိုက်ခိုက်မှု ဖြစ်သည်။ သို့သော် ထိုငှက်၏ နှုတ်သီးက ပေနှစ်ဆယ်ခန့် ရှိနေသည်။

ငှက်က စူးရှစွာအော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ဆက်လက်တိုးဝင်လာသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော အစိမ်းရောင်ဓားကို မြှောက်လိုက်သည်။

ဓားသွားသည် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ငှက်ကို နှစ်ပိုင်းဖြတ်တောက်သည်။

“ဘန်း”

ငှက်၏ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ ရွှေရောင်သွေးစက်တစ်ခုက ဟန်မူယဲ့၏ရှေ့တွင် ကျန်ရစ်ခဲ့သည်။

သူက သွေးပုတီးစေ့ကို ကောက်ယူလိုက်ပြီး မျက်နှာထားရှုပ်ထွေးသွားသည်။

နှုတ်သီးရှည်ကောင်းကင်ရင်းမြစ်ငှက်သည် အမြန်နှုန်းကြောင့် ကျော်ကြားပြီး ထောင်ချီသော မြားတံများကဲ့သို့ တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်။

သို့သော် မျိုးသုဉ်းသွားခဲ့သည်။

ရှေးခေတ်ကပ်ဘေးစစ်ပွဲများကြောင့် ဖြစ်သည်။

သူက ပေတစ်သိန်းအကွာသို့ လှမ်းကြည့်သည်။ အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံထားသော ပေတစ်ရာကြီးမားသည့် ကျားသစ်နက်တစ်ကောင်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။

ထိုကျားသစ်နက် ခုန်မအုပ်ခင် ဟန်မူယဲ့က လှုပ်ရှားလိုက်သည်။

ဓားအလင်းသည် ဘီးလုံးတစ်လုံးကဲ့သို့ လည်ပတ်နေသည်။

သူက ဤနေရာသို့ ရောက်လာသောကြောင့် သားရဲများ၏ စစ်မှန်မှုနှင့် အတုအယောင်သည် အရေးမပါတော့ပေ။ တိုက်ပွဲနှင့် ရင်ဆိုင်ရမည်။

ဓားသည် သတ်ဖြတ်ခြင်းလက်နက် ဖြစ်သည်။

ဓားအလင်းသည် အေးစက်ပြီး ထက်မြိနေသည်။ အသာအယာ လည်ပတ်လိုက်ပြီး ကျားသစ်နက်၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ကမ္ဘာဦးခေတ်၏ သားရဲများက အားကောင်းသော်လည်း ပြိုင်ဘက်ကင်းမဟုတ်ပေ။

ထိုသားရဲများသည် မတူညီသော လက္ခဏာရပ်များကို ပိုင်ဆိုင်ကြသည်။ တချို့က အလွန်လျင်မြန်သော်လည်း ခုခံနိုင်စွမ်း လိုအပ်နေသည်။ တချို့က အားကောင်းသော်လည်း နှေးကွေးကြသည်။

တချို့က အလွန်ကြီးမားသော်လည်း သွက်လက်မှုမရှိကြပေ။ တချို့က ကြမ်းတမ်းသော်လည်း ပုန်းကွယ်မနေနိုင်ပေ။

ဟန်မူယဲ့၏ ဓားတွင်ရှိသော‌ သွေးဆာသည့်အငွေ့အသက်က ဖြည်းဖြည်းချင်း အားကောင်းလာသည်။

သူ့နောက်တွင် သွေးရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။

ရာချီသော သွေးပုတီးစေ့များသည် သူ့လက်ထဲတွင် ရှိနေကြသည်။

သူက မရေမတွက်နိုင်သော သားရဲများကို သတ်ဖြတ်ခဲ့ပြီး စံအိမ်တစ်လုံးကို မြင်လိုက်ရသည်။

“မင်းရဲ့ ဓားနည်းစနစ်က မဆိုးဘူးပဲ”

စံအိမ်ထဲတွင် ချည်ထည်အဝတ်နှင့် လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကို ကြည့်နေသည်။

သူက လက်ကိုဆန့်ထုတ်ပြီး ပေါ့ပါးစွာပြောသည်။

“မင်းရလာတဲ့ သွေးပုတီးစေ့တွေကို ပေးလိုက်။ မင်းရဲ့တာဝန် အောင်မြင်သွားပြီလို့ ယူဆနိုင်တယ်”

‘သွေးပုတီးစေ့လား’

‘တာဝန်လား’

ဟန်မူယဲ့က လူအိုကြီးကို ကြည့်လိုက်သည်။

လူအိုကြီးက ပုံမှန်အတိုင်းသာ ဖြစ်သည်။

‘ငါက သူ့ကို ထွင်းဖောက်မမြင်နိုင်တာလား။ ဒါမှမဟုတ် ....’

“လက်နက်ဝိညာဉ်၊ မဟုတ်သေးဘူး။ ဝင်္ကပါဝိညာဉ်ပဲ”

ဟန်မူယဲ့က လူအိုကြီးကို အံ့အားသင့်စွာကြည့်သည်။

ဟန်မူယဲ့က သူ့ကို ထွင်းဖောက်မြင်နိုင်လိမ့်မည်ဟု ထင်မထားသောကြောင့် လူအိုကြီးက ရပ်တန့်လိုက်ပြီး ပြုံးသည်။

“စိတ်ဝင်စားစရာပဲ။ မင်းက ဒီနေရာကို ကိုယ့်ဆန္ဒနဲ့ကိုယ် ရောက်လာတာမဟုတ်ဘူး။ သူတို့က လှည့်စားလိုက်တဲ့ပုံပဲ”

လူအိုကြီးက ကောင်းကင်ကို ‌မော့ကြည့်လိုက်ပြီး ပြောသည်။

“ဒီနေရာက ဘယ်နေရာလဲ မင်းသိလား”

ဟန်မူယဲ့က ‌ခေါင်းခါသည်။

“ဒီနေရာမှာ ကမ္ဘာဦးခေတ်ရဲ့ နဂါးမိကျောင်းသားရဲကို ဖိနှိပ်ထားတယ်”

လူအိုကြီးက အတိတ်ကိုသတိရနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“လောကရဲ့ အသန်မာဆုံးသားရဲက‌တောင် ဒီနေရာမှာ ဖိနှိပ်ခံထားရတယ်”

“ဒီနေရာကို ရောက်လာတဲ့လူတိုင်းက အသတ်ခံရလိမ့်မယ်”

လူအိုကြီးက ဟန်မူယဲ့ကို ကြည့်သည်။

သူက လက်မြှောက်ပြီး ရွှေအလင်းဖြင့် ဟန်မူယဲ့၏ ဦးခေါင်းကို ရိုက်ချသည်။

ထိုရွှေအလင်းသည် အလွန်အားကောင်းပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်သည်။

‘ဒါက ဝင်္ကပါရဲ့စွမ်းအားလား’

ဟန်မူယဲ့က နေရာတွင်ရပ်ပြီး ခေါင်းပေါ်တွင် ရွှေကြာပန်းအဖြစ် ပြောင်းလဲသွားသော ရွှေအလင်းကို ကြည့်နေခဲ့သည်။

“မဆိုးဘူး။ မင်းက ဒီလိုအချိန်မျိုးမှာတောင် တည်ငြိမ်နေနိုင်တယ်”

လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ရွှေကြာပန်းကို ကြည့်နေသည်။

“မင်းက ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့်မှာ ရောက်နေပြီ။ အခု ငါက မင်းကို ရွှေကြာပန်း ချီးမြှင့်ပေးလိုက်ပြီ။ မင်းက အခု အဆင့်မတက်ရင် ဘယ်အချိန်မှာ အဆင့်တက်မှာလဲ”

သူက ပြောသည်။

ထိုစကားများနှင့်အတူ ဟန်မူယဲ့၏ အသက်စွမ်းအားနှင့် ခွန်အားက အလိုလျောက် လှုပ်ရှားလာပြီး ခေါင်းပေါ်တွင်ရှိသော‌ ရွှေကြာပန်းနှင့် ပေါင်းစပ်သွားသည်။

“ဘုန်း”

သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားပုံပေါ်သည်။ သူက ခန္ဓာကိုယ်ကို ရစ်ပတ်ထားသော ရွှေအလင်းများကို မြင်လိုက်ရသည်။

သူ၏ ရုပ်ခန္ဓာစွမ်းအားနှင့် ဝိညာဉ်စွမ်းအားက ပေါင်းစပ်နေပြီး နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်၍ ခမ်းနားသောအလင်းတန်းကို ထုတ်လွှတ်သည်။

ရွှေရောင်နတ်စွမ်းအားများ အလွှာလိုက် စုစည်းလာပြီး အင်မော်တယ်အငွေ့အသက်ဖြင့် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်တွင် မြစ်တစ်စင်းအဖြစ် စီးဆင်းသွားသည်။

ရွှေရောင်နတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

သူက နောက်ဆုံးတွင် လောကကြီးနှင့် သက်တမ်းတူညီသော ကပ်ဘေးများ မဖျက်ဆီးနိုင်သည့် ရွှေအင်မော်တယ်အဖြစ် အဆင့်တက်သွားသည်။

ရွှေအင်မော်တယ် ....

သို့သော် အင်မော်တယ်စွမ်းအင်ကျင့်ကြံခြင်းဖြင့် အဆင့်တက်လာခြင်းမဟုတ်ပေ။ ရွှေကြာပန်းက နတ်စွမ်းအားကို ထုတ်လွှတ်၍ လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။

ဟန်မူယဲ့က နတ်စွမ်းအားနှင့် ပေါင်းစပ်နေပြီး ဉာဏ်အလင်းရသွားသည်။

ကောင်းကင်အင်မော်တယ်အဆင့်၏ အထက်တွင်ရှိသော ရွှေအင်မော်တယ်များသည် နတ်စွမ်းအားကို ပိုင်ဆိုင်သင့်သည်။

အင်မော်တယ်ကမ္ဘာတွင်ရှိသော ရွှေအင်မော်တယ်အများစုသည် နတ်စွမ်းအားကို သန့်စင်နိုင်ကြသည်။ သို့သော် သူတို့က ရွှေကြာပန်းကို မပိုင်ဆိုင်ကြပေ။

သူ့ခေါင်းပေါ်တွင်ရှိသော ရွှေကြာပန်းသည် နတ်စွမ်းအားများ၏ စုစည်းမှု ဖြစ်သည်။

သူ၏ အင်မော်တယ်စွမ်းအင်က လှုပ်ရှားနေပြီး နတ်စွမ်းအားနှင့် ပေါင်းစပ်၍ ခရမ်းရောင်စက်ကွင်းတစ်ခုကို ဖန်တီးသည်။

“လက်ရှိအချိန်မှာ ကျင့်ကြံခြင်းနည်းစနစ်တွေက ရွှေကြာပန်းကို စုစည်းဖို့ မလိုတော့ဘူး။ ပန်းသုံးပွင့်နဲ့ ဓာတ်ကြီးငါးပါးကိုလည်း ပေါင်းစပ်ဖို့ မလိုဘူး။ အဲဒီကျင့်ကြံခြင်းနည်းစနစ်တွေက ထာဝရရှင်သန်ခြင်းအတွက် လမ်းစဉ်မဟုတ်ဘူး”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ထာဝရရှင်သန်ခြင်းအတွက် လမ်းစဉ်မဟုတ်ပေ။

ကြာမြင့်စွာ ရှင်သန်နိုင်ခြင်းမဟုတ်ပဲ ကပ်ဘေးကို ကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။

ရွှေကြာပန်းက သူ့အငွေ့အသက်ကို ဖုံးကွယ်ပေးထားကြောင်း ဟန်မူယဲ့က ခံစားမိသည်။ တခြားလူများက သူ့ကို အာရုံခံကြည့်ရန် ခက်ခဲလိမ့်မည်။

သူက ဒဏ္ဍာရီတစ်ခုကို သတိရသွားသည်။

သို့မဟုတ် ကပ်ဘေးတွင်မြင်ခဲ့ရသော မှတ်ဉာဏ် ဖြစ်သည်။

ရှေးခေတ်၏ ကျွမ်းကျင်သူတစ်ဦးက ခေါင်းပေါ်တွင်ရှိသော ပန်းသုံးပွင့်ကိုအသုံးချပြီး ကပ်ဘေးကို ကျော်လွှားခဲ့သည်။

လူတစ်ယောက် အသက်ရှင်နေသ၍ ပန်းသုံးပွင့်ကို ပြန်လည်စုစည်းနိုင်သည်။

ထိုပန်းသုံးပွင့်သည် ကပ်ဘေးကို ဖြတ်ကျော်နိုင်မည့်နည်းလမ်း ဖြစ်သည်။

တစ်နည်းပြောရလျှင် ရှေးခေတ်အချိန်တွင် ကျင့်ကြံသူများက ထိုနည်းလမ်းကို အသုံးပြုပြီး ကပ်ဘေးကို ကျော်ဖြတ်ခဲ့ကြသည်။

ထိုနည်းလမ်းသည် ကပ်ဘေးမှရရှိလာ‌သော စွမ်းအားကို ခွဲထုတ်ပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းသို့ ဝင်ရောက်၍ ကပ်ဘေးကို ချေဖျက်ခြင်း ဖြစ်သည်။

ထိုအရာသည် ရှေးခေတ်ကျင့်ကြံခြင်းနည်းစနစ် ဖြစ်သည်။

သူက ရွှေကြာပန်း၏ အကူအညီဖြင့် ကပ်ဘေးကို လုံခြုံစွာ ကျော်ဖြတ်နိုင်လိမ့်မည်။

“အကြီးအကဲကို ကျေးဇူးတင်ပါတယ်”

ဟန်မူယဲ့က လူအိုကြီးကို ဦးညွတ်လိုက်သည်။

ထိုအရာသည် အလွန်အဖိုးတန်သော အမွေအနှစ်တစ်ခု ဖြစ်သည်။

လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်ပြီး ခပ်ဟဟရယ်သည်။

“ရွှေကြာပန်းတောင်ထွတ်နည်းလမ်းကို ဘာဖြစ်လို့ သင်ပေးလိုက်တာလဲ မင်းသိချင်လား”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မင်းရဲ့ အငွေ့အသက်နဲ့ ရင်းနှီးနေတယ်လို့ ခံစားရတယ်”

‘ရင်းနှီးနေတာလား’

ဟန်မူယဲ့က အနည်းငယ် အံ့အားသင့်သွားသည်။

လူအိုကြီးက လက်မြှောက်လိုက်ပြီး အဖြူအနက်အလင်းကို ထုတ်လွှတ်သည်။

အင်မော်တယ်ဘုရင် မင်ဟယ် ....

ထိုနည်းလမ်းသည် အင်မော်တယ်ဘုရင်မင်ဟယ်၏ အမွေအနှစ် ဖြစ်သည်။

“ယင်နဲ့ယန်ကိုပြောင်းလဲပြီး ကပ်ဘေးကို တိုင်းတာမယ်။ ငါတို့က မျိုးဆက်တစ်ခုတည်းလို့ သတ်မှတ်နိုင်တယ်”

လူအိုကြီးက အဖြူအနက်အလင်းကို ပယ်ဖျက်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“မပြောနဲ့”

ကပ်ဘေးနှင့်ပတ်သတ်နေသော အကြောင်းအရာများကို မပြောသင့်ပေ။

ပိုမိုသန်မာလေ တားမြစ်ချက်မြင့်မားလေ ဖြစ်သည်။

“ငါတို့မျိုးဆက်မှာ အခြေခံအုတ်မြစ်အဖြစ် သွေးမိစ္ဆာကောင်းကင်ဝင်္ကပါကို အသုံးချပြီး မဖျက်ဆီးနိုင်တဲ့ ဝင်္ကပါအဖြစ် အသွင်ပြောင်းခဲ့ကြတယ်”

“မင်းက ငါ့ကို သွေးမြစ်လို့ ခေါ်နိုင်တယ်”

All Chapters